ကိုဗစ် ၁၉ တုန့်ပြန်အရေးယူမှု၌ နေရပ်စွန့်ခွာသူများကိုချန်ထားဟုဆို

စခန်းများ၌ ပြည့်ကျပ်နေသည့်အခြေအနေများ၊ ညံ့ဖျင်းသောဝန်ဆောင်မှုများနှင့် ဆက်သွယ်မှုနှင့် လှုပ်ရှားမှုများတွင် ကန့်သတ်ချက်များရှိနေ၍ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရသူများမှာ ကမ္ဘာ့ကပ်ရောဂါနှင့်ရင်ဆိုင်ရာတွင် အခြားသူများထက်ပို၍ ခုခံနိုင်စွမ်းအားကျဆင်းလျက်ရှိသည်။

ကျော်လင်းထွန်း ရေးသားသည်။

ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိလူတိုင်းနီးပါးမှာ တနည်းမဟုတ်တနည်း ထိခိုက်ခံရသည် မှန်သော်လည်း လက်နက်ကိုင်ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာရပြီး ပြည့်ကျပ်နေသောစခန်းများတွင် နေရသူများမှာ ဗိုင်းရပ်စ်ပိုး၏ခြိမ်းခြောက်မှုကို ပိုမိုခံစားနေရသည်။

ပြည်တွင်းနေရပ်စွန့်ခွာသူ သိန်းပေါင်းများစွာကိုထောက်ပံ့ရန်နှင့် နေအိမ်ဟုမဆိုနိုင်သောလူပြည့်ကျပ်နေသည့် စခန်းများတွင် ဗိုင်းရပ်စ်ရောဂါမှ သူတို့ကိုကာကွယ်ပေးရန် အစိုးရက လုံလောက်စွာဆောင်ရွက်ပေးခြင်းရှိမရှိမှာ သံသယရှိဖွယ်ဖြစ်နေသည်။

နေရပ်စွန့်ခွာစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ဘေးအန္တရာယ်စောင့်ရှောက်မှုပေးပြီး ဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုကာကွယ်ရေးအစီအမံများကို ဆောင်ရွက်ပေးနေကြောင်း အစိုးရဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူတို့က ပြောသည်။

သို့ရာတွင် အစိုးရ၏ဟန်ပြတုန့်ပြန်မှုများနှင့် ရောဂါကူးစက်ခံရမည်ကို ကြောက်ရွံ့နေရသော နေရပ်စွန့်ခွာရသူတို့ ရင်ဆိုင်နေရသောအခြေအနေမှာ ကွာခြားလျက်ရှိကြောင်း ပြည်တွင်းနှင့်နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မြို့ပြအဖွဲ့အစည်း၏အစီရင်ခံစာများ၌ တွေ့ရသည်။

အေအေနှင့် အစိုးရတို့၏ ပဋိပက္ခအပါအဝင် အကြောင်းကြောင်းကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာရသူများမှာ ကိုဗစ် ၁၉ အတွက် အကူအညီနှင့်ပတ်သက်၍ စွန့်စားရမှုအန္တရာယ်များပိုမိုမြင့်မားနေသည်။ ကချင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကရင်ပြည်နယ်ရှိ စခန်းများမှ အကူအညီပေးနေသောအဖွဲ့များကလည်း နေရပ်စွန့်ခွာရသူများ၏ ခုခံနိုင်စွမ်းကျဆင်းနေမှုဆိုင်ရာ စိုးရိမ်မှုများမှာတထေရာတည်းရှိနေသည်။

ကိုဗစ် ၁၉ ပြန့်ပွားမှုကာကွယ်ရေးဆိုင်ရာ အကူအညီပေးရေးလုပ်သားများ၏သွားလာမှုကို ကန့်သတ်လိုက်သဖြင့် လူသားချင်းစာနာမှုအဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်ရေးမှာ ပိုမိုခက်ခဲပြီး ခန့်မှန်းရခက်ခဲလာသည်။ ခရီးသွားလာခွင့် တောင်းခံမှုများကို “ကိစ္စရပ်တစ်ခုချင်းအလိုက်” စဉ်းစားဆုံးဖြတ်နေသဖြင့် ခွင့်တောင်းခံမှု အများစုကို အတည်မပြုရသေးကြောင်း လူသားချင်း စာနာမှုအဖွဲ့အစည်းများကပြောသည်။

အထူးသဖြင့် ကချင်ပြည်နယ်ရှိ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ ထိန်းချုပ်သည့်နေရာများရှိ စခန်းများမှာ အစိုးရကန့်သတ်ချက်များကြောင့် တားမြစ်နယ်မြေများအဖြစ် တည်ရှိနေဆဲဖြစ်သည်။ အေအေ၏တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်မှ စခန်းထက်ဝက်ခန့်သို့ အကူအညီပေးရေးအဖွဲ့များ မသွားရောက်နိုင်သေး‌ပေ။

ro_1.jpg

 title=

title=

ဝေဖန်ခံနေရသော အစိုးရအစီအမံများ

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၌ ဒေသစွန့်ခွာရသူ အများဆုံးရှိနေသည်။ အရေအတွက်အားဖြင့် ၁၃၀,၀၀၀ နီးပါးရှိပြီး အများစုမှာ ၂၀၁၂ ခုနှစ် လူမျိုးစုအကြမ်းဖက်မှုကာလအတွင်း နေရာရွှေ့ပြောင်းခံရသည့် ရိုဟင်ဂျာများနှင့် ၂၀၁၉ မှစပြီး တပ်မတော်နှင့် အေအေတို့တိုက်ခိုက်မှုများကြောင့် နေအိမ်စွန့်ခွာခဲ့ရသူများပါဝင်သည်။ နေရပ်စွန့်ခွာရသူ သိန်းပေါင်းများစွာမှာ အခြေအနေနိမ့်ကျပြီး ညစ်ပတ်ကာ လူများပြွတ်သိပ်နေသောနေရာများ၌ နေကြရကြောင်း အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြောကြသည်။

“စခန်းတွေထဲကလူတွေက ကိုဗစ် ၁၉ ကို သိပ်ပူပန်နေကြပေမဲ့ အကာအကွယ်အစီအမံတွေ ရနိုင်တဲ့အခွင့်အလမ်း မရှိသေးပါဘူး။ အစိုးရတာဝန်ရှိသူတွေလာပြီး ကိုဗစ်ရောဂါအကြောင်း အသံချဲ့စက်နဲ့ပြောသွားပေမဲ့ နှာခေါင်းစည်းတွေ၊ ဆပ်ပြာခဲတွေ ပေးမသွားပါဘူး” ဟု ရခိုင်ဒေသရှိစခန်းများကို လူသားချင်းစာနာမှု အကူအညီပေးနေသည့် ဗြိတိန်အခြေစိုက်ကုသိုလ်ဖြစ်အဖွဲ့တစ်ခုဖြစ်သော Al-Khair Foundation ၏ ဒေသဆိုင်ရာကိုယ်စားလှယ် မစ္စတာဘရိုက်အစ္စလမ်က ပြောသည်။

အစ္စလမ်သည် ၁၉၉၅ ခုနှစ်တွင် ရခိုင်ပြည်နယ် စစ်တွေ၌ မွေးဖွားသောရိုဟင်ဂျာ တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုတွင် နေရပ်စွန့်ခွာသူ တစ်ဦးဖြစ်လာခဲ့သည်။ စစ်တွေမြို့နယ်ရှိ စခန်း ၁၆ ခုအနက် တစ်ခုဖြစ်သော သက်ကယ်ပြင် နေရပ်စွန့်ခွာစခန်း၌နေထိုင်စဉ် သူသည် စစ်တွေအခြေစိုက် အင်န်ဂျီအို အဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအစီအစဉ် ကင်သာ Kintha ၏ အစီအစဉ်များကို တက်ရောက်နိုင်ခဲ့သည်။

ရခိုင်နှင့် ရိုဟင်ဂျာအသိုက်အဝန်း နှစ်ခုစလုံးအတွက် အလုပ်လုပ်ပေးသည့် ရခိုင်ပြည်နယ်တွင်ရှားပါးသော PDI-Kintha သည် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် လူမှုရေးစည်းလုံးညီညွတ်မှုကို အလေးပေးဆောင်ရွက်သည်။ အမှုဆောင်ဒါရိုက်တာဖြစ်သူ ရခိုင်လူငယ် ကိုကျော်ဆန်းလှိုင်က ဤအဖွဲ့ကို ၂၀၁၃ ခုနှစ်တွင်တည်ထောင်ခဲ့သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာစခန်းများရှိလူများအတွက် ကိုရိုနာရောဂါပြန့်ပွားမှု ကာကွယ်ရေးဆိုင်ရာ အစိုးရ၏ အစီအမံများမှာ လုံလောက်မှုမရှိဟု ကိုကျော်ဆန်းလှိုင်ကယုံကြည်ထားသည်။ အဟန့်အတား အများအပြားရှိနေပြီး ကာကွယ်ရေးအစီအမံများကို အကောင်အထည်ဖော်ရန် အမျိုးသားနှင့် အပြည်ပြည်ဆိုင်ရာ အင်န်ဂျီအိုများ၏ ကြိုးပမ်းမှုကို အနှောက်အယှက်ဖြစ်စေကြောင်း သူကပြောသည်။

ချို့ယွင်းချက်အဖြစ်ဆုံးမှာ ရခိုင်ပြည်နယ်ရှိမြို့နယ်ရှစ်ခုနှင့် ချင်းပြည်နယ်ရှိမြို့နယ်တစ်ခုတွင် မိုဘိုင်းအင်တာနက် အဆက်အသွယ်ဖြတ်တောက်ထားခြင်း ဖြစ်သည်။ မကြုံစဖူး လှုပ်ရှားမှုအဖြစ် အစိုးရသည် ဇူလိုင်လအတွင်းက မြို့နယ်ကိုးခုတွင် အင်တာနက်ဖြတ်တောက်ခဲ့သည်။ ရခိုင်ပြည်နယ် လေးမြို့နယ်နှင့်ချင်းပြည်နယ် ပလက်ဝတွင် စက်တင်ဘာလအတွင်းက အင်တာနက်များပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလဆန်းပိုင်းက ပြန်ပိတ်ခဲ့သည်။ မေ ၂ ရက်တွင် မောင်တောမြို့နယ်၌ အင်တာနက်ပြန်ဆက်ပေးခဲ့သော်လည်း ကျန်မြို့နယ်များတွင် ဖြတ်ထားဆဲဖြစ်သည်။

ဗိုင်းရပ်ရောဂါကူးစက်မှုကြောင့်ထက် ပဋိက္ခများကြောင့် မြို့နယ်များအတွင်း အသွာအလာပိုမိုခက်ခဲလာသည်။

“ပြီးခဲ့တဲ့ရက်အနည်းငယ်က (စစ်တွေကနေ) ကျောက်တော်ကိုသွားပြီး နေရပ်စွန့်ခွာစခန်းတွေမှာ ဗိုင်းရပ်စ် ပြန့်ပွားမှုအကြောင်း အသိပေးရအောင်သွားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အေအေနဲ့ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စစ်တပ်နဲ့ အာဏာပိုင်တွေက မြို့နယ်ထဲကိုဝင်ခွင့်မပေးခဲ့ပါဘူး” ဟု သူက ဧပြီ ၃၀ တွင် ပြောသည်။

“ကျွန်တော့အမြင်အရ ရခိုင်ပြည်နယ်အစိုးရမှာ လိုအပ်တဲ့အစီအမံတွေကို အကောင်အထည်ဖော်ဖို့ အစွမ်းအစ မရှိပါဘူး။ ပြည်ထောင်စုအဆင့်ရဲ့ အသေးစိတ်ညွှန်ကြားချက်တွေရဖို့ စောင့်ရတဲ့အချိန်က တော်တော် ကြာလွန်းပါတယ်”

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာစခန်းများတွင် ရိုဟင်ဂျာ ၁၂၀,၀၀၀ ခန့်ရှိသော်လည်း ကိုဗစ် ၁၉ ကာကွယ်ရေး အစီအမံများကို အစိုးရက အကောင်အထည်ဖော်ထားသည်မှာ “ဘာမှမရှိသလောက်” ဖြစ်ကြောင်း ရိုဟင်ဂျာ အသိုက်အဝန်းကို ကိုယ်စားပြုသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းကပြောသည်။

မိသားစုဝင်အများကြီးနေရသော နေရပ်စွန့်ခွာသူများ၏တဲငယ်လေးများတွင် တစ်ဦးနှင့်တစ်ဦး ခွဲနေရန်မှာ မဖြစ်နိုင်ကြောင်း သူကပြောသည်။

“ဒါက သူတို့အတွက် တော်တော်အန္တရာယ်များပါတယ်။ ပြီးတော့ သူတို့အားထားနေရတာကတော့ အလ္လာပါပဲ၊ အလ္လာကသလျှင် သူတို့ကိုကယ်တင်နိုင်မှာပါ” ဟု သူကပြောသည်။

ရခိုင်ရှိအုပ်စုများအနက် နေရပ်စွန့်ခွာသူများကို ကူညီနိုင်သူများမှာ ရခိုင်လူမျိုးစုကွန်ဂရက် Rakhine Ethnics Congress ဖြစ်သည်။ ကွန်ဂရက်၏ခန့်မှန်းချက်အရ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသူအရေအတွက်မှာ ၁၆၄,၂၁၁ ဦးရှိသည်။

ဤကိန်းဂဏန်းမှာ အသိအမှတ်ပြုနေရပ်စွန့်ခွာစခန်းများကို အခြေခံတွက်ချက်သော ပြည်နယ်အစိုးရ၏ ကိန်းဂဏန်းများထက် ၁၀၀,၀၀၀ ကျော်ပိုသည်။ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးအိမ်များ၊ သို့မဟုတ် အသိအမှတ်မပြုသောစခန်းများတွင် နေထိုင်သူများကို တရားဝင်ရေတွက်ထားသည့်စာရင်းများတွင် ထည့်သွင်းမထားကြောင်း ရခိုင်လူမျိုးစုကွန်ဂရက်ကပြောသည်။ ၂၀၁၉ ဇန်နဝါရီလနောက်ပိုင်း ရခိုင်ပြည်နယ်နှင့် အိမ်နီးချင်း ချင်းပြည်နယ်တို့မှ နေရပ်စွန့်ခွာသူဦးရေမှာ ၇၈,၀၀၀ ရှိကြောင်း ပြည်နယ်အစိုးရကိန်းဂဏန်းများကို အသုံးပြု၍ ကုလသမဂ္ဂကပြောသည်။

“အစိုးရတာဝန်ရှိသူတွေက မြို့တွေကစခန်းတွေကိုသာ သွားရောက်ကြပေမဲ့ မြို့တွေနဲ့ဝေးတဲ့၊ ဒါမှမဟုတ် ဝေးလံခေါင်းပါးတဲ့ ဒေသတွေကိုမရောက်ကြပါဘူး။ ပဋိပက္ခဖြစ်တဲ့ နေရာတွေကိုဘယ်တော့မသွားပါဘူး” ဟု ရခိုင်လူမျိုးစုကွန်ဂရက်၏အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြောသည်။

“IDP တွေနဲ့ပတ်သက်တဲ့ အသုံးစရိတ်ဘတ်ဂျက်အရွယ်အစား၊ ဘယ်ကိစ္စတွေဆောင်ရွက်နေတယ်၊ ဘယ်ကိစ္စတွေကတော့ ဆောင်ရွက်ပေးနိုင်တဲ့စွမ်းအားထက် ကျော်လွန်နေတယ် စတဲ့အချက်တွေအပါအဝင် အစိုးရရဲ့စွမ်းအားအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး ရိုးရိုးသားသားနဲ့ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ ပြီးတော့ သူတို့က ကျွန်တော်တို့ CSO ၊ NGO တွေနဲ့ပူးပေါင်းဆောင်ရွက်မှုရှိရပါမယ်။ ဒါပေမဲ့ အစိုးရဝန်ထမ်းတွေကို ညွှန်ကြားချက်တွေ ထုတ်သလို အမိန့်တွေပေးနေလို့တော့မရပါဘူး” ဟု သူကပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ကချင်ပြည်နယ်တွင်ရှိစခန်းများ၌ ကိုဗစ် ၁၉ အတွက် ပြင်ဆင်မှုအစီအမံများဆောင်ရွက်ရန် ပျက်ကွက်ကြောင်း အစိုးရကိုစွပ်စွဲပြောကြားခဲ့သည်။

ယခင်နှစ် စက်တင်ဘာ ၃၀ ရက်စာရင်းများအရ ကချင်ပြည်နယ်တစ်ခုလုံးရှိ စခန်း ၁၇၁ ခုတွင်နေထိုင်သူဦးရေမှာ ၁၀၀,၀၀၀ ရှိပြီး အိမ်နီးချင်းရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀,၀၀၀ ရှိကြောင်း ကုလသမဂ္ဂ၏ လူသားချင်း စာနာမှုရေးရာ ပေါင်းစပ်ညှိနှိုင်းမှုရုံးမှစာရင်းများအရသိရသည်။

“အစိုးရက စခန်းတွေကို ကန့်သတ်ပိတ်ဆို့ရန်သာ ညွှန်ကြားချက်များပေးပို့ပြီး အစားအစာ၊ နှာခေါင်းစည်းနဲ့ လက်သန့်ဆေးလိုပစ္စည်းတွေကို မပေးပါဘူး” ဟု ဒေါ်ခွန်ဂျာကပြောသည်။

ကချင်ပြည်နယ်နှင့် နိုင်ငံအတွင်းရှိ အခြားဒေသများမှစခန်းများသို့ ဝန်ကြီးဌာနကပေးပို့ခဲ့သော်လည်း လက်ရှိ အခြေအနေအရ ပမာဏမှာ အကန့်အသတ်ရှိနေကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများပြသလျက်ရှိသည်။ ဧပြီ ၁၉ ရက်မှ ၂၈ ရက်အတွင်းနှာခေါင်းစည်း ၃,၅၀၀၊ ဆပ်ပြာတောင့် ၃,၅၀၀တို့ကိုပေးပို့ခဲ့သလို လက်ဆေးကန်နှင့် သာမိုမီတာ ခုနစ်ခုကိုပေးပို့ခဲ့ကြောင်း မေ ၄ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂ၏အခြေအနေပြ အစီရင်ခံစာတွင်ဖော်ပြသည်။

ကချင်ပြည်နယ်မှာ ရရှိတဲ့အလှူငွေကို ပြည်ထောင်စုအစိုးရထံပေးပို့ပြီး သူ့အပြောအရ မဖြစ်စလောက်သာ ပြန်ရသည်ဟု ခွန်ဂျာကပြောသည်။ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း( အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗန်းမော်မဲဆန္ဒနယ်-၁)နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းအလားတူ စွပ်စွဲမှုမျိုးကို Frontier ကိုပြောသည်။

“ကိုဗစ် ၁၉ ကိုတိုက်ဖျက်ဖို့ ကရင်ပြည်နယ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေဆီက အလှူခံစုစည်းပါတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရက ကောက်ခံရရှိတဲ့ရန်ပုံငွေတွေကို ဗဟိုအစိုးရနဲ့ ပြည်ထောင်စု ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကို တိုက်ရိုက်ပေးရပါတယ်” ဟု ဒေါ်ခွန်ဂျာကပြောသည်။

“ဒါပေမဲ့ ရောဂါဒဏ်အများဆုံးခံရတဲ့ ကချင်လူထုဆီကိုတော့ ဆန်တစ်ထုပ်၊ နှာခေါင်းစည်းတစ်ခုတောင်မှ ပြန်မလာပါဘူး”

ro_2.jpg

 title=

title=

‘ကျွန်တော်တို့ အလုံအလောက်ဖြည့်ဆည်းပေးနေပါတယ်’

နေရပ်စွန့်ခွာစခန်းများတွင် ကိုဗစ် ၁၉ ပညာပေးရေးနှင့် ကာကွယ်ရေးအစီအမံများအတွက် ထောက်ပံ့ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အစိုးရဘက်မှပြောကြားချက်မှာ အရပ်ဘက်အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူများနှင့် အင်န်ဂျီအိုများ၏ ပြောကြားချက်နှင့် သိသိသာသာကွဲပြားနေသည်။

“ကျွန်တော်တို့က IDP စခန်းတွေမှာ အသိပညာကိုမြှင့်တင်ပေးပြီး လက်ဆေးဖို့နဲ့ တခြားတစ်ဦးချင်း ကာကွယ် ရေးပစ္စည်းနဲ့ အထောက်အပံ့တွေကိုဖြည့်ဆည်းပေးနေပါတယ်” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ကပြောသည်။ အမျိုးသား နေရပ်စွန့်ခွာစခန်းများတွင်ရှိသော လူဦးရေ ၂၅၀,၀၀၀အတွက် ဝန်ကြီးဌာနခွဲတမ်းမှ ကျပ် ၂ ဒသမ ၄ ဘီလျံဖိုးထောက်ပံ့ခဲ့ကြောင်း သူကပြောသည်။

နေရပ်စွန့်ခွာသူတွေအတွက် အစားအစာနှင့် အခြားလိုအပ်ချက်များကိုအစိုးရက ဖြည့်ဆည်းမပေးဘူးဟူသော စွပ်စွဲချက်ကို သူကငြင်းဆိုသည်။ “ကျွန်တော်တို့ အလုံအလောက်ဖြည့်ဆည်းပေးနေပါတယ်” ဟုသူကပြောသည်။

စခန်းများကို NGOများနှင့် အရပ်ဘက်အဖွဲ့အစည်းများ အသွားအလာကန့်သတ်ခြင်းမှာ နေရပ်စွန့်ခွာသူများ၏ အကျိုးအတွက်ဖြစ်ကြောင်း ဒေါက်တာကိုကိုနိုင်ကပြောသည်။

“IDP တွေက ခုခံနိုင်စွမ်းအားတော်တော်နည်းတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ သူတို့ကပြင်ပက လူတွေ၊ အထူးသဖြင့် NGO နဲ့ CSO အဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုမရှိဘဲ စခန်းထဲမှာသူတို့နေမယ်ဆိုရင် သူတို့ကို ဘယ်လိုလုပ် ရောဂါပိုးကူးနိုင်မှာလဲ”

“သူတို့သဘောရှိသလောက် ဆက်သွယ်မှုလုပ်ဖို့ ကျွန်တော်တို့ဘာကြောင့်ခွင့်မပြုနိုင်ရတဲ့အကြောင်းကို နား လည်ပေးဖို့ ကုလသမဂ္ဂနဲ့ NGOတွေကို ကျွန်တော်တို့စာပို့ထားပါတယ်”

သူတို့က အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနလက်အောက်ရှိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာနနှစ်ခုစလုံးကပြောသည်။

နေရ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.