ဂွဈေးအနီး မီးကြီးလောင်ပြီးနောက်ဝယ်

ပြီးခဲ့သော သီတင်းပတ်က စမ်းချောင်းမြို့နယ်ရှိ ဈေးအနီး မီးလောင်ကျွမ်းမှု ဖြစ်ပွားအပြီး မီးဘေးသင့်ခဲ့သော ပြည်သူများက ပြန်လည်တည်ဆောက်ရေးအတွက် တာဆူလျက်ရှိကြသည်။ 

ဓာတ်ပုံနှင့် သတင်း – အန်း ဝမ်၊ စကားလုံး – ဂျာရတ် ဒေါင်းနင်း

စမ်းချောင်းမြို့နယ် ဂွဈေးအနီး မီးလောင်ကျွမ်းပြီးနောက်တွင် လူနေတိုက်ခန်းများ၌ မီးခိုးမှိုင်းတိုက်ထားသော အုတ်နံရံများသာ ကျန်ရှိခဲ့သည်။ ထောင့်တစ်ခုတွင် လိမ်ကောက်နေသော သတ္တုချောင်းများ၊ ပြာပုံများ၏ နံဘေး၌ ဆန်အိတ်များသည် ဖွေးဖွေးဖြူနေသည်။ မီးလောင်ရာမှ ကျန်ရှိသော ဆန်များသည်ပင် ပြာများနှင့် ရောနှောနေပြီး အရည်ပျော်သွားသော ပလပ်စတစ်များက အပေါ်က ဖုံးအုပ်ထားသည်။

“ဒါတွေက ဝက်စာအတွက်ပဲ အသုံးဝင်တော့မယ်” ဟု ဈေးဆိုင်ဝန်ထမ်းတစ်ဦးက မီးလောင်ရာမှ ကျန်ရှိသော အသုံးဝင်မည့် အရာများကို ရှာဖွေရန် ကြိုးပမ်းရင်း ပြောပြသည်။

ဇန်နဝါရီလ ၁၁ ရက်က ဖြစ်ပွားခဲ့သော ထိုမီးလောင်မှုကို စစ်ဆေးနေသည့် အာဏာပိုင်များက ထိုနေရာတွင် နေထိုင်သူများသည် သူတို့၏ ဈေးဆိုင်များမှ ကုန်ပစ္စည်းများကို သယ်ထုတ်ရန် ကြိုးပမ်းနေသဖြင့် အများပြည်သူကို မီးလောင်နေကြောင်း ကောင်းစွာ သတိမပေးနိုင်ခဲ့ကြောင်း ပြောပြသည်။ နောက်ဆုံးတွင် အိမ် ၁၄ လုံး မီးလောင်ကျွမ်းခဲ့ပြီး လူ ၅ ဦးကို ဆေးရုံတင်ခဲ့ရသည်။ ဆိုင်များမှ ကုန်ပစ္စည်း အများစုသည် မီးစာဖြစ်သွားခဲ့ရသည်။ 

There is little left of what was once Gwa market in Yangon's Sanchaung Township. (Ann Wang / Frontier)

There is little left of what was once Gwa market in Yangon’s Sanchaung Township. (Ann Wang / Frontier)

ဒေါ်မြတ်နွယ်နိုင်သည် ကင်ဆာရောဂါ ခံစားနေရသူဖြစ်သည်။ သူ့ မိသားစုသည် မီးလောင်ချိန်တွင် သူ့ကို ကယ်ထုတ်နေရသဖြင့် ပိုင်ဆိုင်သော ပစ္စည်းများကို မသယ်ဆောင်ယူနိုင်ခဲ့ပေ။ သူတို့ မိသားစုသည် သူတို့၏ ဒိန်ချဉ်ဆိုင်အတွက် ကုန်ကြမ်းများကို ဆုံးရှုံးခဲ့ရသည်။ ထို့ပြင် ဒေါ်မြတ်နွယ်နိုင်အတွက် ဆေးဝယ်သောက်ရန် အသုံးပြုနေသော ငွေကျပ် သိန်း ၅၀ လည်း အလားတူ ဆုံးရှုံးခဲ့ရသည်။

ဒေါ်မြတ်နွယ်နိုင်တို့ မိသားစုသည် လက်ရှိအချိန်တွင် အနီးအနားမှ ဘုန်းကြီးကျောင်းတစ်ခု၌  အခြားမီးဘေးသင့် ပြည်သူများနှင့်အတူ နေထိုင်လျက်ရှိသည်။ ယင်းဘုန်းကြီးကျောင်း၏ ဘုရားဆင်းတုတော်များ စေတီများကြားတွင် လုပ်အားပေးသူများသည် ရရှိသော အလှူငွေများ၊ ထောက်ပံ့ရေးပစ္စည်းများကို ရေတွက်နေကြသည်။ အချို့သည် ဒဏ်ရာရရှိသူများအတွက် သူနာပြုများနှင့် တိုင်ပင်ဆွေးနွေးနေကြသည်။ ထို့ပြင် သတင်းထောက်များလည်း ရောက်ရှိနေပါသည်။

စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦးက အလှူငွေများသည် မီးဘေးသင့်ပြည်သူ တစ်ဦးချင်းစီ အတွက် တစ်နေ့လျှင် ကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ အထိ ရရှိကြောင်း ပြောကြားသည်။ ၎င်းသည် မီဘေးသင့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးကို ဦးဆောင်ပြုလုပ်သူလည်း ဖြစ်သည်။

“ကျွန်တော်တို့ အလှူတွေ အများကြီး ရပါတယ်။ အစားအစာ၊ ရေ၊ အဝတ် အထည်နဲ့ ငွေတွေလည်း အများကြီး ရပါတယ်” ဟု ၎င်းက ဆိုသည်။

အချို့က နေစရာ နေရာ ဆုံးရှုံးသွားခဲ့သည်။ ဒေါ်မြတ်နွယ်နိုင်တို့ကဲ့သို့သော သူတို့မှာမူ ဘိုးဘွားပိုင်အိမ်ရာ၊ လုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်းများအပြင် တစ်ဘဝလုံးစာ စုဆောင်းထားသော ငွေကြေးများ ဆုံးရှုံး သွားခဲ့ရသည်။

ဒေါ်မြတ်နွယ်နိုင်၏ မိသားစုက ဘုန်းကြီးကျောင်းတွင် နေထိုင်ရသည်မှာ လုံခြုံမှုရှိကြောင်း သက်သောင့်သက်သာလည်း ရှိကြောင်း၊ သို့သော် သူတို့မိသားစု ဒိန်ချဉ်ဆိုင်ကို မည်သည့်အချိန်တွင် ပြန်ဖွင့်နိုင်မည်မှာ မသိနိုင်ကြောင်း ပြောပြသည်။ 

Sanchaung residents who lost their homes in the Gwa market fire take shelter in a nearby monastery in Yangon. (Ann Wang / Frontier)

Sanchaung residents who lost their homes in the Gwa market fire take shelter in a nearby monastery in Yangon. (Ann Wang / Frontier)

ဦးမျိုးလွင်ဦးကလည်း ရေရှည်အရေးကိစ္စများအတွက် မဆွေးနွေးရသေးကြောင်း၊ တာဝန်ရှိသူများသည် အစားအစာ ဖြန့်ဝေရေးနှင့် မီးဘေးသင့်သူများကို အခြားဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းရမည်လား စသည့်အချက်များကိုသာ အဓိက ဆွေးနွေးနေကြကြောင်း၊ အမှန်တကယ် လုပ်ဆောင်မှုသည် သီတင်းပတ်အနည်းငယ် လိုဦးမည်ဖြစ်ကြောင်း၊ အစိုးရကလည်း ဆုံးရှုံးသွားသော အိုးအိမ်များကို ပြန်လည်တည်ဆောက်ပေးခြင်း သို့မဟုတ် အိမ်ရာသစ်များ ဖန်တီပေးခြင်းတို့ကို လုပ်ဆောင်ပေးမည်ဟု ၎င်းက မျှော်လင့်ကြောင်း ပြောသည်။

အခြေအနေကို အစိုးရက ဖြေရှင်းလိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော် မရှင်းလင်းသည်မှာ ထိုကိစ္စကို ဖြေရှင်းရန် မည်သူ့တွင် တာဝန်ရှိသည်ကို မသေချာခြင်း ဖြစ်သည်။ ထိုမေးခွန်းသည် ရဲမှူး ဒေါ်မီမီအေးကို မေးကြသော မေးခွန်းများမှ တစ်ခုဖြစ်သည်။ သူသည် ထိုနေရာကို ကင်းလှည့်ရသောကြောင့် ဖြစ်သည်။

“အစီအစဉ်တွေရှိတယ်။ ဒါပေမဲ့ ကျွန်မနားမလည်ဘူး။ လူတွေက ဒီမီးလောင်မှုကို စုံစမ်းဖို့ ကျွန်မကို ပြောကြတယ်။ ကျွန်မက လုံခြုံရေးပဲ တာဝန်ယူရတာပါ” ဟု သူက ပြောပြသည်။

ဂွဈေးသည် ၂၀၁၂ ခုနှစ်တွင်လည်း မီလောင်ကျွမ်းခဲ့ဖူးသည်။ ထိုသို့ဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးများက မီးသတ်ငုပ်များ တပ်ဆင်ပေးပြီး မြို့နယ်တွင်းမှ မိသားစုများကို မီးသတ်ဘူးများ ဝေငှပေးခဲ့ရသည်ဟု စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက်မှ တာဝန်ရှိသူ ဦးအောင်ခိုင်ဇင်က ပြောပြသည်။

ဂွဈေးအနီးမှ အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးသည် သူ၏ နေအိမ် အောက်ထပ်တွင် မီးမလောင်ခင်က မိသားစု လက်ဖက်ရည်ဆိုင် ဖွင့်ထားသည်မှာ ၈ နှစ်ရှိပြီဖြစ်သည်။ သူက ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်များမှာ တာဝန်ရှိပုဂ္ဂိုလ်များ၏ မျက်နှာလိုက်မှုများကြောင့် ထိုက်သင့်သလောက် မထိရောက်ခဲ့ကြောင်း ဆိုသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဆိုင်တွေနဲ့ အိမ်တွေကို မီးသတ်ဘူးတွေ ဝေတော့ ကျွန်တော့်ဆိုင် တစ်ဘူးမှ မရဘူး” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ၎င်းကြားတွင် ယခင်က မပြေမလည် ဖြစ်ခဲ့ဖူး၍ အငြိုးအတေးထားပုံကို ရည်ညွှန်းပြောဆိုခဲ့သည်။

Scenes from the aftermath of the fire at Yangon's Gwa market. (Ann Wang / Frontier)

Scenes from the aftermath of the fire at Yangon’s Gwa market. (Ann Wang / Frontier)

အခြားသူများနည်းတူ ၎င်းသည်လည်း အစိုးရက တစ်စုံတစ်ခု လုပ်ဆောင်ပေးလိမ့်မည်ဟု မျှော်လင့်နေသည်။ သို့သော် မည်သည့်အချိန်နှင့် မည်သို့ လုပ်ဆောင်ပေးမည်ကို သေချာရေရာစွာ မသိရပေ။ သူက သူ၏ မြေကြီးသည် တန်ဖိုးရှိနေသေးကြောင်း၊ ယင်းမြေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုနှင့် စာချုပ်ချုပ်လိုကြောင်း ပြောသည်။ နောက်ဆုံးတွင် သူသည် ဘဝတွင် သူ့ထက်မက ဆုံးရှံးခဲ့သူများကို ရှုမြင်ကြည့်ခြင်းဖြင့်သာ နာကျင်မှုကို ကျိတ်မှိတ်ခံယူတော့သည်။

“ကျွန်တော်က ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပါတယ်။ ကျွန်တော်သာ ကောင်းကောင်းနေထိုင်ခဲ့ရင် ဒါမျိုးအဖြစ်နဲ့ ကြုံရမှာ မဟုတ်ပါဘူး။ အတိတ် ဘဝမှာ အပြစ်တွေရှိခဲ့လို့ ယခုဘဝမှာ ခံရတာပါ” ဟု ဗုဒ္ဓဘာသာဝင် ၎င်းက ပြောပြသည်။

ယခုလက်ရှိအချိန်တွင် ဒေါ်မြတ်နွယ်နိုင်တု့ိ မိသားစုသည် သူတို့၏ လူ့အဖွဲ့အစည်းကိုသာ အားကိုးရန် ရှိပါတော့သည်။ ဒေါ်မြတ်နွယ်နိုင်က ပြောကြားရာတွင် သူ့ ကင်ဆာရောဂါကို ကုသရန် သူ၏ သူငယ်ချင်းများ၊ အဝေးမှ ဆွေမျိုးများနှင့် အလုပ်လုပ်နေသော သူ၏ သားကိုသာ အားကိုးရမည် ဟူ၏။

သူ ပြန်လည်နေကောင်းလာမှာပါ စောင့်ကြည့်ပါဟု အင်္ဂလိပ်လို ရေရွတ်လိုက်သည်။

ဤသတင်းကို ြမတ်ကျော်သူက ပါဝင်ကူညီရေးသားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.