အပြိုင်အဆိုင်ဖြစ်လာတဲ့ စားသောက်ဆိုင်နဲ့ ဘားတွေ

ဆုံးဖြတ်ချက် မှန်ကန်တဲ့ ရင်းနှီးမြှတ်နှံသူတွေနဲ့ စားသုံးသူတွေရဲ့ တောင်းဆိုမှုတွေက ရန်ကုန်မြို့က စားသောက်ဆိုင်နဲ့ ဘားတွေရဲ့ မြင်ကွင်းကို ချက်ချင်းပြောင်းလဲသွားစေပါတယ်

ပီတာ ဂျင်ဆင် ရေးသားသည်။

အတိတ်က ရန်ကုန်မြို့ရဲ့  ဘားနဲ့ စားသောက်ဆိုင်လောကကို Colliers International Myanmar ရဲ့ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Tony Picon ဟာ အခုအချိန်အထိ သတိရနေပါသေးတယ်။

“အရင်က ညနေ သွားသောက်ကြမလားမေးရင် လူတွေက ည ၇ နာရီမှာ တွေ့မယ်လို့ပဲ ပြောခဲ့ကြတယ်။ အဲဒီအချိန်တုန်းက လမ်း ၅၀ ဘား (50th Street bar) ပဲရှိတော့ ဘယ်သူကမှ ဘယ်မှာတွေ့မလဲလို့ မမေးကြတော့ဘူး”လို့ ရန်ကုန်မှာ လေးနှစ်ကြာ နေထိုင်ခဲ့တဲ့ သူက ပြောပါတယ်။

“နောက်တော့ Union Bar ဖွင့်ပြီး တခြားဆိုင်တွေလည်း လိုက်ဖွင့်လာတဲ့နောက်ပိုင်း ကျွန်တော်တို့ရဲ့ လူမှုဘဝကလည်း စိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်”လို့ သူက ပြောပါတယ်။

အဲဒီအချိန်က ညနေခင်း သွားစရာ ဘားအနေနဲ့ လမ်း ၅၀ ဘားတစ်ခုတည်းရှိခဲ့ပေမယ့်  ကောင်းမွန်တဲ့ ဟင်းလျာတွေကို Le Planteur နဲ့ L’Opera စားသောက်ဆိုင်တို့မှာလည်း ရနိုင်ခဲ့ပါတယ်။ ဒီဆိုင် သုံးခုလုံးကို ၁၉၉၇ က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ စားသောက်ဆိုင် အကောင်းစားတွေနဲ့ ဘားတွေ ဖွင့်လာကြတာက အစိုးရအပြောင်းအလဲ စတင်ပြီး နောက်ပိုင်းမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း  မြန်မာလူမျိုးတွေရဲ့ လူမှုအသိုင်းအဝိုင်း ပေါင်းသင်းဆက်ဆံမှုနဲ့ ပျော်ရွှင်စရာ အထိမ်းအမှတ် နေ့ရက်တွေကို ဖြတ်သန်းမှုပုံစံက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာခဲ့တယ်။ အကယ်၍ သင့်မှာ ပိုက်ဆံသာရှိမယ်ဆိုရင် အထက်တန်းလွှာ စားသောက်ဆိုင်တွေမှာ ရွေးချယ်စားသောက်နိုင်ပါလိမ့်မယ်။ ရန်ကုန်မြို့မှာ ဂျပန်စားသောက်ဆိုင်ပေါင်း ၁၀၀ ကျော်ရှိပြီး အီတလီအစားအစာနဲ့ ပီဇာ၊ မက္ကဆီကန် အစားအသောက်တွေ၊ ဗြိတိသျှ၊ ဂျာမန်နဲ့ ရုရှားအစားအသောက်တွေ ရရှိနိုင်တဲ့ စားသောက်ဆိုင်တွေလည်း ရှိလာခဲ့တယ်။

ဒါပေမယ့် ဒီလိုမျိုး စားသောက်ဆိုင်တစ်ခုကို မြန်မာနိုင်ငံရဲ့  စီးပွားရေးမြို့တော်မှာ အောင်အောင်မြင်မြင် ဖွင့်လှစ်ဖို့ လွယ်ကူရဲ့လား။ ဖွင့်လှစ်ထားပြီးတဲ့ ဆိုင်တွေကကော စီးပွားအရ အောင်မြင်မှုရရှိရဲ့လားဆိုတာ စိတ်ဝင်စားစရာ မေးခွန်းတစ်ခုဖြစ်ပါတယ်။

50th Street Bar was once one of the only options for those wanting an after-work drink in Yangon. (Maro Verli / Frontier)

50th Street Bar was once one of the only options for those wanting an after-work drink in Yangon. (Maro Verli / Frontier)

စားသောက်ဆိုင်လုပ်ငန်းဆိုတာ ဘယ်နေရာမှာမဆို စွန့်စားရာရောက်တဲ့ လုပ်ငန်းမျိုးဖြစ်ပေမယ့် မြန်မာနိုင်ငံမှာဆိုရင် ပိုပြီးခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဥပမာအာဖြင့် ယစ်မျိုးလိုင်စင်ဟာ မြို့နယ်အလိုက်ခွဲတမ်းနဲ့ ရရှိတာဖြစ်ပြီး အခုဆိုရင်ဈေးကွက်ထဲမှာ လိုင်စင်တွေကို နေရာအလိုက် အမေရိကန် ဒေါ်လာ ၆၀၀၀ ကနေ ၈၀၀၀ ကြားနဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။ ဆိုင်ခန်းငှားရမ်းခတွေကလည်း ဒေသတွင်းမှာ ဈေးနှုန်းအမြင့်ဆုံး ဖြစ်ပါတယ်။ အခက်အခဲဆုံး ကိစ္စကတော့ နေရာငှားရမ်းမှုကို ဥပဒေအရ တစ်နှစ်သာ ခွင့်ပြုထားခြင်းပဲဖြစ်ပါတယ်။ ဒါဟာ စားသောက်ဆိုင်လုပ်ငန်းကနေ ဝင်ငွေပြန်လည်ရရှိဖို့ လုံလောက်တဲ့ အချိန်မဟုတ်ဘူးလို့ Port Autonomy Bar and Restaurant တည်ထောင်သူ Ivan Pun ကဆိုပါတယ်။ ဒီစားသောက်ဆိုင်ကို ရန်ကုန်ဆိပ်ကမ်းအနီးမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ မြေနေရာပိုင်ရှင်ဖြစ်တဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မြေငှားရမ်းတဲ့စာချုပ်ကို သက်တမ်းထပ်မံမတိုးဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် Port Autonomy ကို ပိတ်သိမ်းခဲ့ရပါတယ်။ စာချုပ်သက်တမ်းတိုးရာမှာ နေရာကို စီမံခန့်ခွဲတဲ့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနဲ့ သဘောတူညီချက် မရခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“ဌာနနှစ်ခုကြားမှာ မြေနေရာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်ခဲ့ပါတယ်။ သူတို့ဘက်က သဘောမတူနိုင်တဲ့အဆုံးမှာတော့ ငှားရမ်းမှုကို ရပ်ဆိုင်းခဲ့ရပါတယ်”လို့ Kevin Ching နဲ့အတူ Port Autonomy စားသောက်ဆိုင်ကို တည်ထောင်ခဲ့သူ Mr Pun ကပြောကြားခဲ့ပါတယ်။

“အရင် Port Autonomy နေရာမှာ အခု လက်ဖက်ရည်ဆိုင်ဖြစ်နေပါပြီ”လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။

အခုဆိုရင် Port Autonomy ကို ယခင်က Le Planteur စားသောက်ဆိုင်ရှိခဲ့တဲ့ ကမ္ဘာအေးဘုရားလမ်းမှာ ပြန်လည် ဖွင့်လှစ်ထားပါတယ်။ Mr Pun ကတော့ Port Autonomy ကို ကမ်းနားနဲ့ နီးတဲ့နေရာမှာ ပြန်ဖွင့်ဖို့ နေရာလိုက်ရှာနေပါတယ်။ “ကျွန်တော်တို့အတွက် စိတ်ချရတဲ့ မြေပိုင်ရှင်ဖြစ်ဖို့ အရေးကြီးပါတယ်၊ အစိုးရဆီက နောက်ထပ် မငှားချင်တော့ဘူး”လို့ သူက ပြောကြားခဲ့ပါတယ်။

Ivan Pun at Port Autonomy in Bahan Township. (Maro Verli / Frontier)

Ivan Pun at Port Autonomy in Bahan Township. (Maro Verli / Frontier)

တစ်ချို့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကတော့ အစိုးရနဲ့ နီးစပ်တဲ့ အဖွဲ့အစည်းတွေဆီက ငှားရမ်းတာ ပိုလွယ်တယ်လို့ ထင်ကြပါတယ်။ Nico Elliott ဟာ ဘင်္ဂလားဒေ့ရှ့်မှာ ဧည့်ခံကြိုဆိုရေးဆိုင်ရာ သင်ကြားမှုတွေ ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ် အစောပိုင်းက ရောက်ရှိလာတဲ့ ဗြိတိသျှလူမျိုးတစ်ဦး ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ စားသောက်ဆိုင်ရှားပါးမှုက အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ သူက မြင်ခဲ့ပါတယ်။ ဟောင်ကောင်အခြေစိုက် 57 Below ရင်းနှီးမြုပ်နှံမှုအဖွဲ့ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ ရန်ကုန်မြို့၊ ကမ်းနားလမ်းပေါ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အဆောက်အဦးမှာ Union Bar & Grill သူက ၂၀၁၃ ခုနှစ်၊ ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ငှားရမ်းမှုကို ငါးနှစ် သဘောတူထားပေးမယ့် တရားဝင်ကတော့ တစ်နှစ်သာ အကျုံးဝင်ပါတယ်။ “ကျွန်တော်တို့ စွန့်စားခဲ့တယ်လို့ပဲပြောရမယ်။ ဒီလိုလုပ်ခဲ့တာကလည်း ဈေးကွက်ထဲ ဘယ်သူမှမရှိသေးလို့ ဖြစ်ပြီး ငှားရမ်းခကလည်း အရမ်းသက်သာနေတဲ့ အတွက်ကြောင့်ပါ။ Union ကိုစဖွင့်ခဲ့တဲ့အချိန်မှာပဲ အောင်မြင်မှုကို ရခဲ့ပါတယ်” လို့ Union Bar & Grill ရဲ့ မန်နေဂျင်း ဒါရိုက်တာ Mr Elliott ကဆိုပါတယ်။

Union Bar & Grill ရဲ့ အောင်မြင်မှုကြောင့် ဂျပန်စားသောက်ဆိုင်ဖြစ်တဲ့ Gekko ကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ခဲ့သလို မက္ကဆီကို စားသောက်ဆိုင်ဖြစ်တဲ့ Tin Tin အပြင် အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင်မှုပါတဲ့ Paramin Pizza ဆိုင် နှစ်ဆိုင်ကိုလည်း သူတို့ ထပ်မံ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် ကုမ္ပဏီဖြစ်တဲ့ 57Below က စားသောက်ဆိုင်တွေအားလုံးအတွက် ငှားရမ်းသူကိုယ်စားလှယ်အဖြစ် ဆောက်ရွက်ပါတယ်။

Gekko နဲ့ Tin Tin တို့ကို မြို့လယ်က ပုဂ္ဂလိကပိုင် ယဉ်ကျေးမှု အမွေအနှစ် စားရင်းဝင် အဆောက်အဦမှာ ဖွင့်လှစ်ခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင်ဖို့ လိုင်စင်လိုအပ်ခဲ့ပါတယ်။ “ကျွန်တော်တို့ Gekko မှာရှိတဲ့ နံရံကိုဖြိုချခဲ့ရတော့ အာဏာပိုင်တွေက ဒါဟာ အသေးစား ပြန်လည်ပြင်ဆင်တာ မဟုတ်ဘူးလို့ ဆိုခဲ့တဲ့အတွက် အကြီးစားပြင်ဆင်မှု လိုင်စင်လိုခဲ့ပါတယ်၊ ဒါကို လျှောက်ထားတဲ့ လုပ်ငန်းစဉ်က ခြောက်လ ကြာခဲ့ပါတယ်”လို့ Mr Elliott က ပြောကြားခဲ့တယ်။

Union Bar and Grill, at the corner of 42nd Street and Strand Road in Botahtaung. (Maro Verli / Frontier)

Union Bar and Grill, at the corner of 42nd Street and Strand Road in Botahtaung. (Maro Verli / Frontier)

Parami Pizza နှစ်ဆိုင်မှာ ပထမ တစ်ခုကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လက ပါရမီလမ်းမပေါ်မှာ ဖွင့်ခဲ့တာဖြစ်ပြီး ဒုတိယတစ်ဆိုင်ကိုတော့ လွန်ခဲ့တဲ့နှစ်၊ မေလက ရွှေဂုံတိုင်လမ်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ “မြန်မာလူမျိုးတွေက ပီဇာ ကြိုက်ကြတာ တွေ့ရတယ်၊။ လာဝယ်တဲ့သူအများစုက နိုင်ငံခြားသားများမယ်လို့ ထင်ထားခဲ့တာပါ”လို့ Mr Elliott ကဆိုပါတယ်။

သာကေတမြို့နယ်မှာဖွင့်မယ့် Waterboom Park မှာလည်း Parami Pizza Express ကို ထပ်မံဖွင့်လှစ်ဖို့ ပြင်ဆင်နေပြီး ဈေးနှုန်းကိုလည်း ကျပ် ၇၀၀၀ လောက်သာ ထားရှိဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ “လူလတ်တန်းစား မြန်မာလူမျိုးတွေကို ပစ်မှတ်ထားထားပါတယ်။ ဒါကို အောင်မြင်အောင်လုပ်နိုင်ခဲ့မယ်ဆိုရင် ဒီထက်ကြီးမားတာကို စတင်လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်”လို့ Mr Elliott က ပြောကြားခဲ့ပါတယ်။ 

ကြီးမားတဲ့ဈေးကွက်တစ်ခုရရှိဖို့ ရည်မှန်းထားတယ်ဆိုရင် လူလတ်တန်းစားတွေကို ပစ်မှတ်ထားတာက အကောင်းဆုံး ဖြစ်ပါတယ်။

မလေးရှားဟင်းလျာတွေကို အဓိကထားရောင်းတဲ့ Rasa Lasa ဟာ ဆိုင်စဖွင့်ခဲ့တဲ့ အောက်တိုဘာလကတည်းက ဒီအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ဒီ စားသောက်ဆိုင်ကို ရန်ကုန်မြို့က မွတ်စလင်အများဆုံးနေထိုင်ရှိတဲ့ ဧရိယာဖြစ်တဲ့ သိမ်ဖြူလမ်းမှာ ဖွင့်လှစ်ထားပါတယ်။ အစားအသောက်တွေအားလုံးက Halaa လုပ်ပြီးသားဖြစ်ပြီး အရက်သေစာ ရောင်းချခြင်း မရှိပါဘူး။ အရက်မရောင်းပေမယ့်လည်း အရက်ကို အပြင်ကယူလာရင် ခွင့်ပြုပြီး ဒီအတွက် အခကြေးငွေ မကာက်ခံပါဘူး

“ဒါဟာ ကျွန်တော့်အတွက် အသေးစားလုပ်ငန်းတစ်ခုဖြစ်ပေမယ့် အရမ်းအောင်မြင်နေပြီး နေ့တိုင်း လူကျတတ်ပါတယ်”လို့ Rasa Lasa ရဲ့ အမှုဆောင်အရာချုပ်ဖြစ်သူ Muzhaffar Petra ကဆိုပါတယ်။ “ကျွန်တော်တို့ သတိမထားခဲ့တဲ့ အကြီးဆုံး ဈေးကွက်က Halal ဈေးကွက်ပဲ ဖြစ်ပါတယ်”လို့ သူက ထပ်မံပြောကြားခဲ့ပါတယ်။

Muzhaffar Petra, CEO of Rasa Lasa in Mingalar Taung Nyunt. (Maro Verli / Frontier)

Muzhaffar Petra, CEO of Rasa Lasa in Mingalar Taung Nyunt. (Maro Verli / Frontier)

မလေးရှားလူမျိုးဖြစ်တဲ့ Mr Muzhaffar ရဲ့ Makan Myanmar Group မှာ မြန်မာလုပ်ငန်းရှင်တွေလည်း ပါဝင်ကြပါတယ်။ သူတို့က ဘုန်းကြီးလမ်းမှာလည်း Hummingbird စားသောက်ဆိုင်ကို ဖွင့်လှစ်ထားပါတယ်။ Rasa Lasa ဟာ အခြေခံလူတန်းစားနဲ့ အလယ်လတ်တန်းစားတွေကို ရည်ရွယ် ပစ်မှတ်ထားတယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။ “တတိယကမ္ဘာနိုင်ငံထဲမှာ စားသောက်ဆိုင်အကောင်းစား ဖွင့်ဖို့ ရေပန်းစား ပြောကြားနေကြပေမယ့် အားလုံးလျစ်လျူရှုထားတဲ့ အလယ်လတ်တန်းစား ဈေးကွက်ရှိနေပါတယ်။ ဒီမှာ ဈေးသက်သာတဲ့ အစားအသောက်မရှိတာကို ကျွန်တော်တို့သိခဲ့ပြီး ဒါဟာအလုပ်ဖြစ်ခဲ့တယ်”လို့ Mr Muzhaffar ကပြောကြားခဲ့ပါတယ်။

Rasa Lasa မှာ လာရောက်စားသုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ မြန်မာလူမျိုးတွေဖြစ်ပြီး ကျန်တာတွေက မလေးရှား၊ စင်ကာပူနဲ့ အင်ဒိုနီးရှားလူမျိုးတွေဖြစ်တယ်လို့ Mr Muzhaffar က ဆိုပါတယ်။ “ကျွန်တော်တို့ အခုလုပ်ငန်းတိုးချဲ့ဖို့ အစွမ်းကုန် လုပ်နေတယ်။ မြို့ထဲမှာတင်မက တစ်နိုင်ငံလုံး အတိုင်းအတာအထိပါ”လို့ သူက ပြောကြားခဲ့ပါတယ်။ 

ရန်ကုန်မြို့ရဲ့  ပထမဆုံး ရုရှား စားသောက်ဆိုင်ဖြစ်တဲ့ Kvas ကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ ရန်ကင်းမြို့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး လအနည်းငယ်အထိ အနောက်နိုင်ငံသားများနဲ့ မြန်မာလူမျိုးတွေ လာရောက် စားသုံးခဲ့ပါတယ်။ ရုရှားဘီယာတစ်ခုရဲ့ အမည်ကို ယူထားတဲ့ ဒီဆိုင်ဟာ နောက်ပိုင်း အနည်းငယ် တိမ်မြုပ်သွားခဲ့ပါတယ်။ မြို့တော်စည်ပင်က ရေပိုက်လိုင်းသစ်တွေအတွက် ဆိုင်ရှေ့မှာ မြောင်းတွေ လာတူးတဲ့အချိန်မှာ ဆိုင်လာတဲ့သူတွေ ကားရပ်နားဖို့ နေရာမရှိတော့တဲ့အတွက် ဆိုင်ကို လူလာရောက်မှုလည်း ကျဆင်းသွားခဲ့ပါတယ်။

ဆိုင်ကို ဈေးကြီးတဲ့ ပုံစံမျိုးပြုလုပ်မိခဲ့တာ အမှားအယွင်းတစ်ခုပဲလို့ Kvas ရဲ့ မန်နေဂျာဖြစ်သူ Yevgeniy Dordzhiev က ဝန်ခံပြောကြားခဲ့ပါတယ်။

“ဆိုင်ရဲ့ ပုံစံကအရမ်းသစ်နေပြီး ဈေးကြီးတယ်လို့ ထင်တာကြောင့် ဒေသခံတွေဟာ သိပ်မလာချင်ကြသလို ဘယ်လိုမှာရမယ်မှန်းမသိတာ၊ ဘယ်လိုစားရမယ်မှန်း မသိတာရယ်ကြောင့် မလာကြတာများတယ်” လို့ ရုရှားလူမျိုးဖြစ်သူ Mr Kordzhiev က ပြောကြားခဲ့ပါတယ်။

Kvas အတွက် ကံကောင်းတဲ့တစ်ချက်ကတော့ ဆိုင်နေရာပတ်ဝန်းကျင်မှာ ဂျပန်လူမျိုးအများစုနေထိုင်ကြပြီး သူတို့က ရုရှားအစားအသောက်ကို ကြိုက်ကြတာဖြစ်ပါတယ်။ “ကျွန်တော်တို့ဆိုင်ရဲ့ ပုံမှန်ဖောက်သည်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ဂျပန်လူမျိုးတွေဖြစ်ပါတယ်။ သူတို့ကြောင့်ပဲ ကျွန်တော်တို့ ဆက်လက်ရပ်တည်နေနိုင်တာဖြစ်ပါတယ်”လို့ Mr Dordzhiev က ပြောကြားခဲ့ပါတယ်။

ခေါင်းစီးဓာတ်ပုံ: မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Rasa Lasa မလေးရှား စားသောက်ဆိုင်၏ အတွင်းပိုင်း မြင်ကွင်း။ (Maro Verli / Frontier)

ရဲထွဋ္ဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.