ကလေးငယ်များကို အကာအကွယ် ပေးခြင်း

ကန်ရေပြင်နိမ့်ကျလာပြီး ရေတွေနောက်ကျိလာချိန်မှာ ကလေးတွေအပေါ် ကျရောက်တတ်တဲ့ ကြောက်မက်ဖွယ် ဝမ်းလျှောဝမ်းပျက်ရောဂါကနေ ကာကွယ်ဖို့အတွက် အဖြေတစ်ခုအနေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ ရေစစ်နည်းပညာတွေကို ရခိုင်ပြည်နယ်မှာ စတင်အသုံးပြုနေပြီဖြစ်ပါတယ်။

JENNIFER MACINTYRE / တက်လမ်း ရေးသားသည်။

ဒေါ်မစိုးနဲ့ သူမရဲ့သား အသက်သုံးနှစ်အရွယ် အောင်ဟိန်းဖြိုးတို့ဟာ ကျောင်ဖြူမြို့နယ် ဆင်ဘုတ်ကျေးရွာက သူတို့ရဲ့ ရေစစ်ကန်အသစ်ကနေ သန့်စင်ထားတဲ့ရေကို ခပ်ယူနေကြပါတယ်။ ဒီကန်ကနေ သန့်ရှင်းတဲ့ရေကို ခပ်ယူရလို့ “ကျွန်မသိပ်ကို ပျော်ပါတယ်” လို့ သူမက ဆိုပါတယ်။ ပြီးခဲ့သည့်နှစ်ကမူ အောင်ဟိန်းဖြိုးတစ်ယောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့အတွက် အသက်ဆုံးရှုံးရတော့မှာကို စိုးရိမ်ခဲ့ရတဲ့အဖြစ်ကို သူမ သတိရနေခဲ့ပါတယ်။ အနီးနားမှာရှိတဲ့ ကျောက်ဖြူက ဆေးခန်းတစ်ခုမှာ သူနာပြုဆရာမလေးတစ်ဦးက ပဋိဇီဝထိုးဆေးတွေနဲ့ အောင်မြင်စွာ ကုသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မစိုးနဲ့ သူမတို့ ရွာသူရွာသားတွေကတော့ သူတို့ကလေးတွေ ဝမ်းပျက်ဝမ်းလျှောရောဂါ ခြိမ်းခြောက်ခံနေရတာကို မလိုလားကြပါဘူး။

လွန်ခဲ့တဲ့နှစ်ကတော့ ပြည်တွင်းက အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်တဲ့ Better Life Organization က ရေကန်ကနေ သန့်စင်တဲ့ရေရရှိဖို့ နေရောင်ခြည်စွမ်းအင်နဲ့ လုပ်ဆောင်တဲ့ ရေစစ်စနစ်ကို စမ်းသပ်အသုံးပြုဖို့ ကျောက်ဖြုမြို့နယ်က ကျေးရွာ ၁၅ ရွာကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအတွက် ဆင်ဘုတ်က အားတက်သရော ပါဝင်ခဲ့ပါတယ်။ ရေကန်ကို နောက်ထပ် နှစ်မီတာအနက်ထိ တူးဖော်ဖို့အတွက် ရွာထဲက မိသားစုဝင်တိုင်းဟာ သူတို့ရဲ့ လက်နက်ကိရိယာတွေ၊ အချိန်တွေနဲ့ လုပ်အားတွေကို လိုလိုချင်ချင်နဲ့ ပေးအပ်ပါဝင်ခဲ့ပါတယ်။ ဒါမှသာ ကန်ထဲကရေကို ပိုက်ကနေတစ်ဆင့် သဲတွေ၊ အနယ်တွေနဲ့ ကာဘွန်တွေမပါအောင် ရေစစ်စနစ်ကိုဖြတ်သန်းစေပြီး သိုလှောင်ကန်ထဲကို ထည့်နိုင်မှာဖြစ်ပါတယ်။ Better Life Organization နဲ့ တက်လမ်းရဲ့ အခြားပါတနာနှစ်ဖွဲ့ဖြစ်တဲ့ International Rescue Committee နဲ့ Save the Children တို့ကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ တက်လမ်း လူမှုအသိုင်းအဝိုင်းတွေအတွက် သန့်ရှင်းလတ်ဆတ်တဲ့ရေကို ရေရှည်ပေးနိုင်ဖို့ နည်းလမ်းတွေကို စမ်းသပ်နေပါတယ်။

ရပ်ရွာအသိုင်းအဝိုင်းရဲ့ သန့်ရှင်းမှုကို မြင့်တင်ခြင်း

မြေပုံမြို့နယ်ထဲက ကျွန်းတစ်ခုဖြစ်တဲ့ ကျီးခေါင်းတောင်က မိဘတွေဟာ သူတို့ရဲ့ bio-sand ရေစစ်အသစ်ကို အလွန် စိတ်ဝင်စားနေကြပါတယ်။ မိခင်ဖြစ်သူတွေကတော့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်မှာ ကြောက်နေတုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ငယ်ငယ်တုံးက အိမ်ခြေ ၂၄၀ ရှိတဲ့ သူတို့ရွာမှာ နွေရာသီရောက်ပြီဆိုတာနဲ့ ကလေးငါးဦးမှာ ပျမ်းမျှတစ်ဦးနှုန်းက ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ သေဆုံးခဲ့လို့ပါ။ ဒါပေမဲ့ နှစ်တိုင်း ကလေးအချို့ရောဂါဖြစ်ပေမယ့် ကန်ရေပြင်နိမ့်သွားချိန်မှာတောင် သေဆုံးမှုတော့ မရှိတော့ပါဘူး။ မိခင်တွေကတော့ အန္တရာယ်ကင်းစေတဲ့ ဒီပြောင်းလဲမှုဟာ သူတို့ရဲ့ သန့်ရှင်းရေး ဗဟုသုတကြောင့်လို့ မှတ်ယူထားကြပါတယ်။ အခုဆိုရင် သူတို့ဟာ ရေကို ကျိုချက်သုံးတယ်။ ရေလောင်းအိမ်သာ သုံးတယ်။ နောက် သူတို့ရဲ့လက်တွေကိုလည်း ပုံမှန်ဆေးကြပါတယ်။ ဒီဟာက ရိုးရှင်းပါတယ်။ ဒါပေမဲ့ အသက်ကယ်တဲ့ အပြုအမူပါ။ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုရဲ့ ၈၈ ရာခိုင်နှုန်းဟာ အန္တရာယ်ရှိတဲ့ရေကို သောက်သုံးခြင်း၊ ရေဆိုးသန့်စင်မှုစနစ် အားနည်းခြင်းနဲ့ လုံလောက်မှုမရှိတဲ့ သန့်ရှင်းရေး အလေ့အထကြောင့်ဖြစ်တာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားပါတယ်။

လူကြီးမိဘတွေက bio-sand ရေစစ်ကို အသုံးပြုပုံနဲ့ ထိန်းသိမ်းပုံ ညွှန်ကြားချက်တွေကို လိုက်နာကြရပါတယ်။ ဒီရေစစ်ကို IRC ရဲ့ ရေကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာလှက ဒီဇိုင်းထုတ်ခဲ့တာပါ။ ဒီဒေါ်လာ ၅၀ တန် အိမ်မှာ တပ်ဆင်နိုင်တဲ့ ရေစစ်စနစ်ဟာ အိမ်နဲ့ ကျောင်းတွေအတွက် ရေသန့်ပေးဖို့ ရခိုင်ပြည်နယ်က ရွာတွေမှာ တပ်ဆင်ထားတဲ့ ရေသန့်စနစ် ၂၃၀ ထဲက တစ်ခုဖြစ်ပါတယ်။

_kh70534.jpg

 title=

title=

မိခင်ဖြစ်သူတွေက ရေကို အပေါ်ကပုံးထဲ စစ်ထည့်တဲ့အခါ သူတို့ဟာ ပိုက်ခေါင်းကနေ ရေစီးတဲ့အရှိန်ကို တိုင်းတာပါတယ်။ ရေအရှိန်နှေးလာရင်တော့ သဲရဲ့အပေါ်လွှာကို သန့်စင်ပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါက စုပုံလာတဲ့ ရွှံနဲ့ ရွှံစေးတွေကို ဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ ပုံမှန်သန့်ရှင်းရေး လုပ်ဆောင်မှုကိုတော့ ဒေသခံတွေနဲ့ ရပ်ရွာ ရေ၊ ရေဆိုးသန့်စင်ရေးနဲ့ သန့်ရှင်းရေး ကော်မတီ (WASH) က တာဝန်ယူပါလိမ့်မယ်။ ရပ်ရွာသန့်ရှင်းရေး အဆင့်မြှင့်တင်သူများနဲ့ WASH ကော်မတီဝင်များဟာ ရေထဲမှာ ရောဂါဖြစ်စေတဲ့ ပိုးမွှားပါမပါကို ပုံမှန်စစ်ဆေးလျက်ရှိပြီး အချက်အလက်တွေကို IRC ရဲ့ အကြီးတန်း WASH မန်နေဂျာဆီကို ပို့ပေးပါတယ်။ သူတို့ရဲ့ ရပ်ရွာကျန်းမာရေးအတွက် သေချာအောင် ဆောင်ရွက်ဖို့ အသက်ငါးနှစ်အောက် ကလေးတွေရော၊ လူကြီးတွေအတွက်ပါ ဝမ်းပျက်ဝမ်းလျှော ဖြစ်ရပ်တိုင်းအတွက် မှတ်တမ်းတစ်ခုစီ ထားရှိပါတယ်။

ဘဝက ပိုပြီး အဆင်ပြေလာတယ်

ပေါက်တောမြို့နယ်မှာတော့ Save the Children က ဝန်ထမ်းတွေဟာ ကျေးရွာရေကန်ကရေကို ရေစစ်ရေတွင်းတစ်ခုဆီကို ပို့ပေးဖို့ မြေဆွဲငင်အားသုံး စီးဆင်းမှုစနစ်တစ်ခုကို ဒီဇိုင်းဆင်ခဲ့ပြီး ရေစစ်တွင်းမှာ ကျောက်စရစ်၊ မီးသွေးနဲ့ သဲတွေကို ဖြတ်သန်းရပြီးနောက် ထွက်ရှိလာတဲ့ သန့်စင်ပြီးသားရေကို ရေသန့်ကန်ကို ပေးပို့ပါတယ်။ အဲဒီကမှ သန့်ရှင်းလတ်ဆတ်တဲ့ရေကို ရွာသားတွေက ယူငင်သုံးဆွဲပါတယ်။

ဇီးချိုမော်ဟာ ရေတွင်းတွေကနေတဆင့် ကန်ရေကို စစ်တဲ့ စီမံကိန်းတစ်ခုမှာ ပါဝင်ဖို့ ဖိတ်ကြားခံရတဲ့ ကျေးရွာ ၂၃ ရွာထဲက တစ်ရွာဖြစ်ပါတယ်။ ဇီးချိုမော်က လူတိုင်းနီးပါးဟာ ရေကန်ကို ကာရံဖို့၊ ဒါမှမဟုတ် ရေကို စစ်တဲ့ ရေတွင်းတွေတူးရာမှာ ပါဝင်ကြတယ်လို့ ကျေးရွာဥက္ကဋ္ဌ ဦးအောင်ကျော်သိန်းက ပြောပါတယ်။ စုပေါင်းဆောင်ရွက်ရေးအတွက် သူ့ရဲ့ အားပေးတိုက်တွန်းမှုကို ရပ်ရွာက တုံ့ပြန်မှုအပေါ် သူက ဂုဏ်ယူလျက်ရှိပါတယ်။

“သန့်ရှင်းတဲ့ရေရဖို့ လူတိုင်းက မျှော်လင့်ခဲ့ကြပါတယ်။ အရင်က တိရိစ္ဆာန်တွေ ရေသောက်ဖို့ ဒီကန်ထဲ ဆင်းခဲ့ကြတယ်။ အခုတော့ ခြံစည်းရိုးကာပြီး ကာကွယ်ပေးထားပြီးပါပြီ။ ရေစစ်က ဘယ်လောက်အလုပ်ဖြစ်ပြီး ဘယ်လို ထိန်းသိမ်းနိုင်တယ်ဆိုတာ ပြုပြင်ထိန်းသိမ်းရေးကော်မတီကလည်း သိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကို ကျွန်တော်တို့ အတူ တည်ဆောက်ခဲ့ကြတာကိုး။ ကျွန်တော်တို့ဘဝက ပိုပြီးအဆင်ပြေလာပါပြီ” လို့ သူကပြောပါတယ်။ ပြီးတော့ ရေအိမ်ကို ဘယ်လိုသုံးပြီး လက်ကို ဘယ်လိုဆေးရတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်လို့ သူက ဆက်ပြောပါတယ်။

တချိန်တည်းမှာပဲ ကျောက်ဖြူက ဆင်ဘုတ် နေစွမ်းအင်သုံးရေစစ်စနစ်ဟာ ရပ်ရွာအသိုင်းအဝိုင်းရဲ့ ဘဝအရည်အသွေးကို ပြောင်းလဲစေခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၅၄ နှစ်အရွယ်ရှိ ရေကန်ထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇံအောင်ဟာ ရေကို သန့်ရှင်းအောင် သေချာပြုလုပ်ပြီး စစ်ဆေးစမ်းသပ်ဖို့ ရေနမူနာကို ရန်ကုန်ကို ၁၄ ရက်တစ်ကြိမ် ပို့ပေးပါတယ်။

“ဒီသန့်စင်တဲ့ရေက ကျွန်တော်တို့ရွာအတွက် အလွန်အရေးကြီးပါတယ်။ ဒီစစ်ထားတဲ့ရေကြောင့် ကျန်းမာတဲ့ဘဝကို ကျွန်တော်တို့ ပိုင်ဆိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဂရုတစိုက်အသုံးပြုဖို့ ရွာသားတွေကို ကျွန်တော် သင်ကြားထားပါတယ်။ ဒါမှသာ ရေရှည်အတွက် ဒီစနစ်ကို ကျွန်တော်တို့ သုံးလို့ရမှာပါ” လို့ ဦးကျော်ဇံအောင်က ပြောပါတယ်။ သူဟာ မူလကန်ကို ပိုပြီးနက်နက်တူးဖို့ ရပ်ရွာလူထုကို စည်းရုံးဆော်သြခဲ့သူ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ရပ်ရွာအဖွဲ့အစည်းသက်တမ်းက နှစ်ပေါင်း ၃၀၀ လောက်ရှိပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး အလွန်ပဲ နီးနီးကပ်ကပ်ရှိနေကြတာဖြစ်ပြီး ကျွန်တော်တို့ကလေးတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ လူတိုင်းဟာ ရပ်ရေးရွာရေး လှုပ်ရှားမှုမှာ ပါဝင်ရတာ ပျော်ရွှင်ကြပါတယ်” လို့သူက ပြောပါတယ်။

တက်လမ်းစီမံကိန်းသည် ရေမြေအနေအထားအရ ဆိုင်ကလုန်းမုန်တိုင်းဒဏ်၊ ကြီးမားတဲ့ရေလှိုင်းဒဏ်နှင့် မုတ်သုံရာသီရေလွှမ်းမိုးမှုဒဏ်စသည့် သဘာဝဘေးအန္တရာယ်ကျရောက်ထိခိုက်လွယ်သည့် ရခိုင်ပြည်နယ်ရှိ ကျေးရွာ (၂၅၃) ရွာတွင် ရေရှည်စားနပ်ရိက္ခာဖူလုံရေး၊ အစာအာဟာရပြည့်ဝရေး၊ အသက်မွေးဝမ်းကျောင်းမှုတိုးတက်ရေး၊ ငွေကြေးဝန်ဆောင်မှုများရရှိရေး၊ စိုက်ပျိုးရေး၊ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် ဒေသခံတို့၏ ရှင်သန်ရပ်တည်နိုင်စွမ်းမြင့်မားအောင် လုပ်ဆောင်လျက်ရှိသည်။ စီမံကိန်းအတွက် အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) မှငွေကြေးထောက်ပံ့ထားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.