ဘာသာရေးမီးတောက် အောက်ဝယ်

အာဏာပိုင်တွေရဲ့အကူအညီနဲ့အတူ မြန်မာ့ဗုဒ္ဓဘာသာ အစွန်းရောက်တွေက မွတ်ဆလင်ပိုင် စီးပွားရေး လုပ်ငန်း တွေကို ဦးတည်တိုက်ခိုက်ကြပါတယ်။

ဆွေဝင်း ရေးသားသည်။

မနှစ်က လွင်ထွန်းလို့ ခေါ်တဲ့ မွတ်ဆလင် စီးပွားရေးသမားတစ်ဦးဟာ မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီးက လပွတ္တာမြို့မှာ စက်ရုံတစ်ရုံ တည်ဆောက်ခဲ့ပါတယ်။ အဆောက်အအုံတွေ၊ အအေးပေးစနစ်တွေအတွက် ကန် ဒေါ်လာ ၃၃၀,၀၀၀ ကုန်ကျခံခဲ့ပေမယ့် သူ့စက်ရုံက ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အသားအတွက် ထုတ်ကုန်ကို ဝယ်လို့ မရနိုင်ခဲ့ပါဘူး။

လပွတ္တာမြို့က မွတ်ဆလင်ပိုင် သားသတ်ရုံ ခုနှစ်ရုံလောက် ချက်ချင်းဆိုသလို လုပ်ငန်းရပ်တန့်ခဲ့တာကြောင့် ဖြစ်ပါ တယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ လိုင်စင်သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ဒေသခံအာဏာပိုင်တွေက ဗုဒ္ဓ ဘာသာ အစွန်းရောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မဘသအဖွဲ့ဝင်တွေထံကို လိုင်စင်ရောင်းချခဲ့လို့ပဲ ဖြစ်ပါတယ်။ မွတ်ဆလင် သားသတ်ရုံတွေ ရပ်သွားခဲ့သလို ဦးလွင်ထွန်းရဲ့ အသားထုတ်လုပ်ရေးစက်ရုံဟာလည်း သုံးလအကြာမှာ ရပ်တန့် သွားခဲ့ရပါတယ်။

မြန်မာမွတ်ဆလင်လူနည်းစုက ဗုဒ္ဓဘာသာဝင်လူများစု နေထိုင်တဲ့ တိုင်းပြည်ရဲ့ ငါးရာခိုင်နှုန်းခန့်ရှိပြီး ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေက သားသတ်ရုံစီးပွားရေးလုပ်ငန်းနဲ့ အမဲသား ကုန်သွယ်ရေး အပေါ် အဓိကထား မှီခိုနေကြပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးတင်းမာမှု တအုံနွေးနွေး ဖြစ်နေတာ စစ်အာဏာရှင်စနစ် အုပ်စိုးခဲ့တဲ့ ရာစုနှစ် ထက်ဝက် နီးပါးလောက် ရှိခဲ့ပြီဖြစ်ပြီး အရပ်သားတစ်ပိုင်းအစိုးရ အာဏာရလာတဲ့ ၂၀၁၂ ခုနှစ်မှာမှ ဆူညံပွက်လော ရိုက်ခဲ့ တာပါ။

အခုအခါမှာတော့ မွတ်ဆလင် စီးပွားရေးလုပ်ငန်းတွေက မြန်မာနိုင်ငံရဲ့ ပိုမိုပွင့်လင်းလာတဲ့ နိုင်ငံရေးရပ်ဝန်းမှာ အားပါတဲ့ လွှမ်းမိုးမှုတွေကို ရရှိထားပြီဖြစ်တဲ့ ဗုဒ္ဓဘာသာ အစွန်းရောက်တွေ ဝါဒဖြန့်တဲ့ မွတ်ဆလင်ဆန့်ကျင်ရေး အမြင်တွေရဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါပြီ။ ၂၀၁၃ ခုနှစ် နှောင်းပိုင်းကာလက စတင်ခဲ့တဲ့ မဘသ ထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုဟာ ဧရာဝတီ တိုင်းဒေသကြီးတစ်လွှားမှာရှိတဲ့ မွတ်ဆလင်ပိုင် သားသတ်ရုံတွေနဲ့ အမဲသား ထုတ်လုပ်ရေးစက်ရုံ ဒါဇင်ပေါင်းများစွာကို မွတ်ဆလင်ပိုင်ရှင်တွေထံက ထောင်နဲ့ချီတဲ့နွားတွေ ဖမ်းဆီး သိမ်းယူခြင်း အားဖြင့် ပိတ်သိမ်းစေခဲ့တာကို အခုဆန်းစစ်ချက်ေတွေမှာ တွေ့ရှိခဲ့ရပါတယ်။ ခုလို အခြေအနေကနေ လွတ်မြောက် ခဲ့တဲ့ တခြားမွတ်ဆလင် စီးပွားရေးလုပ်ငန်းတွေကလည်း သူတို့ရဲ့ဝင်ငွေတွေ ဇောက်ထိုး မိုးမျှော်ကျဆင်းသွားတာ ကို ကြည့်နေခဲ့ရပါပြီ။

ဒီသတင်းရေးသူ ရရှိခဲ့တဲ့ အစိုးရမှတ်တမ်းတွေ၊ အာဏာပိုင်တွေနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေအရ ဧရာဝတီ တိုင်း ဒေသကြီးရဲ့ ထိပ်တန်းအာဏာပိုင်တွေက မွတ်ဆလင်သားသတ်ရုံတွေကို ဆန့်ကျင်တဲ့ အခုလှုပ်ရှားမှုကို ထောက်ခံ ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့ အများစု နိုင်ငံမဲ့ဖြစ်နေတဲ့ ဘင်္ဂါလီမွတ်ဆလင်တွေ အကြား က အကြမ်းဖက်မှု မြင်ကွင်းတွေရှိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဗုဒ္ဓဘာသာအစွန်းရောက်လှုပ်ရှားသူတွေက ဖမ်းယူ သိမ်းဆည်းထားတဲ့ နွားအုပ်တွေ ပို့ဆောင်ခွင့်ကိုလည်း အစိုးရက ခွင့်ပြုခဲ့ပါတယ်။

ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်းက ပြန်လည်အခြေချနေထိုင်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေထံကို လှူဒါန်း ခဲ့ပါတယ်။ အသက် ၄၉ နှစ်အရွယ်ရှိ လွင်ထွန်းဟာ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရန်ကုန်မြို့တော်အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေနဲ့ ဟိုတယ်လုပ်ငန်းတွေ ပိုင်ဆိုင်ထားပါတယ်။ သို့ပေမယ့် မဘသရဲ့ ကျေးဇူး ကြောင့် လပွတ္တာက သူရဲ့လုပ်ငန်းတွေ မွဲပြာကျသွားတယ်လို့ ဆိုပါတယ်။

“မွတ်ဆလင်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ဆန့်ကျင်ဖို့တောင်းဆိုတဲ့ ကမ်ပိန်းလှုပ်ရှားသူတွေဟာ မြို့ထဲမှာ သွား လာခဲ့ကြပြီး ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ “လက်ကမ်းစာစောင်တွေကို ဝေခဲ့ပြီးပြီ။ ရဲတပ်ဖွဲ့ဝင်တွေက ဒီအကြောင်းကို သိပေမယ့် အရေးယူမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ဘူး” လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဘာသာရေးလွတ်လပ်ခွင့်

သားသတ်ရုံတွေနဲ့ အမဲသားကုန်သွယ်ရေးကို ဆန့်ကျင်လှုပ်ရှားခြင်းဟာ စားဝတ်နေရေးနဲ့ ဘာသာရေး လွတ်လပ် ခွင့်ကို ခြိမ်းခြောက်နေတယ်လို့ မွတ်ဆလင်တွေက ဆိုပါတယ်။ ကျွဲနွားရှားပါးခြင်းနဲ့ အစိုးရရဲ့ နည်းဥပဒေ တင်းကြပ်မှုတွေကြောင့် ဧရာဝတီတိုင်းက မွတ်ဆလင်အသိုင်းအဝိုင်းတွေအနေနဲ့ မနှစ်က အစ်ပွဲတော်ကျင်းပချိန်မှာ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ နွားတွေကို အစ္စလာမ်ဘာသာ ရိုးရာအစဉ်အလာနဲ့အညီ သတ်ဖြတ်ရလေ့ ရှိတာ ကြောင့်ပါ။

“ဒီလှုပ်ရှားမှုက ကျွနု်ပ်တို့ရဲ့ အခြေခံဘာသာရေး အခွင့်အရေးတွေအပေါ် တိုက်ရိုက်ချိုးဖောက်နေပါတယ်” လို့ ရန်ကုန်အစ္စလာမ်စင်တာရဲ့ ဆော်သြသူအကြီးအကဲ အယ်လ်ဟာဂျီ အေးလွင်က ဖွင့်ဟခဲ့ပါတယ်။ “ယေဘုယျ အားဖြင့် (မွတ်ဆလင်) စီးပွားရေးလုပ်ငန်းတွေက သူတို့အမြတ်ရဲ့ ၃၀ ရာခိုင်နှုန်းခန့် အရှုံးပေါ်မယ်လို့ ခန့်မှန်းမိ တယ်” လို့ သူက ဆိုပါတယ်။

အသက်တွေကို ကယ်တင်ခြင်းဟာ ဗုဒ္ဓဝါဒရဲ့ အဓိကအခြေခံ ဖြစ်တယ်လို့ မဘသရန်ကုန်ဌာနချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ကျော်စိန်ဝင်းက တုန့်ပြန်ဖြေရှင်းခဲ့ပါတယ်။

“ကျွန်တော်တို့က (မွတ်ဆလင်) စီးပွားရေးလုပ်ငန်းတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတာ မဟုတ်ပါ ဘူး။ တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်းက ကုသိုလ်ဖြစ်တယ်လို့ သူတို့ယုံကြည်တာကြောင့် သတ္တဝါတွေကို သူတို့ သတ်ကြပါလိမ့်မယ်။ အဲဒါက ကျွန်တော်တို့နဲ့ သူတို့အကြားက ခြားနားချက် ဖြစ်ပါတယ်” လို့လည်း သူရဲ့အမြင် သဘောထားကို ပြောကြားပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အမည်ခံအရပ်သားအစိုးရထံကို စစ်တပ်က အာဏာ လွှဲ ပြောင်းပေးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဗုဒ္ဓဘာသာ မျိုးချစ်လှုပ်ရှားမှုတွေ ဦးဆောင်တဲ့ ဘာသာရေး တင်းမာမှု တွေနဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ပြောဆိုစည်းရုံးမှုတွေ မြင့်တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။ တိုင်းပြည်ရဲ့ တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးက သူ့ရဲ့နောက်အဆင့်တစ်ဆင့်ကို လာမယ့်နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ စတင်ဆောင်ရွက်ပါလိမ့်မယ်။ ဆယ်စုနှစ်ပေါင်း များစွာအတွင်းမှာ အတိုက်အခံပါတီ အားလုံး ပါဝင်ယှဉ်ပြိုင်တဲ့ ပထမဆုံး ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပါတယ်။

မဘသ သို့မဟုတ် ၉၆၉ လို့ လူသိများတဲ့ ဗုဒ္ဓဘာသာ အစွန်းရောက် လှုပ်ရှားမှုတစ်ရပ်က မွေးဖွားလာတဲ့ မြန်မာ့ မျိုးချစ်အစည်းအရုံးဟာ ဖွံ့ဖြိုးစ မြန်မာ့ဒီမိုကရေစီခေတ်မှာ ထင်ပေါ်ကျော်ကြားလာခဲ့ပါပြီ။ ဒီအဖွဲ့ကို ဗုဒ္ဓဘာသာ ဝင်တွေနဲ့ မွတ်ဆလင်ဘာသာဝင်တွေအကြား အကြမ်းဖက်မှုတွေ စတင်ပေါ်ပေါက်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ဇွန်လမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဗုဒ္ဓဝါဒဟာ အစ္စလာမ်ဘာသာရဲ့ ခြိမ်းခြောက်တာကို ခံနေရပြီး မွတ်ဆလင်တွေကို ခွဲခြားဆန့်ကျင်ဖို့ ရေးဆွဲထားတယ်လို့ ယူဆရတဲ့ “အမျိုးဘာသာစောင့်” ဥပဒေကြမ်းလေးရပ်ကို ပါလီမန်ထောက်ခံမှုနဲ့ အတည်ပြုဖို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီအဖွဲ့က အောင်နိုင်ရေး လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ၂၀၁၄ ခုနှစ် အောက်တိုဘာ လအတွင်း ကျင်းပခဲ့ပြီး မြို့တချို့ကလည်း သူတို့ရဲ့လှုပ်ရှားမှုအောင်ပွဲကို ကျင်းပခဲ့ပါတယ်။

ဇွန်လအတွင်း ကျင်းပခဲ့တဲ့ ဒုတိယညီလာခံ နီးကပ်လာချိန်မှာ မဘသက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေအရ ဘာသာရေး အခမ်းအနားတွေထဲမှာ မွတ်ဆလင်တွေရဲ့ တိရစ္ဆာန်တွေ သတ်ဖြတ်မှုကို ပိတ်ပင်ဖို့ အစိုးရကို တောင်းဆိုသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒီပွဲကို သံဃာတော်နဲ့ အရပ်သား စုစုပေါင်း ၆,၈၀၀ တက်ရောက်ခဲ့ တယ်လို့ မဘသက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မဘသကို ဝေဖန်သူတွေကတော့ အဲဒီအဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေဟာ အစိုးရကိန်းဂဏန်းတွေအရ ၂၅၀,၀၀၀ ရှိတဲ့ မြန်မာနိုင်ငံအတွင်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။ သံဃာ အဆင့်ဆင့် အကြားမှာလည်း မဘသရဲ့မူဝါဒတွေက ဗုဒ္ဓဝါဒရဲ့ အနှစ်သာရကို ထင်ဟပ်စေခြင်း မရှိတဲ့အပေါ် စိုးရိမ်မှုတွေ မြင့် တက်လာခဲ့ပါတယ်။

“ကျွန်ုပ်တို့ရဲ့ လည်ပင်းကို ဖြတ်တောက်ဖို့ ဆောင်ရွက်ခြင်း”

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကတော့ အဲဒီအမျိုးသားရေးလှုပ်ရှားမှုဟာ သူနဲ့ သူ့ရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရွေးကောက်ပွဲအတွက် အရေးပါတဲ့အချိန်မှာ တိုက်ခိုက်ဖို့ စစ်တပ် နဲ့ဆက်စပ်တဲ့ ရေပေါ်ဆီလူတန်းစားက အသုံးချနေတာလို့ ပြောဆိုကြပါတယ်။ မဘသနဲ့ ဆက်စပ်တဲ့ သံဃာတော် တွေက NLD ဟာ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ ပျက်ကွက်နေတယ်လို့ လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

မွတ်ဆလင်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ဆန့်ကျင်ဖို့အတွက် လှုံ့ဆော်တောင်းဆိုမှုတွေဟာ မြို့ကြီးပြကြီးတွေမှာ ထိရောက်မှု နည်းပေမယ့် သတ်ဖြတ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှု၊ နွားတွေကို သတ်ဖြတ်မှုကို အစဉ်အလာ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ ရွံ့ရှာမှုကို ပုံဖော်ခြင်းဟာ ဧရာဝတီဒေသက ဗုဒ္ဓဘာသာဝင်တွေထံမှာ ပွက်လောညံနေခဲ့ပါပြီ။

မြန်မာ့ဆန်ကို အများဆုံးစိုက်ပျိုးပြီး ကျယ်ပြန့်တဲ့ စပါးခင်းတွေနဲ့ ရေကြောင်းလမ်းတွေရှိတဲ့ ဒီနေရာမှာ မြို့ပေါ်နေ ကုန်သည်အများစုဖြစ်တဲ့ ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေဟာ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ခြောက်သန်းလောက်ရှိတဲ့ လယ်သမားတွေကြားမှာ နေထိုင်နေကြတာပါ။

မြန်မာလယ်သမားတွေဟာ အစဉ်အလာအနေနဲ့ နွားနဲ့ကျွဲကို ဝန်စည်စလယ် သယ်ပိုးတဲ့ တိရစ္ဆာန်အဖြစ် မွေးမြူကြ ပြီး မင်္ဂလာကိစ္စ ဒါမှမဟုတ် ဆေးဝါးကုသရာမှာ အသုံးပြုဖို့အတွက် အလျင်အမြန် ငွေရလိုတဲ့အခါမှသာ သားသတ် ရုံတွေကို ရောင်းချကြပါတယ်။ မဘသလှုပ်ရှားမှုက လယ်သမားတွေအနေနဲ့ သူတို့ရဲ့ ကျွဲနွားတွေကို ရောင်းချမှု ရပ်တန့်ဖို့ တောင်းဆိုခဲ့တာ မရှိသေးပေမဲ့ ယင်းအစား သားသတ် လိုင်စင်တွေ ဆွဲခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ်မှာ ဧရာဝတီမြစ်ဝှမ်းဒေသက မဘသသံဃာတော်တွေက ဇီဝိတဒါနသက်ကယ် (တိရစ္ဆာန်များ ကယ် ဆယ်ထိန်းသိမ်းရေး) အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဧရာဝတီ တိုင်းဒေသကြီးအတွင်းက ဘုန်းကြီးကျောင်းတွေကို ဒါယိကာ၊ ဒါယိကာမတွေထံက ကန်ဒေါ်လာ ၁၀၀ ခန့် စုဆောင်းကာ လိုင်စင်ဆွဲဖို့အတွက် လှူဒါန်းကြဖို့ တောင်းဆိုခဲ့ပါတယ်။

“ဇီဝိတဒါနသက်ကယ်အဖွဲ့က ဆောင်ရွက်တဲ့ ဒီလှုပ်ရှားမှုကို ကျွန်တော်တို့အနေနဲ့ ထောက်ခံပါတယ်။ ဇီဝိတဒါန သက်ကယ်အဖွဲ့က သံဃာတော်အများစုဟာ မဘသအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပေမယ့် ကျွန်တော်တို့အနေနဲ့ ဌာနချုပ်ကနေ တိုက်ရိုက်ညွှန်ကြားတာတွေ မရှိပါဘူး” လို့ မဘသရဲ့ ပြောရေးဆိုခွင့်ရှိသူ ကျော်စိန်ဝင်းက ပြော ကြားလိုက်ပါတယ်။

ဗုဒ္ဓဘာသာဝင် အစွန်းရောက် သံဃာတော်တွေက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ ကျွဲနွားတိရစ္ဆာန် သတ်ဖြတ် တာဟာ ဗုဒ္ဓဘာသာအပေါ် စော်ကားခြင်းဖြစ်ပြီး ကျွဲနွားတွေ မျိုးသုဉ်းစေမယ့် အစ္စလာမ်လျှို့ဝှက်အကြံအစည်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ် ပျံ့နှံ့စေဖို့ ပြင်းထန်တဲ့ သြဝါဒတွေ ချွေခဲ့ပြီး ဖြစ်ပါတယ်။ “သတိထားရမယ့်အချိန်ကိုရောက်ပြီလို့” သတိပေးတဲ့ စာသားတွေပါတဲ့ သီချင်းကို ဒီအခမ်းအနားတွေမှာ ဖွင့်ပြ ခဲ့ပါတယ်။ “ဗုဒ္ဓဘာသာဝင်တွေနဲ့ နောက်လိုက်တပည့်တွေက ခံဘက်ကချည်း မဟုတ်တော့ဘူး။ သင်သာ ငြိမ်ခံနေ မယ်ဆိုရင် သင့်ရဲ့ အမျိုးဘာသာ၊ သာသနာ ပျောက်ကွယ်သွားလိမ့်မယ်”

ဧရာဝတီ တိုင်းဒေသကြီးအတွင်းက သံဃာတော် ဒါဇင်ပေါင်းများစွာထဲက တစ်ပါးဖြစ်တဲ့ သက်တော် ၆၅ နှစ် အရွယ် ပညိန္ဒဟာ အခုလှုပ်ရှားမှုကို ထောက်ခံဖို့ ထွက်ပေါ်လာခဲ့တာပါ။

“ကိုယ်တော်တို့ဘာသာက ကိုယ်ပိုင်ကျွဲနွားတွေအားလုံးကို ဆုံးရှုံးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ကုလားတွေက ထောင်နဲ့ချီပြီး သတ်နေပါတယ်” လို့ အသုတ်မြို့က သံဃာတော်တစ်ပါးဖြစ်တဲ့ ပညိန္ဒက အိန္ဒိယအနွယ်ဝင်လူမျိုးတွေကို နှိမ့်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်းကို သုံးပြီး ပြောကြားခဲ့ပါတယ်။ “ဘာကြောင့်လဲဆိုတာ သင်တို့သိသလား။ သူတို့က ကျုပ်တို့ရဲ့လည်ပင်းကို ဘယ်လိုဖြတ်ရမလဲဆိုတာအတွက် လေ့ကျင့်နေကြတာ” လို့လည်း ပြောကြားခဲ့ပါတယ်။

အစိုးရပူးပေါင်းဆောင်ရွက်မှု

မိမိတို့အဖွဲ့အနေနဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှာ လိုင်စင်ဆွဲဖို့အတွက် ငွေကြေး အလုံ အလောက် ကောက်ခံပြီးပြီလို့ မဘသကိုယ်စားလှယ်တွေက ဆိုကြပါတယ်။ တစ်ခါတရံမှာ မိမိတို့ အစီအစဉ် အတွက် အစိုးရထောက်ပံ့မှုကို လက်ခံရရှိတယ်လို့လည်း ပြောကြားထားပါတယ်။

ကလေးတွေကို မဘသအကြောင်း သင်ကြားဖို့ စာအုပ်တွေနဲ့ ပြည့်နေတဲ့စားပွဲပေါ်မှာ ထိုင်နေသူ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် သိန်းအောင်က မိမိအနေနဲ့ အဖွဲ့ကိုရောင်းချခဲ့တဲ့ လိုင်စင်တွေအတွက် ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးဖို့ အတည်ပြုပေးခဲ့ပြီး အဖွဲ့ရဲ့ဆောင်ရွက်မှုကို ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

“ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ ကျွဲနွားသတ်ဖြတ်တာကို သဘောမတူပါဘူး။ ဒါကြောင့် ဒီလှုပ်ရှားမှုကို ဦးဆောင် နေတဲ့ သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောခဲ့တာပါ။ သားသတ်လိုင်စင်တွေ ရရှိဖို့အတွက် သူတို့ကို ကျွန်တော်ကူညီခဲ့ပါတယ်” လို့ ၂၀၁၁ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ် သမ္မတဦးသိန်းစိန်က ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းအောင်က ဆိုလိုက်တာပါ။ ဒါ့အပြင် မိမိရုံးအနေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက သားသတ်လိုင်စင်တွေကို ချိုးဖောက်တဲ့ အထောက်အထားတွေအကြောင်း ကမ်ပိန်း လှုပ်ရှားသူတွေက သတင်း ပေးလာရင် ဖမ်းဆီးဖို့အတွက် “အထူးအဖွဲ့တစ်ဖွဲ့” ကို စေလွှတ်ထားတယ်လို့လည်း ဆိုပါသေးတယ်။

ဧရာဝတီမြစ်ဝှမ်းဒေသက လပွတ္တာလို မြို့တော်တော်များများမှာ မဘသအဖွဲ့ဝင်တွေက လိုင်စင်အားလုံး ဝယ်ယူပြီး ဒေသခံ မွတ်ဆလင်ပိုင် သားသတ်လုပ်ငန်းတွေကို လုပ်ငန်းပျက်အောင် ဆောင်ရွက်ဖို့ စီမံလှုပ်ရှားနိုင်ခဲ့ပါတယ်။

ပန်းတနော်မြို့မှ ကမ်ပိန်းလှုပ်ရှားသူတွေက သားသတ်လိုင်စင် ၄ ခုစလုံးကို ၅၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ၂၀၁၃ ခုနှစ်မှာ ဝယ်ယူရရှိခဲ့တယ်လို့ မဘသရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ပန်းတနော်မြို့ အကျော်အမော် အရှင်ကုမာရက ဆိုပါတယ်။

အကျိုးဆက်အနေနဲ့ နွားအကောင်ရေ ၈၀ လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ အရှင်ကုမာရက ဆိုပါတယ်။ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ သူ့အဖွဲ့ရဲ့အောင်မြင်မှုအဖြစ် ယခုအချိန်မှာလည်း ၃၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ဆက်လက်ရရှိနေတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒီသုံးသပ်ချက်ဆောင်းပါးရေးသူ သတင်းထောက်က ရရှိထားတဲ့ မှတ်တမ်းအရ မဘသအနေနဲ့ “မြို့နယ်ပေါင်း ၁၅ မြို့နယ်က သားသတ်လိုင်စင်တွေကို အောင်မြင်စွာ လေလံဆွဲခဲ့ကြောင်း” ဦးသိန်းအောင်ကိုယ်စား ဧရာဝတီ တိုင်းဒေသကြီးရဲ?
အတွင်းရေးမှူးဖြစ်သူ ဦးအေးကျော်က ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ လက်မှတ်ထိုးထားတဲ့ “လျှို့ဝှက်” မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

တခြားနေရာတွေမှာ မဘသအဖွဲ့ဝင်တွေက မွတ်ဆလင်ပိုင် သားသတ်ရုံတွေနဲ့ ကျွဲနွားသယ်ဆောင်မှုတွေကို စောင့်ကြည့်ဖမ်းဆီးဖို့ စတင်ခဲ့ပါတယ်။ တိရစ္ဆာန်ဘယ်လောက်များများကို သတ်ဖြတ်ရမလဲဆိုတဲ့ လိုင်စင် ကန့်သတ်ချက်တွေကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ မြို့နယ်ပေါင်း ၂၆ မြို့နယ်က အုပ်ချုပ်ရေးအရာရှိတွေအတွက် အစိုးရညွှန်ကြားချက်မှာ သားသတ် ရုံတွေကို စောင့်ကြည့်စစ်ဆေးနေတဲ့ မဘသအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။ နောက် တစ်ခုမှာတော့ သံဃာတော်တွေအနေနဲ့ အဲဒီလှုပ်ရှားမှုတွေထဲမှာ တိုက်ရိုက်ပါဝင်တာကို ရှောင်ရှားဖို့ တောင်းဆို ထားပါတယ်။

ညအချိန် ဝင်ရောက်စီးနင်းမှုများ

ဧရာဝတီမြစ်ဝှမ်းဒေသတစ်လွှားက မြို့ငယ်၊ ရွာငယ်အဆက်ဆက်မှာ အမှောင်ပျိုးလာပြီဆိုရင် ကျယ်ပြန့်တဲ့ စပါး ခင်းတွေနဲ့ အကွေ့အကောက်များတဲ့ ရေကြောင်းလမ်းပေါ်ကို သွားလာတဲ့သူ အနည်းငယ်ပဲ ရှိပါတယ်။ သို့ပေမဲ့ ရန်ကုန်မြို့အနောက်ဘက် ကီလိုမီတာ ၁၅၀ အကွာက ကျုံပျော်မြို့မှာတော့ ရပ်ကျေးမဘသ အတွင်းရေးမှူးဖြစ်သူ ဝင်းရွှေ၊ သံဃာအဖွဲ့တစ်ဖွဲ့နဲ့ နောက်လိုက်နောက်ပါတွေဟာ ညအချိန်မှာ သွားလာ လှုပ်ရှားလျက်ရှိပါတယ်။

ဒီအဖွဲ့က ၂၀၁၄ ခုနှစ်မှာ သားသတ်လိုင်စင် ခြောက်ခုထက်မနည်းကို ဝယ်ယူဖို့အတွက် အများပြည်သူ လှူဒါန်းမှု ကနေ ကန်ဒေါ်လာ ၂၅”

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.