သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်စီမံကိန်းများ ဓာတ်အားထုတ်ပေးနိုင်ရန် အပူတပြင်းကြိုးစားနေ

ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံတစ်ရုံသည် ယခုအပတ်တွင် စတင်လည်ပတ်နိုင်တော့မည် ဖြစ်သော်လည်း သီလဝါ၌ ဆိပ်ခံတည်ဆောက်ခြင်းမှာ ကြန့်ကြာနေသည့်အတွက် အပြည့်အဝလည်ပတ်ရန် အချိန်အတော်ကြာဦးမည်ဖြစ်သည်။

သောမတ်စ်ကင်း(န်)နှင့် ကျော်ရဲလင်း ရေးသားသည်။

လများစွာကြန့်ကြာနေပြီးနောက် ရန်ကုန် အရှေ့တောင်ဘက် သာကေတမြို့နယ်၌ သဘာဝဓာတ်ငွေ့ LNG liquefied natural gas မှ ဓာတ်အားထုတ်ပေးမည့် ၄၀၀ မီဂါဝပ် လျှပ်စစ်ဓာတ်အားစီမံကိန်း ပထမအဆင့်သည် လာမည့်အပတ်တွင် စတင်လည်ပတ် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများက Frontier ကိုပြောကြားသည်။

သို့ရာတွင် ဒုတိယစီမံကိန်းတစ်ခုဖြစ်သော သန်လျင်မြို့အနီး သီလဝါရှိ ၃၅၀ မီဂါဝပ် ထုတ်ပေးနိုင်သော စီမံကိန်းမှာမူ ပြီးစီးရန်လိုနေသေးသည်။ စီမံကိန်းနှစ်ခုစလုံးသည် သီလဝါတွင် အမြဲတမ်းဆိပ်ခံတစ်ခု တည်ဆောက်မှု ကြန့်ကြာနေသည့်အတွက် အပြည့်အဝ လုပ်ငန်းလည်ပတ်နိုင်ရန် အချိန်ကြာဦးမည်ဖြစ်သည်။

ယင်းဆိပ်ခံ၌ လောင်စာတင်သင်္ဘောငယ်များမှ ပို့ဆောင်ပေးလာသော သဘာဝဓာတ်ငွေ့ရည်များကို သိုလှောင်ရန် ကြီးမားသောသင်္ဘောကြီးဖြစ်သည့် ရေပေါ် ဓာတ်ငွေ့ရည် သိုလှောင်ရုံ Floating Storage Unit, FSU ဆိုက်ကပ်နိုင်မည်ဖြစ်သည်။

ယင်းသိုလှောင်ရုံမှ ဓာတ်ငွေ့ရည်ကို အငွေ့အဖြစ်ပြန်ပြောင်း၍ သီလဝါနှင့် သာကေတ လျှပ်စစ်ဓာတ်အားထုတ် ဂျင်နရေတာများကို ဓာတ်ငွေ့လောင်စာဖြည့်ပေးမည်ဖြစ်သည်။

တတိယစီမံကိန်း တစ်ခုဖြစ်သော ရခိုင်ပြည်နယ်ကျောက်ဖြူရှိ ၁၅၀ မီဂါဝပ်စီမံကိန်းသည် အစိုးရအာဏာပိုင်များ၏ ပြောကြားချက်အရ စက်တင်ဘာလအထိ ကြန့်ကြာနိုင်ဖွယ်ရှိနေသေးသည်။

တရုတ်အစိုးရပိုင် CNTIC (China National Technical Import and Export Corporation) နှင့် Hong Kong မှ VPower ကုမ္ပဏီတို့နှင့်အတူ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီဖြစ်သော RGK+Z&A Group တို့ပါဝင်သော ကုမ္ပဏီပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက အငြင်းပွားမှုများကြားမှ တင်ဒါအောင်သွားပြီးနောက် ယင်းစီမံကိန်း သုံးခုစလုံးကို လုပ်ကိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

သီလဝါမှ ဓာတ်အားထုတ်စက်ရုံနှင့် ဓာတ်ငွေ့ရည်သိုလှောင်ရုံ LNG Terminal သည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဆိပ်ကမ်းမြေများပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။

ယခုအခါ သီလဝါတွင် ယာယီဆိပ်ခံတစ်ခုတည်ဆောက်ထား၍ သာကေတစက်ရုံ၌ လျှပ်စစ်ဓာတ်အား အကန့်အသတ်ဖြင့် စတင်ထုတ်လုပ်နိုင်စေမည်ဖြစ်သည်။

ဇွန်လ ၁၂ ရက်တွင် စမ်းသပ်လည်ပတ်မှုကို ဓာတ်အားပမာဏ ၂၀ မီဂါဝပ်ဖြင့် စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက Frontier ကိုပြောကြားသည်။

စမ်းသပ်မှုအောင်မြင်ပြီဆိုလျှင် သာကေတစက်ရုံတွင် ဓာတ်အားပမာဏကို တိုး၍ထုတ်လုပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

“ပထမအဆင့်အနေနဲ့ ၂၀၀ မီဂါဝပ်အထိ ထုတ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ အဲဒါ တစ်ပတ်အတွင်းလောက် ဖြစ်နိုင်တယ်”ဟုပြောကြား၍ သီလဝါစက်ရုံမှာမူ ဇူလိုင်လတွင်မှ စမ်းသပ်လည်ပတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားသည်။

ယင်း ၂၀၀ မီဂါဝပ်သည် ဝန်ကြီးဌာနမှမျှော်မှန်းထားသော ပမာဏ၏လေးပုံတစ်ပုံမျှပင်မရှိသေးဘဲ နှစ်လကျော် နောက်ကျနေသည့်တိုင် ဤသို့လည်ပတ်နိုင်ခြင်းသည် အရေးပါလှကြောင်း၊ ယင်းစက်ရုံများသည် မြန်မာနိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှုတွင် ရေနည်းနေသော ရေအားလျှပ်စစ်ထုတ်ရာဆည်များကိုသာ အမှီပြုနေရခြင်းမှ သက်သာလာစေမည်ကြောင်း ဦးတင်မောင်ဝင်းက ပြောကြားသည်။

“ပူပြင်းတဲ့နွေရာသီလတွေမှာ ရေနည်းပါးတာကြောင့် ရေအားကနေ လျှပ်စစ်ထုတ်ရတာတွေက ကျဆင်းလာတယ်။ ဒါကြောင့် သာကေတစက်ရုံလို LNG ဓာတ်အားထုတ်စက်ရုံတွေကနေ လျှပ်စစ်တွေ ထပ်ထုတ်ပေးနိုင်ဖို့ အရေးကြီးတယ်” ဟု ၎င်းကဆိုသည်။

သာကေတစက်ရုံတွင် စမ်းသပ်မှုပြီးပြီးချင်း ဇွန်လ ၁၆ ရက်၌ ပထမအဆင့် ၂၀၀ မီဂါဝပ်ထုတ်လုပ်ခြင်းကို စတင်လည်ပတ်မည်ဟု စီစဉ်ထားကြောင်း စီမံကိန်းနှင့် နီးစပ်သောရင်းမြစ်တစ်ခုက အတည်ပြုပြောကြားသည်။

အရေးပေါ်သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်စီမံကိန်းတည်ရှိရာပြမြေပုံ။

အရေးပေါ်သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်စီမံကိန်းတည်ရှိရာပြမြေပုံ။

ယာယီဖြေရှင်းနည်း

ဇွန် ၆ ရက်က ဓာတ်ငွေ့ရည်သိုလှောင်သင်္ဘော CNTIC VPower Global သည် ဓာတ်ငွေ့ရည်အပြည့် တင်ဆောင်ထားသော သိုလှောင်ကန်နှင့် ရန်ကုန်မြစ်အတွင်း ဝင်ရောက်လာပြီး စမ်းသပ်လည်ပတ်ရန် သီလဝါရှိ သဘာဝဓာတ်ငွေ့ရည်သိုလှောင်ရုံ LNG Terminal ရှိရာ ယာယီဆိပ်ခံသို့ ဆိုက်ကပ်လာသည်။

ကုန်းပေါ်တွင် ဓာတ်ငွေ့ရည်မှ အငွေ့ပြန်လည်ပြုလုပ်နိုင်သော ဓာတ်ငွေ့ရည်သိုလှောင်ရုံသည် သာကေတနှင့် သီလဝါ ဓာတ်အားစက်ရုံများအတွက် ဓာတ်ငွေ့လောင်စာ ဖြည့်တင်းပေးမည်ဖြစ်သည်။

၂၈,၀၀၀ ကုဗမီတာဝင်ဆံ့သော CNTIC VPower Global သင်္ဘောကို သာကေတတွင် ကနဦး ဓာတ်အားထုတ်လုပ်ရေးအတွက် ရေပေါ်သိုလှောင်ရုံအဖြစ် ယာယီအသုံးပြုမည်ဖြစ်သည်။

လင်းပိုင် Dolphin ဟုအမည်ရသော အမြဲတမ်းဆိပ်ခံတစ်ခုကို သီလဝါစီမံကိန်းနေရာတွင် တည်ဆောက်လျက်ရှိရာ ပြီးစီးပါက ယင်းဆိပ်ခံ၌ ပိုမိုကြီးမားသော ရေပေါ်သိုလှောင်ရုံတစ်ခု (FSU) ကို ၂၈၀၀၀ VPower Global အစား ဆိုက်ကပ်နိုင်မည်ဖြစ်သည်။

၎င်းပိုကြီးသော ရေပေါ်သိုလှောင်ရုံမှာ ၁၉၉၂ က တည်ဆောက်ခဲ့သော ၁၂၆၀၀၀ ကုဗမီတာ ဆံ့သော CNTIC VPower Energy လောင်စာတင်သင်္ဘော ဖြစ်မည်ဟု Frontier ကသိရှိထားသည်။

၁၂၆,၀၀၀ ကုဗမီတာဆံ့ ဒုတိယ ရေပေါ်သိုလှောင်ရုံ FSU သည် ရန်ကုန်မြစ်၀ အပြင်ဘက်တွင် ကျောက်ချထားမည်ဖြစ်ပြီး CNTIC VPower Global က စီမံကိန်းနှစ်ခုစလုံး၌ လိုအပ်သောလောင်စာအတွက် ဆိပ်ခံနှင့် ထိုသင်္ဘောကြီးကြားတွင် ဓာတ်ငွေ့ရည်ကို လွန်းပြန်သယ်ယူပေးမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ရန်ကုန်မြစ်သည် ရေတိမ်သည့်အတွက် ၉ မီတာထက် ရေဆူးနက်သော သင်္ဘောကြီးများ ဝင်ရောက်ရန် မဖြစ်နိုင်သဖြင့် ထိုသင်္ဘောငယ်ကို အသုံးပြုရခြင်းဖြစ်သည်။

အကြီးစားရေပေါ်သိုလှောင်ရုံမှာ လောင်စာရည်တင်မထားမှသာ မြစ်တွင်းသို့ဝင်ရောက်နိုင်မည် ဖြစ်သောကြောင့်ဖြစ်သည်။

“တကယ်တော့ ဒီသင်္ဘောငယ် Vpower Global) က LNG တွေကို လွန်းပြန်သယ်ပေးဖို့အတွက်လောက်ပဲ ဆောက်ထားတာ။ ဒါပေမဲ့ အစမှာတော့ ဒါကိုပဲ ရေပေါ်သိုလှောင်ရုံအဖြစ် သုံးရဦးမယ်” ဟု အမည်မဖော်လိုသော ရင်းမြစ်တစ်ခုမှပြောကြားသည်။

“လာမယ့်နှစ်လအတွင်းမှာ အကြီးစားရေပေါ်သိုလှောင်ရုံ နှစ်စီး ရန်ကုန်ကိုရောက်မယ်လို့ ခန့်မှန်းရတယ်။

တစ်စီးက သီလဝါမှာ သိုလှောင်ရုံအဖြစ် ထားမှာဖြစ်ပြီး နောက်တစ်စီးက မြစ်ဝမှာကျောက်ချထားမယ်။ အဲ့ဒီ့လွန်းပြန်သင်္ဘောက သူတို့ကြားထဲမှာ လောင်စာသယ်ပေးမှာဖြစ်တယ်”

“အဲဒီသင်္ဘောကြီးတွေရောက်ဖို့က ဆိပ်ခံတည်ဆောက်နေတဲ့ပေါ်မှာ မူတည်တယ်”

ယင်းသင်္ဘောကြီးနှစ်စီးမှာ မူလက အယ်လ်အင်န်ဂျိလောင်စာတင်သင်္ဘောများ ဖြစ်ကြပြီး ဤစီမံကိန်းအတွက် ရေပေါ်သိုလှောင်ရုံများအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

“ဒီလိုပုံစံကို ကမ္ဘာတဝန်းသုံးနေကြတာပါ။ ဒါက ဈေးတော့မသက်သာဘူး။ ဒါပေမဲ့ အသစ်တစ်ခု ဆောက်တာနဲ့ယှဉ်ရင် အရမ်းမြန်တယ်လေ”

မေ ၁၉ ရက်တွင် လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးခင်မောင်ဝင်းက အစီအစဉ်များကို အတည်ပြုပြောကြားပြီး ၁၂၆,၀၀၀ ကုဗမီတာ FSU သည် စင်ကာပူတွင် စောင့်ဆိုင်းနေပြီဖြစ်ကြောင်း လွှတ်တော်သို့ပြောကြားခဲ့သည်။

“FSU အကြီးစားတွေဆိုက်ကပ်ဖို့ dolphin ဆိပ်ခံကို ဇူလိုင် ဒုတိယပတ်တွင် ပြီးစီးရန်မျှော်လင့်ထားပါတယ်” ဟု ၎င်းကပြောသည်။

မလေးရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သော ပက်ထရိုနပ်စ် Petronas က စီမံကိန်းအတွက် ပထမဆုံးအကြိမ် ဓာတ်ငွေ့ရည်တင်ပို့ရောင်းချခဲ့ပြီး ဆာရာဝပ် Sarawak ပြည်နယ်ရှိ ၎င်းတို့၏စက်ရုံမှ ၁၉၀,၀၀၀ ကုဗမီတာ တင်ပို့ခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က ကြေညာခဲ့သည်။

CNTIC Vpower Global သဘောကို မေ ၇ ရက်တွင်၎င်း၊ LNG လောင်စာသင်္ဘော Golar Kelvin ကို ဇွန် ၃ ရက်တွင်၎င်း လောင်စာဖြည့်ပေးခဲ့ကြောင်း Petronas မှပြောကြားသည်။

စီမံကိန်းလုပ်ဆောင်နေသော ကုမ္ပဏီပူးပေါင်းအဖွဲ့ကမူ Frontier ကို တစုံတရာပြောကြားခဲ့ခြင်း မရှိချေ။

ကြန့်ကြာသထက် ကြန့်ကြာနေ

လွန်ခဲ့သည့်နှစ် စက်တင်ဘာလက တင်ဒါဆွဲသူများကို ခြောက်လှန့်နေသကဲ့သို့ စိန်ခေါ်မှုများသော တင်ဒါအပြီးတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အထက်ပါ ကုမ္ပဏီပူးပေါင်းအဖွဲ့အား စီမံကိန်း သုံးခုစလုံးကို လုပ်ကိုင်ခွင့်ပေးခဲ့သည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အဆိုအရ ကုမ္ပဏီပူးပေါင်းအဖွဲ့သည် စီမံကိန်းအားလုံးကို ၅ နှစ်စာချုပ်နှင့် ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ဆောင်ရွက်ခဲ့သည်။

လေလံဆွဲမည့်သူများအတွက် အဓိကအခက်အခဲတစ်ခုမှာ စီမံကိန်း၏ လုပ်ဆောင်ရမှုအတိမ်အနက်နှင့် အချိန်မီ မပြီးပါက ပေးဆောင်ရမည့်ဒဏ်ကြေးကို ထည့်တွက်ကြည့်လျှင် လုပ်ငန်းလည်ပတ်နိုင်ရန် ချမှတ်ထားသော နောက်ဆုံးသတ်မှတ်ရက်မှာ နည်းပါးလွန်းနေခြင်းဖြစ်သည်။

တင်ဒါသဘောတူညီမှုအရ ကုမ္ပဏီပူးပေါင်းအဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၂၁၀ ကြာ ဧပြီ ၃ ရက်တွင် ဓာတ်အားစတင်ထုတ်ပေးရမည်ဖြစ်သည်။ အချိန်မီ မပြီးစီးပါက သာကေတစက်ရုံအတွက် တစ်ရက်လျှင် ကျပ်သန်း ၂၀၀ ၊ သန်လျင် (သီလဝါ) အတွက် ကျပ်သန်း ၁၈၀၊ နှင့် ကျောက်ဖြူအတွက် ကျပ်သန်း ၃၀ ၊ ပေါင်းလိုက်လျှင် တစ်ရက်လျှင် စုစုပေါင်း ကန်ဒေါ်လာ ၃၀၀,၀၀၀ ခန့် ဒဏ်ကြေးပေးရမည်ဖြစ်သည်။

ကုမ္ပဏီပူးပေါင်းအဖွဲ့နှင့် အစိုးရနှစ်ဘက်စလုံးက သတ်မှတ်ချိန်အမီ မပြီးစီးရခြင်းမှာ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့်ဖြစ်ကြောင်းဆိုသည်။

သာကေတထက် သီလဝါစီမံကိန်းက ကိုဗစ် ၁၉ သက်ရောက်မှုပိုများကြောင်း၊ သီလဝါတွင် လုပ်ငန်းများ နောက်ကျမှ စတင်နိုင်ခဲ့ကြောင်း စီမံကိန်းနှင့်နီးစပ်သော ရင်းမြစ်တစ်ခုမှ ပြောကြားသည်။

ဖင်လန်ကုမ္ပဏီ Wartsila မှ မှာယူထားသော မြန်နှုန်းသင့်အင်ဂျင်များ ရောက်ရှိမှုနှင့် အင်ဂျင်နီယာများက စမ်းသပ်ရန်တို့မှာလည်း ကြန့်ကြာနေရသည်။

“တရုတ်က ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ ပိတ်ထားတယ်။ မတ်လမှာ သူတို့ဖွင့်တော့ ကမ္ဘာအနှံ့က ပိတ်ပြန်ရော၊ ဒါတွေက တကယ့်အခက်အခဲတွေပဲ” ဟု ရင်းမြစ်တစ်ခုမှပြောသည်။

“ပုံမှန် လမ်းကြောင်းတွေကို သုံးလို့မရဘူး။ အားလုံးကို အရင်နဲ့မတူတာတွေ လုပ်ကြရတယ်။ လေယာဉ်နဲ့လာတဲ့ ကုန်ပစ္စည်းတွေမှာရောပေါ့။

“ဆိုပါစို့၊ နောက်ဆုံးစမ်းသပ်မယ့် အင်ဂျင်နီယာတွေ ရန်ကုန်ကို သင်္ဘောနဲ့လာရတယ်။

“ကယ်ဆယ်ရေးလေယာဉ်တွေကို ကြိုးစားကြည့်ပေမဲ့ သူတို့ကလိုက်ခွင့်မပြုဘူး။ ရောက်လာပြီးတော့လည်း ကွာရန်တင်း (quarantine) ဟိုတယ်တွေကို သွားရတယ်။ ဒီလိုနည်းတွေနဲ့ အလုပ်လုပ်နေရတာ ဘယ်လောက်ခက်ခဲမလဲ စဉ်းစားသာကြည့်ပါတော့”

ပြီးခဲ့သည့်လက လွှတ်တော်တွင် ဦးခင်မောင်ဝင်း၏ တင်ပြချက်များ၌ ပဲခူးတိုင်း ရွှေတောင်မြို့က ၇၀ မီဂါဝပ် ဓာတ်ငွေ့သုံးဓာတ်အားစက်ရုံကဲ့သို့ ဆောင်ရွက်ဆဲဖြစ်သော အခြားစက်ရုံများအပါအဝင် ဤစီမံကိန်း သုံးခုသည်လည်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် သတ်မှတ်ချိန်ထက် အနည်းငယ်နောက်ကျနေရကြောင်း ပြောကြားခဲ့သည်။

သီလဝါတွင် ယာယီဆိပ်ခံတည်ဆောက်ခြင်းမှာလည်း ဘယ်ဂျီယန်မှ အင်ဂျင်နီယာများသည် မေ ၁၂ တွင်မှ ရောက်ရှိလာနိုင်ပြီး မဖြစ်မနေ ကွာရန်တင်းဝင်ရသည့်အတွက် ကြန့်ကြာနေရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကာလမှာပင် ကျောက်ဖြူနှင့် သီလဝါစီမံကိန်းအတွက် ဓာတ်ငွေ့သိုလှောင်ကန်များ တည်ဆောက်နေသော တရုတ်နိုင်ငံ ဟူဘေးပြည်နယ်မှ စက်ရုံတစ်ရုံမှာလည်း လုပ်ငန်းရပ်ဆိုင်းထားရကြောင်း ဆိုသည်။

အင်ဂျင်စက်များတပ်ဆင်ခြင်းနှင့် အခြားလုပ်ဆောင်ချက်များ ပြီးစီးသော်လည်း ISO သိုလှောင်ကန်များ ရောက်ရှိမှုကြန့်ကြာနေပြန်သည့်အတွက် ၎င်းတို့ဆိုခဲ့သည့်အတိုင်း ကျောက်ဖြူတွင် ဓာတ်အားထုတ်ပေးနိုင်မှုမှာ လာမည့်စက်တင်ဘာလအထိ စတင်နိုင်မည် မဟုတ်သေးကြောင်း ၎င်းကပြောသည်။

သိုလှောင်ကန်များသည် အလှမ်းဝေးသောနေရာများသို့ သဘာဝဓာတ်ငွေ့ရည်ပမာဏ အနည်းငယ်ပေးနိုင်ရန် သုံးရခြင်းဖြစ်ပြီး လောင်စာသင်္ဘောများနှင့်မဟုတ်ဘဲ ကုန်သေတ္တာတင်သင်္ဘောများ၊ သို့မဟုတ် ကုန်တင်ကားများနှင့် ပို့ဆောင်ပေးခြင်းဖြစ်သည်။

သီလဝါတွင် ဓာတ်အားထုတ်စက်ရုံနှင့် ချိတ်ဆက်ရန် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်နေခြင်းသည်လည်း သတ်မှတ်ချိန်ထက် အတန်ပင်နောက်ကျနေကြောင်း ဦးခင်မောင်ဝင်းကပြောကြားသည်။

ဓာတ်အားခွဲရုံသည် မေ ၂၀ တွင် ၁၄ ရာခိုင်နှုန်းသာပြီးသေးသော်လည်း ယင်းမှာ ဇွန် ၁၆ ရက်တွင် လည်ပတ်ရန် အဆင်သင့်ဖြစ်မည်ဖြစ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်တွင်ပြောကြားခဲ့သည်။

ထို့ပြင် သာကေတစီမံကိန်း၏ ပထမအဆင့်သည် မေ ၃၀ တွင် လည်ပတ်တော့မည်ဖြစ်ကြောင်းလည်း ပြောသည်။ သို့သော် ယင်းသတ်မှတ်ရက် နှစ်ခုစလုံးမှာ လွဲချော်နေခဲ့ရပြီး တစိတ်တဒေသမှာ ဆိပ်ခံတည်ဆောက်မှု ကြန့်ကြာနေခြင်းကြောင့်လည်း ဖြစ်သည်။

ရေပေါ်ဓာတ်ငွေ့ရည်သိုလှောင်ရုံသင်္ဘောဆိပ်နှင့် သီလဝါဆိပ်ကမ်းကို ကောင်းကင်ယံမှတွေ့ရစဉ်။ ဓာတ်ပုံ - ခွန်လတ်

ရေပေါ်ဓာတ်ငွေ့ရည်သိုလှောင်ရုံသင်္ဘောဆိပ်နှင့် သီလဝါဆိပ်ကမ်းကို ကောင်းကင်ယံမှတွေ့ရစဉ်။ ဓာတ်ပုံ – ခွန်လတ်

စွမ်းအင်ဝယ်ယူရေး အတည်ပြုပြီးပေမဲ့ ဒဏ်ကြေးကိစ္စ မဖြေရှင်းရသေး

တင်ဒါကိုကြေညာစဉ်ကတည်းက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ပြီးခဲ့သည့်နွေရာသီတွင် ဓာတ်အားပြတ်တောက်မှုကို ရှောင်ရှားနိုင်ရန် တင်းကျပ်သော သတ်မှတ်ရက်ကို ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

သို့သော် ကိုဗစ် ၁၉ ကြောင့် စီးပွားရေးအခြေအနေများ ဆိုးရွားကာ ပြည်တွင်းစွမ်းအင်လိုအပ်ချက် နည်းပါးမှုကြောင့် စွမ်းအင်ပြတ်တောက်မှုမှာ ထင်သလောက် မဖြစ်ပေါ်ခဲ့ပေ။ ယခုအချိန်တွင် ဝန်ကြီးဌာနသည်လည်း ပုံမှန်နှင့်မတူ ထူးခြားစွာ ဓာတ်အားပိုလျှံနိုင်သည့် အလားအလာရှိနေပြီး အစိုးရက ဓာတ်အားတိုးတက်ထုတ်လုပ်မှုကို လိုအပ်ချက် အမှန်တကယ် ရှိရှိ မရှိရှိ ကုန်ကျခံရတော့မည်ဖြစ်သည်။

နောက်ကျဒဏ်ကြေးကိစ္စများကို မည်ကဲ့သို့ ဖြေရှင်းမည်၊ ကုမ္ပဏီပူးပေါင်းအဖွဲ့က ဒဏ်ကြေးများအားလုံး ပေးဆောင်ရနိုင်ခြေရှိမရှိမှာလည်း မဆုံးဖြတ်ရသေးပေ။

ဝန်ကြီးဌာနနှင့် ကုမ္ပဏီအဖွဲ့သည် စီမံကိန်း သုံးခုအတွက် သဘောတူစာချွန်လွှာ ရေးထိုးထားပြီးဖြစ်သော်လည်း စွမ်းအင်ဝယ်ယူရေး သဘောတူစာချုပ်ကို မချုပ်ဆိုရသေးဘဲ တင်ဒါတွင်ဖော်ပြထားသော သတ်မှတ်ချက်များအရ ဒဏ်ကြေးပေးဆောင်ရန်ကိစ္စသည်လည်း မဆောင်ရွက်နိုင်သေးပေ။

ကုမ္ပဏီအဖွဲ့က ပေးဆောင်ရနိုင်သည့်ဒဏ်ကြေးကို ရှောင်ရှားနိုင်ရန် ကိုဗစ် ၁၉ ဖြစ်ပွားခ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.