YKKO ၏ ရှယ်ယာအများစုကို ရိုးမ ဝယ်ယူ

မြန်မာနိုင်ငံတွင် ထင်ရှားသည့် စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်သော Yankin Kyay Oh Group of Companies Limited (“YKKO”) ၏ အစုရှယ်ယာ ၆၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း Yoma Strategic  က ကြေညာလိုက်သည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်အရ “YKKO သည် Yoma Strategic မှ ၆၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် လက်အောက်ခံကုမ္ပဏီဖြစ်လာမည်ဖြစ်သည်” ဟု ဖော်ပြထားသည်။

ဝယ်သူ ရောင်းသူ သဘောတူညီချက်အရ YKKO ၏ လက်ရှိနှင့် ခန့်မှန်းဝင်ငွေ စသည့်အချက်တို့ကိုပါ ထည့်သွင်းစည်းစားပြီး စုစုပေါင်းကျပ် ၁၉ ဒသမ ၄ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်း) ပေးချေရန် သတ်မှတ်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့၏ မှတ်တမ်းများအရ YKKO ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ် ၆ ဒသမ ၂၂ ဘီလျံ (ဒေါ်လာ ၄ ဒသမ ၀၉ သန်း) ရှိသည်ဟုလည်း ဆိုသည်။

ငွေပေးချေမှုကို ကုမ္ပဏီတွင်း အရင်းအမြစ်များနှင့် မကြာမီကပြုလုပ်ထားသည့် ဘဏ္ဍာရေးလုပ်ဆောင်မှုများကို အသုံးပြု၍ ပေးချေသွားမည်ဟု Yoma Strategic က ပြောကြားသည်။

“မိသားစုစားသောက်ဆိုင်လေးမှ စတင်ခဲ့ပြီး နိုင်ငံ၏နာမည်ကြီး F&B အမှတ်ဆံဆိပ်တစ်ခုဖြစ်လာခဲ့သည့် YKKO သည် မြန်မာနိုင်ငံ၏ အောင်မြင်မှု ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၎င်းအား အနာဂတ်တွင် ပိုမိုတိုးတက် ကြီးပွားလာအောင် ကျွန်တော်တို့မှ ပံ့ပိုးကူညီခွင့်ရသည့်အတွက် အလွန်ပင်ဂုဏ်ယူမိပါသည်” ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

၁၉၈၈ ခုနှစ်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် YKKO သည် ၎င်း၏ ကြေးအိုးကြောင့် နာမည်ကြီးလူသိများပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မော်လမြိုင်တို့တွင် ဆိုင်ခွဲ ၃၇  ဖွင့်လှစ်ထားကာ မြန်မာနိုင်ငံ၏ အကြီးဆုံး ပြည်တွင်းစားသောက်ဆိုင်လုပ်ငန်းဖြစ်သည်။ ၎င်း၏ ပထမဦးဆုံး ရန်ကင်းကြေးအိုးဆိုင်ကို ရန်ကင်းမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဆရာစံလမ်းတွင် ဒုတိယမြောက်ဆိုင်ခွဲကို ထပ်မံဖွင့်လှစ်ခဲ့သည်။

“YKKO ကို လူအများသိတဲ့၊ ချစ်ခင်ဂုဏ်ယူရတဲ့ မြန်မာအမှတ်တဆိပ်တစ်ခုအနေနဲ့ ကြာရှည်တည်တံ့ပြီး အခြေခံတန်ဖိုးများဖြစ်တဲ့ အရည်အသွေး၊ သန့်ရှင်းမှု၊ နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင် ဆက်လက်ပြီး ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု YKKO ၏ ဥက္ကဋ္ဌ ဒေါ်ယုယုလွင်ကပြောသည်။

“Yoma Strategic Holdings လို YKKO နှင့် ရည်တည်ချက်ခြင်းတူတဲ့ အဖွဲ့အစည်းနှင့် ပူးပေါင်းပြီး နိုင်ငံတကာကို လှမ်းနိုင်တဲ့ မြန်မာအမှတ်တံဆိပ်တစ်ခုဖြစ်ဖို့ ကြိုးစားဆောင်ရွက်သွားပါ့မယ်” ဟုလည်း ၎င်းကပြောသည်။

စင်ကာပူစတော့အိတ်ချိန်း Singapore Securities Exchange Trading Limited (SGX-ST) တွင် စာရင်းသွင်းမှတ်ပုံတင်ထားသည့်  Yoma Strategic Holdings Ltd သည်  မြန်မာနိုင်ငံတွင်  အိမ်ခြံမြေ၊ စားသောက်ကုန်၊ မော်တော်ယာဉ်နှင့် အကြီးစား ပစ္စည်းကိရိယာများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နေသော ထိပ်တန်း စီးပွားရေးကော်ပိုရေးရှင်းတစ်ခုဖြစ်သည်။

ယခုကဲ့သို့ YKKO ၏ ရှယ်ယာဝယ်ယူလိုက်ခြင်းဖြင့် Yoma F&B ၏ ဆိုင်ခွဲအရေအတွက်ကို နှစ်ဆတိုးပွားလာစေသည်ဟု Mr. Pun က ပြောကြားသည်။

Yoma F&B က KFC Myanmar အပါအဝင် နိုင်ငံတကာအမှတ်တံဆိပ် စားသောက်ဆိုင်များအပြင် စားသောက်ကုန်နှင့် အဖျော်ယမကာဖြန့်ချိရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။ 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.