အမှုကိုကြာအောင် အချိန်ဆွဲနေသည်ဟု ဦးကိုနီမိသားစု ရှေ့နေက ပြောကြား

ရဲမွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရသည့်အမှုတွင် စွပ်စွဲခံရသူများ၏ ရှေ့နေများက အချိန်ဆွဲနေမှုကြောင့် လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများကို ၆၂ ကြိမ်မြောက ်ရုံးချိန်းရောက်သည်အထိ စစ်ဆေးမှု မပြီးဆုံးခြင်းဖြစ်သည်ဟု ဦးကိုနီမိသားစု၏ ရှေ့နေဖြစ်သူ ဦးနေလက ပြောကြားသည်။

ဇူလိုင် ၂၀ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးတွင် ပြုလုပ်သည့် ၆၂ ကြိမ်မြောက် ရုံးချိန်းအပြီးတွင် သတင်းထောက်များကို ၎င်းက ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသူများဘက်မှ တရားခံပြသက်သေ ၅ဝ ကျော် တင်သွင်းထားသေးသည်ဟုလည်း ၎င်းကဆိုသည်။

ထိုနေ့ ရုံးချိန်းတွင် စွပ်စွဲခံရသူတစ်ဦးဖြစ်သည့် အောင်ဝင်းဇော်ကို စစ်ဆေးမေးမြန်းခဲ့သည်။ အောင်ဝင်းဇော်အနေဖြင့် အမှုဖြစ်သည့်နေ့က လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းနှင့် ကျောချင်းကပ် ရှိနေခဲ့သည်ဟု စီစီတီဗွီမှတ်တမ်းများတွင် ပြသခဲ့သော်လည်း ရုံးချိန်းတွင်မူ အဆိုပါနေ့က ကြည်လင်းကို မတွေ့ရှိခဲ့ကြောင်း အောင်ဝင်းဇော်က ထွက်ဆိုခဲ့သည်။

”စီစီတီဗွီကို အကြိမ်ကြိမ် ပြခိုင်းတယ်။ ကိုယ့်ပုံကြီး ပါရဲ့သားနဲ့၊ ကြည်လင်းနဲ့ ရှေ့ဆင့်နောက်ဆင့် သွားလာနေတာတွေ၊ ကျောချင်းကပ်ပုံတွေ ပါနေရဲ့သားနဲ့ ကြည်လင်းကို မတွေ့ဘူးလို့ ပြောတယ်။ တည့်တည့်ပြောရရင် ဗြောင်လိမ်တဲ့ စကားလုံးပဲ သုံးမယ်။ ခုလောလောဆယ် အခြေအနေကတော့ တရားခံဘက်က အချိန်ဆွဲနေတယ်ဆိုတာ ခိုင်ခိုင်မာမာ ပြောရမှာ ဖြစ်ပါတယ်” ဟု ဦးနေလက ပြောသည်။

ထို့ပြင် ၎င်းရုံးချိန်းတွင်ပင် အောင်ဝင်းဇော်ဘက်က အခင်းဖြစ်ပွားသည့်နေ့တွင် ဝတ်ထားခဲ့သည့် ဘောင်းဘီကို သက်သေခံပစ္စည်းအဖြစ် တင်သွင်းခဲ့သော်လည်း တရားလိုဘက်က ကန့်ကွက်ခဲ့သည့်အပြင် တရားရုံးကလည်း ပယ်ချခဲ့သည်။

အဆိုပါဘောင်းဘီနှင့်ပတ်သက်၍ အမှုစစ်ရဲအရာရှိဖြစ်သူ ရဲမှူးတင်မောင်ဆွေက ရုံးချိန်းတစ်ခုတွင် ထွက်ဆိုခဲ့ဖူးသည်။ အောင်ဝင်းဇော်က ဇန်နဝါရီ ၃ဝ ရက်နေ့တွင် ပုဇွန်တောင်ချောင်းအတွင်းသို့ မိုဘိုင်းဖုန်းနှင့် အဝတ်အစားများကို လွှင့်ပစ်ခဲ့သည်ဟု ရုံးချိန်းတွင် ရဲမှူးတင်မောင်ဆွေက ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ အောင်ဝင်းဇော်၏ ရှေ့နေ ဦးအောင်ခိုင်က ယင်းစွပ်စွဲချက်ကို ပယ်ဖျက်နိုင်ရန် ဘောင်းဘီကို သက်သေခံပစ္စည်းအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု တရားခွင်တွင် လျှောက်လဲခဲ့သည်။

သို့သော် တရားလိုရှေ့နေ ဦးနေလက စွပ်စွဲခံရသူများဘက်က ရဲမှူးကို စစ်ဆေးမေးမြန်းနေသည့်အချိန်တွင် ဘောင်းဘီကျန်ခဲ့ကြောင်းကို မေးမြန်းခွင့်ရှိခဲ့သော်လည်း ယင်းအချိန်က မမေးမြန်းခဲ့ဘဲ ယခုရုံးချိန်းတွင်မှ သက်သေခံပစ္စည်းအဖြစ် တင်သွင်းခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ပြောကြားသည်။

ထို့ပြင် တရားလိုပြသက်သေ ကိုအောင်စိုး၏ ထွက်ဆိုချက်များနှင့်ပတ်သက်၍ မမှန်ကန်သည့် အကြောင်းအရာများကို အောင်ဝင်းဇော်ဘက်က တရားခွင်အတွင်း လျှောက်လဲချက်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ငံခြားသံအရာရှိတစ်ဦးကို မြို့လယ်ခေါင်တွင် သတ်ပေးရန် ကျပ် သိန်း ၁,၀၀၀ ပေးမည်ဟု ကမ်းလှမ်းခဲ့သည်ဟူသည့် ထွက်ဆိုချက်လည်း အပါအဝင် ဖြစ်သည်။

အမှု၏ ၆၃ ကြိမ်မြောက် ရုံးချိန်းကို ဇူလိုင်၂၆ ရက်နေ့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အောင်ဝင်းဇော်ကို ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ ကြည်လင်းကို ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ၁(ခ)/၃၄၊ တက္ကစီယာဉ်မောင်း ဦးနေဝင်းကိုသတ်ခဲ့သည့်အတွက် ၃ဝ၂(၂)၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (ဃ)(စ) စသည့် ပုဒ်မများဖြင့် စွဲချက်တင်ထားသည်။

လုပ်ကြံမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ အောင်ဝင်းဇော်ကို ပုဒ်မ ၃ဝ၂ (၁) ခ/၃၄၊ ဇေယျာဖြိုးကို ၃ဝ၂ (၁) ခ/ ၁ဝ၉ တို့ဖြင့်စွဲချက်တင်ထားပြီး အာမခံရရှိထားသည့် အောင်ဝင်းထွန်းကိုမူ ရာဇသတ်ကြီးပုဒ်မ ၂၁၂ ဖြင့် စွဲချက်တင် စစ်ဆေးလျက် ရှိနေသည်။

ရှေ့နေဦးကိုနီသည် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ အင်ဒိုနီးရှားနိုင်ငံမှအပြန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကားစောင့်နေစဉ် ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ကာ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ ထွက်ပြေးသွားသူ ကြည်လင်းအား ရန်ကုန်လေဆိပ်အတွင်းမှ တက္ကဆီ ယာဉ်မောင်းများက လိုက်လံဖမ်းဆီးစဉ် ကိုနေဝင်းလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.