SOPA ဆုနှင့် ဂုဏ်ပြုဆု သုံးဆုကို Frontier Myanmar ရရှိ

အာရှ၏ ပထမတန်းစားမီဒီယာဆုများအနက် အမျိုးအစား လေးမျိုးတွင် ဆုနှင့် ဂုဏ်ပြုဆုများ ရရှိပြီးနောက် Frontier Myanmar သည် ဒေသတွင်း သတင်းစာနယ်ဇင်းလောကတွင် ဦးဆောင်ထုတ်ဝေသူတစ်ဦးအဖြစ် ၎င်း၏နေရာကို အခိုင်အမာ တည်ထောင်နိုင်ပြီဖြစ်သည်။

Frontier သည် ၂ဝ၁၈ ခုနှစ်အတွက် အာရှပုံနှိပ် ထုတ်ဝေသူများအသင်း Society of Publishers in Asia (SOPA) ဆုများအတွက် အမျိုးအစားငါးခုတွင် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ဆုရရှိသူများကို ဇွန် ၁၃ ရက်နေ့က တွင် ဟောင်ကောင်၌ ကျင်းပသည့် အခမ်းအနားတွင် ကြေညာခဲ့သည်။

အယ်ဒီတာချုပ် သောမတ်စ်ကင်းနှင့် သတင်းထောက်များဖြစ်သည့် ဟိန်းကိုစိုးနှင့် ကျော်ဖုန်းကျော်တို့သည် Funny money သတင်းဆောင်းပါးအတွက် စီးပွားရေးလုပ်ငန်း သတင်းရေးသားမှု ထူးချွန်ဆုရရှိခဲ့သည်။ ၎င်းသတင်းဆောင်းပါးတွင် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးလာသည့် မိုဘိုင်းငွေကြေးကဏ္ဍရှိ ပြဿနာများကို မှတ်တမ်းတင် ရေးသားထားသည်။

ဆုပေးရခြင်းနှင့် ပတ်သက်၍ SOPA က သတင်းဆောင်းပါးသည် စေ့စေ့စပ်စပ်နှင့် ထိထိမိမိရှိသည့် အစီရင်ခံမှုတစ်ခုဖြစ်ပြီး ကြီးမား၍ သြဇာရှိသော ကုမ္ပဏီကြီးက စားသုံးသူကာကွယ်ရေး စည်းမျည်းများကို မည်သို့ မထီမဲ့မြင်ပြုနေသည်ကို တိတိကျကျ မှတ်တမ်းတင်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့အပြင် အရေးယူရန်လည်း လုပ်ငန်းအား တရားဝင် ထိန်းသိမ်းသည့်အဖွဲ့ကို ဖိအားပေးခဲ့သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍနှင့် ပတ်သက်၍ သတင်းအစီရင်ခံမှုအတွက် သတင်းထောက် ဆုမြတ်မွန်က An army, a mountain and the ADB သတင်းဆောင်းပါးဖြင့် ဂုဏ်ပြု ရွေးချယ်ခံရသည်။

ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ရွေးချယ်သည့် ဒိုင်များက ပြောကြားရာတွင် နေရာတိုင်း၌ စစ်တပ်၏ သြဇာ ဆက်လက်ပျံ့နှံ့နေမှု၊ ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေလျက် နိုင်ငံပွင့်လင်းလာမှုမှ တပ်မှူးများ၏ အမြတ်ထုတ်နိုင်စွမ်းတို့ကို ယင်းသတင်းဆောင်းပါးက မီးမောင်းထိုးပြခဲ့သည်ဟု ပြောကြားသည်။

လူ့အခွင့်အရေးဆိုင်ရာထူးချွန်မှုတွင် သတင်းထောက် သောမတ်စ်မန့်ချ်က We eat the same Rice သတင်းဆောင်းပါးဖြင့် ဂုဏ်ပြုခံရသည်။ မြန်မာနိုင်ငံတွင် ရှည်ကြာနေပြီဖြစ်သည့် မူဆလင်ဆန့်ကျင်ခွဲခြားဆက်ဆံမှုအား ထိုးထွင်းလေ့လာ ဖော်ပြနိုင်သည်ဟု ဆုရွေးချယ်သည့် ဒိုင်များက ဆိုသည်။

“ရေးသားချက်မှာ ပြသနိုင်တာကတော့ သမိုင်းကြောင်းကို ရှင်းလင်းရာမှာ ပြည်တွင်းမီဒီယာတွေရဲ့ အားနဲ့ ပင်မရေစီး မီဒီယာဖော်ပြချက်မှာ လွဲမှားတတ်တဲ့ လူမျိုးစုပဋိပက္ခရဲ့ သိမ်မွေ့တဲ့ခြားနားချက်ကို ဖော်ပြနိုင်ပါတယ်” ဟု ဒိုင်များက ပြောသည်။ ဆောင်းပါးရေးသားထူးချွန်မှုတွင် ဒစ်ဂျစ်တယ်အယ်ဒီတာ ရှောင်ဂလီဆင်က The muzzling of the Myanmar Times ဆောင်းပါးဖြင့် ဂုဏ်ပြုဆုရရှိခဲ့သည်။ ရှောင်သည် သတင်းစာ၏အတက်အကျကို ကျွမ်းကျင်ပိုင်နိုင်သည့် ရေးသားမှု၊ အစီရင်ခံမှုနှင့် အသေးစိတ်ကျကျ ရေးသားနိုင်သည်ဟု ဒိုင်များက ချီးကျူးကြသည်။

တည်ထောင်သည်မှာ သုံးနှစ်ပင် မရှိသေးသည့် အချိန်အတွင်း Frontier အား အသိအမှတ်ပြုခံရခြင်းအတွက် ဝမ်းသာ ကျေနပ်မှုရှိသည်ဟု ထုတ်ဝေသူ ဦးဆန်နီဆွေက ပြောသည်။ “Frontier လို ထုတ်ဝေမှုသက်တမ်း နုသေးတဲ့ သတင်းစာစောင်ထုတ်ဝေမှုမှာ ဆုလေးဆုရတယ်ဆိုတာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါ” ဟု ၎င်းကပြောသည်။ “ဒါက အိပ်မက်တွေ တကယ်ဖြစ်လာတာပါ။ ကျွန်တော်တို့အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်စီတိုင်းဟာ အရေးပါပါတယ်။ ကြိုးစားမှုအားလုံးက အောင်မြင်တာပါ” ဟု ၎င်းကပြောသည်။

သောမတ်စ်ကင်းန်ကလည်း “ဒီဆုတွေက Frontier မှာ ကျွန်တော်တို့ ချမှတ်ထားတဲ့ မြင့်မားတဲ့ စံနှုန်းတွေရဲ့ ရလဒ်ပါ။ အဖွဲ့တစ်ခုလုံးအတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဒါဟာ အမှန်တရားနဲ့ တရားမျှတမှုတွေဆီကနေ သွေဖယ်မသွားတဲ့ လွတ်လပ်တဲ့ မီဒီယာရှိဖို့ သိပ်အရေးကြီးတယ်ဆိုတာ အသိအမှတ်ပြုတာလို့လည်း ကျွန်တော်ထင်ပါတယ်” ဟု ဆိုသည်။

ကိုဟိန်းကိုစိုးကလည်း “ဒါဟာ ကျွန်တော်အတွက် နိုင်ငံတကာဆုတစ်ခုကို ပထမဆုံးအကြိမ် ရရှိတာပါ။ အခု ကျွန်တော်တို့ရဲ့ စည်းလုံးညီညွတ်မှုအင်အားကို ပြလိုက်ပါပြီ။ Frontier နဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် တကယ့်ကို ဂုဏ်ယူပါတယ်” ဟု ပြောကြားသည်။

Frontier သည် ရခိုင်ပြည်နယ်အကျပ်အတည်းနှင့်ပတ်သက်၍ အောက်ပါသတင်းဆောင်းပါးများအတွက် ရှင်းလင်း အစီရင်ခံထူးချွန်မှု အမျိုးစားတွင်လည်း နောက်ဆုံးအဆင့်အထိ ပါဝင်ခဲ့သည်။ ၎င်းတို့မှာ အကြီးတန်းသတင်းထောက် မြတ်ကျော်သူ၏ “Escaping a mob in Maungdaw နေပြည်တော်သတင်းထောက် ညဏ်လှိုင်လင်း၏ Into the north နှင့် သတင်းထောက်ချုပ် အိုလီဗာစလိုးနှင့် ဓါတ်ပုံဌာနအကြီးအကဲ စတိဗ်တစ်ခ်နာတို့၏ The destruction of Tula Toli တို့ဖြစ်သည်။

“ငယ်ရွယ်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ ဂျာနယ်လစ်တွေအတွက် မူဝါဒတစ်ခုချမှတ်ခြင်းဟာ Frontier ရဲ့ ကြိုးပမ်းမှုတွေမှာ သော့ချက်ကျတဲ့အရာပါ” ဟု အမှုဆောင်အရာရှိချုပ် ဆီလ်ဗီယာမက်ကေ့ဂျ်က ပြောကြားသည်။ “ကျွန်မတို့ အခိုင်အမာ ယုံကြည်တာကတော့ အရေးကြီးတဲ့ အကြောင်းအရာတွေကို သတင်းအဖြစ် အစီရင်ခံရာမှာ လွတ်လပ်တဲ့ အသံတစ်ခုဖြစ်ဖို့ ကြိုးပမ်းကြတဲ့သူတွေကို လမ်းညွှန်ရခြင်းက ထိုက်တန်တဲ့ ရည်မှန်းချက်တစ်ခုပါ။ သတ္တိရှိတဲ့ ဂျာနယ်လစ်တွေရဲ့ နောက်မျိုးဆက်ကို ကူညီဖို့ ကျွန်မတို့ တတ်နိုင်သလောက်လုပ်မယ်ဆိုတာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကျွန်မတို့ရဲ့ ကတိကဝတ်” ပါ ဟု ၎င်းကပြောသည်။

SOPA Awards ကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင် ဂုဏ်သိက္ခာအကြီးမြင့်ဆုံးဟု ယူဆထားကြသည်။ သတင်းဆောင်းပါးရေးသားချက်များကို အာရှတိုက်၏ ဦးဆောင်သတင်းစာပညာကျောင်းများမှ ပညာရှင်များနှင့်အတူ မီဒီယာကျွမ်းကျင်သူအဖွဲ့တစ်ခုက အကဲဖြတ်ကြခြင်းဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.