Myanmar Now က ကိုဆွေဝင်း အာမခံရရှိ၊ သြဂုတ် ၇ ရက်နေ့တွင် စတင်ရုံးထုတ်မည်

စုံစမ်းထောက်လှမ်းရေးသားတဲ့ သတင်းတွေကြောင့် လူသိများတဲ့ ကိုဆွေဝင်းဟာ “မဘသအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်” ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်လ ပထမပတ်ကတည်းက မန္တလေးမှာ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်

ထွန်းခိုင် ရေးသားသည်။

UPDATED: 1st August 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းက ထိန်းသိမ်းလိုက်တဲ့ Myanmar Now  သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းကို ရဲတပ်ဖွဲ့က ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းမှာ မန္တလေးကို ခေါ်ဆောင်သွားပြီး အဆိုပါနေ့ ညနေပိုင်းတွင် အာမခံပေးခဲ့ကာ လာမယ့် သြဂုတ် ၇ ရက်နေ့မှာ စတင်ရုံးထုတ်မှာ ဖြစ်ပါတယ်။

စုံစမ်းထောက်လှမ်းရေးသားတဲ့ သတင်းတွေကြောင့် လူသိများတဲ့ ကိုဆွေဝင်းဟာ “မဘသအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည်” ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်လ ပထမပတ်ကတည်းက မန္တလေးမှာ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

“အရင်တုန်းက စစ်ဆေးဆဲအဆင့်မှာပဲ ရပ်ထားတာပေါ့။ ဥပဒေအကြံဉာဏ် တောင်းတယ်။ ဥပဒေအကြံပေးက တရားစွဲဖို့အကြံဉာဏ်ပေးလို့ (တရား)စွဲတင်တယ်လို့ ပြောပါတယ်။” ကိုဆွေဝင်းရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

ရန်ကုန်လေဆိပ်မှာ ဇူလိုင် ၃၀ ရက်နေ့က အဖမ်းခံရပြီးတဲ့နောက်မှာ ကိုဆွေဝင်းကို မင်္ဂလာဒုံရဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပြီး ဇူလိုင် ၃၁ ရက်နေ့၊ နံနက် ၇ နာရီခွဲမှာ မင်္ဂလာဒုံတရားရုံးကို ချုပ်ရမန်ယူဖို့ ဆက်လက်ပို့ဆောင်ခဲ့တယ်လို့ ဦးခင်မောင်မြင့်က ဆက်လက် ပြောကြားပါတယ်။

အဲဒီကတဆင့် မော်တော်ကားနဲ့တစ်နာရီခန့်သွားရတဲ့ ထောက်ကြံ့ရဲစခန်းကို ခေါ်ဆောင်သွားကာ မန္တလေးက ရဲတွေထံ ဆက်လက် လွှဲပြောင်းခဲ့တယ်လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

မန္တလေးမြို့ကို ရောက်ရှိချိန်မှာတော့ ချုပ်ရက်ရမန် ရယူဖို့အတွက် ကိုဆွေဝင်းကို မဟာအောင်မြေတရားသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ မဟာအောင်မြေတရားရုံးမှာ ချုပ်ရက်ရမန်ယူချိန်မှာ ကိုဆွေဝင်းက အာမခံလျှောက်ထားခဲ့မှုကို တရားရုံးက ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုဆွေဝင်းဟာ သူ့အပေါ်စွဲဆိုထားတဲ့ အမှုကို အချုပ်လွတ် ထုချေခွင့်ရရှိမှာ ဖြစ်ပါတယ်။

“ကျွန်တော့်ကို တရားစွဲတဲ့သူက မဘသအဖွဲ့ဝင်တစ်ယောက်ပါ။ ဒါပေမယ့် မဘသကိုယ်တိုင်က တရားဝင်အဖွဲ့အစည်းမှ မဟုတ်တာ” လို့ အာမခံရရှိပြီးနောက် တရားရုံးအပြင်ဘက်တွင် ကိုဆွေဝင်းက သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လတွေအတွင်း သတင်းသမားတွေ ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ ဖြစ်စဉ်တွေအနက် ကိုဆွေဝင်းဖမ်းဆီးခံရမှုက နောက်ဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေဟာ ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရသလို ဧရာဝတီနဲ့ ဒီဗီဘီက သတင်းထောက် သုံးဦးဟာလည်း မတရားအသင်းဆက်သွယ်မှုနဲ့ အချုပ်ထဲကနေ တရားရင်ဆိုင်နေရပါတယ်။

ကိုဆွေဝင်းကို မဟာအောင်မြေတရားရုံး၌ ဇူလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ကိုဆွေဝင်းကို မဟာအောင်မြေတရားရုံး၌ ဇူလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ကိုဆွေဝင်း ဘာကြောင့်အဖမ်းခံရတာလဲ

မူဆလင်မုန်းတီးရေးတရားတွေ၊ အကဲဆတ်တဲ့ နိုင်ငံရေးသုံးသပ်ချက်တွေ မကြားခဏထုတ်ဖော်ဟောကြားတဲ့ ဦးဝီရသူကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားခဲ့တယ်ဆိုသည့် စွပ်စွဲချက်နဲ့ ကိုဆွေဝင်းကို အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့၊ အထက်မြန်မာပြည် (မန်း၊ မဘသ) အဖွဲ့ဝင်တစ်ဦးက မန္တလေးမြို့ မှာ မတ် ၇ ရက်နေ့ညက အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

Ba Kaung အမည်ဖြင့် Facebook သုံးစွဲသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့အား ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးဝီရသူ၏ တပည့်အရင်းဟုဆိုသူ ဦးကျော်မျိုးရွှေက လာရောက ်တိုင်ကြားသောကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူရန် ပြင်ဆင်နေတယ်လို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲ စခန်းက တာဝန်ကျရဲအရာရှိက မတ်လအတွင်းမှာ Frontier ကို ပြောကြားခဲ့ပါတယ်။

“အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး”ဆိုတဲ့ Myanmar Now က ရေးသားထားသော သတင်းကို Ba Kaung အမည်နဲ့ Facebook သုံးစွဲသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက လူမှုကွန်ယက်မှာ မျှဝေခဲ့ခြင်းနှင့် ပတ်သက်ပြီး အရေးယူပေးဖို့ တိုင်ကြားချက်မှာ ပါဝင်တယ်လို့ အဲဒီရဲအရာရှိက ဆိုပါတယ်။

“ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်” လို့ ဦးဝီရသူက ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် Facebook ပေါ်မှာ ရေးသားချက်ကို ပြန်လည်ကိုးကား ရေးသားခဲ့တဲ့ အဆိုပါသတင်းကို ကိုဆွေဝင်းက “ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး”ဟု ထပ်ဆင့်ရေးသား မျှဝေခဲ့တာကို တရားစွဲဆိုသူများက ထည့်သွင်းတိုင်ကြားခဲ့တာလို့ရဲကဆိုပါတယ်။

ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ဟာ ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းက ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရှေ့နေဦးကိုနီကိုသတ်ဖြတ်မှုနဲ့ သံသယရှိခံထားရသူတွေဖြစ်ပါတယ်။

ဒီတိုင်ကြားမှုတွေမလုပ်ခင် ဦးဝီရသူဘက်က သူ့ကိုလာတောင်းပန်ဖို့ ကိုဆွေဝင်းကို ကမ်းလှမ်းခဲ့ပေမယ့် ကိုဆွေဝင်းဘက်က ပယ်ချခဲ့ဖူးပြီး “လူသတ်ဝါဒကို အားပေးသည့် ဦးဝီရသူကို တောင်းပန်ရန် အကြောင်းအရင်းမရှိ” လို့လည်း မတ် ၈ ရက်နေ့က ရန်ကုန်မြို့လယ်က Myanmar Now ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုဆွေဝင်းက တုန့်ပြန်ဖူးပါတယ်။

“(ဦးဝီရသူဟာ) တစ်ကြိမ်တစ်ခါတည်းဘဲ အမုန်းတရားတွေ ပြောနေတာမဟုတ်ဘူး။ အမြဲတမ်းပဲ တောက်လျှောက် တစ်နိုင်ငံလုံးကိုပတ်ပြီး မီးမွေးနေတဲ့ပုဂ္ဂိုလ်၊ ဒါတွေဟာ အားလုံးအသိဘဲ” လို့ အဲဒီသတင်း စာရှင်းလင်းပွဲမှာတုန်းက သူက ပြောခဲ့ဖူးပါတယ်။

အဲဒီတုန်းက အမုန်းတရားများနဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို အရေးယူဖို့ ပျက်ကွက်နေပြီး သွေးထိုးလှုံဆော်သူတွေအကြောင်းကို ဖော်ထုတ်နေသူတွေကို ဖမ်းဆီးဖို့ ပြင်ဆင်နေတဲ့ အစိုးရရဲ့ လုပ်ရပ်ကိုလည်း ကိုဆွေဝင်းက ဝေဖန်ခဲ့ပါသေးတယ်။

“ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ဟာသအဆင့်ဘဲ ရှိသေးတယ်”လို့ ကိုဆွေဝင်းကပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလိုပြောကြားခဲ့ပြီး နောက်လေးလအကြာမှာတော့ သူကိုယ်တိုင်လည်း အဖမ်းခံလိုက်ရပါတယ်။

ကိုဆွေဝင်းဆိုတာ ဘယ်သူလဲ

အင်္ဂလိပ် မြန်မာ ဘာသာစကားနှစ်မျိုးနဲ့ ဖြန့်ချိတဲ့ Myanmar Now အွန်လိုင်းသတင်းဌာနမှာ ကိုဆွေဝင်းဟာ အယ်ဒီတာချုပ်နဲ့ သတင်းထောက်ချုပ်အဖြစ် တာဝန်ယူထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မြန်မာသတင်းမီဒီယာလောကထဲ ဝင်ရောက်ခဲ့တဲ့ ကိုဆွေဝင်းဟာ ပြီးခဲ့တဲ့နှစ် အတွင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ လမ်း ၄၀၊ အထက်ဘလောက်က အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူအမျိုးသမီးငယ်တွေ နှိပ်စက်ညဉ်းပန်းခံရတဲ့အကြောင်း စုံစမ်ထောက်လှမ်းရေးသားရေးသားအပြီးမှာ လူသိများလာခဲ့သူပါတယ်။

သူ့ရဲ့ ဖော်ထောက်ရေးသားမှုကြောင့် လူမသိ၊ သူမသိနှိပ်စက်ညှဉ်းပန်းခံနေရတဲ့ အိမ်အကူတွေကို ကယ်တင်ဖို့ အသိစိတ်တွေ လူထုအကြား နိုးကြားလာခဲ့ပါတယ်။

ဒါ့အပြင် ရဲဘက်စခန်းတွေမှာ အကျဉ်းသားတွေကို ညှန်းပန်း နှိပ်စက်နေမှု၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေပညာရှင် ဦးကိုနီ လုပ်ကြံခံရမှုနောက်ကွယ်က သံသယရှိသူတွေအကြောင်း တောက်လျှောက် ဖော်ထုတ်ရေးသားမှုတွေကြောင့် ကိုဆွေဝင်းနဲ့ သူ့သတင်းဌာနဖြစ်တဲ့ Myanmar Now ဟာ ပိုမိုလူသိများလာခဲ့ပါတယ်။

ကိုဆွေဝင်းရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းက နိုင်ငံတော်သမ္မတက သူ့ရဲ့ ဂုဏ်ပြုချီးမြှင့်လွှာကို ပြန်ကြားရေးဝန်ကြီးကတဆင့် ပေးအပ်ခဲ့ပါသေးတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.