ကြံ့ခိုင်ရေးပါတီတွင်း အကွဲအပြဲနှင့် သမ္မတလောင်းပြိုင်ပွဲ

အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း နှစ်ခြမ်းကွဲမှုသည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းများ မရွေးမီ ကာလအတော်ကြာကပင် စတင်ခဲ့ခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန်၏ နိုင်ငံရေးအနာဂတ်ကို ကြိုတင်မှန်းဆမှု အမျိုးမျိုးရှိခဲ့သည်။

မြတ်ကျော်သူ ရေးသားသည်။

Thura Shwe Man speaking during the first conference of the Union Solidarity and Development Party (USDP) in Naypidaw. AFP PHOTO / Soe Than WIN

၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံအကြီးအကဲဖြစ်သော သမ္မတကို ဒုသမ္မတသုံးဦးထဲမှနေ၍ ပြည်ထောင်စု လွှတ်တော်က မဲခွဲ၍ ရွေးချယ်ရသည်။ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံးရသော ပါတီက ရွေးချယ် အဆိုပြုသော ကိုယ်စားလှယ်သည် သမ္မတဖြစ်ဖို့ အခွင့်အလမ်း အများဆုံးဖြစ်ပြီး နောက်တက်မည့်အစိုးရကို ဖွဲ့စည်းရမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် ၎င်း၏ပါတီဥက္ကဋ္ဌရာထူးကို ၂၀၁၃ မေလမှစ၍ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ကို လွှဲအပ်ပေးခဲ့ပြီး သူရဦးရွှေမန်းသည်လည်း သမ္မတရာထူးရယူရန် ဆန္ဒရှိနေသူဖြစ်ရာ ကြံ့ဖွံ့ပါတီသည် ဦးသိန်းစိန်ကို ဒုသမ္မတလောင်းအဖြစ် ထပ်မံအဆိုပြုဖို့ အလားအလာ အလွန်နည်းပါးနေရာ သမ္မတလည်း ဖြစ်ဖို့ အလားအလာမရှိတော့ပေ။

ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့အကြား အာဏာလွန်ဆွဲမှုများ အကြီးအကျယ် ဖြစ်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ မိမိတို့ပါတီအမည် သုံးစွဲခြင်းမပြုရန် တားမြစ်သည့် ပြည်ထောင်စုအစိုးရဥပဒေ ပြင်ဆင်သည့်ဥပဒေကို ဇွန်လအတွင်း လွှတ်တော်တွင် အတည်ပြု ခဲ့ရာ အားပြိုင်မှုမှာ သိသာပေါ်လွင်လာခဲ့သည်။

အဆိုပါ ပြင်ဆင်သည့်ဥပဒေကို ကြံ့ဖွံ့ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုပြုတင်သွင်း ခဲ့ခြင်း ဖြစ်သည်။ ဤဥပဒေအရ ဦးသိန်းစိန်နှင့် သမ္မတရုံးဝန်ကြီးများ ဖြစ်ကြသော ဦးစိုးသိန်းနှင့် ဦးအောင်မင်း တို့ကဲ့သို့သော ထင်ရှားသည့် ကြံ့ဖွံ့ပါတီဝင်များသည် ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ပါတီ၏ ကြီးမားသော အရင်းအမြစ်များအပေါ် အားထား၍ မရနိုင်တော့ပေ။

လွန်ခဲ့သောလအတွင်း ဦးသိန်းစိန်မှာ နောက်ထပ်တစ်ကြိမ် ထိုးနှက်ခံလိုက်ရပြန်သည်။ ဇူလိုင် ၁၃ ရက် က ပါလီမန် အစည်းအဝေးအပြီး ပြောကြားရာတွင် ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး သူရဦးအောင်ကိုက ပါတီ၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်စာရင်းတွင် သမ္မတ ဦးသိန်းစိန်မပါတော့ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

ဦးသိန်းစိန်အတွက် ဗျူဟာနှစ်ခု

ဖွဲ့စည်းပုံပုဒ်မ ၆၀ အရ ရွေးကောက်တင်မြှောက်ခံ မဟုတ်သော လွှတ်တော်ထဲမှ တပ်မတော်သား ကိုယ်စားလှယ်များသည် ဒုသမ္မတလောင်းတစ်ဦးကို အဆိုပြု တင်သွင်းနိုင်ခွင့်ရှိပြီး ထိုပုဂ္ဂိုလ်သည် ရွေးကောက် တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် မလိုအပ်ပေ။

သမ္မတဦးသိန်းစိန်သည် စစ်တပ်၏ထောက်ခံမှုကို ရရှိထားသူဖြစ်ရာ စစ်တပ်ကိုယ်စားလှယ်များက ဦးသိန်းစိန်ကိုပင် ဒုသမ္မတလောင်းအဖြစ် အဆိုပြုဖွယ်ရှိသဖြင့် ဦးသိန်းစိန်မှာ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံစရာ မလိုတော့ပေ။

ဦးသိန်းစိန်မှာ နောက်ထပ်သမ္မတ ပြန်လုပ်နိုင်ဖို့ နောက်ဗျူဟာတစ်ခု ရှိသေးသည်ဟု တွက်ကြသူများ လည်း ရှိသည်။ သူ့ချက်မြှုပ်ဇာတိဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်လျှင် လွယ်လွယ်နှင့်အနိုင်ရဖွယ် ရှိသည်။ ထိုသို့နှင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာလျှင် ကြံ့ဖွံ့ပါတီ တွင်းမှ သူ့ကိုထောက်ခံသူများနှင့် တိုင်းရင်းသားပါတီ  ကိုယ်စားလှယ်များ ထောက်ခံမှုဖြင့် ဒုသမ္မတလောင်း ဖြစ်နိုင်သေးသည်ဟူသော တွက်ကိန်းတစ်ခုဖြစ်သည်။

သို့သော် တိုင်းရင်းသားပါတီများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်လောင်း ကိုသာ ထောက်ခံဖို့ ပို၍များသည်ဟု သုံးသပ်သူများက ပြောသည်။

အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားပါတီများ ဝင်ရောက် ယှဉ်ပြိုင် သော နေရာများတွင် NLD က ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရေး တိုင်းရင်းသားပါတီများနှင့် သဘောတူညီမှုရရှိရန် ညှိနှိုင်းကြိုးပမ်းခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း သူသာ သမ္မတဖြစ်ပါက တိုင်းရင်းသားများ လိုလားလျက်ရှိသော ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတက ရွေးချယ်ဆုံးဖြတ် ခန့်အပ်ခြင်းမပြုဘဲ ပြည်နယ် လွှတ်တော်များက ရွေးကောက်တင်မြှောက်ခွင့်ရရေး ပြည်နယ်ကိုယ်စားလှယ်များ၏ ကြိုးပမ်းမှုကို သူ ထောက်ခံမည်ဟု ကတိပေးသည်။

လွန်ခဲ့သောလအတွင်းက ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ၎င်းတို့၏ ဝန်ကြီးချုပ်ကို မဲပေးရွေးချယ်တင်မြှောက်ခွင့်ရရေးအဆို လွှတ်တော်တွင် ရှုံးနိမ့်သွားခဲ့ပြီးနောက် သူရဦးရွှေမန်းက ထိုကဲ့သို့ ကတိပေးခဲ့ခြင်းဖြစ်သည်။

ထိုအတောအတွင်း ကြံ့ဖွံ့ပါတီက ၎င်းတို့ရွေးချယ်ထားသော သမ္မတအမည်ကို မကြေညာရသေးပေ။ မကြာမီက ပါတီတွင်း သဘောထားတင်းမာသူ ဦးအောင်သောင်း ဦးနှောက်သွေးယိုစီးသဖြင့် စင်္ကာပူသို့ ပို့ဆောင်ကုသနေရသဖြင့် ပါတီက ရွေးကောက်ပွဲ ဗျူဟာမှူးတစ်ဦး နစ်နာဆုံးရှုံးသွားရသည်။

ဦးအောင်သောင်း၏ မဟာဗျူဟာမှာ ကျေးလက်၏ ထောက်ခံမှုကို အဓိကအားထားသော ဗျူဟာ ဖြစ် သည်။ သူရဦးရွှေမန်းကို ထောက်ခံသူ ဦးအောင်သောင်းသည် ကျေးလက်နေ ဗုဒ္ဓဘာသာဝင်များအပေါ် သြဇာ လွှမ်းမိုးမှုရှိသော အမျိုးသားရေးဘုန်းကြီး  ဦးဝီရသူနှင့် ဆက်သွယ်မှုရှိသူဟု ဆိုကြသည်။ ဦးသိန်းစိန်၏ သစ္စာခံ များဖြစ်သော ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့အား ၎င်းတို့ စိတ်ချလက်ချ အရွေးခံရမည်ဟု ယူဆထားသော ကယားပြည်နယ် မဲဆန္ဒနယ်များမှ အရွေးခံရန်အဆိုကို ကြံ့ဖွံ့ပါတီခေါင်းဆောင်ပိုင်းက ပိတ်ဆို့ထားခဲ့ကြသဖြင့် အခြေအနေမှာ ပို၍ရှုပ်ထွေးသွားခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ ကယားပြည်နယ် မဲဆန္ဒနယ် အားလုံးတွင် ကြံ့ဖွံ့ပါတီက အနိုင်ရခဲ့သည်။

ဤသို့သော အခြေအနေအရပ်ရပ်ကြောင့် ဦးအောင်မင်းနှင့် ဦးစိုးသိန်းတို့ အပါအဝင် သမ္မတအား ထောက်ခံသူအုပ်စုသည် ကြံ့ဖွံ့ပါတီတွင်း အုပ်စုဖွဲ့ကာ ပါတီဥက္ကဋ္ဌနေရာ ဦးသိန်းစိန်ပြန်ရရေးအတွက် ပါတီဝင် အားလုံးကို စည်းရုံးရန် အထူးအစည်းအဝေးခေါ်ဖို့ အလားအလာများ ရှိနေသည်။

စစ်တပ်နှင့် ကြံ့ဖွံ့ပါတီ ပူးပေါင်းကြမည်လား

ကြံ့ဖွံ့ပါတီအတွက် အခြားရွေးနိုင်သည့် နည်းလမ်းတစ်ခုမှာ စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သမ္မတတင်မြှောက်ရေး ဝိုင်း၍ ထောက်ခံ ကြရန်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ကြံ့ဖွံ့ပါတီတွင်းမှ ထောက်ခံမှု မည်မျှရှိသည်မှာ မသေချာလှပေ။

အစိုးရဝန်ထမ်းများ အငြိမ်းစားယူရမည့် အသက်ကို ၆၀ မှ ၆၃ အထိ တိုးမြှင့်ရေးအဆို လွှတ်တော်တွင် မကြာမီက ရှုံးနိမ့်သွားခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ သမ္မတလောင်းဖြစ်နိုင်သည့် အခြေအနေ ရှိ နေပေသည်။

သို့ဖြစ်ရာ လက်ရှိအခြေအနေတွင် သူရဦးရွှေမန်းက သမ္မတ ဖြစ်လိုသည့်ဆန္ဒ ရှိနေသည်။ ဦးသိန်းစိန်က သမ္မတလောင်း ဖြစ်ဖို့ မသေချာ၊ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင် (သို့မဟုတ်) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို သမ္မတလောင်းအဖြစ် အဆိုပြုနိုင်သည့် အခြေ အနေများ ရှိနေပေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.