ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ လူ့အခွင့်အရေးကိစ္စနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ဖို့ လိုအပ်နေ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရရှိရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံမှာ အောက်ခြေလူတန်းစားနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုအပ်ပါတယ်။

ယန်ဟီလီနှင့် ရိုင်ယန်နွန်ပိန်တာ ရေးသားသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်မှာ ၂၁ ရာစု ပင်လုံညီလာခံကြီးကို မြန်မာနိုင်ငံမှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ ရှည်ကြာနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နောက်ဆုံး ခြေလှမ်းဖြစ်ပါတယ်။ ညီလာခံဟာ သင်္ကေတသဘော ပါဝင်တဲ့ အချိန်အခါတစ်ခု ဖြစ်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့တဲ့ ပထမ ပင်လုံညီလာခံမှာ ဗမာကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီညီလာခံမှာ လက်နက်ကိုင်အဖွဲ့သုံးဖွဲ့နဲ့ သမိုင်းဝင် သဘောတူညီချက် ရရှိခဲ့ပါတယ်။ ဒီအကြောင်းဟာ အခုအချိန်အထိ ပြည်သူတွေရဲ့ မှတ်ဉာဏ်ထဲမှာ ပုံပေါ်နေဆဲပါ။

ပင်လုံညီလာခံဟာ အများကြီးတော့ စွန့်စားရပါတယ်။ ညီလာခံဟာ မြန်မာပြည်သူတွေ ဆယ်စုနှစ်များစွာ လိုလားတောင့်တခဲ့တဲ့ နိုင်ငံတစ်ခုအဖြစ် အသွင်ပြောင်းဖို့အတွက် အခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ဆိုရင် သက်ဆိုင်သူတွေ အပြည့်အဝ ပါဝင်ဖို့လိုပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းအားလုံး ဆွေးနွေးရေးစားပွဲကို ရောက်လာဖို့ဟာ အဓိက စိန်ခေါ်မှုကြီးပါ။

အခုချိန်အထိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(NCA)ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ချွင်းချန်ခံရတဲ့ လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ ရှိနေဆဲပါ။ ပင်လုံညီလာခံမှာ သူတို့ပါဝင်ရေးကလည်း ရှုပ်ထွေးနေဆဲပါ။

ဒီအဖွဲ့တွေပါဝင်ရေး အများကြီး အာရုံစိုက်ဖို့လိုပါတယ်။ ဒါက အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ပဋိပက္ခဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေလို့ပါ။

အားလုံးပါဝင်ရေးက အရမ်းအရေးကြီးပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုတွေနောက် လိုက်ချင်ရင်တော့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရဖို့၊ အခြေခံလူတန်းစားနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အသံကို နားထောင်ဖို့နဲ့ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်ကို လွတ်လပ်စွာ ရယူနိုင်ဖို့လိုတာကို အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေက ထပ်ကာတလဲလဲ ပြသခဲ့ပြီးပါပြီ။ ဒါတွေဟာ နိုင်ငံတိုးတက်ဖို့နဲ့ အားလုံးအတွက် အနာဂါတ်မှာ ကြွယ်ဝဖို့အတွက် မပါမဖြစ် ပါဝင်ရမယ့် အရာတွေပါ။

ဒါပေမယ့်လည်း ကံမကောင်းချင်တော့ မကြာသေးခင်က ကျမတို့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ အခြေခံအကျဆုံးကဏ္ဍတွေဟာ လစ်လျူရှုခံရမယ့် အန္တရာယ်ရှိနေတဲ့ လက္ခဏာတွေကို တွေ့မြင်ခဲ့ရပါတယ်။ ပင်လုံညီလာခံက မကြာခင်ပဲ စတင်ပါတော့မယ်။ ဒီလို အလွန်အရေးကြီးတဲ့ ကဏ္ဍတွေကို ကိုင်တွယ်နိုင်ဖို့က ပြောင်းလဲမှုတွေကို မြန်မြန်ဆန်ဆန် လုပ်သင့်ပါတယ်။

လေ့လာမှုတွေအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်တာဟာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ သဘောတူညီချက်တစ်ခုရဲ့ ဖြစ်နိုင်ခြေကို မြှင့်တင်ပေးပါတယ်။

အမျိုးသမီးတွေနဲ့ပတ်သက်လို့ NCA မှာ အရေးကြီးတဲ့ ပြဋ္ဌာန်းချက်တချို့ ပါဝင်ပေမယ့် ယေဘုယျအားဖြင့်တော့ မြန်မာနိုင်ငံမှာ ဒီကိစ္စနဲ့ပတ်သက်လို့ အခုထိ ကောင်းကောင်းမွန်မွန် ဆောင်ရွက်မှု မရှိသေးပါဘူး။ NCA အတွက် ညှိနှိုင်းနေတဲ့ အကြီးတန်းကိုယ်စားလှယ်အဖွဲ့မှာ အမျိုးသမီးက ၁၆ ရာခိုင်နှုန်းသာ ရှိပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ အမျိုးသမီးကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်းအထိ ပေးမယ်လို့ အရင်အစိုးရက ကတိပြုခဲ့မှုကို အစိုးရသစ်က အတည်မပြုသေးပါဘူး။

အစိုးရတွေဆိုတာကတော့ သူတို့ရဲ့ ဦးစားပေးမှုတွေ၊ သူတို့ရဲ့ အစီအစဉ်တွေနဲ့ တက်လိုက် ဆင်းလိုက် နေမှာပါပဲ။ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေဟာ ပြသနာတွေရဲ့ သမိုင်းကြောင်းဆိုင်ရာ အဆက်အစပ်နဲ့  ပြဿနာကိုင်တွယ်တဲ့ နည်းလမ်းအသွယ်သွယ်ကို သိထားတယ်ဆိုတာ ကျမတို့ တွေ့ရှိထားပါတယ်။

အရပ်ဖက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အောက်ခြေအဖွဲ့အစည်းတွေဟာ လူ့အသိုင်းအဝိုင်းတစ်ခုရဲ့ အခြေအနေမှန်ကို သိမြင်တွေ့ကြုံတဲ့နေရာမှာ ရှေ့တန်းက ရှိနေပါတယ်။

ရံဖန်ရံခါမှာ အစိုးရတွေက ဘေးဖယ်ခံထားရတဲ့ လူ့အဖွဲ့အစည်း၊ ပင်မလူ့အဖွဲ့အစည်းတွေရဲ့ အရေးကြီးတဲ့ ပြဿနာတွေကို ရှောင်ရှားနေတယ်၊ ဒါမှမဟုတ်ကိုင်တွယ်ဖို့ ပျက်ကွက် နေတတ်ပါတယ်။

ဒါ့အပြင် အစိုးရတွေဟာ ရံဖန်ရံခါ လက်ငင်းတွေ့ကြုံနေတဲ့၊ အလွန်အရေးကြီးတဲ့ လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း၊ ဒါမှမဟုတ် ဖြေရှင်းလိုစိတ် မရှိကြပါဘူး။

ဒါပေမယ့် ဒီလိုပြသနာတွေကို CSOs  (လူမှုအဖွဲ့အစည်းတွေ) နဲ့ အောက်ခြေ အဖွဲ့အစည်းတွေကသာ ကိုင်တွယ်ရပါတယ်။ ဒါ့ကြောင့် အားကောင်းတဲ့ လူအဖွဲ့အစည်းတစ်ခု ရှင်သန်ဖို့ ဝန်းကျင်တစ်ခု မဖြစ်မနေတည်ဆောက်ဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ CSOs တွေဟာ ပဋိပက္ခဒေသတွေမှာ အလွန်အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။ သူတို့ဟာ အဲဒီဒေသက လူတွေကို ထောက်ပံ့တာ၊ လုပ်ပိုင်ခွင့် အပ်နှင်းတာတွေ လုပ်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အခြေအနေမှန်ကို တကယ်သိရှိသူတွေဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကဏ္ဍအားလုံးမှာ မဖြစ်မနေ ပါဝင်ဖို့လိုပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာတွေရှိနေပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ နိုင်ငံရေးနဲ့ သက်ဆိုင်တယ်လို့ ယူဆထားလို့ အဲဒီလုပ်ငန်းစဉ်တွေမှာ သူတို့ကို ပါဝင်ခွင့် ပေးလိုစိတ်မရှိဘူးလို့ မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်းက ကျမတို့ကို ပြောပါတယ်။

အရပ်ဘက်လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ရမှာဖြစ်ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများငြိမ်းချမ်းရေးဖိုရမ် ရှိလာမှာ ဖြစ်တယ်လို့ ကျမတို့ကို သေချာပြောထားပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းစဉ်က လုံးဝရှင်းလင်းခြင်း မရှိပါဘူး။

လုံခြုံရေး ဒါမှမဟုတ် နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ နယ်ပယ်တွေအပါအဝင် နယ်ပယ်အားလုံးမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ဝင်ရောက်ခွင့်ပေးရေးဟာအလွန် အရေးကြီးပါတယ်။ အခြားတစ်ဖက်မှာတော့ ရွေးကောက်ပွဲအနိုင်မရတဲ့ ပါတီတွေဟာ CSO ဖိုရမ်မှာ ပါဝင်ခွင့်ရမှာ ဖြစ်ပေမယ့် ကွန်ဖရင့်တော့ တက်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

CSOs တွေနဲ့ နိုင်ငံရေးပါတီတွေဟာ အခြေခံအားဖြင့်တော့ ကွဲပြားခြားနားပါတယ်။ ဒီကွဲပြားခြားနားမှုတွေကို ဝေဝါးအောင်လုပ်တာက ဒီနှစ်ခုက လုပ်ဆောင်ရမဲ့ အရေးကြီးကဏ္ဍကို လျော့ပါးစေပါတယ်။

နိုင်ငံရဲ့အနာဂါတ်ဖြစ်တဲ့ လူငယ်တွေမှာလည်း အခန်းကဏ္ဍတစ်ခု ရှိရပါမယ်။ နောက်ပြီး  မကြာသေးခင်က တိုင်းရင်းသား လူငယ်ထိပ်သီးဆွေးနွေးပွဲရဲ့ ရလဒ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူးလို့ လူကြီးတွေဆီက သုံးသပ်ချက်တွေကြားရတာ စိတ်ပျက်စရာပါ။

ဒါပေမယ့် လူငယ်တွေကိုယ်တိုင်က လက်နက်ကိုင်အဖွဲ့တွေသာ ပါဝင်ယုံမက လူ့အသိုင်းအဝိုင်းအားလုံး ပါဝင်ရေးက အရေးကြီးပုံကို သတိရနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူငယ်ဖိုရမ်မှာ အချို့ကို ပါဝင်ခွင့်မပေးတာက စိတ်ပျက်စရာပါ။ အနာဂါတ်မှာ မျှော်လင့်ထားတာက ဒါတွေကနေ သင်ခန်းစာတွေကို ယူရပါလိမ့်မယ်။

ဆယ်စုနှစ်များစွာ ပဋိပက္ခဖြစ်မှုကို မီးမောင်းထိုးပြနေတာက ခွဲခြားဆက်ဆံခြင်း၊ လူနည်းစု အခွင့်အရေး၊ မြေယာအခွင့်အရေးနဲ့ အခြားအခွင့်အရေးများစွာနဲ့ ချိတ်ဆက်နေတဲ့ အခြေခံ လူ့အခွင့်အရေး ပြဿနာတွေပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒီပြဿနာတွေကို ကိုင်တွယ်ခြင်းက မြန်မာနိုင်ငံသစ် တည်ထောင်ရာမှာ အဓိကကျမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲတွေမှာ ဒီလို အဓိကကျတဲ့ ပြဿနာတွေ ပါဝင်မယ်၊ မပါ၊င်ဘူးဆိုတာက ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပင်လုံညီလာခံက နီးနေပေမယ့် အခုအချိန်အထိ တိကျတဲ့ လုပ်ငန်းစဉ်ကို ရှင်းလင်းခြင်း မရှိသေးပါဘူး။

ပြည်သူလူထုကို အသိပေးနိုင်ခြင်း မရှိသေးပါဘူး။ ပိုပြီးအရေးကြီးတာက လုပ်ငန်းစဉ် အောင်မြင်မှုအတွက် အဓိကကျတဲ့၊ ထိခိုက်မှုတွေရှိနေတဲ့၊ လူ့အသိုင်းအဝိုင်းတွေနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အသေးစိတ် အချက်အလက်တွေပါ။

ဆွေးနွေးထားတဲ့နယ်ပယ်တွေက သတင်းအချက်အလက်တွေကို ထုတ်ပြန်ဖို့လိုပါတယ်။ ပြီးတော့ ပါဝင်ပတ်သက်သူတွေကြား အရေးကြီးတဲ့ သဘောတူထားချက်တွေကို တည်ဆောက် အကောင်အထည်ဖော်ဖို့က စီမံကိန်းတွေဟာ လူထုနဲ့ ဆက်သွယ်မှုရှိနေရမှာ ဖြစ်ပါတယ်။

ပင်လုံညီလာခံဟာ ပထမခြေလှမ်းသာ ဖြစ်မှာပါ။ ဒါပေမယ့် အရေးကြီးပါတယ်။ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးရုံတင်မဟုတ်ပဲ ညီလာခံရဲ့ လုပ်ငန်းစဉ်မှာလည်း ပါဝင်ရေးက အသက်သွေးကြောသဖွယ် အရေးကြီးပါတယ်။

ငြိမ်းချမ်းလုပ်ငန်းစဉ်တစ်ခုကို ဘယ်လိုလုပ်သင့်တယ်ပြသဖို့ မြန်မာမှာ အခွင့်အရေးတစ်ခု ရှိနေပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် ဒီလိုအလွန်အရေးပါတဲ့ နယ်ပယ်တွေကို ပြင်ဆင်ခြင်းက ဖြစ်လည်းဖြစ်နိုင်သလို အနာဂါတ်တိုးတက်ရေးအတွက်လည်း အကျိုးအမြတ်တွေ ရှိမှာပါ။

(ပါမောက္ခယန်ဟီလီးဟာကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။ ရီယန်နွန်ပိန်တာကတော့ သူ့ လက်ထောက်ဖြစ်ပါတယ်။)

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.