ငါးကြီးကြီး ဖမ်းနိုင်တော့မလား

၂၀၁၄ က ခန့်ထားခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်ကြီးတွေ ဆုံးရှုံးတဲ့ကိစ္စ၊ သယံဇာတတွေ ဆုံးရှုံးနေတဲ့ကိစ္စလိုမျိုး အဂတိအမှု ငါးအကြီးစားတွေကို မဖမ်းနိုင်ခဲ့ပေမဲ့ ဦးအောင်ကြည်ရဲ့ကော်မရှင်သစ်ကတော့ ငါးကြီးကြီး ဖမ်းရဖို့ ပြင်ဆင်နေပါပြီ။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက အသစ်ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC တို့ ပူးပေါင်းပြီး “အဂတိလိုက်စားမှု တွန်းလှန်ဖို့၊ ကိုယ်ကျင့်သိက္ခာ မြှင့်တင်စို့” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းဖတ်ပွဲ တစ်ခု ရန်ကုန်မှာ ကျင်းပပါတယ်။

ပွဲမှာ စာတမ်းရှင် ၂၇ ယောက်ရဲ့ စာတမ်းတွေ ဖတ်ခဲ့ပြီး အဲဒီထဲမှာ အထင်ကရ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်လို ပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပါတယ်။ စာတမ်းဖတ်ရာမှာ ဒေါက်တာဦးမြင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ပြည်သူတွေ ယုံကြည်မှု ရဖို့ “ငါးကြီးကြီးတချို့ကို ကြော်စေလိုတယ် ” ဆိုပြီး တင်စားပြောခဲ့ပါတယ်။ သူ့ဆိုလိုရင်းကတော့ လူသိထင်ရှား အကျင့်ပျက်ပုဂ္ဂိုလ်တချို့ကို ရုံးတင်စစ်ဆေး အပြစ်ပေးပြီး နမူနာ ပြသဖို့ပါ။

ဒီပြောဆိုမှုနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်ကတော့ လက်ရှိတည်ဆဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအတိုင်းဆိုရင် Big Fish ငါးကြီးကြီးကို တွေ့စရာ ရစရာ အကြောင်းမရှိဘူး၊ အသေးအဖွဲတွေလောက်ပဲ ကိုင်တွယ်နိုင်မယ်လို့ ဆိုပါတယ်။

ဒီလိုဆိုလိုက်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ မျှော်လင့်ချက် ကုန်နေပြီလို့တော့ မဆိုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က အစိုးရဟာ “ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း” ကို အများပြည်သူ သိရှိ၊ လေ့လာ၊ အကြံပြုနိုင်ဖို့ ထုတ်ပြန်ပေးလိုက်တာ ရှိနေပါတယ်။ တကယ်လက်တွေ့ ငါးသေးသေးလောက်ပဲ ဖမ်းနိုင်မယ့်၊ အလုပ်မဖြစ်တဲ့ ဥပဒေကို ပြင်ဆင်တော့မှာမို့ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိထိရောက်ရောက် ဖြစ်လာတော့မှာလားဆိုပြီး မျှော်လင့်စရာတွေ ရှိလာပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

မီဒီယာတွေကို ဖြေကြားချက်အရ ဦးအောင်ကြည်က အဂတိလိုက်စားမှု ပြဿနာဆိုတာဟာ လူပေါင်း သောင်းချီ သိန်းချီ ပတ်သက်နေတဲ့ လာဘ်ပေးလာဘ်ယူမှု သေးသေးမွှားမွှားလေးတွေချည်းပဲ မဟုတ်တဲ့အကြောင်း၊ တကယ်အရေးကြီးတာက Grand Corruption လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်ကြီးတွေ ဆုံးရှုံးတဲ့ကိစ္စ၊ သယံဇာတတွေ ဆုံးရှုံးနေတဲ့ကိစ္စ ဖြစ်ကြောင်း၊ ဒီလို အဂတိ လိုက်စားမှုကြီးတွေထဲမှာ အင်စတီကျူးရှင်းကြီးတွေ ပါဝင်ပတ်သက်မှု ရှိနေတတ်ကြောင်း၊ ဒီလိုကိစ္စမျိုးကို ကိုင်တွယ်ရမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

နဂိုမူလ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်က ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ပုဒ်မ ၇၃ ခု ပါဝင်ပါတယ်။ ၄ နှစ်ကျော်အတွင်း အချက် နည်းနည်းပါးပါးလောက်ကို သုံးကြိမ် ပြင်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။ အခု လေး ကြိမ်မြောက်မှာတော့ အချက်ပေါင်း ၂၁ ချက်အထိ ပြင်ဆင်ဖို့ လျာထားတာ တွေ့ရပါတယ်။

ပြင်ဆင်မယ့် ဥပဒေကြမ်းထဲမှာ စောစောက တင်ပြခဲ့တဲ့ အချက်တွေအပြင် အဂတိလိုက်စားမှုလုပ်တဲ့ အစိုးရ တာဝန်ရှိသူတွေတင်မက နိုင်ငံတကာမှာလို ကုမ္ပဏီနဲ့ ပုဂ္ဂလိကတွေကိုပါ အရေးယူနိုင်မယ့် အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တင်ဒါလို ကိစ္စမျိုးမှာ မမှန်မကန်လုပ်ပြီး အစိုးရ ငွေကြေး၊ ဘဏ္ဍာ ထိခိုက်နစ်နာမှုတွေအတွက် အရေးယူနိုင်တဲ့ ပြင်ဆင်ချက်မျိုးလည်း ထည့်သွင်းထားပါတယ်။

အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၁၆ ပုဒ်မခွဲ(ဃ) ကို ခုလို အစားထိုး ပြင်ဆင်ဖို့ လျာထားတာ တွေ့ရပါတယ်။ “(ဃ) အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်ကြားချက်၊ သို့မဟုတ် ရရှိသည့်သတင်းအရ လိုအပ်ပါက ကြိုတင်ထောက်လှမ်း စုံစမ်းစေခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပဏာမ စိစစ်ရေးအဖွဲ့တို့အား စုံစမ်းစစ်ဆေးစေပြီး တွေ့ရှိချက် အစီရင်ခံစာကို တင်ပြစေခြင်း၊” ဆိုပြီး ဖြစ်ပါတယ်။

ဒီအချက်ဟာ နဂိုမူလ ဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ အတော်လေး ခြားနားပါတယ်။ နဂို ပြဋ္ဌာန်းချက်မှာ တိုင်တဲ့သူ ရှိမှ၊ တိုင်လာမှ ကော်မရှင်က အလုပ်လုပ်လို့ ရနိုင်တာမျိုးပါ။ အခုဥပဒေကြမ်းမှာတော့ သတင်းရတယ်ဆိုရုံနဲ့တင် ကြိုတင်ထောက်လှမ်း စုံစမ်းနိုင်တာမို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးမှာ အတော်လေး ထိရောက်လာနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ပုဒ်မ ၁၇ (ဈ) မှာလည်း “အဂတိလိုက်စားမှု ရှိကြောင်း ကျော်စောသတင်း တစ်ရပ်ရပ်ကို ကော်မရှင်သည် သတင်းပေးပို့ချက်အဖြစ် သတ်မှတ်နိုင်သည်။” ဆိုပြီး ထည့်သွင်းဖို့ လျာထားပါတယ်။ ဒီအချက်ဟာ အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ အတော်လေးကို ထိရောက်နိုင်ပါတယ်။ ပုံမှန် လစာ ဝင်ငွေပဲ ရှိတဲ့ နိုင်ငံ့ဝန်ထမ်း တစ်ယောက် သူရတဲ့လစာနဲ့ မလျော်ညီတဲ့ ပိုင်ဆိုင်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာပြီဆို၊ ကော်မရှင်က စ ပြီး ထောက်လှမ်းစုံစမ်းနိုင်ပြီဆိုတဲ့ သဘောပါ။

နောက်ထပ် အရေးကြီးတဲ့အချက်က ပုဒ်မ ၅၉ ပြင်ဆင်ချက်ပါ။ “၅၉။ မည်သူမဆို ခိုင်လုံသောအကြောင်းမရှိဘဲ ပုဂ်္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန်၊ သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သည်ဟု သော်လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည်ဟု သော်လည်းကောင်း၊ မမှန်မကန်သတင်းပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက် လထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။” ဆိုပြီးဖြစ်ပါတယ်။

နဂို ဥပဒေမှာ မမှန်မကန် တိုင်ရုံနဲ့ ထောင်ဒဏ် ငါး နှစ်အထိ ချနိုင်တာမို့ ပြည်သူတွေ မတိုင်ရဲအောင် လုပ်ထားတဲ့သဘောမျိုး ဖြစ်နေပြီး ခုလို ပြစ်ဒဏ် လျှော့ချ ပြင်ဆင်လိုက်ခြင်းအားဖြင့် ပြည်သူတွေ ရဲရဲဝံ့ဝံ့ တိုင်လာကြအောင် လမ်းဖွင့်ပေးသလို ဖြစ်စေပါတယ်။ ဒါ့အပြင် ပုဒ်မ ၃၆ (ခ) ပြင်ဆင်ချက်မှာ ကော်မရှင်ဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ရုံးခွဲတွေ ဖွဲ့စည်းခွင့် ပေးထားတဲ့အတွက် အဂတိ လိုက်စားမှု တိုက်ဖျက်တာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မယ့် သဘော တွေ့မြင်ကြရပါတယ်။

ပြင်ဆင်မယ့် ဥပဒေကြမ်းထဲမှာ စောစောက တင်ပြခဲ့တဲ့ အချက်တွေအပြင် အဂတိလိုက်စားမှုလုပ်တဲ့ အစိုးရ တာဝန်ရှိသူတွေတင်မက နိုင်ငံတကာမှာလို ကုမ္ပဏီနဲ့ ပုဂ္ဂလိကတွေကိုပါ အရေးယူနိုင်မယ့် အချက်တွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် တင်ဒါလို ကိစ္စမျိုးမှာ မမှန်မကန်လုပ်ပြီး အစိုးရ ငွေကြေး၊ ဘဏ္ဍာ ထိခိုက်နစ်နာမှုတွေအတွက် အရေးယူနိုင်တဲ့ ပြင်ဆင်ချက်မျိုးလည်း ထည့်သွင်းထားပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အခုဥပဒေကြမ်းရဲ့ အဓိကအချက်တွေကို ပြဋ္ဌာန်းနိုင်ခဲ့ရင် ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်အနေနဲ့ Grand Corruption လို အကြီးစားအမှုတွေ ကိုင်တွယ်တာ၊ ငွေကြေးခဝါချမှုမျိုး ဖော်ထုတ်တာ လုပ်နိုင်မှာဖြစ်ပြီး တမျိုးသားလုံးကို အရှက်ရစေတဲ့ Transparency International အဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ CPI Index မှာ နိမ့်ကျနေလို့ နိုင်ငံမျက်နှာပျက်နေရတဲ့ကိစ္စကိုလည်း ဖြေရှင်းနိုင်ဖွယ် ရှိနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.