ဆမ်ဆောင်း၏ Galaxy S9 နှင့် S9+ စမတ်ဖုန်းသစ်များ ကြိုတင်မှာယူနိုင်ပြီ

ဆမ်ဆောင်း၏ စမတ်ဖုန်းသစ်များဖြစ်သည့် Galaxy S9 နှင့် S9+ တို့ကို ပြည်တွင်း၌ စတင်မိတ်ဆက်လိုက်ပြီး ဝယ်ယူလိုသူများအနေဖြင့် ကြိုတင်မှာကြားနိုင်ပြီဖြစ်ကြောင်း ဆမ်ဆောင်းက ပြောကြားသည်။

“အခု Galay S9 နဲ့ S9+ ရဲ့ တမူထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံက ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို အခုလို မိတ်ဆက်နိုင်ပြီဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်” ဟု ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် မိတ်ဆက်သည့်အခမ်းအနားတွင် Samsung Myanmar ၏ Head of IT and Mobile ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားသည်။

အဆိုပါ စမတ်ဖုန်းများသည် “သုံးစွဲသူများ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင်လည်းကောင်း၊ အမှတ်တရ ဓာတ်ပုံ၊ ဖိုင်များ မျှဝေရာတွင်လည်းကောင်း၊ မိမိတို့ နေထိုင်သော ကမ္ဘာမြေကို တွေ့ကြုံခံစားရာတွင် လည်းကောင်း တွေ့ကြုံခံစားမှု ရသများကို အသစ်တဖန် ပြန်လည်ဆန်းသစ်ထားပြီး အသစ်သစ်သော အတွေ့အကြုံများကို ပေးစွမ်းနိုင်မည်ဖြစ်သည်”ဟု ဆမ်ဆောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Galaxy S9 နှင့် S9+ အား ပြည်တွင်းဈေးကွက်တွင် မတ် ၂၃ ရက်နေ့မှစတင်၍ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy S9 အား 64GB အရွယ်အစားနှင့်အတူ အမည်းရောင်တစ်မျိုးတည်းသာ ရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းမှာ ကျပ် ၁,၀၉၀,၀၀၀ ဖြစ်သည်။ Galaxy S9+ အား အမည်းရောင်၊ အပြာရောင်နှင့် အရောင်သစ်ဖြစ်သည့် ခရမ်းရောင်အစရှိသဖြင့် အရောင် သုံးရောင် ရရှိနိုင်မည်ဖြစ်ပြီး 128 GB အား ကျပ် ၁,၂၇၉,၀၀၀၊ 256 GB အား ကျပ် ၁,၄၀၀,၀၀၀ ဖြင့် ဝယ်ယူနိုင်မည်ဟု ဆမ်ဆောင်းက ပြောကြားသည်။ ထို့ပြင် ဝယ်ယူသုံးစွဲသူများအနေဖြင့် အထူးခံစားခွင့်များပါဝင်သည့် Premium Care ဝန်ဆောင်မှုအား ရရှိမည်ဖြစ်သည်။

ကြိုတင်မှာယူလိုသူများအနေဖြင့် မတ် ၁၄ ရက်နေ့အထိ ရန်ကုန်နှင့်မန္တလေးမြို့ အပါအဝင် မြို့ ကြီး ၃၆ မြို့ ရှိ အနီးစပ်ဆုံး ဆမ်ဆောင်းအရောင်းဆိုင်နှင့် လက်လီဆိုင်ကြီးမျာ၌ စရန်ငွေ ကျပ် ၅၀,၀၀၀ ပေးသွင်းကာ မှာယူနိုင်မည်ဖြစ်သည်။ ထို့ပြင် Shop.com.mm မှတစ်ဆင့်လည်း စရန်ငွေပေးသွင်းရန် မလိုအပ်ဘဲ ကြိုတင်မှာယူနိုင်ကာ မတ် ၁၉ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ အရောင်းဆိုင်များနှင့် လက်လီဆိုင်ကြီးများတွင် ကြိုတင်မှာယူသူများအနေဖြင့်လည်း အဆိုပါနေ့တွင်ပင် ဆိုင်များ၌ သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအတွက် အထူးအခွင့်အရေးအနေဖြင့် ကျပ် ၃၀၀,၀၀၀ တန်ဖိုးရှိ အထူးလက်ဆောင်များအား ရရှိမည်ဖြစ်သည်ဟုလည်း ဆမ်ဆောင်းက ထုတ်ပြန်ထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.