ကူးစက်ရောဂါက ရန်ကုန်တိုင်းအစိုးရ၏ အားနည်းချက်များကို ဖွင့်ချပြနေ

ရန်ကုန်ရှိ လူနေထူထပ်သော ရပ်ကွက်များတွင် COVID-19 ကူးစက်နိုင်ခြေများနေခြင်းက ရန်ကုန်မြို့အုပ်ချုပ်ရေးအဖွဲ့ရှိ ကာလရှည်ကြာပြီဖြစ်သော ပြဿနာများကို အရေးတကြီးပြင်ဆင်တည့်မတ်ရန် လိုအပ်နေကြောင်း မီးမောင်းထိုးပြနေသည်။

အဲလက်စ် အောင်ခန့်

ဖေဖော်ဝါရီနှင့် မတ်တို့တွင် ကမ္ဘာတစ်ဝန်း COVID-19 စတင်ကူးစက်ပျံ့နှံ့သည့်အခါ မြန်မာနိုင်ငံသို့ ကူးစက်လာပါက အကြီးအကျယ်ကူးစက်ပြန့်ပွားတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ရှည်လျားစွာထိစပ်နေခြင်း၊ ထိုင်းနှင့် တရုတ်တို့၌ စက်ရုံများ၊ အလုပ်ခွင်များကို ပိတ်သိမ်းလိုက်ပြီးနောက် ရွှေ့ပြောင်းလုပ်သားများ ပြည်တော်ပြန်လာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဆိုးရွားသည့် အခြေအနေတွင်ရှိနေခြင်းတို့ကြောင့် ကူးစက်ရောဂါဖြစ်ပွားပါက အခြေအနေလွန်စွာဆိုးရွားလိမ့်မည်ဟု ယူဆခဲ့ကြသည်။

သို့သော် ယခုအချိန်အထိတော့ COVID-19 ၏အဆိုးဆုံးအခြေအနေမှ သက်သာခွင့်ရနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၌ မတ် ၂၃ ရက်မတိုင်မီအထိ ပထမဆုံးကူးစက်သူကိုမတွေ့ခဲ့ချေ။ သုံးလနီးပါးအကြာမှာတော့ (ဇွန်လ ၂၀ ရက်အထိ)အစိုးရထုတ်ပြန်ချက်များအရ ကူးစက်သူ ၂၈၇ ဦး၊ ပြန်လည်ကျန်းမာလာသူ ၁၉၆ ဦးနှင့် သေဆုံးသူခြောက်ဦးရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံရှိ ကူးစက်သူနှင့်သေဆုံးသူဦးရေသည် နိုင်ငံတကာစံနှုန်းဖြင့်ချိန်ထိုးကြည့်လျှင် အတော်လေးကိုနည်းပါးသည်ဟု ဆိုရမည်ဖြစ်သည်။ လူဦးရေ ၅၄ သန်းရှိသော မြန်မာနိုင်ငံ၌ COVID-19 ရှိမရှိစစ်ဆေးမှု ခြောက်သောင်းကျော် ကိုသာပြုလုပ်ခဲ့ရပြီး နောက်ထပ်သုတေသနပြုမှုများအရ မြန်မာသည် COVID-19 ဒဏ်မှသက်သာလိမ့်မည်ဟု ပြောဆိုရန် မလွယ်ကူသေးချေ။

မမြင်ရသော စိန်ခေါ်မှုနှင့် နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ရချိန်တွင် မြန်မာသည် ထိထိရောက်ရောက်တုံ့ပြန်ရန် နောက်ကျခဲ့သည်ဟု ဆိုလို့ရနိုင်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က COVID-19 ကို ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါအဖြစ် ကြေညာခဲ့ပြီးနောက် ၁၅ ရက် ကြာမြင့်သည့် မတ် ၂၆ ရက်မှသာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားအဆင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုကော်မတီကို ဖွဲ့စည်းနိုင်ခဲ့သည်။

မြန်မာက နယ်စပ်များနှင့် လေဆိပ်များကို ပိတ်သိမ်းလိုက်သည့် မတ် ၃၀ ရက်မှာတော့ အခြားသော နိုင်ငံများစွာသည် COVID-19 ကူးစက်မှုတားဆီးရေးအတွက် တင်းကျပ်သော စည်းမျဉ်းများကို ချမှတ်ထားခဲ့ပြီးဖြစ်သည်။ ယင်းချမှတ်လိုက်သော စည်းမျဉ်းများကို အများပြည်သူက မကျေနပ်ကြကြောင်း တုံ့ပြန်မှုများရှိခဲ့သော်လည်း ကူးစက်ရောဂါစတင်ဖြစ်ပွားပြီး ခြောက်လခန့်အကြာနှင့် ကာကွယ်ဆေးမရှိသေးသည့် အချိန်အခါမျိုးတွင် စတင်ကျင့်သုံးချိန်က တင်းကျပ်လွန်းသည်ဟု သတ်မှတ်ခံရသည့် စည်းမျဉ်းများသည် ရဲရင့်ပြတ်သားသော ခေါင်းဆောင်မှုနှင့် အမျှော်အမြင်ကြီးမှုတို့ဖြစ်ကြောင်း ပြသနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံနှင့်ဆိုင်သည့် ဖြစ်ရပ်တွင်မူ အစိုးရအနေဖြင့် ကူးစက်ရောဂါဖြစ်ပွားမှုကို ထိထိရောက်ရောက်တုံ့ပြန်ပြီး အခြားနိုင်ငံများတွင် ရရှိခဲ့သည့် COVID-19 တုံ့ပြန်ရေး အောင်မြင်မှုများကို အတုယူနိုင်ရေးတို့အတွက် အတားအဆီးသဖွယ်ဖြစ်နေသည့် ကာလရှည်ပြဿနာမျိုးစုံကို အသိအမှတ်ပြုရန် အရေးကြီးပေသည်။

မြန်မာ၏ COVID-19 တုံ့ပြန်မှုကို မျှမျှတတသုံးသပ်ရမည်ဖြစ်ပါက အရေးယူဆောင်ရွက်ရန် ပျက်ကွက်ကြောင်း ဝေဖန်ရမည်ဖြစ်ပြီး အစိုးရအဖွဲ့အတွင်းရှိ အမြစ်တွယ်နေသည့် ကာလရှည်ပြဿနာများကိုလည်း အသိအမှတ်ပြုရန် လိုအပ်နေကြောင်းလည်း သုံးသပ်ရမည်သည်။ ကူးစက်ရောဂါပြန့်ပွားဖြစ်ပွားနိုင်ခြေရှိနေခြင်းက ထိရောက်သော တုံ့ပြန်မှုရှိလာရေး တားဆီးနေသည့် အုပ်ချုပ်မှုတွင်း ပြဿနာများကိုဖြေရှင်းရန်လိုအပ်ပုံကိုထောက်ပြနေသည်။

ယင်းပြဿနာများအနက် လတ်တလောဖြေရှင်းရမည့် ပြဿနာများကို မြန်မာနိုင်ငံရှိ အကြီးဆုံးမြို့ဖြစ်သလို လူဦးရေ စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းနေထိုင်နေသည့် ရန်ကုန်မြို့တွင် မြင်တွေ့နိုင်မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်း ကူးစက်သူများရှိခဲ့သော်လည်း ရန်ကုန်၌ ကူးစက်သူ ၂၀၁ ဦး သို့မဟုတ် ၇၇ ရာခိုင်နှုန်းရှိနေသဖြင့် ကူးစက်မှုဗဟိုချက်ဖြစ်နေသည်မှာ ထင်ရှားပေသည်။

ရန်ကုန်မြို့လယ် ၂၆ လမ်းရှိ လူစုလူဝေးရှိနေသည့် ဈေးတစ်ဈေးကို မတ် ၂၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- ခွန်လတ်

ရန်ကုန်မြို့လယ် ၂၆ လမ်းရှိ လူစုလူဝေးရှိနေသည့် ဈေးတစ်ဈေးကို မတ် ၂၈ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- ခွန်လတ်

မြို့ပြများတွင် နေထိုင်သူများသည် COVID-19 က မြို့ပြဘဝအပေါ် မည်မျှသက်ရောက်မှုရှိသည်ကို သိရှိကြမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ မြို့ပြနေရာများ၌ လူဦးရေထူထပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးဗဟိုချက်ဖြစ်ခြင်းကြောင့် ထိတွေ့မှုများပြီး ကူးစက်နိုင်ခြေများနေခြင်းတို့ကြောင့် ကူးစက်ရောဂါကို တုံ့ပြန်ရာတွင် အခက်အခဲကြီးကြီးမားရှိခဲ့သည်။ မြို့များ၌ လူများတွေ့ဆုံရန် နေရာများစွာရှိနေခဲ့ရာ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေခြင်းနှင့် အခြားကြိုတင်သတိထားစရာများကို လိုက်နာလာရေးအတွက် တင်းကျပ်စွာဖိအားပေးလုပ်ဆောင်ရန် လိုအပ်နေသည်။

ယင်းကဲ့သို့ စိန်ခေါ်မှုများကို မည်သည့်မြို့တွင်ဖြစ်စေ ရှောင်ရှားရန်နှင့် လျော့ပါးသွားရေးလုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်သည်။ သို့သော် စည်ပင်သာယာဈေးများရှိ အခြေအနေသည် ရန်ကုန်မြို့စီမံခန့်ခွဲရေးကော်မတီ၏ စီမံခန့်ခွဲမှုလွဲမှားခြင်း၏အမွေအနှစ်တစ်ခုဖြစ်ကြောင်း ထင်ရှားနေခဲ့သည်။ မြို့နယ်များရှိ ဈေးများဆိုသည်မှာ မိုးဒဏ်မှ ကာကွယ်ရန်တည်ဆောက်ထားသည့် နေရာများဖြစ်ကြပြီး ပိုက်ဖြင့်သွယ်သန်းထားသည့် ရေပေးဝေရေးစနစ်မရှိဘဲဖြစ်နေရာ လက်ဆေးရန်နေရာများနှင့် အခြားကျန်းမာရေးဆိုင်ရာအလေ့အထများရှိလာရေးအတွက် လုပ်ဆောင်ရန် ခက်ခဲနေခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) သည် ဈေးသည်များထံမှ ငွေကြေးကောက်ခံခဲ့သော်လည်း ယင်းဈေးများကို သန့်ရှင်းရေးလုပ်ရန်၊ ထိန်းသိမ်းရန်နှင့် အဆင့်မြှင့်တင်ရန် ပျက်ကွက်နေသည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်သည်။

ထို့ပြင် ရန်ကုန်မြို့လယ်ရှိ ပလက်ဖောင်းများတစ်လျှောက်တွင်လည်း ယာဉ်ရပ်နားရာနေရာများကို အုပ်စိုးထားသည့် ဈေးများလည်းရှိနေပြန်သည်။ ဈေးသည်များသည် YCDC ဝန်ထမ်းများအား ငွေကြေးပေးနေရသော်လည်း YCDC ယင်းဈေးသည်များအတွက် ရောင်းချရန် အဆောက်အအုံကို ပြန်လည်ထောက်ပံ့ပေးခြင်းမရှိခဲ့ချေ။

ဧပြီ ၂၁ ရက်တွင် ကျောက်တံတားမြို့နယ် ၃၈ လမ်း၌ ဈေးသည်များနှင့် YCDC ဝန်ထမ်းများကြား ထိပ်တိုက်ဆုံမှုကို ကြည့်ရှုနေသူများက ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ပြီးနောက် လမ်းပေါ်ရှိ ဈေးများနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကို ပြက်ပြက်ထင်ထင်မြင်တွေ့ခဲ့ရသည်။ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၏ညွှန်ကြားချက်အရ ဈေးသည်များကို ကျောက်တံတားမှ ဗိုလ်တစ်ထောင်မြို့နယ်သို့ အတင်းအကျပ်ရွှေ့ပြောင်းခဲ့သည်။

ဗိုလ်တစ်ထောင်မြို့နယ်၌ COVID-19 ကူးစက်သူဦးရေများပြားလာသောကြောင့် ယင်းမြို့နယ်၌ ရက်သတ္တပတ်နှစ်ပတ် အသွားအလာကန့်သတ်မှုမပြုလုပ်မီ ရက်ပိုင်းအလိုလေးတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်တစ်ထောင်မြို့နယ်၌ အသွားအလာကန့်သတ်ချက်ထုတ်ပြန်ထားသော်လည်း ဈေးသည်များကို ကျောက်တံတားသို့ ပြန်လာခွင့်မပြုခဲ့သလို ကျောက်တံတားမြို့နေများအတွက်လည်း မရှိမဖြစ်လိုအပ်သည်များကို ဝယ်ယူရန်အတွက် ဗိုလ်တစ်ထောင်မြို့နယ်သို့သွားရောက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ချေ။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဗိုလ်တစ်ထောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေစိုးက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ရာ ဒေါ်မေစိုးသည်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ပယ်ခံခဲ့ရသည်အထိဖြစ်ခဲ့သည်။

မသန့်ရှင်းသော အခြေအနေများနှင့် အကျင့်ရနေသည့် ဈေးသည်များသည် ယခင်က လက်အိတ်စွပ်၊ နှာခေါင်းစည်းတပ်သည့် အကျင့်မရှိခဲ့ကြချေ။ နှာခေါင်းစည်းမတပ်ပါက တရားရုံးသို့ရောက်ရှိပြီး ဒဏ်ငွေ ၅၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့အာဏာပိုင်များက သတိပေးထားပြီးဖြစ်သည်။ ထို့ပြင် နေပူကြီးထဲတွင် နှာခေါင်းစည်းတပ်၊ လက်အိတ်စွပ်ထားရခြင်းမှာလည်း မသက်သာလှချေ။ ဈေး၌ ရောင်းအားကျနေချိန်တွင် နှာခေါင်းစည်းနှင့် လက်အိတ်ဝယ်ယူရသည့်စရိတ်ကလည်း ငွေကြေးအရ နောက်ထပ်ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်သည်။ မြို့အာဏာပိုင်များသည် ဈေးသည်များ တစ်ပူပေါ်တစ်ပူဆင့်အောင်လုပ်မည့်အစား ဈေးများ ကျန်းမာရေးနှင့်ပိုမိုညီလာရေးအတွက် အခြေခံအဆောက်အအုံကို အချိန်မဆိုင်းဘဲ မြှင့်တင်ရန်လိုအပ်နေသည်။

နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများသို့ သောက်ရေသန့်လိုက်လံပို့ဆောင်နေသည့် အလုပ်သမားတချို့။ ဓာတ်ပုံ- သူရဇော်

နေအိမ်နှင့် စီးပွားရေးလုပ်ငန်းများသို့ သောက်ရေသန့်လိုက်လံပို့ဆောင်နေသည့် အလုပ်သမားတချို့။ ဓာတ်ပုံ- သူရဇော်

သောက်ရေပေးပို့ဖြန့်ချိသည့် စနစ်ကလည်း စိုးရိမ်စရာရှိနေပြန်သည်။ စိတ်ချရပြီး သန့်ရှင်းသော အများပြည်သူ ရေဖြန့်ချိသည့် စနစ်မရှိသောကြောင့် ပုဂ္ဂလိကရေသန့်ကုမ္ပဏီများသည် အလုပ်သမားအနည်းငယ်ဖြင့် နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများသို့ တွန်းလှည်းဖြင့်ဖြစ်စေ ၊ ထရပ်ကားဖြင့်ဖြစ်စေ ၂၀ လီတာ ရေသန့်ဗူးများကို လိုက်လံဖြန့်ချိနေသည်။ ယင်းဗူးများကိုလည်း ပြန်လည်အသုံးမပြုမီတွင် ကောင်းမွန်ကျနစွာသန့်ရှင်းခြင်းလည်းမရှိတတ်ကြချေ။ မရှိမဖြစ်လိုအပ်သော ယင်းလုပ်သားများ၏ လုပ်ကိုင်နေထိုင်ပုံများကြောင့် COVID-19 ကူးစက်ပြီး အခြားလူများထံသို့ ဆက်လက်ကူးစက်စေနိုင်ခြေလည်းများနေခဲ့သည်။

YCDC သည် ပိုက်မှတစ်ဆင့် သန့်ရှင်းသော သောက်သုံးရေဖြန့်ချိနိုင်ရေးအတွက် ကာလရှည်စီမံကိန်းကိုရေးဆွဲအကောင်အထည်ဖော်နေချိန်တွင် အဆိုပါပုဂ္ဂလိက ရေသန့်ဖြန့်ချိရေးကုမ္ပဏီများက အလုပ်သမားများအတွက် နှာခေါင်းစည်းကဲ့သို့ကာကွယ်ရေးပစ္စည်းများထောက်ပံ့ခြင်း၊ အလုပ်သမားများ၏ကိုယ်အပူချိန်ကို ပုံမှန်တိုင်းတာခြင်းတို့ကိုလုပ်ဆောင်လာရေး ညွှန်ကြားမှုများပြုလုပ်သင့်သည်။

ရေသန့်ကဲ့သို့မရှိမဖြစ်ဝန်ဆောင်မှုများပေးနေသည့် အလုပ်သမားအများစုသည် ရန်ကုန်မြို့ဆင်ခြေဖုံးမှာလာရောက်သူများဖြစ်ကြပြီး အလုပ်သို့ရောက်ရှိရန် ဈေးအသက်သာဆုံး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနေကြသည်။

ရန်ကုန်လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဘတ်စ်ကားစီးကြပြီး အစိုးရနှင့် ပုဂ္ဂလိကဖက်စပ်လုပ်ငန်းဖြစ်သည့် ရန်ကုန်ဘတ်စ်ဝန်ဆောင်မှု(YBS)သည် ကူးစက်ရောဂါမဖြစ်မီတွင် တစ်ရက်လျှင် ဘတ်စ်ကား ၄၅၀၀ ခန့်ပေးဆွဲပေးခဲ့သည်။ ဧပြီလလယ်တွင် ကျရောက်သည့် သင်္ကြန်အားလပ်ရက်များအတွင်း တစ်ရက်လျှင် ဘတ်စ်ကားစီးရေ ၁၀၀၀ ဖြင့် အကန့်အသတ်ထားကာ ပြေးဆွဲပေးမည်ဖြစ်ကြောင်း YBS က ကြေညာခဲ့သော်လည်း တကယ်တမ်းတွင် ယင်းထက်နည်းသည့် ပမာဏဖြင့်ပြေးဆွဲခဲ့ကာ တချို့ယာဉ်လိုင်းများသည် ပြေးဆွဲခြင်းမရှိဘဲ ပိတ်သိမ်းမှုပင်ပြုခဲ့သည်။ ယာဉ်စီးခရရှိငွေနည်းမှုကြောင့် ပြေးဆွဲသည့် ယာဉ်ပမာဏအကန့်အသတ်ထားရခြင်းဖြစ်ကြောင်း YBS ၏ပုဂ္ဂလိကရှယ်ယာရှင်များကပြောဆိုခဲ့သည်။

ယာဉ်များပြေးဆွဲမှုသည် ၇၀ ရာခိုင်နှုန်းအထိပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း YBS ကိုကြီးကြပ်နေသည့် ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က မေ ၂၇ ရက်တွင်ပြောဆိုခဲ့သည်။ နောက်တစ်ပတ်မှာတော့ YBS က ပုံမှန်ပြေးဆွဲမှုများကို ဇူလိုင်အထိ ပြန်လည်စတင်နိုင်ဦးမည်မဟုတ်ကြောင်းထုတ်ပြန်ခဲ့သည်။

ဘတ်စ်ကားပြေးဆွဲမှုလျှော့ချခြင်းကြောင့် လက်လုပ်လက်စားလူတန်းစား အထိခိုက်ဆုံးရှိခဲ့သည်။ အကျပ်အတည်းဖြစ်နေသည့် အချိန်မျိုးတွင် သယ်ယူပို့ဆောင်ရေးကဲ့သို့ မရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုလိုအပ်သည်။ ရှယ်ယာရှင်များ၏ဝင်ငွေမထိခိုက်စေရေးအတွက်ဆိုသည့် ပြေးဆွဲပေးသည့် ဘတ်စ်ကားစီးရေလျှော့ချမှုနောက်ကွယ်က ရည်ရွယ်ချက်က တစ်စိတ်တစ်ပိုင်းပုဂ္ဂလိကပိုင်ဖြစ်သည့် YBS သည် ရန်ကုန်ရှိ အများပြည်သူအတွက် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုကို ထောက်ပံ့ပေးမည်ဆိုသည့် ရည်မှန်းချက်ပြည့်မြောက်ရေး အတားအဆီးဖြစ်ခဲ့သည်။ ဘတ်စ်ကားစီးရေနည်းပါးခြင်းနှင့် ပြေးဆွဲပေးသည့် လမ်းကြောင်းနည်းပါးခြင်းတို့ကြောင့် ဘတ်စ်ကား ပိုမိုလူကျပ်လာပြီး အကျိုးဆက်အဖြစ် ကူးစက်နိုင်ခြေပိုများလာခဲ့သည်။

မဟာဗန္ဓုလပန်းခြံမှတ်တိုင်မှ ထွက်ခွာလာသည့် စီးနင်းသူကျပ်ညပ်နေသော ဘတ်စ်ကားတစ်စီးကို ဇွန် ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

မဟာဗန္ဓုလပန်းခြံမှတ်တိုင်မှ ထွက်ခွာလာသည့် စီးနင်းသူကျပ်ညပ်နေသော ဘတ်စ်ကားတစ်စီးကို ဇွန် ၁၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

ကူးစက်ရောဂါကြောင့် စီးပွားရေးထိခိုက်ပြီး စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းနေရသည်။ COVID-19 ကဲ့သို့ ပမာဏကြီးမားသော အကျပ်အတည်းမျိုးအတွက် ကြိုတင်ပြင်ဆင်မှုရှိခဲ့သည့် နိုင်ငံက ခပ်ရှားရှားဖြစ်ခဲ့သည်။ သို့သော် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများမရှိချိန်တွင် ဖြစ်နိုင်စရာရှိသည့် အကောင်းဆုံးအဖြေမှာ လက်ရှိ ရှိပြီးသားနည်းပညာများကို ကောင်းကောင်းအသုံးချခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့်မူ စက်ရုံများကို အရေးပါသော ပစ္စည်းများထုတ်လုပ်ခိုင်းပြီး ကုန်သွယ်ရေးဆိုင်ရာ တင်းကျပ်မှုများကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသည့် ပျက်စီးနိုင်သော ကုန်ပစ္စည်းများကို ဖြန့်ချိနိုင်ရေး နည်းလမ်းရှာဖွေရမည်ဖြစ်သည်။

ဒုတိယနည်းလမ်းတွင် အစားအစာများကို သိုလှောင်နိုင်ရေးနည်းလမ်းရှာပြီး ဝယ်လိုအားမြင့်မားလာသည့်အခါတွင် ဖြန့်ချိခြင်းလည်းပါဝင်သည်။ ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်းထုတ်လုပ်ပေးနေသည့် အပ်ချုပ်ဆိုင်များ၊ လက်ဆေးကန်များတပ်ဆင်ပေးနေသည့် ပိုက်သမားများ၊ လက်သန့်ဆေးရည်များထုတ်လုပ်ပေးနေသည့် ကုမ္ပဏီများ ကဲ့သို့ COVID-19 တိုက်ဖျက်ရေးတွင် ပါဝင်နေသည့် အသေးစားစီးပွားရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နေရင်း ပိုမိုအားတက်စေရန် မက်လုံးပေးခြင်း၊ ထောက်ပံ့ပေးခြင်းတို့ကိုလည်း ပြုလုပ်သင့်သည်။

မြန်မာပြည်သူများ၏ဒူပေနာပေခံနိုင်မှု၊ တက်ကြွသော အရပ်ဘက်လူ့အဖွဲ့အစည်းရှိနေမှုတို့ကြောင့် ပြန်လည်လျှော်ဖွတ်နိုင်သော နှာခေါင်းစည်းဖြန့်ချိခြင်းနှင့် အများပြည်သူဆိုင်ရာနေရာများတွင် လက်ဆေးနိုင်သည့် နေရာများထားရှိခြင်းတို့ကဲ့သို့ အလှူရှင်များဦးဆောင်သော လှုပ်ရှားမှုများရှိလာခဲ့သည်။ သို့သော် အလှူရှင်များက ထောက်ပံံ့သည့်ငွေများဖြင့် ပေးချေခံနေရပြီး ကုန်ပစ္စည်းများစွာ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.