Pernod Ricard က မြန်မာနိုင်ငံ၌ ဝီစကီများ ထုတ်လုပ်ဖြန့်ဖြူးမည်

ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး ဝိုင်နှင့် ယမကာကုမ္ပဏီဖြစ်သည့် Pernod Ricard က ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံ၌ ဝီစကီများ ထုတ်လုပ် ဖြန့်ချိသွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။

နာမည်ကြီးသည့် Chivas၊ Ballantine’s နှင့် Seagram’s ဝီစကီတံဆိပ်များ ထုတ်လုပ်နေသည့် Pernod Ricard နှင့် Yoma Strategic Holdings Ltd တို့သည် မြန်မာနိုင်ငံတွင် ဝီစကီထုတ်လုပ်ရေးနှင့် ဖြန့်ချိရေးကို အဓိကထား လုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုကို အကျိုးတူ ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Pernod Ricard က နိုင်ငံတကာအတွေ့အကြုံရှိ စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီ  ကုမ္ပဏီအသစ်၏ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာမည်ဖြစ်ကာ ကျန်ရှယ်ယာများကို  Yoma Strategic၊ ပုဂ္ဂလိကရှယ်ယာ ကုမ္ပဏီတစ်ခုဖြစ်သည့် Delta Capital Myanmar နှင့် မြန်မာနိုင်ငံ၏ အရက်ယမကာလုပ်ငန်းတွင် ဝါရင့် အတွေ့အကြုံရှိသူ ဦးထွန်းဝင်းနှင့် ဦးဇော်ဝင်းတို့၏ Win Brothers က ပိုင်ဆိုင်ကြမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သဘောတူညီချက်အရ လက်ရှိတွင် Yoma Strategic ၊ Win Brothers နှင့် Delta Capital Myanmar တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်လျက်ရှိသည့် Access Myanmar Distribution Company Ltd. (AMDC) ၏ ထုတ်လုပ်မှုစက်ရုံများ၊ ဖြန့်ချိရေးကွန်ယက်နှင့် အမှတ်တံဆိပ်အစုစုတို့၏ စီမံခန့်ခွဲမှုတို့အား Pernod Ricard က ဦးဆောင်သွားမည်ဖြစ်သည်။ အဆိုပါ ဦးဆောင်မှုတွင် လက်လီရောင်းချရာနေရာ ၄,ဝဝဝ၊ လက်ကားရောင်းချရာ နေရာ ၄၃ ခု၊ ကုန်ပို့ယာဉ် အစီး ၂၃ဝ အပြင် အရောင်းနှင့် ဈေးကွက်ရှာဖွေရေး ဝန်ထမ်း ၂၅ဝ နှင့် High Class ဝီစကီတံဆိပ်တို့လည်း ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကမ္ဘာ့အကြီးဆုံး ဝိုင်နှင့် ယမကာတံဆိပ်များထဲက တစ်ခုဖြစ်တဲ့ Pernod Ricard နဲ့ ပူးတွဲလုပ်ကိုင်ရတာ  အခွင့်ထူးပဲ ဖြစ်ပါတယ်။ High Class ဝီစကီကို မကြာမီမှာ မြန်မာနိုင်ငံမှာ မိတ်ဆက်မယ့် အခြား ထိပ်တန်းတံဆိပ်များနဲ့အတူ မြင်တွေ့ရတော့မှာဖြစ်လို့ အထူးဝမ်းမြောက်မိပါတယ်” ဟု Yoma Strategic ၏ အမှုဆောင် အရာရှိချုပ် Mr. Melvyn Pun က ပြောကြားသည်။

မြန်မာနိုင်ငံသည် Pernod Ricard က လာရောက်လုပ်ငန်း ထူထောင်မှုသည့် ၈၆ ခုမြောက် နိုင်ငံလည်း ဖြစ်သည်။

“ပြီးခဲ့တဲ့နှစ်တွေအတွင် စီးပွားရေး တရှိန်ထိုးတိုးတက်လာပြီး ပြောင်းလဲမှုများနဲ့ အလားအလာကောင်းတဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ စတင်ရတော့မည့်အတွက် အလွန် ဝမ်းမြောက်မိပါတယ်။ High Class ဝီစကီဟာ ဈေးကွက်မှာ အခိုင်အမာ နေရာရရှိပြီးဖြစ်သော်လည်း ကျွန်တော်တို့ရဲ့ အတွေ့အကြုံနဲ့ စွမ်းရည်များဖြင့် ထပ်မံတိုးချဲ့ လုပ်ဆောင်သွားပါမယ်” ဟု Pernod Ricard Asia ၏ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Mr. Philippe Guettat က ပြောကြားသည်။

ယခုလက်လွှဲပြောင်းလဲမှုများကို High Class စီးပွားရေးအား ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် အခြား အခြေအနေများအပေါ် မူတည်၍ လုပ်ဆောင်သွားမည်ဖြစ်ကာ လာမည့်နှစ်တွင် အကောင်အထည်ဖော်ရန် မျှော်မှန်းထားသည်ဟု ဆိုသည်။

“ကျွန်တော်တို့အနေဖြင့် ယခုပူးပေါင်းလုပ်ဆောင်မှုတွင် Pernod Ricard ကို ကြိုဆိုပြီး ၎င်းတို့နှင့်အတူ လုပ်ငန်းများ လုပ်ကိုင်၍ ကမ္ဘာအနှံ့တွင် အသုံးပြုနေသည့် အလေ့အကျင့်ကောင်းများနှင့် ပြီးပြည့်စုံသည့် လုပ်ငန်းလုပ်ဆောင်ချက်များကို မြန်မာနိုင်ငံ၏ အရက်ယမကာကဏ္ဍတွင် အသုံးချနိုင်ရန် လုပ်ဆောင်သွားရမည့်အတွက် အထူးဝမ်းမြောက်မိပါတယ်” ဟု Win Brothers လုပ်ငန်းစု၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းဝင်းက ပြောသည်။

Pernod Ricard တွင် နာမည်ကြီးထိပ်တန်း ဝိုင်နှင့် အရက်ယမကာ တံဆိပ်များစွာ ပိုင်ဆိုင်ထားသည်။ ၎င်းတို့ထဲတွင် Absolut Vodka၊ Ricard pastis၊ Ballantine’s၊ Chivas Regal၊ Royal Salute နှင့် The Glenlivet Scotch ဝီစကီ၊ Jameson Irish ဝီစကီ၊ Martell ကော့ညက်၊ Havana Club ရမ်၊ Beefeater ဂျင်၊ Malibu အရက်၊ Mumm and Perrier-Jouët ရှန်ပိန်တို့အပြင် Jacob’s Creek၊ Brancott Estate၊ Campo Viejo နှင့် Kenwood ဝိုင် တို့ပါဝင်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.