စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ ဆိုလာတင်ဒါ ပြန်သုံးသပ်ဖို့ ရင်းနှီးမြှုပ်နှံသူတွေတိုက်တွန်း

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နေရောင်ခြည်စွမ်းအင်သုံးပြီး လျှပ်စစ်ဓာတ်အား ၁၀၆၀ မဂ္ဂါဝပ်ထုတ်လုပ်ရန်အတွက် တင်ဒါများကိုခေါ်ယူခဲ့သော်လည်း နိုင်ငံတစ်ဝန်း ခရီးသွားလာမှုကန့်သတ်ထားမှု နှင့် နိုင်ငံတွင်းဝင်ရောက်မှု ပိတ်ပင်ထားချိန်တွင် တင်ဒါအတွက် ပြင်ဆင်ချိန် တစ်လသာ ရရှိသည့်အတွက် စိတ်ပျက်မှုများရှိနေပြီဖြစ်သည်။

သောမတ်စ် ကင်း(န်)

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၆၀ အထိ ထုတ်လုပ်မည့် တင်ဒါနောက်ဆုံးရက်ကို ထပ်တိုးပေးရန် ရင်းနှီးမြှုပ်နှံသူများနှင့် လေ့လာသူများက အစိုးရအား တိုက်တွန်းခဲ့သည်။ တင်ဒါလျှောက်ထားသူများအတွက် အဆိုများကိုပြင်ဆင်ရန် အချိန်လုံလောက်စွာမရရှိခြင်းနှင့် အစိုးရအနေဖြင့် ယခုအချိန်တွင် အမြင့်ဆုံးဈေးကိုရရှိနိုင်ခြေနည်းနေခြင်းတို့ရှိနေကြောင်း ပြောဆိုမှုများရှိနေသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း(EPGE)က မေ ၁၈ ရက်တွင် တင်ဒါကိုကြေညာခဲ့သည်။ တင်ဒါအတွက် နောက်ဆုံးရက်ကို ဇွန် ၁၈ ရက်အဖြစ် သတ်မှတ်ထားသည်။ တင်ဒါ၌ နေရာ အခု ၃၀ ပါဝင်ပြီး မဂ္ဂါဝပ် ၃၀ မှ ၅၀ အထိ စီမံကိန်းများအတွက် အဆိုများတင်သွင်းရန် အချက်များပါဝင်သည်။ တင်ဒါအောင်သူများသည် နှစ် ၂၀ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါစီမံကိန်းအတွက် တင်ဒါခေါ်ယူမည်ကို စိတ်ဝင်တစားဖြင့် စောင့်ဆိုင်းနေခဲ့ကြပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏စိတ်ဝင်စားခံရမည်ဖြစ်ကြောင်း မျှော်လင့်မှုများရှိခဲ့သည်။ သို့သော် COVID-19 ဖြစ်ပွားမှုအတွင်း တင်ဒါခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် တင်ဒါအတွက်ပြင်ဆင်ချိန်နည်းပါးခြင်းတို့ကြောင့် စိတ်ပျက်မှုများ၊ မကျေမနပ်ဖြစ်မှုများရှိလာခဲ့သည်။
အမှန်ဆိုလျှင် ယခုတင်ဒါခေါ်ယူသည့် စီမံကိန်းသည် မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် မိုင်တိုင်တစ်ခုဖြစ်လာသင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလိုလားသည့် အစိုးရအတွက်လည်း အောင်မြင်မှုဇာတ်လမ်းတစ်ပုဒ်ဖြစ်လာသင့်ပေသည်။
တင်ဒါခေါ်ယူမှုကို အကြီးအကျယ်စိတ်ဝင်စားမှုများရှိလာနိုင်သေးသော်လည်း အချိန်နှင့် အခြေအနေကန့်သတ်ချက်များကြောင့် တင်ဒါလျှောက်ထားသူနည်းပါးနိုင်ပြီး နောက်ဆုံးဈေးလည်း မြင့်တက်သွားနိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။
“ဒီလောက်ရှုပ်ထွေးများပြားတဲ့ စီမံကိန်းတစ်ခုကို တစ်လအတွင်း တင်ဒါလျှောက်ခိုင်းတယ်ဆိုတာ အတော်ကိုမကျေမနပ်ဖြစ်စရာကောင်းတာပဲ”ဟု အလားအလာရှိသည့် နေရောင်ခြည်စွမ်းအင် ရင်းနှီးမြှုပ်နှံသူတစ်ဦးကပြောဆိုခဲ့သည်။
“ကမ္ဘာကြီးမှာက နေရောင်ခြည်စွမ်းအင်မှာ ရင်းနှီးမြှုပ်နှံဖို့ အရင်းအနှီးတွေ အများကြီးရှိတယ်၊ ဒီအရင်းအနှီးတွေအတွက် အခွင့်အလမ်းနဲ့ ဒီရင်းနှီးမြှုပ်နှံသူတွေ ဈေးကွက်ထဲဝင်လာမှာကို ဘာဖြစ်လို့ ကန့်သတ်ချင်ရတာလဲ၊ ဒီလိုအစောတလျင်လုပ်တာက မြန်မာအတွက် ရွေးချယ်မှုနဲ့ အခွင့်အလမ်းကိုနည်းသွားစေတယ်” ဟု သူကပြောဆိုခဲ့သည်။
တချို့ကလည်း ထိန်းထိန်းသိမ်သိမ်းသာ ဝေဖန်ပြောဆိုကြသည်။ ဝန်ကြီးဌာနက တင်ဒါခေါ်ယူမှုကို နောက်ဆုံးထုတ်ပြန်ခဲ့ခြင်းကိုပင် အသိအမှတ်ပြုစကားပြောဆိုခဲ့သည်။ သို့သော် တင်ဒါလျှောက်ထားသူများ ခုထက်ပိုမိုအချိန်ရသင့်ကြောင်းကိုမူ ပြောဆိုခဲ့ကြသည်။
“နေရောင်ခြည်စွမ်းအင်အတွက် တင်ဒါကို စောင့်နေတာ သုံးလေးနှစ်ရှိတော့မယ်၊ ဒါကြောင့် နောက်ဆုံးခေါ်ယူတာရှိလာတော့ စိတ်သက်သာရာရမိပါတယ်” ဟု ဦးလင်းထွန်းကပြောသည်။ ဦးလင်းထွန်းသည် အမေရိကန်ပြည်ထောင်စုရှိ ဓာတ်အားပေးလုပ်ငန်းတွင် ၂၅ နှစ်လုပ်ကိုင်ခဲ့ပြီးနောက် ရန်ကုန်သို့ပြန်လာကာ ၂၀၁၃ ခုနှစ်တွင် Quasar Resources ကုမ္ပဏီကို တည်ထောင်ခဲ့သည်။
ဦးလင်းထွန်း၏ကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး၌ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအဆိုတစ်ခုကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ယခင်ကတင်ပြခဲ့ဖူးပြီးတင်ဒါဝင်ရောက်လျှောက်ထားရန်လည်း ပြင်ဆင်ခဲ့သည်။ သို့သော် တင်ဒါအတွက် ပြင်ဆင်ချိန်ကိုပိုမိုပေးခဲ့ပါက နိုင်ငံအတွက်ပိုမိုကောင်းမွန်သောရလဒ်ထွက်လာနိုင်ကြောင်း ဦးလင်းထွန်းကပြောဆိုခဲ့သည်။
“COVID-19 ဖြစ်ပွားနေတဲ့အချိန်ကြီးမှာတင်ဒါအတွက် ပြင်ဆင်ချိန်နောက်ဆုံးရက်ကို တစ်လပဲပေးတဲ့အတွက် အတော်လေးကိုစိန်ခေါ်မှုများတယ်ဗျာ၊ ပုံမှန်အချိန်တွေမှာတောင် အရည်အသွေးရှိတဲ့ တင်ဒါလျှောက်ထားသူတွေပါလာဖို့အတွက် ဒီလိုတင်ဒါမျိုးကိုအချိန်နှစ်လသုံးလပေးဖို့လိုအပ်ပါတယ်” ဟု ၎င်းကပြောဆိုခဲ့သည်။
အဆိုပြုထားသောနေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံအများစုသည် မြန်မာနိုင်ငံအလယ်ပိုင်းအပူပိုင်းဇုန်တွင်တည်ရှိသည်။ မကွေးတိုင်းဒေသကြီး၌ ၂၄၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် စက်ရုံ၊ မန္တလေးတိုင်းဒေသကြီး၌ ၁၅၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် စက်ရုံ၊စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၃၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် စက်ရုံ၊ နေပြည်တော်၌ ၁၁၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် စက်ရုံတို့ဖြစ်ကြသည်။ ကျန်စက်ရုံများမှာ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တစ်ခုဖြစ်သည်။
COVID-19 ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အဆိုပြုထားသောနေရာများသို့သွားရောက်ကြည့်ရှုရန်ကိုမဆိုထားနှင့် နိုင်ငံတွင်းဝင်ရောက်ရန်ပင် ခက်ခဲနေခဲ့သည်။ မြန်မာနိုင်ငံသည် မေလအကုန်ပိုင်းအထိ နိုင်ငံတကာခရီးသည်တင်လေယာဉ်ခရီးစဉ်များဝင်ရောက်ခွင့်ကိုပိတ်ပင်ထားပြီးသံတမန်များနှင့် ကုလသမဂ္ဂအရာရှိများမှလွဲ၍ နိုင်ငံတွင်းဝင်ရောက်သူများသည် အစိုးရလက်အောက်ရှိသီးခြားစောင့်ကြည့်ရေးစခန်းသို့မဟုတ်ဟိုတယ်တစ်ခုခုတို့တွင် ၂၁ ရက်သီးခြားစောင့်ကြည့်ခံရမည်ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးနယ်စပ်များကို ဖြတ်ကျော်လျှင်ပင် သီးခြားစောင့်ကြည့်ရေးစခန်းတစ်ခုခုတွင် နေထိုင်ရမည်ဖြစ်သည်။
RGK+Z&A ကုမ္ပဏီမှ ဦးဇေယျသူရမွန်က ၎င်း၏ကုမ္ပဏီသည် မိတ်ဖက်နိုင်ငံခြားကုမ္ပဏီများနှင့်အတူတင်ဒါလျှောက်ထားရန် စီစဉ်ခဲ့သော်လည်းနောက်ဆုံးရက်ပြည့်မီရန် အခက်အခဲရှိမည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။
“အတော်လေးကိုခက်ခဲတဲ့အလုပ်ပဲ၊ အတော်ကိုလုပ်ရကိုင်ရကျပ်ပါတယ်၊ တင်ဒါရှိတယ်ဆိုရင် ပါဝင်ဖို့အတွက် ဒီနိုင်ငံကိုလာရပါမယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မိတ်ဖက်ကုမ္ပဏီကလူတွေ ဒီကိုလာလို့မရဘူး၊ အွန်လိုင်းကတစ်ဆင့်ပဲစကားပြောလို့ရတယ်၊ ကျွန်တော်ကိုယ်တိုင်တောင် မန္တလေးနဲ့နေပြည်တော်ကိုသွားလို့မရဘူးဖြစ်နေတယ်” ဟု ၎င်းကပြောဆိုခဲ့သည်။
“လူအတော်များများက ရက်ထပ်တိုးပေးဖို့တောင်းဆိုမယ်ဆိုရင် ဖြစ်နိုင်လောက်တယ်လို့ ထင်တယ်၊ သုံးလလောက်ဆိုရင် အဆင်ပြေပါတယ်” ဟုဦးဇေယျသူရမွန်ကပြောဆိုခဲ့သည်။
သို့သော် တင်ဒါလျှောက်ထားရန် တစ်လလနှင့်လုံလောက်သည်ဟုဝန်ကြီးဌာနကယူဆထားကြောင်း EPGE ၏ကြီးကြပ်ရေးအင်ဂျင်နီယာဦးရဲထွန်းဇော်ကပြောဆိုခဲ့သည်။
“စည်းမျဉ်းစည်းကမ်းတွေ အများကြီးမထားပေးပါဘူး၊ စာရွက်စာတမ်းတွေကိုအလွယ်တကူပြင်ဆင်လို့ရပါတယ်၊ ဒါကြောင့် တစ်လတောင် တော်တော်များတယ်လို့ ပြောလို့ရတယ်” ဟုဦးရဲထွန်းဇော်ကပြောဆိုခဲ့သည်။
“တစ်လနဲ့အပြတ်လုပ်လို့ရတဲ့ ကုမ္ပဏီတွေရှိတယ်၊ ဒါပေမဲ့ သူတို့ကခင်ဗျားတို့နဲ့စကားမပြောဘူး၊ မလုပ်နိုင်တဲ့ ကုမ္ပဏီတွေကခင်ဗျားတို့နဲ့ပြောတာပါ” ဟု ၎င်းကဆက်လက်ပြောဆိုခဲ့သည်။ နောက်ဆုံးရက်ထပ်တိုးပေးရန် ကုမ္ပဏီများထံမှ တောင်းဆိုမှုကိုလက်ခံရရှိခြင်းမရှိသေးကြောင်း၊ တောင်းဆိုခဲ့ပါကစဉ်းစားပေးမည်ဖြစ်ပြီသော်လည်း ဝန်ကြီးဌာနကသာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

သိပ်နောက်ကျနေပြီ

နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများသည် တစ်မဂ္ဂါဝပ်အတွက် အနည်းဆုံးငါးဧကလိုအပ်မည်ဖြစ်သောကြောင့် တင်ဒါလျှောက်ထားသူများအတွက် အကြီးဆုံးစိန်ခေါ်မှုသည် မြေနေရာရရှိရေးဖြစ်သည်။ တင်ဒါလျှောက်ထားရာတွင် မြေပိုင်ဆိုင်မှုသက်သေအထောက်အထားကိုပါ တင်ပြရမည်ဆိုသည့်အချက်ကို တင်ဒါခေါ်ယူမှုမှတ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အခြေကျနေပြီဖြစ်သည့် ကုမ္ပဏီများပင်လျှင် မြေနေရာရရှိထားပြီးဖြစ်ရမည်ဆိုသည့် လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတော်လေးကိုခက်ခဲမည်ဖြစ်ကြောင်းဥပဒေအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် DFDL ၏ မြန်မာရုံးခွဲ မစ္စတာနီရှန့် ချိုဒရီကပြောဆိုခဲ့သည်။
တင်ဒါခေါ်ယူမှုပုံစံကြောင်လည်း အလားအလာရှိသည့် တင်ဒါလျှောက်ထားသူများကို ဆုံးရှုံးနိုင်ပြီးယှဉ်ပြိုင်မှုမရှိသောကြောင့် အစိုးရသည် လျှပ်စစ်ဓာတ်အားကိုဈေးသက်သက်သာသာနှင့်ရနိုင်လျက်နှင့် ပိုမိုများပြားသောဈေးကိုပေးရနိုင်ခြေရှိနေကြောင်း ချိုဒရီကပြောဆိုခဲ့သည်။
တင်ဒါခေါ်ယူမှုပုံစံကြောင့် ကုမ္ပဏီတချို့အတွက် အသာစီးရစရာအခြေအနေများရှိလာခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်လုပ်ငန်းမှ သတင်းအရင်းအမြစ်များကပြောဆိုခဲ့သည်။ အဆိုပြုထားသောနေရာ ၃၀ ခန့်၏အနီးတစ်ဝိုက်တွင်မြေနေရာရှိထားပြီးသည့်ကုမ္ပဏီများသည်သာ တင်ဒါလျှောက်ထားနိုင်ခြေအများဆုံးရှိနေသည်။
ယခုအချိန်တွင် မြေနေရာရယူမှုဆိုသည့် အခြေအနေမှစတင်လျှင် အတော်လေးကိုနောက်ကျနေမည်ဖြစ်ကြောင်း VDB ဥပဒေအကြံပေးကုမ္ပဏီမှ မစ္စတာအပ်ဒွင် ဗန်ဒါဘရက်ဂန်ကတင်ဒါနှင့်ပတ်သက်၍ ကုမ္ပဏီကမေ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် အွန်လိုင်းအစည်းအဝေးအတွင်းပြောဆိုခဲ့သည်။ “မြေရှိတဲ့နေရာကိုမသွားဘဲမြေပိုင်ရှင်တွေနဲ့စကားပြောရတော့မယ်လေ၊ ဒီလိုလုပ်ဖို့ကဘယ်လိုမှမဖြစ်နိုင်ဘူးလေ”ဟု ၎င်းကပြောဆိုခဲ့သည်။
မြေနေရာရှိထားပြီးသားဖြစ်ရမည်ဆိုသည့်အချက်သည် ပြဿနာတစ်ခုဖြစ်ပြီးနေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းများအတွက် ဝန်ကြီးဌာနသို့ ယခင်ကတည်းက လျှောက်ထားပြီးသားဖြစ်သည့် ကုမ္ပဏီများကအသာစီးရမည်ဖြစ်ကြောင်း ဦးဇေယျသူရမွန်ကပြောဆိုခဲ့သည်။ “သူတို့မှာကမြေရှိပြီးသားပဲလေ၊ အဆင်သင့်ဖြစ်နေတာပေါ့” ဟု ၎င်းကပြောဆိုခဲ့သည်။
တင်ဒါအရ EPGE သည် ၎င်းတို့သဘောကျ စည်းမျဉ်းများကိုအလျှော့အတင်းလုပ်ခွင့်ပေးထားသည်။
EPGE နှင့် သဘောတူလက်မှတ်ရေးထိုးပြီးရက် ၁၈၀ အတွင်းလုပ်ငန်းစတင်လည်ပတ်ရန်လိုအပ်သည့် အချက်ကဲ့သို့ ရှိလာနိုင်သည့် ပြဿနာများကိုလည်းတချို့က ထောက်ပြကြသည်။ ယင်းကဲ့သို့ အချိန်တိုတွင်းငွေကြေးကိစ္စစီစဉ်ရန် အခက်အခဲရှိနိုင်ကြောင်းဗန်ဒါဘရပ်ဂန်ကပြောဆိုခဲ့သည်။ အခွန်ဆိုင်ရာ ပြဿနာများလည်းရှိနေပြန်သည်။ စာချုပ်သက်တမ်း နှစ် ၂၀ အတွင်းအခွန်နှုန်းထားမည်သို့ပြောင်းလဲမည်ကိုခန့်မှန်းရန်မဖြစ်နိုင်သဖြင့် အခွန်အပါအဝင် တင်ဒါဈေးနှုန်းဖြင့် လက်ခံရန် လက်တွေ့မကျသလို စိတ်ပျက်စရာလည်းကောင်းနေကြောင်း ချိုဒရီကပြောဆိုခဲ့သည်။ တင်ဒါလျှောက်ထားသူများသည် ယင်းအချက်ကိုလည်း ထည့်သွင်းလျှောက်ထားမည်ဖြစ်သောကြောင့် အစိုးရကပေးရသည့် ဈေးနှုန်းမြင့်တက်လာနိုင်သည်။
နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားထုတ်လုပ်မှုတင်ဒါတွင် အခက်အခဲများရှိနေသဖြင့် EPGE သည် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၌ မကြာသေးမီတွင် ပြုလုပ်ခဲ့သည့် အလားတူတင်ဒါများကဲ့သို့ အကျိုးကျေးဇူးများစွာရရှိနိုင်တော့မည်မဟုတ်ချေ။
ကမ္ဘောဒီးယားရှိElectricite Du Cambodge ( ကမ္ဘောဒီးယားလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း)က ၆၀ မဂ္ဂါဝပ်အတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် တင်ဒါခေါ်ယူသည့်အခါ တင်ဒါလျှောက်ထားသူများအတွက် ပြင်ဆင်ရန် သုံးလအချိန်ပေးခဲ့ပြီးမြေနေရာကိုပါ ထောက်ပံ့ပေးခဲ့သည်။
အောင်ခဲ့သည့် တင်ဒါအရ ကီလိုဝပ်တစ်နာရီလျှင် အမေရိကန်သုံးငွေ ၃ ဒသမ ၈၇၇ ဆင့်သာကျသင့်မည်ဖြစ်ရာယင်းသည် အရှေ့တောင်အာရှ၌ စံချိန်တင်အနည်းဆုံးဖြစ်ကြောင်း အာရှဖွံ့ဖြိုးမှုဘဏ်ကပြောဆိုခဲ့သည်။
အလားတူပင် မလေးရှားကလည်း နေရောင်ခြည်စွမ်းအင်စီမံကိန်းကြီး၏တတိယအဆင့်အဖြစ် ၅၀၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စီမံကိန်းများအတွက် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါလျှောက်ထားသူများအတွက် အဆိုတင်သွင်းရန် သြဂုတ်လနောက်ဆုံးထားအချိန်ပေးခဲ့သည်။ မဂ္ဂါဝပ် ၆၇၀၀ အတွက် တင်ဒါလျှောက်ထားမှု ၁၁၂ ခုရှိခဲ့ပြီး အနိမ့်ဆုံးတင်ဒါမှာအမေရိကန်သုံးငွေ ၄ ဒသမ ၂ ဆင့်ဖြစ်သည်။
မြန်မာ၏ယခုနေရောင်ခြည်စွမ်းအင်တင်ဒါနှင့် ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် အရေးပေါ်စွမ်းအင်တင်ဒါခေါ်ယူမှုတို့ကြား နှိုင်းယှဉ်ပြောဆိုမှုများရှိခဲ့သည်။ ယမန်နှစ်တွင် အရေးပေါ်စွမ်းအင်အတွက် တင်ဒါခေါ်ယူခဲ့ရာရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်းရာပေါင်းများစွာပါဝင်ပြီး ရှုပ်ထွေးသည့် စီမံကိန်းများအတွက် ပြင်ဆင်ချိန် တစ်လသာပေးခဲ့သည်။ ဝန်ကြီးဌာနသည် သဘာဝဓာတ်ငွေ့စီမံကိန်းများအတွက် တင်ဒါလျှောက်ထားမှုအနည်းငယ်ကိုသာလက်ခံရရှိခဲ့သည်။
စီမံကိန်းအားလုံးအတွက် တင်ဒါကို ဟောင်ကောင်ရှိ VPower နှင့် တရုတ်နိုင်ငံပိုင် တရုတ်အမျိုးသားနည်းပညာသွင်းကုန်နှင့် ပို့ကုန်ကော်ပိုရေးရှင်း(China National Technical Import and Export Corporation) တို့က တင်ဒါအားလုံးရရှိခဲ့သည်။ စီမံကိန်းများသည် ဧပြီ ၃ ရက်တွင် ပြီးဆုံးရမည်ဖြစ်သော်လည်း ပြီးဆုံးခြင်းမရှိသေးချေ။
“အရေးပေါ်စွမ်းအင်တင်ဒါဟာ တင်ဒါအောင်သူမျိုးစုံမပါဝင်ခဲ့ဘူး၊ နေရောင်ခြည်စွမ်းအင်သုံးတင်ဒါလည်း အလားတူပြဿနာကြုံရတယ်မကြုံရဘူးဆိုတာကို စောင့်ကြည့်ရဦးမယ်” ဟု သုတေသနနှင့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Myanmar Energy Monitor မှ မစ္စတာ ဂျော်ဒန် ဇီလဲကပြောဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများရှိခဲ့သောကြောင့် တင်ဒါကို အရေးတကြီးခေါ်ယူခဲ့ရခြင်းဖြစ်သည်ကို နားလည်နိုင်သော်လည်း တင်ဒါအတွက် ပြင်ဆင်ချိန်နည်းပါးမှုနှင့်ပတ်သက်မူ ရှင်းလင်းစွာမသိရသေးချေ။
၂၀၁၇ ခုနှစ်တွင် အစိုးရကထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အရ ဝန်ကြီးဌာနသည် တင်ဒါအတွက် တစ်လသာအချိန်ရကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က တင်ဒါအတွက်ပြင်ဆင်ချိန်နည်းပါးမှုကို ခုခံပြောဆိုခဲ့သည်။
“ပုံမှန်က တစ်လပဲပေးတတ်ပါ” ဟု ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။
ဧပြီအကုန်ပိုင်းတွင် အစိုးရကထုတ်ပြန်ခဲ့သည့် COVID-19 ကြောင့် စီးပွားရေးထိခိုက်နစ်နာမှုလျှော့ချရေးအစီအစဉ်တွင် စီးပွားရေးပြန်လည်ဦးမော့လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးကဏ္ဍတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးရေးလည်းပါဝင်ခဲ့သည်။ သို့သော် ယင်းအစီအစဉ်တွင် တင်ဒါနှင့်ပတ်သက်၍ တစ်စုံတရာဖော်ပြထားခြင်းမရှိချေ။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရှိလာနိုင်သည့် သဘောတူညီမှုများကိုသုံးသပ်ကာ ကုန်ကျမှုအခြေအနေကိုသုံးသပ်ပြီးနောက် အစိုးရ၏ Project Bank တွင် ထည့်သွင်းနိုင်ရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများကိုတင်ပြရန် အချက်ကိုမူ အထက်ပါအစီအစဉ်တွင်ဖော်ပြထားသည်။ ယခုနှစ်အကုန်ပိုင်းမတိုင်မီတွင် စတင်ခဲ့သည့် စီမံကိန်းငါးခုအတွက် ဝယ်ယ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.