VPower's Thilawa site pictured in 2020. (Frontier)

အရေးပေါ်လျှပ်စစ်စီမံကိန်း အချိန်မီမပြီးသော်လည်း တရုတ်လုပ်ငန်းစု ဒဏ်ငွေရိုက်ခံရဖွယ်မရှိ

ဧပြီ ၃ ရက်တွင် စတင်အသက်ဝင်ရမည့် လျှပ်စစ်ဓာတ်အား ၉၀၀ မဂ္ဂါဝပ်စီမံကိန်းကြီးသုံးခုသည် ပြီးမြောက်ရန် ရက်သတ္တပတ်ပေါင်းများစွာ ပြောရလျှင် လပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်သည်။ COVID-19 ကူးစက်ဖြစ်ပွားမှုနှင့် လက်မှတ်ထိုးထားသော စာချုပ်မရှိခြင်းတို့ကြောင့် စီမံကိန်းဖော်ဆောင်ပေးရမည့် ကုမ္ပဏီလုပ်ငန်းစုသည် ဒဏ်ငွေများစွာပေးဆောင်ရမည့် အခြေအနေမှ သက်သာခွင့်ရရှိနိုင်ခြေရှိနေသည်။

ကျော်ရဲလင်း

အရေးပေါ်လျှပ်စစ်ထုတ်လုပ်ပေးရေး စီမံကိန်းတွင် ဒေါ်လာ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံထားသည့် တရုတ်ကုမ္ပဏီလုပ်ငန်းစုသည် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် စီမံကိန်းများအချိန်မီပြီးစီးနိုင်ခြင်းမရှိဟု ဆင်ခြေပေးခြင်းဖြင့် ဒဏ်ငွေများစွာချမှတ်ခံရမည့်ဘေးမှ လွတ်မြောက်နိုင်ဖွယ်ရှိနေကြောင်း မြန်မာအစိုးရအရာရှိများကပြောဆိုခဲ့သည်။
တရုတ်ကုမ္ပဏီလုပ်ငန်းစုသည် စီမံကိန်းများတွင် ဒေါ်လာသန်းရာပေါင်းများစွာကို ရင်းနှီးမြှုပ်နှံထားသော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် နောက်ဆုံးအပြီးသတ်စာချုပ်ချုပ်ဆိုထားခြင်းမရှိသောကြောင့် နောက်ဆုံးအပြီးသတ်ရမည့်နေ့သည် ဥပဒေကြောင်းအရ အကျုံးဝင်ခြင်းရှိမရှိသည် မသေချာလှကြောင်း အစိုးရအရာရှိတစ်ဦးက Frontier သို့ပြောဆိုခဲ့သည်။
အငြင်းပွားဖွယ် တင်ဒါခေါ်ယူမှုရှိခဲ့ပြီးနောက် သာကေတရှိ ၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် ဓာတ်အားပေးစက်ရုံ၊ သန်လျင်ရှိ ၃၅၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် ဓာတ်အားပေးစက်ရုံ၊ ကျောက်ဖြူရှိ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် ဓာတ်အားပေးစက်ရုံ ပါဝင်သည့် သဘာဝဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းသုံးခုကို ယမန်နှစ် စက်တင်ဘာတွင် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားနည်းပညာသွင်းကုန်နှင့် ပို့ကုန်ကော်ပိုရေးရှင်း(China National Technical Import and Export Corporation -CNTIC)၊ ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် VPower တို့နှင့်အတူ ပြည်တွင်းမှ RGK+Z&A Group တို့အား အကောင်အထည်ဖော်ခွင့်ပေးခဲ့သည်။
တင်ဒါဆိုင်ရာသဘောတူညီမှုများအရ တင်ဒါအောင်မြင်သည့် လုပ်ငန်းစုသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သဘောတူညီကြောင်း စာကိုလက်ခံရရှိပြီး ရက် ၂၁၀ အကြာ ဧပြီ ၃ ရက်တွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေရမည်ဖြစ်သည်။ ထို့သို့မဟုတ်ပါက သာကေတရှိ ဓာတ်အားပေးစက်ရုံအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၂၀၀၊ သန်လျင်ရှိ စီမံကိန်းအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၁၈၀ နှင့် ကျောက်ဖြူရှိ စီမံကိန်းအတွက် တစ်ရက်လျှင် ဒဏ်ငွေ ကျပ် သန်း ၃၀ ဖြင့် စုစုပေါင်း တစ်ရက်လျှင် ဒေါ်လာ ၃၀၀,၀၀၀ ပေးဆောင်ရမည်ဖြစ်သည်။
သို့သော် စီမံကိန်းများပြီးစီးရန် ရက်သတ္တပတ်ပေါင်းများစွာ ပြောရလျှင် လပေါင်းများစွာကြာမြင့်ဦးမည်ဖြစ်သည်။ သဘာဝဓာတ်ငွေ့များကို သန်လျင်နှင့် သာကေတတို့တွင် အသုံးပြုရန် တင်ပို့မည့် သီလဝါရှိ စီမံကိန်းနေရာသို့ Frontier က ဧပြီ ၂ ရက်တွင် သွားရောက်ခဲ့ရာ အလုပ်သမားအနည်းငယ်သာရှိနေပြီး ဆိပ်ကမ်းအပါအဝင် အခြေခံအဆောက်အအုံများ မပြီးစီးသေးဘဲရှိနေသည်ကို မြင်တွေ့ခဲ့ရသည်။
လုပ်ငန်းစုသည် နောက်ဆုံးရက်အမီ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ခြင်းမရှိပါက ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနအရာရှိများက Frontier ကို ယခင်ကပြောဆိုခဲ့သော်လည်း ယင်းမှာ ယုံရခက်ကြီးဖြစ်နေသည်။
CNTIC နှင့် VPower တို့ကို ဒဏ်ငွေရိုက်သင့်မသင့် ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း(Electric Power Generation Enterprise –EPGE)၏ စီမံခန့်ခွဲမှုဒါရိုက်တာ ဦးသန်းနိုင်ဦးက Frontier ကို ဧပြီ ၂ ရက်တွင် ပြောဆိုခဲ့သည်။
ဝန်ကြီးဌာနရှိ အမှုဆောင်ကော်မတီသည် ဒဏ်ငွေရိုက်မည်မရိုက်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနရှိ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်ကပြောဆိုခဲ့သည်။
“ဒီကိစ္စက လျှို့ဝှက်မို့လို့ ဘယ်အချိန်မှာ အစည်းအဝေးလုပ်မယ်ဆိုတာကို ပြောလို့မရပါဘူး” ဟု သူက ပြောဆိုခဲ့သည်။
စီမံကိန်းများမပြီးစီးသည့်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ခုပြောဆိုပေးရန် အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ကုမ္ပဏီလုပ်ငန်းစုက တုံ့ပြန်ခြင်းမပြုခဲ့ချေ။
စီမံကိန်းသတ်မှတ်ရက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ကုမ္ပဏီများရှိ အရင်းအမြစ်များကို အသုံးချရန် အကောင်းဆုံးလုပ်ဆောင်နေပြီး တစ်ချိန်တည်းမှာပင် ဝန်ထမ်းများ၏ကျန်းမာရေးနှင့် လုံခြုံရေးမထိခိုက်စေရန်လည်း ဂရုထားနေကြောင်း လုပ်ငန်းစု၏ပြောခွင့်ရှိသူက ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောဆိုခဲ့သည်။
စီမံကိန်းသတ်မှတ်ရက်ကိုဖြည့်ဆည်းနိုင်ရေးအတွက် ဒေသဆိုင်ရာအစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း သူကပြောဆိုခဲ့သည်။
စီမံကိန်းစတင်သက်ဝင်မည့် သတ်မှတ်ရက် သက်တမ်းတိုးရန် စေ့စပ်ဆွေးနွေးမှုရှိမရှိနှင့် မလွဲမရှောင်သာအဖြစ်အပျက်ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရမည့် ရက်ကို ရွှေ့ဆိုင်းရန် လုပ်ငန်းစုက အစီအစဉ်ရှိမရှိတို့နှင့်ပတ်သက်၍မူ ပြောခွင့်ရှိသူက ဖြေဆိုခြင်းမပြုခဲ့ချေ။
လုပ်ငန်းစုကို ဒဏ်ငွေချမှတ်ရန် တရားရေးအရ ခိုင်လုံခြင်းရှိမရှိကို ရှင်းရှင်းလင်းလင်းမသိနိုင်ကြောင်း ဝန်ကြီးဌာနအရာရှိတစ်ဦးကပြောဆိုခဲ့သည်။ လုပ်ငန်းစုသည် စီမံကိန်းအတွက် ဒေါ်လာသန်းရာပေါင်းများစွာကို အသုံးပြုခဲ့ပြီးဖြစ်သော်လည်း ဝန်ကြီးဌာနနှင့် နောက်ဆုံးအပြီးသတ်စာချုပ်ချုပ်ထားရသေးပုံမရချေ။
လုပ်ငန်းစုသည် ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်မှုအာမခံနှင့်ပတ်သက်၍ ပြည်တွင်းဘဏ်တစ်ခုတွင် ကြိုတင်ပေးသွင်းငွေ အပ်နှံထားပါက ဝန်ကြီးဌာနသည် ကုမ္ပဏီလုပ်ငန်းစုကို နောက်ဆုံးသတ်မှတ်ရက်တွင် ကတိအတိုင်းမဆောင်မရွက်နိုင်သည့်အတွက် တရားနည်းလမ်းကျကျဒဏ်ငွေချမှတ်နိုင်မည်ဖြစ်ကြောင်း အစိုးရအရာရှိကပြောသည်။ ထို့ပြင် ဝန်ကြီးဌာနသည် ပြစ်ဒဏ်ကြီးကြီးမားမားချမှတ်လျှင် ချမှတ် သို့မဟုတ်ပါက စီမံကိန်းကို လုံးဝဖျက်သိမ်းပစ်လိုက်နိုင်မည်လည်းဖြစ်သည်။
နောက်ဆုံးစာချုပ်သာမက လျှပ်စစ်ဓာတ်အားဝယ်ယူမှုဆိုင်ရာစာချုပ်ပင်မရှိသောကြောင့် လုပ်ငန်းစုနှင့် ဝန်ကြီးဌာနကြား သဘောတူညီမှုသည် ဥပဒေကြောင်းအရ သက်ရောက်မှုရှိမည်မဟုတ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကိုသာ အဓိကလိုချင်သောကြောင့် ဝန်ကြီးဌာနသည် လုပ်ငန်းစုကို ဒဏ်ငွေပင်ရိုက်လိမ့်မည်မထင်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောဆိုခဲ့သည်။
“ဒီကိစ္စမှာ ဝန်ကြီးဌာနအဆင့် ဆုံးဖြတ်လိမ့်မယ်လို့ထင်တယ်၊ ဝန်ကြီးအဖွဲ့ ဒါမှမဟုတ် အမျိုးသားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မတီကို တင်သွင်းဖို့လည်း လိုအပ်မယ်မထင်ဘူး” ဟု သူကပြောဆိုခဲ့သည်။

တရုတ်ကုမ္ပဏီများနှင့် ဘုရားသခင်၏လုပ်ရပ်

ကုမ္ပဏီလုပ်ငန်းစုသည် ဒဏ်ငွေရိုက်ခံရခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် COVID-19 ကို အကြောင်းပြပြီး သဘာဝဘေးကဲ့သို့ မလွဲမရှောင်သာသော အကြောင်းပြချက်ကို အသုံးချလာနိုင်ခြေရှိနေကြောင်း အမည်မဖော်လိုသည့် အခြားဝန်ကြီးဌာနအရာရှိတစ်ဦးကပြောဆိုခဲ့သည်။
စာချုပ်လက်မှတ်ထိုးထားသည့် လုပ်ငန်း သို့မဟုတ် အုပ်စုတစ်စုကို တာဝန်ခံရမှုမှ ကင်းလွတ်ခွင့်ပေးရန်အတွက် စစ်ဖြစ်ခြင်းသို့မဟုတ် သဘာဝဘေးကဲ့သို့ အလွန်အမင်းပြင်းထန်ပြီး ကြိုတင်မတွက်ချက်ထားနိုင်သည့် ဖြစ်ရပ်မျိုးဖြင့် အကြောင်းပြခွင့်ရှိနေသည်။ ယင်းကဲ့သို့ မလွဲသာမရှောင်သာသော ဖြစ်ရပ်မျိုးကို ဘုရားသခင်လုပ်ရပ်ဟု တင်စားခေါ်ဝေါ်လေ့ရှိသည်။
ယင်းကဲ့သို့ အကြောင်းပြရန်မှာမူ စံနှုန်းက မြင့်မားလှသည်။ ထို့ပြင် တစ်ခါတရံတွင်လည်း စာချုပ်စာတမ်း၏သဘောသဘာဝနှင့်လည်း သက်ဆိုင်နေတတ်သည်။ မည်သို့ပင်ဆိုစေ တရုတ်အစိုးရကျောထောက်နောက်ခံရထားသည့် ကုန်သွယ်ရေးအဖွဲ့ဖြစ်သည့် တရုတ်နိုင်ငံတကာကုန်သွယ်ရေးတိုးမြှင့်မှုကောင်စီကလည်း တရုတ်ကုမ္ပဏီများသည် COVID-19 ကဲ့သို့ ကြိုတင်မမြင်နိုင်သည့် ဖြစ်ရပ်များကြောင့် ထိခိုက်နစ်နာခဲ့ရပြီး အကျိုးဆက်အဖြစ် စာချုပ်ပါ အချက်များကို မဖြည့်ဆည်းပေးနိုင်ကြောင်း သက်သေခံလက်မှတ်ထောင်ပေါင်းများစွာကို ထုတ်ပေးထားပြီးဖြစ်သည်။ ကောင်စီက မတ်လလယ်ပိုင်းအထိ ထုတ်ပေးထားသည့် သက်သေခံလက်မှတ်များအရ ဒေါ်လာ ၇၃ ဘီလီယံတန်ဖိုးရှိ စာချုပ်များအကျုံးဝင်နေသည်။ မလွဲသာမရှောင်သာသော ဖြစ်ရပ်မျိုးနှင့်ကြုံရပါက တရုတ်ကုမ္ပဏီများသည် သက်ညှာခွင့်နှင့် အကူအညီတောင်းခွင့်ရရှိကြောင်း တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်စ်ကလည်း ထုတ်ပြန်ထားပြီးဖြစ်သည်။
ယင်းအချက်များသည် တရုတ်တရားရုံးတစ်ရုံတွင်း အသုံးဝင်မည်ဖြစ်သော်လည်း နိုင်ငံရပ်ခြားတွင်မူ တရားရေးအရအကျုံးမဝင်နိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများက ထောက်ပြကြသည်။ တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း(China National Offshore Oil Corp )က သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ခေတ္တရပ်ဆိုင်းပေးရန် တောင်းဆိုမှုများအား Total နှင့် Shell ကဲ့သို့ စွမ်းအင်ကုမ္ပဏီများက ပယ်ချခဲ့ပြီးဖြစ်သည်။
COVID-19 သည် မလွဲှသာမရှောင်သာသော ဖြစ်ရပ်အတွင်း အကျုံးဝင်နိုင်ကြောင်း ဥပဒေအတိုင်ပင်ခံကုမ္ပဏီ DFDL ၏ ရန်ကုန်ရုံးခွဲက မတ် ၂၆ ရက်တွင် ပြောဆိုခဲ့သည်။ စာချုပ်အများစုတွင် ထိခိုက်နစ်နာခဲ့ရသည့် ကုမ္ပဏီ သို့မဟုတ် အုပ်စုသည် မလွဲှသာမရှောင်သာသော ဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရကြောင်း ထုတ်ဖော်လျှောက်ထားလိုပါက ဖြစ်ရပ်ကြုံပြီး သတ်မှတ်ရက်အတွင်း စာချုပ်တွင်ပါဝင်သည့် အခြားကုမ္ပဏီ သို့မဟုတ် အုပ်စုထံသို့ အကြောင်းကြားစာကိုပေးပို့ရမည်ဖြစ်သည်၊ ဖြစ်ရပ်၏အကြောင်းချင်းရာအပေါ်မူတည်ပြီး စာချုပ်ကို ဖျက်သိမ်းရမည် သို့မဟုတ် အဆိုပါ မလွဲှသာမရှောင်သာသောဖြစ်ရပ်ပြီးဆုံးမှသာ စာချုပ်ပါအချက်အတိုင်း ဖြည့်ဆည်းပေးရန် သတ်မှတ်ချိန်ကို သက်တမ်းတိုးပေးရမည်ဖြစ်ကြောင်း ဥပဒေအတိုင်ပင်ခံကုမ္ပဏီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အရေးပေါ်စွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နံှထားသည့် ငွေကြေးပမာဏများပြားလွန်းသဖြင့် စာချုပ်ကို ဖျက်သိမ်းခြင်းထက် စာချုပ်ပါ သဘောတူချက်များကို ဖြည့်ဆည်းပေးရန် နောက်ဆုံးရက်ကို သက်တမ်းတိုးပေးနိုင်ခြေက ပိုများနေသည်။

There appeared to be few workers present at the Thilawa site on April 2. (Hkun Lat | Frontier)

There appeared to be few workers present at the Thilawa site on April 2. (Hkun Lat | Frontier)

ရက်သတ္တပတ်လား လပေါင်းများစွာလား

ကူးစက်ရောဂါဖြစ်ပွားမည်ကို မည်သူမျှ ကြိုတင်မမြင်နိုင်ခဲ့ဘဲ သက်ရောက်မှုကလည်း ကြီးမားလွန်းသည်။ ပေးထားသည့် အချိန်နည်းလှသည့် နောက်ဆုံးသတ်မှတ်ရက်တွင် စာချုပ်ပါ အချက်အတိုင်း ပြည့်မှီအောင် မဖြည့်ဆည်းနိုင်သဖြင့် ဒဏ်ငွေဆောင်ရမည့် ကုမ္ပဏီလုပ်ငန်းစုအတွက် အကြောင်းပြစရာခိုင်ခိုင်မာမာရှိသွားပုံရသည်။ စာချုပ်ပါအချက်အတိုင်း ပေးထားသည့် နောက်ဆုံးရက်သတ်မှတ်ချက်သည် မဖြစ်နိုင်လောက်အောင်ပင် နီးကပ်လွန်းကြောင်း ပြောဆိုမှုများရှိခဲ့ပြီး ယင်းကြောင့် ပိုမိုကြီးမားေးသာ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ကုမ္ပဏီကြီးများ တင်ဒါရအောင် မလုပ်ခဲ့ခြင်းဖြစ်နိုင်သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အရေးပေါ်စွမ်းအင်စီမံကိန်းများသည် ဧပြီ ၃ ရက် နောက်ဆုံးရက်တွင် အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း စွမ်းအင်နှင့် ဝန်ကြီးဌာနရှိ သတင်းအရင်းအမြစ်များကမူ လျာထားချက်ပြည့်မီရန် လပေါင်းများစွာနောက်ကျနေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက သီလဝါရှိ စီမံကိန်းသို့ မတ် ၁ ရက်တွင်သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဝန်ကြီးဌာနသည် ဆိပ်ကမ်းမှာ ၄၀ ရာခိုင်နှုန်းသာပြီးစီးပြီး သဘာဝဓာတ်ငွေ့ရည်ကို သဘာဝဓာတ်ငွေ့အဖြစ်ပြောင်းလဲသည့် စက်ရုံသည် ၁၅ ရာခိုင်နှုန်းသာပြီးစီးသေးကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
စာချုပ်ပါသတ်မှတ်ရက်အတိုင်းပြည့်မီရန် အစွမ်းကုန်ကြိုးပမ်းနေကြောင်း EPGE ၏ပြောခွင့်ရှိသူက မတ် ၂၅ ရက်တွင်ပြောဆိုခဲ့သည်။
“စီမံကိန်းတွေ ရက်နည်းနည်းလောက် နောက်ကျမယ်၊ ရက်သတ္တပတ်အနည်းငယ်တော့ နောက်မကျလောက်ပါဘူး” ဟု သူက ပြောဆိုခဲ့သည်။
သို့သော် နှောင့်နှေးမှုသည် ရက်သတ္တပတ်ပေါင်းများစွာထက် လပေါင်းများစွာကြာနိုင်ခြေပိုများရန် အကြောင်းအရင်းများစွာရှိနေပြန်သည်။ သီလဝါရှိစီမံကိန်းတွင် အကောင်အထည်ဖော်ရန်များစွာကျန်ရှိနေသည့်အချက်က အဓိကနေရာကပါဝင်နေသည်။ စီမံကိန်းအတွက် ဓာတ်ငွေ့တင်သင်္ဘော CNTIC VPower Global သည် တရုတ်နိုင်ငံရှိ ဒေလီယံ မှာပင်ရှိနေဆဲဖြစ်ပြီး စီမံကိန်းအတွက် အရေးပါသော တရုတ်အရာရှိတစ်ဦးမှာလည်း မြန်မာနိုင်ငံသို့မရောက်ရှိသေးချေ။ မြန်မာနိုင်ငံသည် ဧပြီ ၃၀ ရက်ခန့်အထိ နိုင်ငံခြားသားဝင်ရောက်မှုကို ပိတ်ပင်ထားသည်။
လျှပ်စစ်ဓာတ်အားဝယ်ယူမှုသဘောတူညီချက်စာချုပ်(PPA) ကဲ့သို့ အဓိကစီမံကိန်းစာရွက်စာတမ်းများလည်း ပျောက်ဆုံးနေပုံရသည်။ PPA တွင် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားအတွက် လုပ်ငန်းစုအား EPGE က ငွေမည်မျှပေးမည်ကို သတ်မှတ်ပေးသည့် အချက်ပါဝင်သည်။ ဝန်ကြီးဌာနသည် ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့် PPA ချုပ်ဆိုပြီးနောက် ယင်းကို ပုံမှန်အားဖြင့် ထုတ်ပြန်ပေးလေ့ရှိသော်လည်း သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် အဆိုပါစီမံကိန်းသုံးခုအတွက် ထုတ်ပြန်ခြင်းမပြုရသေးချေ။
အခြေခံအဆောက်အအုံပြီးစီးလျှင်တောင် လုပ်ငန်းအပြည့်အဝလည်ပတ်နိုင်ရန်အတွက် တစ်ပတ်ခန့် အစမ်းလည်ပတ်ကြည့်ရန်လိုအပ်ကြောင်း ဝန်ကြီးဌာနအရာရှိများက Frontier ကိုပြောဆိုခဲ့သည်။ သီလဝါရှိ စီမံကိန်းတွင် ဆိုက်ကပ်ထားမည့် ဓာတ်ငွေ့သိုလှောင်ရေပေါ်ယာဉ်များနှင့် သဘာဝဓာတ်ငွေ့တင်သင်္ဘောများ ရောက်နိုင်လာမည့် ခန့်မှန်းအချိန်ကိုပင် မသိရသေးကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်ကပြောဆိုခဲ့သည်။
“နိုင်ငံခြားအလံလွှင့်ထူထားတဲ့ သင်္ဘော၊ ရေနံသို့မဟုတ် ဓာတ်ငွေ့တင်သင်္ဘောတစ်စင်းစင်း ရန်ကုန်မြစ်ထဲကို ဝင်လာပြီဆိုရင် သင်္ဘောပိုင်ရှင် သို့မဟုတ် ကပ္ပတိန်က ဝင်ခွင့်နဲ့ ဆက်လက်လုပ်ဆောင်ဖို့ ညွှန်ကြားချက်တွေကို အနည်းဆုံးတစ်ပတ်ကြိုပြီး အကြောင်းကြားရပါတယ်” ဟု သူကပြောသည်။
“ဒီကိစ္စမှာလည်း သဘာဝဓာတ်ငွေ့တင်သင်္ဘောတွေနဲ့ ဓာတ်ငွေ့သိုလှောင်ရေပေါ်ယာဉ်တွေနဲ့ပတ်သက်ပြီး သတင်းမရသေးတာမို့ ဘယ်အချိန် ရန်ကုန်ကိုရောက်လာမယ်ဆိုတာကို မသိရသေးပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းဖြစ်တာမို့ ကူညီဖို့အဆင်သင့်ပါပဲ” ဟု သူကဆက်လက်ပြောဆိုခဲ့သည်။

ပုံမှန်မဟုတ်သည့် တင်ဒါ

တင်ဒါခေါ်ယူမှုဖြစ်စဉ်ကိုယ်တိုင်က အလျှင်လိုပြီး စီမံခန့်ခွဲမှုလိုအပ်ချက်များရှိခဲ့ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။ ယမန်နှစ် မေနှင့် ဇွန်တို့တွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ်ပြတ်တောက်ခဲ့ပြီးနောက် EPGE သည် မဂ္ဂါဝပ် ၁၀၄?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.