ကိုဗစ်-၁၉ ကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဒေါ်လာဘီလီယံချီ ထိခိုက်

ကိုဗစ်-၁၉ ကူးစက်မှု တားဆီးရေးအတွက် ထိုင်းနယ်စပ်တစ်လျှောက်ရှိ တရားမဝင်ကုန်သွယ်ရေးဂိတ် ဒါဇင်ပေါင်းများစွာကိုပိတ်သိမ်းလိုက်မှုကြောင့် ဘီယာမှစ၍ အားဖြည့်အချိုရည်၊ ဆပ်ပြာမှုန့်နှင့် အလှကုန်ပစ္စည်းများအထိ ပစ္စည်းမျိုးစုံ ပြတ်လပ်မှုရှိခဲ့ရာ ယင်းသည် ထိုင်းနိုင်ငံနှင့် အလွတ်သဘော ကုန်သွယ်မှုပမာဏ မည်မျှကြီးမားသည်ကို ပြသနေသည်။

နော်ဘတ်တီဟန် နှင့် သောမတ်စ် ကင်း(န်)

ကရင်ပြည်နယ်၊ မြဝတီရှိ လက်နက်ကိုင်တပ်ဖွဲ့များ ကြီးကြပ်သောတရားမဝင်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်ကိုဖြတ်ပြီး ဒေါ်လာဘီလီယံချီတန်ဖိုးရှိသော ကုန်ပစ္စည်းများ ဝင်ရောက်နေသည်မှာ ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

နေ့စဉ်နေတိုင်းပင် ကုန်တင်ကားရာပေါင်းများစွာသည် ထိုင်းနိုင်ငံနယ်စပ်ရှိ မဲဆောက်မြို့ထဲသို့ မောင်းဝင်လာပြီး ကုန်ပစ္စည်းများကို ထိုင်းအကောက်ခွန်ဌာနကစစ်ဆေးပြီးနောက် စက်လှေငယ်များပေါ်သို့ လက်များဖြင့် သယ်ချကာ ရေပြင်ခပ်ကျဉ်းကျဉ်းကိုဖြတ်၍ မြဝတီဘက်သို့ ပို့ဆောင်လေ့ရှိသည်။ မြဝတီရှိကုန်လှောင်ရုံများတွင် သိုလှောင်ပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းသို့ ဆက်လက်ပို့ဆောင်သည်။ နေ့ခင်းကြောင်တောင်ကြီးတွင် လုပ်ဆောင်နေကြခြင်းဖြစ်ပြီးထိုင်းဘက်ခြမ်းတွင် တရားဝင်ကာ မြန်မာဘက်ကလည်းမသိလိုက်မသိဖာသာဖြင့် လက်ခံပေးထားသည်။

ပဋိပက္ခပဲဖြစ်ဖြစ်၊ သဘာဝဘေးပဲကြုံကြုံ၊ နိုင်ငံရေးမတည်ငြိမ်မှုပဲရှိရှိအဆိုပါ စက်လှေဂိတ်များကိုအမြဲတမ်းနီးပါးဖွင့်ထားမြဲဖြစ်ကာ သွင်းကုန်များကို မြန်မာနိုင်ငံတစ်ဝန်းရှိဈေးများသို့ ပုံမှန်ပို့ဆောင်ပေးနေဆဲဖြစ်သည်။

အဆိုပါ ဂိတ်များသည် ၎င်းတို့ကိုထိန်းချုပ်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအတွက် အသက်ဆက်ရေးဝင်ငွေကိုသာမက အဝတ်အထည်နှင့် အရက်မှ မော်တော်ကားနှင့် သုံးပြီးသားရေခဲသေတ္တာများအထိ ကုန်ပစ္စည်းများကို စီးပွားရေးလုပ်ငန်းများ တင်ပို့ရာတွင် လိုက်နာရသည့် ကုန်သွယ်ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများနှင့် အကောက်ခွန်ဆောင်ရမှုများမှ ရှောင်ရှားရာ၌ပါ ကူညီပေးခဲ့သည်။

အကျိုးဆက်မှာ မြန်မာနိုင်ငံသည် တစ်နှစ်လျှင် အခွန်မှရငွေ ဒေါ်လာသန်းရာပေါင်းများစွာကိုဆုံးရှုံးခဲ့သည်။ ဂိတ်များမှာတရားမဝင်သော်လည်း ယင်းတို့ကိုပိတ်သိမ်းရန် အခွင့်အာဏာမရှိကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။

COVID-19 ကာလဖြစ်သည့် လွန်ခဲ့သော နှစ်လအတွင်း တရားမဝင်ဂိတ်များကိုပါ ပိတ်ထားရပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမှာလည်းအမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားဆိုသည့် တရားဝင်ဝင်ပေါက်တစ်ခုတည်းမှသာ ဖြတ်သန်းရတော့သည်။

ကုန်သည်တချို့သည် တရားဝင်လမ်းကြောင်းကို ပြောင်းသုံးကြသော်လည်း တရားမဝင်ဂိတ်များမှဝင်ရောက်သည့် အရက်ကဲ့သို့ ကုန်ပစ္စည်းမျိုးကိုမူ တရားဝင်တင်ပို့ရန် မဖြစ်နိုင်တော့ချေ။

ကုန်သွယ်ရေးသည် ဖေဖော်ဝါရီတွင် တစ်ရက်လျှင် ဒေါ်လာ ၁၀ သန်းရှိခဲ့ရာမှ ဧပြီတွင် သုံးသန်းအထိကျဆင်းသွားခဲ့ကြောင်း မြဝတီကုန်သည်ကြီးများအသင်းက ပြောသည်။ ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုလည်း ထိခိုက်သလို သိုလှောင်ထားသည့် သွင်းကုန်များလည်း တက်တက်ပြောင်သွားပြီဖြစ်သည်။

thai_1.jpg

 title=

title=

နယ်စပ်ပိတ်သံ ပြင်းပြင်း

မတ်လအကုန်ပိုင်းလောက်တွင် နယ်စပ်ကိုစတင်ပိတ်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံများစွာသို့ ပျံ့နှံ့သွားပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါအဖြစ် သတ်မှတ်ခဲ့ချိန်ဖြစ်သည်။

ယင်းအချိန်က မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာမရှိသေးသော်လည်း ထိုင်းနိုင်ငံ၌ ကူးစက်သူဦးရေအတော်လေးကိုများပြားနေခဲ့သည်။ မတ် ၂၁ ရက်မှစ၍ မဲဆောက်နှင့် မြဝတီကြားရှိ အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကို ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) မှခွဲထွက်ထားသော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာအဖွဲ့(DKBA) သို့မဟုတ် ကရင်နယ်ခြားစောင့်တပ်ဖွဲ့သည် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ တရားမဝင်ကုန်သွယ်ရေးဂိတ် ၂၇ ကိုပိတ်သိမ်းပြီး မြစ်ကိုဖြတ်သူမည်သူကိုမဆို အရေးယူမည်ဖြစ်ကြောင်းပြောသည်။ ဒီကေဘီအေ မှ ခွဲထွက်ပြီးနယ်ခြားစောင့်တပ်အဖြစ် မပါဝင်လိုသည့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် နှင့် KNU တို့ကလည်းနောက်တစ်နေ့တွင် အလားတူလုပ်ဆောင်ပြီး ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ နယ်စပ်ဂိတ်ခုနစ်ခုကို ပိတ်သိမ်းခဲ့သည်။

မြန်မာနိုင်ငံတွင်းသို့ ဗိုင်းရပ်စ်မပျံ့စေရန်အတွက် တာဝန်ယူသည့်အနေဖြင့် နယ်စပ်ဂိတ်ကိုပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း နယ်ခြားစောင့်တပ်၏ပြောခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်ကပြောဆိုခဲ့သည်။

“စက်လှေဂိတ်ကိုပိတ်လိုက်တာကြောင့် ဝင်ငွေထိခိုက်ပေမယ့် နယ်ခြားစောင့်တပ်ရဲ့ ဂုဏ်သိက္ခာထိပါးမှာကိုတော့ အဖြစ်မခံနိုင်ပါဘူး”ဟု နိုင်မောင်ဇော်ကပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူတစ်ယောက်ယောက်က ကျွန်တော်တို့ စက်လှေဂိတ်ကနေဝင်လာမယ်ဆိုရင် ကျွန်တော်တို့တပ်ဖွဲ့ အပြစ်တင်ခံရမှာပေါ့”ဟု ၎င်းကပြောသည်။

thai_2.jpeg

 title=

title=

သို့သော် ကုန်သွယ်ရေးဂိတ်ကိုပိတ်သိမ်းရန် နယ်ခြားစောင့်တပ်ကို တပ်မတော်က မတ် ၂၈ ရက်တွင် ဖိအားပေးခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူကဂိတ်များပိတ်သိမ်းရန် ညွှန်ကြားခဲ့ကြောင်း ၎င်းကပြောသည်။

ထို့ပြင် နယ်ခြားစောင့်တပ် ကြီးကြပ်ရသည့် နယ်မြေတွင် COVID-19 အန္တရာယ်ကိုသတိထားရန်လည်း တပ်မတော်က သတိပေးခဲ့ကြောင်း နိုင်မောင်ဇော်ကပြောသည်။

နယ်ခြားစောင့်တပ်သည် တပ်မတော်၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တပ်မတော်ကဲ့သို့ပင် အစိုးရ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ကာ COVID-19 ကာကွယ်ရေးကိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ယခုကဲ့နယ်စပ်ပိတ်မှုမျိုး ကြုံခဲ့ဖူးကြောင်း မြဝတီရှိကုန်သွယ်များကပြောသည်။ ၂၀၀၂ ခုနှစ်တွင် တပ်မတော်နှင့် ထိုင်းစစ်တပ်တို့ကြားထိပ်တိုက်ဆံုံမှုကြောင့် နယ်စပ်ကို မေလ မှ အောက်တိုဘာလ အထိပိတ်ထားခဲ့ရကာ တပ်မတော်က DKBA အားနယ်ခြားစောင့်တပ်အဖြစ်ပါဝင်ရန် ဖိအားပေးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဇူလိုင်တွင်လည်းနယ်စပ်ကိုပိတ်ထားခဲ့သည်။

DKBA မှ အများစုသည် ကရင်ပြည်နယ်နယ်ခြားစောင့်တပ်အဖြစ် ပါဝင်ရန် သဘောတူညီခဲ့သော်လည်း DKBA ရှိတပ်ခွဲများမှ သူပုန်တချို့သည် အဆိုပြုချက်ကိုကန့်ကွက်ပြီး ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော်ကိုဖွဲ့စည်းခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် DKBA သစ်သည် မြဝတီမြို့ကို တိုက်ခိုက်ခဲ့သည်။ “မြို့နဲ့အတော်လေးကိုနီးတာမို့ DKBA နဲ့ တပ်မတော်ကြားတိုက်ပွဲတွေကို အခုထိအမှတ်ရနေတုန်းပဲ”ဟု မြဝတီရှိအမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ကပြောသည်။ “အိမ်ကနေဘုန်းကြီးကျောင်းတွေကိုသွားပြီး ခိုလှုံခဲ့ရတယ်၊ တိုက်ပွဲတွေကြောင့် တရားမဝင်ဂိတ်တွေကို လတော်တော်ကြာအောင် ပိတ်ထားခဲ့တယ်” ဟု ဦးစိုးညွန့်ကပြောသည်။

နယ်စပ်ကို တစ်နှစ်ကျော် တရားဝင်ပိတ်သိမ်းထားသောကြောင့် ကုန်သည်များသည် အခြားနယ်စပ်ဖြတ်ကျော်နေရာများမှ ကုန်ပစ္စည်းများကိုတင်သွင်းရန် လမ်းကြောင်းရှာခဲ့ရသည်။

ယခုအချိန်မှာတော့ မြဝတီနှင့် မဲဆောက်ကြားအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးသည် ၂၀၁၀ ပြည့်နှစ်ကထက် အဆပေါင်းများစွာပိုမိုများပြားခဲ့ပြီဖြစ်သည်။

နယ်စပ်ပိတ်သိမ်းထားမှုကြောင့် တစ်ရက်လျှင် ဒေါ်လာ ၃ ဒသမ ၂ သန်းသို့မဟုတ် တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလီယံကျော်ခန့် ထိခိုက်နစ်နာခဲ့ကြောင်းမဲဆောက်အကောက်ခွန်ဌာနက ၂၀၁၀ ပြည့်နှစ်ကခန့်မှန်းခဲ့သည်။

မြန်မာသည် လွန်ခဲ့သောဆယ်စုနှစ်ကျော်အတွင်း စီးပွားရေးတံခါးဖွင့်ခဲ့ရာ ယင်းနယ်စပ်ဖြတ်ကျော်နေရာမှ ဝင်ရောက်သည့် ကုန်သွယ်မှုပမာဏသည် များစွာတိုးပွားခဲ့ပြီးယခုအချိန်တွင် တစ်နှစ်လျှင် ဒေါ်လာ ၂ ဘီလီယံခန့်ပင်ရှိနိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်။

အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေတံတားကို ယမန်နှစ်အကုန်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီမှုသစ်များအရ ခွင့်ပြုချက်ရထားသော ကုန်တင်ယာဉ်များနယ်စပ်ကို ဖြတ်ကျော်ပြီး နှစ်နိုင်ငံရှိရည်ရွယ်သည့်နေရာသို့ တိုက်ရိုက်ပို့ဆောင်နိုင်ပြီဖြစ်သောကြောင့် လာမည့်နှစ်များတွင် ကုန်သွယ်ရေးအကြီးအကျယ်တိုးတက်ရန်သာရှိနေကြောင်းထိုင်းရှိ Kasikorn Bank ၏ ဌာနခွဲတစ်ခုဖြစ်သော KResearch က ပြောသည်။

နယ်စပ်များပိတ်ထားမှုကြောင့် ယခုနှစ်တွင် မဲဆောက်ကိုဖြတ်ပြီး ထိုင်းဘက်မှ ပို့ကုန်တန်ဖိုးသည် ဘတ် ၈၀ ဘီလီယံအထိရှိလာနိုင်ကြောင်း KResearch က ခန့်မှန်းမှုမှာ ပြည့်မီရန်မဖြစ်နိုင်သော်လည်း COVID-19 အန္တရာယ်အဆုံးသတ်သွားပါက ကုန်သွယ်ရေးသည် အချိန်တိုအတွင်း ပြန်တက်လာနိုင်သည်။

thai_3.jpg

 title=

title=

ထိုင်းပစ္စည်းတွေဈေးထိုးတက်ပြီ

မတ်အကုန်ပိုင်းတွင် တရားမဝင်ဂိတ်များပိတ်ထားလိုက်ချိန်မှစ၍ ကုန်သည် ဦးအောင်စိုး၏ သိုလှောင်ရုံထဲရှိ Shark နှင့် Red Bull ကဲ့သို့ အားဖြည့်အချိုရည်များသည် တဖြည်းဖြည်းနှင့် နည်းပါးလာပြီဖြစ်သည်။ ဦးအောင်စိုးသည် အဆိုပါ ကုန်ပစ္စည်းများကို မွန်ပြည်နယ်ရှိ မော်လမြိုင်၊ ကရင်ပြည်နယ်ရှိ ဘားအံနှင့် ကော့ကရိတ်တို့သို့ တင်ပို့ခဲ့သည်။

သုံးရက်စာကုန်များသာကျန်တော့ကြောင်းသူကမေ ၂၅ ရက်က ပြောသည်။

“COVID-19 ဖြစ်ပြီး စက်လှေဂိတ်တွေပိတ်ပြီးကတည်းက ကျွန်တော်နဲ့ အခြားကုန်သည်တွေအတွက် စီးပွားရေးဆက်လုပ်ဖို့ အတော်လေးကို ခက်ခဲခဲ့ပါတယ်” ဟုဦးအောင်စိုးကပြောသည်။

“ကုန်ပစ္စည်းတွေကို ဈေးကွက်ထဲမှာတွေ့ရဖို့ခက်လာတာမို့ ဈေးကတည်းအတော်တက်လာပါတယ်” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံ၌ ပထမဆုံး COVID-19 ကူးစက်သူများရှိလာသည့် ဇန်နဝါရီ မှစ၍ ကုန်သည်များသည် ကုန်ပစ္စည်းများကိုစုဆောင်းခဲ့ကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ကပြောသည်။

အကျိုးဆက်အဖြစ် ကုန်သွယ်ရေးကို မတ်လ အကုန်ပိုင်းတွင် ကန့်သတ်ပိတ်ဆို့လိုက်ပြီးနောက် ကုန်သည်များလက်ထဲတွင် နှစ်လစာကုန်များကျန်ရှိခဲ့သည်။ ယင်းကုန်များယခုအချိန်တွင် ကုန်သလောက်နီးပါးရှိနေပြီဖြစ်သည်။

“အခုလောလောဆယ်တော့ စက်လှေဂိတ်တွေပိတ်ထားပြီး COVID-19 ကြောင့် တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းကကုန်သွယ်ရေးလည်းကျဆင်းသွားတယ်၊ ကုန်သည်တွေ သိပ်မကြာမီကုန်တွေ မရနိုင်ဘူးဆိုရင် ပြဿနာရှိတော့မယ်၊ ကုန်တချို့ရဲ့ တန်ဖိုးမတည်မငြိမ်ဖြစ်ပြီး ရုတ်တရက်ကြီးတက်လာလိမ့်မယ်” ဟုဒေါ်သင်းသင်းမြတ်ကပြောသည်။

ပို့ကုန်အများစုကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ထိုင်းထုတ်ကုန်များလူကြိုက်များသည် တနင်္သာရီတိုင်းဒေသကြီးတို့ရှိ နယ်စပ်နေရာများတွင် ဖြန့်ချိနေသည်။

မေလ ပထမအပတ်ကတည်းက ထိုင်းမှ သွင်းကုန်များကို ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိတော့ကြောင်း မွန်ပြည်နယ်မြို့တော် မော်လမြိုင်ရှိရတနာမြိုင်ဈေး၌ ဆိုင်ဖွင့်ထားသည့် မဇင်မာသက်ကပြောသည်။

thai_4.jpg

 title=

title=

“အခုဆိုရင် အလှကုန်ပစ္စည်း၊ အချိုရည်၊ ဆပ်ပြာမှုန့်နဲ့ ဆပ်ပြာလိုအိမ်သုံးပစ္စည်းတွေ ရဖို့ ခက်နေပြီ၊ ဈေးထဲကအခြားဆိုင်တွေလည်း အဲ့လိုပဲကြုံနေရတယ်၊ ကုန်တွေအများကြီးကုန်သွားတာမို့ ရောင်းအားလည်းကျနေတယ်” ဟု ၎င်းကပြောသည်။

မရှိမဖြစ်လိုအပ်သောကုန်ပစ္စည်းများကို စားသုံးသူများရရှိရေးအတွက် အစိုးရအနေဖြင့် တရားမဝင်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုသင့်ကြောင်း မဇင်မာသက်ကပြောဆိုခဲ့သည်။

“COVID-19 ဖြစ်မှာကိုစိုးရိမ်တယ်ဆိုရင် ဂိတ်ကနေလူကိုဝင်ခွင့်မပေးဘဲ ကုန်ပစ္စည်းတွေပဲသွင်းခွင့်ပေးသင့်တယ်၊ အလုပ်သမားတွေကိုလည်းရောဂါရှိမရှိစစ်ဆေးလို့ရတာပဲ၊ ဂိတ်တွေကိုလုံးဝပိတ်သိမ်းလိုက်တာကတော့ မဟုတ်သေးဘူး၊ အဲ့ဒီကုန်ပစ္စည်းတွေအပေါ် မှီခိုနေရသူတွေအတွက် ပြဿနာရှိတာပေါ့” ဟု ၎င်းကပြောဆိုခဲ့သည်။

နယ်စပ်ပိတ်လိုက်မှုကြောင့် ထိုင်းဘက်ခြမ်းတွင်လည်း စီးပွားရေးထိခိုက်မှုများရှိခဲ့သည်။ ဒေသခံစီးပွားရေးကိုကယ်တင်ရန်အတွက် တရားဝင်နှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်နေရာများကို ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအစိုးရအား တက်ခ်ကုန်သည်ကြီးများအသင်းက မေလအစောပိုင်းတွင် တိုက်တွန်းခဲ့သည်။

အကျိုးဆက်ကို ရန်ကုန်မှာလည်း ခံနေရပြီဖြစ်သည်။

“မော်လမြိုင်က ကုန်မဝင်တော့တာမို့ ကျွန်တော့်ဆိုင်ကိုပိတ်လိုက်ရပြီ” ဟု တရားမဝင်နယ်စပ်ဖြတ်ကျော်နေရာများမှ ဝင်ရောက်သည့် ရေခဲသေတ္တာ၊ အဲကွန်းတို့သာမကမိုဘိုင်းဖုန်းအပိုပစ္စည်းများကိုရောင်းချနေသည့် ဆိုင်ပိုင်ရှင်တစ်ဦးကပြောဆိုခဲ့သည်။

“ပစ္စည်းတွေရဖို့ အခြားနည်းလမ်းရှာနေရတယ်၊ နယ်စပ်ပိတ်တာရပ်သွားရင် ဆိုင်ပြန်ဖွင့်နိုင်မယ်ထင်ပါတယ်” ဟု ၎င်းကပြောသည်။

ဧပြီလ ကတည်းက ထိုင်းထုတ် အားဖြည့်အချိုရည်များနှင့်ဘီယာများဖြစ်သော Chang ၊Leo ၊ Singha နှင့် M150 တို့ကို မြဝတီမှ မရတော့ကြောင်းဒေါပုံမြို့နယ်ရှိ အဖျော်ယမကာအရောင်းဆိုင်ပိုင်ရှင် ဦးထင်ကျော်အေးက ပြောသည်။

“ထိုင်းလုပ်ပစ္စည်းတွေက မြန်မာလုပ်ပစ္စည်းတွေနဲ့ အရသ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.