သီလဝါအထူးစီးပွားရေးဇုန်မှ အမြတ်ထွက်သူနှင့် အရှုံးပေါ်သူများ

သီလဝါ အထူးစီးပွားရေးဇုန်သည် နိုင်ငံ၏အအောင်မြင်ဆုံးသော စီမံကိန်းများထဲမှ တစ်ခုဖြစ်လာပြီး ရွှေ့ပြောင်းခံ လယ်မြေပိုင်ရှင်အချို့က သူတို့သည် ယခုထက်ပို၍နစ်နာကြေးရသင့်ကြောင်း ဆိုနေကြသည်။

စာသား – ကျော်ရဲလင်း၊ ဓာတ်ပုံ – ခွန်လတ်

ရန်ကုန်မြို့ သာကေတနှင့် သန်လျင်မြို့နယ်တို့ကြားရှိ ပဲခူးမြစ်၏အလယ်တွင် ဂျပန်နိုင်ငံမှ ချေးငွေဖြင့် အသစ်တည်ဆောက်နေသော မြင့်မားသည့်တံတားတိုင်ကြီးများသည် တဖြည်းဖြည်း ပေါ်ထွက်လာနေပြီဖြစ်သည်။

၁၉၈၈ မှ ၁၉၉၃ ခုနှစ်အတွင်း တရုတ်မှ ငွေကြေးအကူအညီ၊ နည်းပညာအကူအညီတို့ဖြင့် တည်ဆောက်ခဲ့သော ၂ ဒသမ ၂ ကီလိုမီတာရှိ မူလတံတားသည် အထူးသဖြင့် မနက်ပိုင်းနှင့် ယာဉ်ကြောအကျပ်ဆုံးအချိန်များတွင် မကြာခဏဆိုသလို လမ်းပိတ်ဆို့မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေသည်။

၂၀၂၂ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည့်စီမံကိန်းအရ တံတားသစ်ကြောင့် သန်လျင်မြို့သည် ခြောက်ကပ်ကပ် နောက်ကျကျန်နေသည့် ဒေသတစ်ခုအဖြစ်ရှိနေမှာမဟုတ် ဆိုသည့်အချက်ကို မီးမောင်းထိုးပြနေသည်။ ယင်းမှာအဓိကအားဖြင့် ဂျပန်နိုင်ငံအထောက်အပံ့ဖြင့် သီလဝါအထူးစီးပွားရေးဇုန် တိုးတက်လာခြင်းကြောင့် တံတားဟောင်းသည် စီးပွားရေးမြို့တော်နှင့် စက်မှုဇုန်ကြား ယာဉ်ပိတ်ဆို့မှုကို ကြီးစွာဖြစ်လာစေသည်။

သို့သော် သန်လျင်မြို့၏ အခြေခံအဆောက်အအုံများနှင့် ဆက်သွယ်ရေး တိုးတက်မှုများမှာ ဤတံတားသစ်တစ်ခုတည်း မဟုတ်ပါချေ။

ဖေဖော်ဝါရီ ၂၁ ရက်က တံတားသစ်နှင့် အထူးစီးပွားရေးဇုန်ကြားရှိ လေးလမ်းသွား အမြန်လမ်းမသစ်ကြီး ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သည်လမ်းသည် နိုင်ငံတွင်းရှိ အကောင်းဆုံးလမ်းများထဲက တစ်ခုဖြစ်ကြောင်း လှည့်လည်ကြည့်ရှုရင်း ပြောကြားသွားသည်။ ဒါကို သန်လျင် နှင့် စီးပွားရေးဇုန်ကြားတွင် ပုံမှန်သွားလာနေသော မည်သည့်ယာဉ်မောင်းမဆို လက်ခံမှာ ဧကန်ဖြစ်သည်။

“သန်လျင်သည်လည်း ရန်ကုန်မြို့တော်ဧရိယာ နယ်နိမိတ်ပြင်ပတွင် အအောင်မြင်ဆုံးနဲ့ အဖွံ့ဖြိုးဆုံးဖြစ်လာတဲ့ စီးပွားရေးစက်မှုဇုန်တစ်ခု ဖြစ်တယ်” ဟု ဦးဖြိုးမင်းသိန်းကပြောသည်ကို ဖေဖော်ဝါရီ ၂၂ ရက်ထုတ် The Global New Light of Myanmar နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

၂၀၁၁ ဒီမိုကရေစီအကူးအပြောင်းကတည်းက စီမံကိန်းများ၊ အကောင်အထည်ဖော်ဆောင်ခြင်းများနှင့် စီမံကွပ်ကဲခြင်းများတွင် သီလဝါ အထူးစီးပွားရေးဇုန်သည် နိုင်ငံ၏ ဂုဏ်အယူရဆုံး အောင်မြင်မှုများထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုလာရသည်။

မြန်မာ – ဂျပန် အကျိုးတူပူးပေါင်းလုပ်ဆောင်နေသော အထူးစီးပွားရေးဇုန်တွင် အပိုင်း ငါးပိုင်းရှိပြီး ပထမဆုံးအပိုင်းကို ၂၀၁၅ စက်တင်ဘာတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ယင်းမှစ၍ သီလဝါတွင် ၁၉ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ၁၁၇ ခုရရှိထားသည်ဟု သီလဝါ အထူးစီးပွားရေးဇုန်၏ စီမံခန့်ခွဲမှုကော်မတီမှ တွဲဖက်အတွင်းရေးမှူး (၁) ဒေါ်သန်းသန်းသွယ်ကပြောသည်။

အထူးဇုန်မှာ စက်ရုံ ၈၁ ရုံ လည်ပတ်လျက်ရှိပြီး အခြားစက်ရုံများလည်း ဆောက်လုပ်နေဆဲဖြစ်သည်ဟု ဒေါ်သန်းသန်းသွယ်က ဖေဖော်ဝါရီကုန်ခါနီးက Frontier ကိုပြောသည်။

“သီလဝါက သိသိသာသာကို အောင်မြင်လာတဲ့ အခြေအနေဖြစ်နေပြီ။ ကျွန်မတို့ ဒါကို ဆက်ထိန်းထားရမယ်”

သို့သော် သီလဝါတွင်နေထိုင်သူအားလုံး ထိုစီမံကိန်းများ၏အောင်မြင်မှုကို ခံစားနေရသည်တော့ မဟုတ်ပေ။ အချို့လယ်သမားများက သူတို့မြေယာများပေါ်ကနေ ရွှေ့ပြောင်းပေးရသဖြင့် သူတို့မှန်းထားသကဲ့သို့ မျှတသည့်လျော်ကြေးများ မရကြသောကြောင့် မကျေမနပ်ဖြစ်နေကြသည်။ဖလမ်းရွာမှ ဦးမောင်စိန်။ ဓာတ်ပုံ - ခွန်လတ်

ဖလမ်းရွာမှ ဦးမောင်စိန်။ ဓာတ်ပုံ – ခွန်လတ်

အခြားစက်မှုဇုန်များအတွက် စံနမူနာ

ယင်းသီလဝါ စီမံကိန်းအတွက် ပြင်ဆင်ခြင်းအဖြစ် စီမံကိန်းအတွက် လျာထားသတ်မှတ်ထားသော ၂,၅၀၀ ဟက်တာ (၆,၂၀၀ ဧက) မြေနေရာအတွင်း နေထိုင်သူများ၏ လူမှုသက်ရောက်မှု လေ့လာဆန်းစစ်ချက်ကို ကောက်ယူရာ၌ ကြီးကြပ်ဆောင်ရွက်ရန် ၂၀၁၃ တွင် အစိုးရက ကဏ္ဍလေးရပ်မှ အုပ်စု လေးစုပါဝင်သည့်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ဤအဖွဲ့တွင် အိမ်ရာဖွံ့ဖြိုးရေး၊ လူဝင်မှုကြီးကြပ်ရေး၊ စီမံကိန်းဌာန၊ မြေစာရင်းဦးစီးဌာန စသည့် အစိုးရဌာနများမှ တာဝန်ရှိသူများ၊ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးကော်မတီ၊ စီမံကိန်းအကျိုးတူ စီးပွားဖက်အဖြစ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA နှင့် စာရင်းပြုစုကောက်ယူသည့် တတိယအဖွဲ့ တို့ပါဝင်သည်။

ဤအဖွဲ့၏ အခန်းကဏ္ဍမှာ စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းပေးခဲ့ရသည့် မြေယာပိုင်ဆိုင်သူများ၏ လျော်ကြေးတောင်းဆိုမှုများအတွက် အစိုးရက သတ်မှတ်ပေးထားသော ၂၀၁၅ အောက်တိုဘာ နောက်ဆုံးသတ်မှတ်ရက်အရ မြေယာပိုင်ဆိုင်သူစာရင်းကို ပြင်ဆင်တင်ပြရန်ဖြစ်သည်။

လယ်သမားများနှင့် နေထိုင်သူများကိုပေးရန် လျော်ကြေးများကို မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ လူမှုရေးအထောက်အပံ့ဟူ၍ သုံးမျိုးပေးရန် သဘောတူခဲ့ပြီးဖြစ်သည်ဟု ယခုလအစောပိုင်းက အထူးဇုန်စီမံခန့်ခွဲရေးကော်မတီက ဆိုသည်။

အဆိုပါလျော်ကြေးကိစ္စသည် တရားဝင်အခေါ် ကျောက်တန်း – သန်လျင် စက်မှုဇုန် (ဒေသတွင်း အရပ်အခေါ် မလေးရှားစက်မှုဇုန်) ဟုသိကြသော စက်မှုဇုန်တည်ဆောက်ရန် ၁၉၉၆-၉၇ စစ်အစိုးရလက်ထက်က မြေ ၅,၀၂၇ ဧက (၂,၀၃၀ ဟက်တာ) မြေယာသိမ်းယူခဲ့မှုကြောင့် အရှုပ်အထွေးများ ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းမြေများသိမ်းယူခဲ့သော်လည်း ကျောက်တန်း – သန်လျင်ဇုန်သည် ဖြစ်ပေါ်မလာခဲ့သည့်အတွက် မူလပိုင်ရှင်အများစုက ဆက်လက် စိုက်ပျိုးလုပ်ကိုင်နေခဲ့ကြခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရလက်ထက် သီလဝါဖွံ့ဖြိုးရေးအတွက် မြေယာစီမံခန့်ခွဲရာတွင် ထို ၅,၀၂၇ ဧကအတွက် မြေယာလျော်ကြေး ထပ်မံမပေးတော့ဟု ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယင်းမြေယာများသည် ၁၉၉၆-၉၇ ခုနှစ်ကတည်းက အစိုးရစီမံခန့်ခွဲမှုအောက် ရောက်နေသောကြောင့်ဖြစ်သည်ဟု ဒေါ်သန်းသန်းသွယ် ကပြောသည်။

ယင်းအစား အစိုးရက ပြန်လည်အခြေချနေထိုင်ကြရသူများကို သီးနှံလျော်ကြေးအတွက် သာမာန်ထက်ပိုသော နှုန်းထားဖြင့်၎င်း၊ နေရာရွှေ့ပြောင်းခံရသူများ၏ အဆင်မပြေမှုများအတွက် လူမှုရေးအထောက်အပံ့များကို၎င်း ပေးခဲ့သည်။

“ဥပမာဆိုပါတော့ သီဟိုဠ်တစ်ပင်ကို လေးနှစ်စာအတွက် ကျပ် တစ်သိန်း ပမာဏလောက် လျော်ကြေးပေးခဲ့တယ်” ဟု သူကဆိုသည်။

သီဟိုဠ်တစ်ပင်အတွက် စံသတ်မှတ်ထားသော လျော်ကြေးမှာ တစ်နှစ်စာဖြစ်သည်။ ယင်းတို့နှင့်ကပ်လျက်ရှိနေသော ဧက ၇၆၀ မှ မြေပိုင်ရှင်များကိုမူ လယ်ယာမြေ တစ်ဧကကို ကျပ် ၂၅ သိန်းနှုန်းဖြင့် လျော်ကြေးပေးခဲ့ပြီး တစ်ဧကစိုက်ပျိုးခြင်းအတွက် ၂၇ သိန်း ပေးခဲ့သည်။

ဧက ၇၆၀ က မြေပိုင်ရှင်ဘယ်နှစ်ယောက် မြေယာလျော်ကြေးရခဲ့တယ်ဆိုတာကိုတော့ မပြောနိုင်ဘူးလို့ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီကဆိုသည်။

စီမံခန့်ခွဲရေးကော်မတီကဖော်ပြသော အချက်အလက်များအရ သီလဝါ ၄၀၅ ဟက်တာရှိ ဇုန်(အေ)မှ အိမ်ထောင်စုများအတွက် ပြန်လည်နေရာချထားသည့်ဧရိယာတွင် ၂၅ ပေ × ပေ ၅၀ မြေနေရာပေါ်၌ ၂၅ သိန်းတန် အိမ်တစ်လုံးနှင့်တကွ လူမှုရေးအထောက်အပံ့နှင့် သီးနှံများလစဉ်ဆုံးရှုံးမှု လျော်ကြေးအဖြစ် တလုံးတခဲတည်း သိန်း ၃၀ ပေးခြင်းဖြင့် အထောက်အပံ့ပေးခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် ဟက်တာ ၇၀၀ ရှိ ဇုန်(ဘီ)မှ ပြန်လည်နေရာချထားရမည့်လူများအတွက် လျော်ကြေးကို အစိုးရက ညှိနှိုင်းပေးခဲ့ပြီး အပိုင်းလိုက်အကောင်အထည်ဖော်နေပြီဖြစ်သည်။ ဇုန်(ဘီ)၏ ၂၂၄ ဟက်တာမှာ တည်ဆောက်ပြီးနေပြီဖြစ်ပြီး နောက်ထပ် ၃၈ ဟက်တာသည် တည်ဆောက်နေဆဲဖြစ်သည်။

ဇုန်(ဘီ)မှ အိမ်ထောင်စုများက ပြန်လည်နေရာချထားသည့်နေရာ၌ ပေ ၄၀ × ပေ ၅၀ မြေပေါ်တွင် သိန်း ၆၀ တန်ဖိုးရှိ အိမ်တစ်လုံးရရှိခဲ့ပြီး သိန်း ၃၀ တလုံးတခဲတည်းလျော်ကြေးတော့ မရခဲ့ပေ။

သီလဝါဇုန်သည် မြေယာပိုင်ရှင်များအတွက် ထိရောက်မှုရှိသည့် လူမှုအခြေပြုစာရင်းကောက်ယူမှု ပါဝင်သော မြန်မာနိုင်ငံ၏ ပထမဆုံးစီမံကိန်းဖြစ်ကြောင်း ဒေါ်သန်းသန်းသွယ်ကဆိုသည်။

“ဒါ ကျွန်မတို့ရဲ့ ပထမဆုံးအတွေ့အကြုံလည်းဖြစ်ပြီး စနစ်တကျ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ လွှတ်တော်နှင့် နေအိမ်အဆောက်အအုံများ ထိန်းသိမ်းရေးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနွယ်က ပြောသည်။

“ဒီအစီအစဉ်မှာ မတူကွဲပြားတဲ့ ကဏ္ဍ လေးရပ်ကအဖွဲ့တွေ ပါဝင်တာဖြစ်ပြီး ဘယ်ကဏ္ဍကမှ ရလဒ်ကို ကိုင်တွယ်တာမဟုတ်ဘူး။ အစိုးရဌာနတွေက လျော်ကြေးရထိုက်သူစာရင်းကို ပြုစုရေးဆွဲပြီး ဂျိုက်ကာက ဒါကို စစ်ဆေးခဲ့ပါတယ်” ဟု ပြောသည်။

အစိုးရက တရုတ်နှင့် အကျိုးတူစီးပွားဖြစ်သော ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်က ပြန်လည်နေရာချထားပေးသော မြေပိုင်ဆိုင်သူများကို သီလဝါ အထူးစီးပွားရေးဇုန်တွင်ပေးအပ်ခဲ့သူများနှင့် အလားတူပင် အစိုးရက လျော်ကြေးများပေးအပ်ခဲ့သည်ဟုဆိုသည်။

“သီလဝါ အထူးစီးပွားရေးဇုန်မှာ ဒေသခံတွေအတွက် မြေယာလျော်ကြေးအပြင် လူမှုရေးအထောက်အပံ့တွေ၊ အိမ်ရာအထောက်အပံ့တွေ၊ သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းတေွ စတဲ့ နစ်နာကြေး အထောက်အပံ့တွေလည်း ပေးတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဦးအောင်ထူးက ဖေဖော်ဝါရီအစောပိုင်းက အမေရိကန်အသံလွှင့်ဌာန အာရ်အက်ဖ်အေ RFA (Radio Free Asia) ကိုပြောသည်။

“ကျောက်ဖြူမှာလည်း ဒီအတိုင်းပဲ၊ ဒေသခံလယ်သမားတွေက သူတို့ရဲ့ လယ်ယာမြေနဲ့ သီးနှံစိုက်ပျိုးထားမှုအတွက် လျော်ကြေးတွေရမယ်၊ အဲဒါတွေအပြင် လူမှုရေး အထောက်အပံ့အတွက်လည်း လျော်ကြေးတွေရမယ်” ဟု သူကဆိုသည်။

ကျောက်တန်းမှ ကိုပေါက်စတို့မိသားစု။ ဓာတ်ပုံ - ခွန်လတ်

ကျောက်တန်းမှ ကိုပေါက်စတို့မိသားစု။ ဓာတ်ပုံ – ခွန်လတ်

အဂတိလိုက်စားမှု၊ လျော်ကြေး နှင့် တိုင်ကြားခြင်း

သို့သော်လည်း သီလဝါတွင် နေထိုင်ကြသူများနှင့် တက်ကြွလှုပ်ရှားသူတို့က တာဝန်ရှိသူများ(အထူးသဖြင့် ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ) ကို အခြေအနေများကို လိုအပ်သလိုပြုပြင်ချယ်လှယ်ခြင်း၊ လျော်ကြေး အလွဲသုံးစားလုပ်ခြင်းတို့နှင့် စွပ်စွဲနေကြသည်။

ဇုန်(ဘီ)မှ ရွှေပေါက်ကျေးရွာအနီး အစိုးရမြေပေါ်မှ ဖရဲစိုက်တောင်သူ ကိုပေါက်စသည် ကျောက်တန်းမြို့နယ် မြိုင်သာယာ ၃ ရပ်ကွက်တွင် သတ်မှတ်ထားသော ပြန်လည်နေရာချထားသည့် ဧရိယာ၌ နေအိမ်တစ်လုံးဖြင့် ၂၀၁၇ တွင် ပြန်လည်နေရာရခဲ့သည်။ ကိုပေါက်စက သူ၏သီးနှံလျော်ကြေးများ အလိမ်ခံလိုက်ရကြောင်း ပြောသည်။

“ကျွန်တော်တို့က ၂၀၁၃ ကတည်းက ရွှေပေါက်ကျေးရွာမှာ နေထိုင်သူတွေအဖြစ် စာရင်းကောက်ယူခံရပြီးသား။ အဲဒါ ဂူဂဲလ်မြေပုံမှာ ရှိပြီးသားပါ။ ဒါပေမဲ့ ကျွန်တော်တို့ရရမယ့် သီးနှံလျော်ကြေးတွေ တခြားတစ်ယောက်က ယူသွားတယ်” ဟု ဖေဖော်ဝါရီအကုန်လောက်က သူ့အိမ်မှာ Frontier ကိုပြောပြခဲ့သည်။

၂၀၁၃ ကတည်းက တာဝန်ရှိသူတို့သည် သူနှင့် မသန်စွမ်းဖြစ်နေသော သူ့ဇနီးကို ရွှေပေါက်ရွာက သူတို့အိမ်မှာ ထိုအိမ်မှာ သူတို့နေကြောင်းအထောက်အထားအတွက် နှစ်တိုင်းဓာတ်ပုံရိုက်သည်ဟု ကိုပေါက်စ ခေါ် ကိုအောင်ကိုလတ်က ပြောသည်။

၂၀၁၇ ၌ သူ့ဖရဲသီးများအတွက် သီးနှံလျော်ကြေးကို အခြားလူတစ်ယောက် ရသွားကြောင်း ကိုပေါက်စ သိခဲ့ရသည်ဟုဆိုသည်။ ကိုပေါက်စကပြောသည်မှာ ကိုပေါက်စ ဇနီးဓာတ်ပုံနေရာမှာ လူတစ်ယောက်က သူ့ဇနီးမျက်နှာအစားထိုးပြီး ဖရဲသီးနှံ ၁၇,၀၀၀ အတွက် နစ်နာကြေး သိန်း ၃,၄၀၀ ကို လျော်ကြေးတောင်းပြီး လိမ်သွားခဲ့သည်ဟူ၏။ ယင်းမှာ ကိုပေါက်စ အမှန်တကယ်စိုက်ပျိုးထားသော ပမာဏ၏နှစ်ဆဖြစ်နေသည်။

“ဒါပေမဲ့ ကျွန်တော့်အမျိုးသမီးရဲ့ ခြေလက်နဲ့ ခြေချောင်းတွေပြောင်းဖို့တော့ သူတို့မေ့သွားကြတယ်” ဟု ကိုပေါက်စက သူ့အမျိုးသမီး၏ မသန်စွမ်းဖြစ်မှုကို ရည်ရွယ်၍ပြောခဲ့သည်။

“ကျွန်တော် ဒါကိုထောက်ပြပြီး အဲဒီလူဆီက လျော်ကြေးတွေပြန်ရဖို့ သူတို့ကို ဖိအားပေးခဲ့တာပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော်လက်လျှော့လိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကတယောက်တည်း၊ သူတို့က အာဏာရှိတဲ့လူတစ်စုဖြစ်နေတယ်လေ”

ထိုအနေအထားက အလွန်ပင် ဒေါသထွက်စရာဖြစ်၍ ကိုပေါက်စက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ စာရေးတိုင်ကြားခဲ့သည်။ သို့သော် ၂၀၁၈ နိုဝင်ဘာ ၂၃ ရက်၌ ကော်မရှင်က သူ့ထံ အကြောင်းပြန်သည်မှာ သည်ကိစ္စသည် မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် အကျုံးမဝင်သည့်အတွက် အရေးယူဆောင်ရွက်ပေး၍မရဟုဆိုသည်။

ကိုပေါက်စ၏အဖြစ်အပျက်နည်းတူ ဒေသခံတာဝန်ရှိသူတို့၏ ချယ်လှယ်မှုများကြောင့် သူတို့ရထိုက်သည်ဟု ယူဆသော လျော်ကြေးများမရကြဘဲ အထူးစီးပွားရေးဇုန်က ဖယ်ပေးရသော ရွာသားအများကြီးပါပဲဟု ဦးမြလှိုင် သီလဝါ လူမှုဖွံ့ဖြိုးမှုအဖွဲ့ခေါင်းဆောင်ကပြောသည်။ လူမှုဖွံ့ဖြိုးမှုအဖွဲ့သည် ၂၀၁၅ က သီလဝါစီမံကိန်းကြောင့် ပြန်လည်နေရာချထားခံရသူများ သင့်တင့်သည့်လျော်ကြေးရရှိရန် လှုပ်ရှားတက်ကြွသူများက ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။

“အကုန်လုံးကို မကောင်းဘူးလို့ ကျွန်တော်ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ လက်တလုံးခြားလုပ်လို့ရတဲ့နည်းတွေ အများကြီးပဲ” ဟု ဦးမြလှိုင်က သန်လျင် အလွမ်းဆွတ်ရွာမှ သူ့အိမ်မှာ Frontier ကိုပြောပြသည်။

“တခြားစီမံကိန်းတွေမှာ ခုလိုအကောင်အထည်ဖော်တဲ့အခါ ဒီလိုအမှားမျိုးတွေ နောက်ထပ်မဖြစ်ရအောင် အစိုးရက ဒါတွေဟာပြဿနာတွေဆိုတာကို လက်ခံသင့်တယ်။ နောက်သင်ခန်းစာယူသင့်တယ်” ဟု သူကပြောသည်။

“အစီအစဉ်တွေက ကောင်းပါတယ်။ ဒါပေမဲ့ ခြောက်ပြစ်ကင်းတော့ မဖြစ်ဘူးပေါ့”

ဓာတ်ပုံ - ခွန်လတ်

ဓာတ်ပုံ – ခွန်လတ်

လောလောလတ်လတ် အငြင်းပွားမှု

သို့သော်လည်း လျော်ကြေးနှင့်ပတ်သက်ပြီး လောလောလတ်လတ်အငြင်းပွားနေမှုတစ်ခုမှာ တည်ဆောက်ဆဲ ဇုန်(ဘီ) ၏ ၃၈ ဟက်တာအပိုင်းမှလုပ်ငန်းများကို အလျင်ပြတ်စေမည့် အလားအလာရှိနေသည်။

စစ်အစိုးရလက်ထက် ၁၉၉၆- ၉၇ မှာ မြေသိမ်းခံရပြီး ပြန်လည်နေရာချထားပေးခံရသော မြေပိုင်ရှင်များအနက်မှ ဖလမ်းရွာမှ မြေယာပိုင်သူများသည် ကျောက်တန်း အေးမြသီတာရပ်ကွက်၌ ပြန်လည်နေရာချထားခံရသည်။ ဤနေရာရှိစီမံကိန်းသည် မလေးရှားစက်မှုဇုန်အဖြစ် သိရှိကြပြီး အကောင်အထည် မဖော်ဖြစ်သောအခါ မူလနေထိုင်သူများက သူတို့ရွာဟောင်းတဝိုက်တွင် လယ်ယာစိုက်ပျိုးရေး ပြန်လုပ်နေခဲ့ကြသည်။

ဖေဖော်ဝါရီအစောပိုင်းက သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးကော်မတီက ၂၀၂၀ မှစ၍ လယ်ယာလုပ်ကိုင်ခြင်းကို တားမြစ်ထားသော သီလဝါဇုန်(ဘီ)၏မြေပေါ်တွ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.