ငါးနှစ်အတွင်း ပထမဆုံးအဖြစ် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်

လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ဇူလိုင် ၁ ရက်နေ့ကစတင်ပြီး ပြင်ဆင်တိုးမြှင့်မည်ဟု အစိုးရက ယနေ့ ကြေညာလိုက်သည်။ သို့သော် လျှပ်စစ်ဓာတ်အားအနည်းငယ်သာ သုံးစွဲသည့် အိမ်ထောင်စုများအနေဖြင့်မူ သက်သာသည့်နှုန်းထားများ ရရှိဦးမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံး တိုးမြှင့်လိုက်မှုသည် လျှပ်စစ်ဓာတ်အားအတွက် အစိုးရက စိုက်ထုတ် ကျခံနေရမှုကို သက်သာသွားစေနိုင်မည်ဖြစ်သည်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားအတွက် အစိုးရက ကျပ် ၆၃၀ ဘီလျံစိုက်ထုတ်ကျခံပေးခဲ့ရသည်။ လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်ခြင်းမပြုပါက နှစ်စဉ်စိုက်ထုတ်ကျခံရမှုမှာ ကျပ် ၁ ဒသမ ၅ ထီလျံအထိ ရောက်ရှိသွားမည်ဟု ခန့်မှန်းထာသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်၊ လျှပ်စစ်ဥပဒေပုဒ်မ ၄၁ နှင့်အညီ လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ တင်ပြခဲ့ရာ ဧပြီ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး သဘောတူညီချက်အရ ဇူလိုင် ၁ ရက်နေ့က စတင်၍ ဓာတ်အားခ နှုန်းထားများကို ပြင်ဆင်သတ်မှတ်လိုက်သည်ဟု ဇွန် ၂၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြင်ဆင်လိုက်သည့်နှုန်းထားတွင် အိမ်သုံးနှင့် ဘာသာရေးအဆောက်အအုံများအတွက် နှုန်းထားများကို တစ်ယူနစ်လျှင် ၃၅ ကျပ်မှ ၁၂၅ ကျပ်အတွင်း သတ်မှတ်ထားသည်။ ဈေးနှုန်းများမှာ သုံးစွဲသည့် ယူနစ်အရေအတွက်ပေါ် မူတည်ကာ ပြောင်းလဲသွားမည်ဖြစ်သည်။

တစ်လလျှင် လျှပ်စစ်မီတာ ယူနစ် ၁၀၀ သုံးစွဲနေသည့် အိမ်ထောင်စုတစ်စုသည် လက်ရှိအချိန်တွင် ကျပ် ၃,၅၀၀ ပေးဆောင်နေရသော်လည်း ဇူလိုင် ၁ ရက်နေ့မှ စတင်ပြီး ကျပ် ၆,၀၅၀ ပေးဆောင်ရမည်ဖြစ်သည်။

ယူနစ် ၂၀၀ သုံးစွဲနေပါက လက်ရှိတွင် ကျပ် ၇,၅၀၀ ကျသင့်ရာမှ ကျပ် ၁၇,၅၅၀ အထိ မြင့်တက်သွားမည်ဖြစ်သည်။

နှုန်းထားအပြောင်းအလဲသည် လျှပ်စစ်ဓာတ်အား အများအပြား သုံးစွဲသည့်အိမ်ထောင်စုများအပေါ် ပိုမိုသက်ရောက်မှုရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် တစ်လလျှင် ယူနစ် ၅၀၀ သုံးစွဲနေပါက လက်ရှိတွင် ကျပ် ၂၂,၅၀၀ ကျသင့်မည်ဖြစ်ကာ ဇူလိုင် ၁ ရက်နေ့မှ စတင်ပြီး ကျပ် ၅၅,၀၅၀ ကျသင့်တော့မည်ဖြစ်သည်။

အိမ်သုံးအမျိုးအစားမဟုတ်သည့် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် နိုင်ငံခြားသံရုံးများအတွက် လျှပ်စစ်ဓာတ်အားခများကိုမူ ၁၂၅ ကျပ်မှ ၁၈၀ ကျပ်အတွင်း သတ်မှတ်ထားသည်။

electricity_rates_myanmar.png

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

International Growth Centre မှ စွမ်းအင်ဆိုင်ရာ သုတေသနမန်နေဂျာ မစ္စတာဂီလောမေးဒီ လန်ဂရေးက မြန်မာတိုင်းမ်တွင် ပြီးခဲ့သည့်နှစ်က ရေးသားထားချက်အရ ၂ဝ၁၈ ခုနှစ် အစောပိုင်းတွင် လျှပ်စစ်ဓာတ်အား တစ်ကီလိုဝပ်နာရီ ဖြန့်ဖြူးမှု ပျမ်းမျှကုန်ကျစရိတ်သည် ၁ဝ၈ ကျပ်အထိ တက်လာသည်ဟုဆိုသည်။ အဆိုပါကုန်ကျစရိတ်သည် အိမ်သုံးမီတာများအတွက် လက်ရှိသတ်မှတ်ထားသည့် အနည်းဆုံးဈေးထက် သုံးဆကျော်များပြားပြီး အမြင့်ဆုံးဈေး၏ နှစ်ဆခန့်ဖြစ်သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှု ရေရှည် တိုးတက် ကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက်လည်းကောင်း၊ မဟာဓာတ်အားလိုင်းစနစ်မှ လျှပ်စစ်မရရှိသေးသော ဒေသများ လျှပ်စစ်ရရှိရန် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လည်းကောင်း၊ ဓာတ်အားထုတ်လုပ်မှုစွမ်းအား စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နိုင်ရန်လည်းကောင်း ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်ရန် အလို့ငှာ သင့်လျော်သည့် ဓာတ်အားခ နှုန်းထား ပြင်ဆင်သတ်မှတ်နိုင်ရေးကို လျှပ်စစ်မီးသုံးစွဲသူများကို ကိုယ်စားပြုသည့် နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များနှင့် အဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေး၍ အကြံပြုချက် များ ရယူဆောင်ရွက်ခဲ့သည်ဟု ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.