ကျောက်တုံးတစ်တုံးလို သန်မာတဲ့ သားကလေး

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မိခင်တွေရဲ့ ရပ်ရွာဓလေ့ ယုံတမ်းစကားတွေ၊ အစားအသောက်နဲ့ ပတ်သက်တဲ့ လွဲမှားတဲ့ အယူအဆတွေကြောင့် မျိုးဆက်သစ် ကလေးငယ်လေးတွေဟာ အားနည်းပိန်လှီနေကြပါတယ်။

By JENNIFER MACINTYRE | တက်လမ်း ရေးသားသည်။

ဒေါ်မမအေးကတော့ ပေါက်တောမြို့နယ်၊ ပုဏ္ဍားကြီးရွာမှာရှိတဲ့ မိခင် ၇၀ ကျော်ထဲက တစ်ဦးဖြစ်ပါတယ်။ သူကတော့ အာဟာရနဲ့ပတ်သက်ပြီး ကျေးရွာက သက်ကြီးရွယ်အိုတွေ စွဲမြဲယုံကြည်ထားတဲ့ လွဲမှားတဲ့ ယုံကြည်ချက်တွေကို တွန်းလှန်စိန်ခေါ်ဖို့ သတ္တိရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ယုံကြည်မှုအစွဲတွေကို ဖျောက်ဖျက်ပြီး သူ့ရဲ့ ကလေးငယ်လေး မွေးပြီးပြီးချင်း မိခင်နို့ဦးရည် တိုက်ကျွေးနိုင်ခဲ့တာကိုလည်း ဂုဏ်ယူနေသူတစ်ဦး ဖြစ်ပါတယ်။

သူမရဲ့ ငါးယောက်မြောက် ကလေးငယ်ကတော့ မောင်လင်းထက်စိုး ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့နို့ဦးရည်ကြည်ကို သောက်သုံးရတဲ့ ပထမဆုံးကလေးဖြစ်ပါတယ်။ Colostrum လို့ခေါ်တဲ့ နို့ဦးရည်ကြည်မှာ အာဟာရတွေများစွာပါဝင်ပြီးတော့ မွေးကင်းစ ကလေးငယ်တွေကို ရောဂါဘယတွေက ကာကွယ်ပေးဖို့ Antibodies ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသက မိခင်တွေဟာ ကလေးငယ်ကို နို့ဦးရည် တိုက်ကျွေးလေ့မရှိတတ်ကြပါဘူး။ အကြောင်းကတော့ နို့ဦးရည်ကို သောက်သုံးရင် ကလေးတွေ ဝမ်းပျက်ဝမ်းလျှောရောဂါရမယ်လို့ လူကြီးသူမတွေက စိုးရိမ်ကြောင့်ကြတတ်လို့ပါ။

“အရင်တုန်းကဆိုရင်တော့ နို့ဦးရည်ကို ညှစ်ထုတ်ပစ်လိုက်ရတယ်။ နို့ထွက်လာတဲ့အထိပေါ့။ အဲဒီအခါကျမှ ကလေးကို နို့တိုက်ရတယ်” လို့ ဒေါ်မမအေးက ပြောပါတယ်။ ဒီအလေ့အကျင့်ကိုတော့ သူ့မအဘွားရဲ့ ညွှန်ကြားချက်နဲ့ လုပ်ခဲ့ရတာလို့လည်း သူမက ဆိုပါတယ်။ ဒါ့အပြင် အရင် ကလေးငယ်လေးယောက်ကို မွေးပြီး သုံးရက်အတွင်းမှာပဲ သကြားရည်နဲ့ နို့မှုန့်ကို ဖျော်တိုက်ခဲ့တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အစားအသောက်အာဟာရနဲ့ ပတ်သက်လို့ ဒီလိုယုံကြည်မှုတွေက မျိုးဆက်သစ်တွေရဲ့ ခန္ဓာကိုယ် ကြီးထွားတိုးတက်မှုကို ဟန့်တားနေစေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ် ။

မိခင်တွေလက်ခံထားတဲ့ တခြားအချက်တစ်ခုကတော့ ကလေးမွေးပြီးပြီးချင်း တစ်လအတွင်းမှာ မိခင်တွေအနေနဲ့ သကြားရည်၊ ဆန်နဲ့ ဆားကိုသာ စားသုံးသင့်တယ်ဆိုတာပါပဲ။ ဘာ့ကြောင့်လဲဆိုရင် အခြားအစားအစာတွေက မိခင်တွေကို ဖျားနာစေနိုင်တယ်လို့ ဆိုပါတယ်။ “လေးလမြောက်မှာတော့ ငါးနဲ့ အသားစားခြင်းကို မိခင်တွေ ရှောင်ရှားသင့်ပါတယ်။ ဒါကတော့ မိခင်တွေအနေနဲ့ ခန္ဓာကိုယ်တွင်းက ခုခံအားတုံ့ပြန်မှုနဲ့ ကိုက်ခဲမှုတွေကို ဖြစ်စေနိုင်တယ်” လို့ ရှေးလူကြီးတွေက ပြောတတ်ကြလို့ပါ။

မိခင်တွေအနေနဲ့ ကလေးမွေးပြီးစမှာ ရွှေဖရုံသီးစားရင် စိတ်ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်တယ်လို့လည်း ယုံကြည် ကြပြန်ပါတယ်။ ကလေးတွေအနေနဲ့ တစ်လကနေ တစ်နှစ်ပြည့်တဲ့အထိ ထမင်းဝါးကျွေးတာစားရပြီးတော့ မိခင်နို့ရည်ကို သောက်ရပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကလေးငယ်တွေဟာ တခြား အစားအစာတွေကို စားရင် “နင်”နေမှာကို လူကြီးသူမတွေက စိုးရိမ်တတ်ကြလို့ပါ။

ဒါတွေကတော့ ဒေါ်မမအေးအနေနဲ့ မိခင်တွေအချင်းချင်း ကူညီပေးရေးအဖွဲ့ကို မဝင်ရောက်ခင်အထိ ကြုံတွေ့ရတဲ့ ကြားဖူးနားဝ အချက်အလက်တွေပါ။ ကလေးငယ်တွေရဲ့ ဘဝ ရက်ပေါင်း ၁,၀၀၀ အတွင်း လိုအပ်တဲ့ အာဟာရနဲ့ ပတ်သက်လို့ ဒီအဖွဲ့ထံကနေ သူလေ့လာသင်ယူခဲ့ရပါတယ်။

ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသက ရွာတစ်ခုချင်းစီတိုင်းမှာ ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်ပြီး မတူညီတဲ့၊ လွဲမှားနေတဲ့ အယူအဆတွေ ရှိကြပါတယ်။ ကောက်ညှင်းစားရင် သားအိမ်ထဲမှာ အချင်းကပ်တတ်ပြီးတော့ ငါးစားရင်တော့ ကလေးငယ်တွေကို အနာကြီးရောဂါဖြစ်စေနိုင်တယ်လို့ သိထားကြပါတယ်။ ငါးဇင်ရိုင်းစားရင်တော့ ကလေးငယ်ရဲ့ အမြင်အာရုံကို ချို့ယွင်းစေနိုင်တယ်လို့လည်း ပြောကြပါသေးတယ်။ ဝမ်းနည်းစရာကတော့ ဒီဒဏ္ဍာရီတွေ၊ လွဲမှားတဲ့ အယူအဆတွေက ကလေးငယ်တွေနဲ့ မိခင်တွေကို ကိုယ်ဝန်ဆောင်စဉ်နဲ့ မွေးဖွားပြီးနောက် ခန္ဓာကိုယ် ကြီးထွားဖို့နဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် မဖြစ်မနေလိုအပ်တဲ့ အာဟာရတွေမရရှိအောင် ဟန့်တားနေတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် လူဦးရေနဲ့ သန်းခေါင်စာရင်းအရဆိုရင် ရခိုင်ပြည်နယ်မှာ မွေးကင်းစကလေး သေဆုံးနူန်းက အများဆုံး ဖြစ်နေပါတယ်။ အရှင်မွေးတဲ့ ကလေးအယောက် ၁,၀၀၀ မှာ ၇၅ ယောက်ဟာ သူတို့ရဲ့ ငါးနှစ်မြောက် မွေးနေ့မရောက်ခင် သေဆုံးနေကြရတယ်လို့ စာရင်းမှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ ကလေးငယ်သေဆုံးမှု ၄၅ ရာခိုင်နူန်းဟာ အာဟာရချို့တဲ့လို့ပဲ ဖြစ်ပါတယ်။

တက်လမ်းက ကောက်ယူခဲ့တဲ့ အခြေခံအချက်အလက် (baseline data) တွေကို ၂၀၁၅ ခုနှစ်မှာ ပြန်လည်သုံးသပ်ခဲ့တဲ့ စာရင်းအရဆိုရင် ငါးနှစ်အောက် ကလေးငယ် ၁၀ ဦးမှာ လေးဦးက အားနည်းပိန်လှီနေကြရပါတယ်။ သူတို့ အသက်အရွယ်နဲ့ယှဉ်ရင် အရပ်ပုပြီး အာဟာရမပြည့်ဝကြလို့ မကြာခဏ ဖျားနာတတ်ကြပါတယ်။ မှတ်ဉာဏ်အားနည်းပြီး တွေးတောနိုင်စွမ်းလည်း နည်းပါးသလို စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေပါတယ်။ တက်လမ်းရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုကတော့ ဆာလောင်မွတ်သိပ်မှုကို လျှော့ချပြီး အစားအသောက်ပြည့်စုံမှုရရှိပြီး အာဟာရပြည့်ဝလာစေဖို့ပဲ ဖြစ်ပါတယ်။

_kh71376_copy.jpg

 title=

title=

တက်လမ်းက ဆောင်ရွက်နေတဲ့ ကျေးရွာ ၁၄၀ ထဲက မိခင်အချင်းချင်းကူညီပေးရေးအဖွဲ့ ၂၀၅ ဖွဲ့မှာ မိခင်၊ ဖခင်နဲ့ ကျေးရွာခေါင်းဆောင်ပေါင်း ၅,၀၀၀ ခန့်ကို မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့ အာဟာရအပြည့်အဝ ရရှိဖို့ အရေးကြီးပုံ၊ သန့်စင်တဲ့ရေ သောက်သုံးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်းတွေကို ဆွေးနွေးပို့ချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တက်လမ်းက ဆောင်ရွက်နေတဲ့ အသက်မွေးဝမ်းကျောင်သင်တန်း၊ ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးသင်တန်းတွေမှာပါ အထက်မှာ ဖော်ပြခဲ့သလို အာဟာရနဲ့ ပတ်သက်တာတွေ ပို့ချနိုင်ခဲ့ပါတယ်။

မိခင်အချင်းချင်း အကူအညီပေးရေးအဖွဲ့အစီအစဉ်က မိခင်တွေရဲ့ နည်းလမ်းမမှန်တဲ့အလေ့အကျင့်တွေ ပြောင်းလဲအောင် သင်ကြားပေးနေတာဖြစ်ပြီးတော့ မိခင်တွေအနေနဲ့ ကလေးငယ်တွေဘဝရဲ့ ပထမရက်ပေါင်း ၁,၀၀၀ ကနေပြီး ကလေးအသက် နှစ်နှစ်ပြည့်တဲ့အထိ တစ်လကို ကျပ် ၁၃,၀၀၀ လည်း ထောက်ပံ့ကြေးအနေနဲ့ ရရှိနိုင်ပါတယ်။ ဒီငွေကြေးကတော့ ကလေးငယ်တွေကို မိခင်နို့ရည်တမျိုးတည်းသာတိုက်ပြီး အာဟာရရှိတဲ့ အစားအသောက်တွေကို ကျွေးမွေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ပြောင်းလဲမှုအတွက် သက်သေ

အားနည်းပိန်လှီမှုက ရခိုင်ပြည်နယ်မှာပဲရှိတဲ့ ပြဿနာတစ်ခု မဟုတ်ပါဘူး။ နိုင်ငံအဝှမ်းမှာရှိတဲ့ ကလေးငယ်တွေလည်း ခံစားနေရတာပါ။

တက်လမ်းရဲ့ အခုလိုအောင်မြင်တဲ့ ဆောင်ရွက်ချက်တွေကြောင့် အခုဆိုရင် ဒီလို အာဟာရ နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ၊ ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ်တို့မှာပါ ဆောင်ရွက်သွားဖို့ ဖြစ်လာပါပြီ။ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT )ရဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Mr. Jo Raisin က “မြန်မာနိုင်ငံတဝှမ်းလုံးက ကလေးငယ်တွေရဲ့ အားနည်းပိန်လှီမှုကို လျှော့ချနိုင်ဖို့အတွက် ဒီလို လုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်” လို့ ပြောပါတယ်။

“ကလေးတွေအနေနဲ့ သက်တမ်းရက်ပေါင်း ၁,၀၀၀ အတွင်းမှာ အာဟာရပြည့်ဝတဲ့အစားအစာတွေ စားသုံးခဲ့မယ်ဆိုရင် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနူန်း ၁၀ ဆလောက် လျော့နည်းသွားမှာဖြစ်ပြီးတော့ ကျောင်းကိုလည်း ကြာကြာတက်နိုင်မှာဖြစ်ပါတယ်” လို့ ယူကေအပြည်ပြည်ဆိုင်ရာတိုးတက်မှုဌာန (DFID)ကို ကိုယ်စားပြု ဆောင်ရွက်နေတဲ့ LIFT ရဲ့ ဘုတ်အဖွဲ့ ဒါရိုက်တာ Mr. Raisin က ဆက်လက်ပြောပြပါတယ်။

“ရခိုင်မှာရှိတဲ့ ကျေးရွာတွေမှာ တက်လမ်းက ငွေကြေးထောက်ပံ့မှုနဲ့ အာဟာနဲ့ ပတ်သက်တဲ့ အလေ့အကျင့်တွေပြောင်းလဲဖို့ လုပ်ဆောင်နေတဲ့ အစီအစဉ်တွေက မိခင်နဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို တိုးတက်စေပါတယ်။ အသက်နှစ်နှစ်အောက် ကလေးငယ်တွေရဲ့ အားနည်းပိန်လှီမှုနှုန်းကိုလည်း ၅ ဒသမ ၁ ရာခိုင်နှုန်းလောက်အထိ လျှော့ချနိုင်ပါတယ်” လို့ သူက ပြောပါတယ်။

ဒေါ်မမအေးရဲ့ သားငယ်လေး ထက်လင်းစိုးကလည်း ဒီအစီအစဉ်ရဲ့ အောင်မြင်မှုအတွက် သက်သေတစ်ခုလိုပါပဲ။ “သူက သူ့ရဲ့ အစ်ကို အစ်မတွေ သူ့အရွယ်မှာ ရှိခဲ့တဲ့ အရပ်ထက် ပိုအရပ်ရှည်ပြီး ကျန်းမာပါတယ်။ ပြီးတော့ လမ်းလျှောက်တာ စကားပြောတတ်တာလည်း ပိုမြန်တယ်” လို့ ဒေါ်မမအေးက ဆိုပါတယ်။ သူကိုယ်တိုင်ရဲ့ကျန်းမာရေးကလည်း ပိုကောင်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

“ကောက်ညှင်းရော အသားတွေရော အကုန်စားတယ်။ ကလေးရဲ့ကျန်းမာရေးအတွက် ဘာပြဿနာမှ မရှိပါဘူး။ မွေးပြီးတာနဲ့ ထမင်းနဲ့ ငါးဟင်းစားတယ်။ အရင်ကလေးတွေ မွေးတုန်းကထက် ပိုသန်မာတယ်လို့ ခံစားရတယ်” လို့ သူက ပြောပါတယ်။

လူကြီးသူမတွေရဲ့ အတွေ့အကြုံတွေဖြစ်တဲ့ သူတို့ရဲ့ ကလေးငယ်တွေဟာ ဝမ်းပျက်ဝမ်းလျှောကြောင့် သေဆုံးခဲ့ရတာတွေကို မကြာခဏမြင်တွေ့ရတဲ့ ကြောက်ရွံ့မှုတွေကို အခုခေတ် မိခင်တွေအနေနဲ့ ရင်ဆိုင်ဖို့ ခွန်အားတွေ ရရှိကြပါတယ်။ မိခင်တွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှု အသစ်တွေရလာဖို့၊ မိခင်အချင်းချင်း ယုံကြည်ဖို့၊ သားဖွားဆရာမတွေ၊ အာဟာနဲ့ ပတ်သက်တဲ့ ပညာရှင်တွေနဲ့ မိခင်တွေအတွက် ငွေကြေးပံ့ပိုးမှုအစီအစဉ် လုပ်ဆောင်နေတဲ့ အာဟာရနဲ့ ပတ်သက်လို့ ဗဟုသုတပေးနေသူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖု့ိ လိုအပ်ပါတယ်။

လွမ်းဦးကျေးရွာက မသန်းသန်းဝင်း ၃၂ နှစ်ကလည်း သူမရရှိတဲ့ ငွေကြေးကို အဟာရပြည့်တဲ့ အစားအသောက်တွေဝယ်ဖို့နဲ့ ကျေးလက်သားဖွားဆရာမဆီ သွားဖို့ ခရီးစရိတ်အနေနဲ့ အသုံးပြုတယ်လို့ပြောပါတယ်။ ဒေါ်မမအေးလိုပဲ သူကလည်း အသားနဲ့ ငါးစားခြင်းကို သူ့မရဲ့အခု ငါးနှစ်အရွယ်ရောက်နေတဲ့ ကလေးမွေးတုန်းက ရှောင်ရှားခဲ့ပြီးတော့ တစ်လအရွယ်မှာပဲ ကလေးကို ထမင်းစပြီးခွံ့ကျွေးခဲ့တယ်လို့ဆိုပါတယ်။

“အခုတော့ နည်းလမ်းအသစ်တွေကိုသိနေပါပြီ။ သားလေးကလည်း အစားအရမ်းစားတယ်” လို့ မသန်းသန်းဝင်းက ပြောပါတယ်။

“သူက ကျွန်မသမီး သူ့အရွယ်တုန်းကထက် ပိုထွားကြိုင်းပြီးတော့ ဖျားနာတာလည်းမရှိပါဘူး။ အရင်သမီးတုန်းကဆိုရင် ပန်းလေးလိုပဲ ဂရုစိုက်ရတာ။ အခုသားလေး မောင်ဟိန်းပြည့်စုံကတော့ ကျောက်တုံးတစ်တုံးလို သန်မာတယ်” လို့ သူကပြောပါတယ်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.