အဓိက မြန်မာ့လုပ်ငန်းရှင်အချို့အကြောင်း အပိုင်း ၂

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများတွင် ဝင်ရောက်နေရာယူနိုင်ခဲ့သည့် အဓိက ကုမ္ပဏီများ၏  လုပ်ငန်းရှင်သူဌေးအချို့အကြောင်း တစေ့တစောင်းကို ထပ်မံဖော်ပြအပ်ပါသည်။

ဂျာရတ် ဒေါင်းနင်း ရေးသား ပုံဖော်သည်။

width=

ဦးအောင်ကိုဝင်း

အသက် – မသိရသေး

အဓိကစီးပွားရေး – ကမ္ဘောဇလုပ်ငန်းအုပ်စု KBZ

ထင်ရှားသည့်လုပ်ငန်းများ- ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ လေကြောင်းလိုင်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်၊ ရှူးဖိနပ်လုပ်ငန်းများ

ထင်ရှားသည့်လုပ်ငန်းအမှတ်တံဆိပ်များ- ကမ္ဘောဇဘဏ်၊ MAI လေကြောင်း၊ ကမ္ဘောဇ ဘောလုံးကလပ်

ဆရာကျောင်းဟုလည်း ခေါ်ဆိုသည့် ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သူ ဦးအောင်ကိုဝင်းသည် ယခင်စစ်အစိုးရနှင့် အကျိုးဖြစ်ထွန်းသည့် ဆက်သွယ်မှုမှတဆင့် ချမ်းသာလာခဲ့သည်။

ယခင်စစ်အစိုးရမှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးက ကျောက်စိမ်းနှင့် နီလာတူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အထူးအခွင့်အရေးများ ပေးခဲ့မှုကြောင့် ဦးအောင်ကိုဝင်းမှာ စတင်ကြွယ်ဝလာခဲ့သည်။ ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်အရ မောင်အေး၏ သမီးမှာ အောင်ကိုဝင်း၏ တပည့်တစ်ဦးဖြစ်သည် ဆိုသည်။ အောင်ကိုဝင်းသည် အကြီးတန်း စစ်အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးဝင်းမြင့်၏ တူမနှင့် လက်ထပ်ခဲ့သည်။

ကမ္ဘောဇအုပ်စုသည် စီးပွားရေးလုပ်ငန်းများ၏ တာဝန်သိမှုကို လေ့လာဖော်ပြသော Myanmar Centre for Responsible Business ၏ ၂၀၁၅ အစီရင်ခံစာတွင် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပွင့်လင်းမြင်သာရှိမှု၊ လူ့အခွင့်အရေး ပေါ်လစီတို့တွင် ထိပ်တန်းအမှတ်များ ရရှိခဲ့သည်။ ဦးအောင်ကိုဝင်း၏ ဇနီး နန်းသန်းထွေးနှင့် သမီးသုံးယောက်တို့က ကမ္ဘောဇဘဏ်တွင် ဦးစီးဆောင်ရွက်လျက်ရှိသည်။ အောင်ကိုဝင်း၏ မိသားစုမှာ အလွန်ရှက်ကြောက်တတ်ကာ ဘာသာတရား အလွန်ကိုင်းရှိုင်းပြီး အလွန်ပင် စိတ်ကောင်းနှလုံးကောင်း ရှိကြောင်း ကမ္ဘောဇအုပ်စု၏ အတိုင်ပင်ခံတစ်ဦးက ရိုက်တာကို ပြောကြားသည်။

width=

ဦးအိုက်ထွန်း

အသက် – ၆၇ နှစ်

အဓိကစီးပွားရေး – ရွှေတောင်အုပ်စု၊ အာရှဓနဘဏ်

ထင်ရှားသည့် လုပ်ငန်းများ – ဆောက်လုပ်ရေး၊ ဘိလပ်မြေ၊ ရေအားလျှပ်စစ်၊ အခပေး အဝေးပြေးလမ်းများ တည်ဆောက်ရေး၊ အာမခံ

ထင်ရှားသည့်လုပ်ငန်းအမှတ်တံဆိပ်များ – အပါချီ ဘိလပ်မြေ၊ Junction Cineplex

ရှမ်းပြည်နယ် ရွာလေးတစ်ရွာရှိ လယ်တောတစ်ခုတွင် မွေးဖွားခဲ့သော ဦးအိုက်ထွန်းသည် ချုံကြားမှ ဘုံဖျားသို့ တက်လှမ်းလာသည့် သူဌေးကြီးတစ်ဦး၏ စံပြုဖွယ် သာဓကတစ်ခု ဖြစ်သည်။ ၎င်းသည် ကျောင်းတက်ရန် မိုင်ပေါင်းများစွာ လမ်းကြမ်းလျှောက်ခဲ့ရပြီး ၎င်း၏ရွာမှာလည်း ဓားပြများ၏ လုယက်မှု ခံခဲ့ရသည်ဟု AFG Venture အုပ်စုက ပြုစုခဲ့သည့် အရှေ့တောင်အာရှ စီးပွားရေးလုပ်ငန်းရှင်ကြီးများအကြောင်း တစေ့တစောင်းတွင် ဖော်ပြခဲ့သည်။

ဦးအိုက်ထွန်းသည် မန္တလေးရှိ ကားအရောင်းဆိုင် တစ်ဆိုင်တွင် အလုပ်သမား၊ ရန်ကုန်တွင် ဒရိုင်ဘာ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ သိပ်မအောင်မြင်သော နယ်စပ်ကုန်သွယ်သူအဖြစ်မှ အအောင်မြင်ဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင်အဖြစ်သို့ အဆင့်ဆင့် တက်လှမ်းနိုင်ခဲ့သည်။

၎င်းအတွက် မြန်မာနိုင်ငံတွင် အမေရိကန်အိပ်မက်ကို မက်နိုင်ပြီ ဖြစ်သော်လည်း ယခင်စစ်အစိုးရ နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီအဖွဲ့ဝင်များနှင့် ဆက်သွယ်မှုများကြောင့် ဝါရှင်တန်၏ ပိတ်ဆို့ဒဏ်ခတ်မှုစာရင်းမှ မလွတ်သေးပေ။

၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ဦးအိုက်ထွန်း၏ အိုလံပစ် ဆောက်လုပ်ရေးကုမ္ပဏီနှင့် အာရှဓနဘဏ်တို့သည် ငွေကြေးခဝါချခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကူးခြင်းတို့နှင့် ပတ်သက်နေသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းပေးခဲ့သည်။ ယင်းအရှုပ်တော်ပုံကြောင့် ဦးအိုက်ထွန်းသည် ၎င်း၏စီးပွားဥစ္စာကို စုစည်းကာ ရွှေတောင်အုပ်စုအဖြစ် ပြန်လည်တည်ထောင်ခဲ့သည်။

width=

ဦးခင်ရွှေ

အသက် – ၆၄ နှစ်

အဓိကစီးပွားရေး – အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စု၊ ဇေကမ္ဘာ ကုမ္ပဏီလီမိတက်

ထင်ရှားသည့်လုပ်ငန်းများ – ကွန်ဒိုမီနီယမ်များ၊ ဆောက်လုပ်ရေး၊ ဘိလပ်မြေ၊ သံမဏိ၊ စက်ပစ္စည်း

ထင်ရှားသည့်လုပ်ငန်းအမှတ်တံဆိပ်များ – ပြည်ဂါးဒင်းကွန်ဒိုများ၊ တော်ဝင် မင်္ဂလာဒုံဂေါက်ကွင်း

ဦးခင်ရွှေသည် အသက်မွေးဝမ်းကျောင်းအလုပ်ကို စစ်တပ်စက်ရုံနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အတိုင်ပင်ခံ အင်ဂျင်နီယာလုပ်ရင်း စတင်ခဲ့သည်။ ၎င်းသည် ၁၉၈၀ ပြည့်လွန်နှစ်များ၌  စင်ကာပူနှင့် အမေရိကန်တို့တွင် သွားရောက်ခဲ့ရာမှ ယင်းနိုင်ငံများရှိ နည်းပညာကို အားကျကာ ဆောက်လုပ်ရေးကဏ္ဍတွင် ခေတ်မီနည်းပညာများ စတင်အသုံးပြုရန် စိတ်ကူးရခဲ့သည်။

ဦးခင်ရွှေသည် ရန်ကုန်ရှိ အဆင့်မြင့် လူနေအိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အဓိက အရေးပါသူ ဖြစ်လာခဲ့သည်။ ထို့အပြင် ၎င်းသည် အမျိုးသားလွှတ်တော်တွင် အမတ်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပြီး လူသားအားလုံးတွင် တူညီသောတန်ဖိုး ရှိသည်ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ မြရိပ်ညိုဖောင်ဒေးရှင်းကို စတင်ရန် ကူညီခဲ့သည်။

သို့ရာတွင် ၎င်း၏ ဇေကမ္ဘာ ကုမ္ပဏီသည် ယင်း၏ စီမံကိန်း လုပ်ငန်းနေရာများတွင် လယ်သမားများ၊ ဒေသခံ ရွာသားများ၏ မြေယာများကို လိမ်ညာယူခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်များကို ရှင်းလင်းရန် နှစ်အနည်းငယ်ကြာ အချိန်ယူခဲ့ရသည်။ ၂၀၁၂ တွင် မင်္ဂလာဒုံမြို့နယ်ရှိ လယ်သမားအဖွဲ့တစ်ဖွဲ့သည် ၎င်းတို့မြေကို ဇေကမ္ဘာက သိမ်းယူသည်ကို တားဆီးရန် ကိုယ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းကုမ္ပဏီတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။

width=

ဦးကျော်မြင့်

အသက် – ၇၁ နှစ် (၁၉၄၅ ခုဖွား)

အဓိကစီးပွားရေး – MHE- Mayflower Co

ထင်ရှားသည့်လုပ်ငန်းများ – သစ်ခုတ်ခြင်း၊ သစ်လုပ်ငန်း၊ အိမ်ခြံမြေ၊ နယ်စပ်ကုန်သွယ်ရေး

ထင်ရှားသည့်လုပ်ငန်းအမှတ်တံဆိပ် – ရန်ကုန်အဲဝေးစ် Yangon Airways

သာမန်အခြေခံလူတန်းစားမှ တက်လာသော ဦးကျော်မြင့်သည် စည်ကားသည့် နယ်စပ်မြို့တာချီလိတ်တွင် ထိုင်းသစ်သူဌေးကြီးများနှင့် ဆက်သွယ်လုပ်ကိုင်ရာမှ ၎င်း၏ဘဝ မြင့်မားလာအောင် စတင်စွမ်းဆောင်နိုင်ခဲ့သည်ဟု ဧရာဝတီသတင်းက ဖော်ပြသည့် ကိုယ်ရေးအကျဉ်းတွင် တွေ့ရှိရသည်။

ဦးကျော်မြင့်သည် မြန်မာမေဖလားဝါးဘဏ် မတည်ထောင်မီ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက သစ်လုပ်ငန်းဖြင့် ကြီးပွားနေခဲ့ပြီ ဖြစ်သည်။ ၎င်းအား မေဖလားဝါးကျော်မြင့်ဟုလည်း ခေါ်ဆိုကြသည်။ ၎င်း၏ဘဏ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ၂၄ နာရီ အသုံးပြုနိုင်သည့် ATM စက်များကို စတင်မိတ်ဆက်ပေးခဲ့သည်။ သို့သော်လည်း ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှုတို့တွင် ပတ်သက်မှုဖြင့် မြန်မာမေဖလားဝါးဘဏ်နှင့် ဦးအိုက်ထွန်း၏ အာရှဓနဘဏ်တို့ကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ဒဏ်ခတ်ပြီးနောက် ၂၀၀၅ တွင် ယင်းဘဏ်နှစ်ခုကို အစိုးရကလည်း ပိတ်သိမ်းခဲ့သည်။

ဦးကျော်မြင့်၏ လုပ်ငန်းများတွင် အိမ်ခြံမြေ တည်ဆောက်ရေး၊ ကုန်သွယ်ရေး၊ သစ်လုပ်ငန်းတို့ ပါဝင်ပြီး မြန်မာနိုင်ငံအပြင် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင်လည်း စီးပွားရေးလုပ်ကိုင်သည်။ ၎င်းသည် ရန်ကုန်လေကြောင်းကုမ္ပဏီ၏ စီမံအုပ်ချုပ်မှု ဒါရိုက်တာလည်း ဖြစ်သည်။

width=

ဦးဌေးမြင့်

အသက် – ၆၁ နှစ်

အဓိကစီးပွားရေး – ယူဇနကုမ္ပဏီ

အဓိကလုပ်ငန်းများ – ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်း၊ ရေလုပ်ငန်း၊ ရာဘာ၊ ဆီအုန်း၊ လက်ဖက်

ထင်ရှားသည့် လုပ်ငန်းအမှတ်တံဆိပ်များ – ယုဇနပလာဇာ၊ ယုဇနဂါဒင်းဟိုတယ်၊ ဆောက်သမ်းမြန်မာ ယူနိုက်တက်ဘောလုံးအသင်း

ဦးဌေးမြင့်သည် ၁၉၉၄ တွင် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ယုဇနကုမ္ပဏီကို တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ ရေလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းအဖွဲ့တို့၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

ယုဇနတွင် ရာဘာစိုက်ခင်းများ၊ သကြားလုပ်ငန်း၊ ကျွန်းသစ်၊ ဆီအုန်းနှင့် အခြားသီးနှံလုပ်ငန်းများ ရှိသည်။ ကချင်ပြည်နယ်ရှိ ယုဇနစီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည်ဟု Kachin Development Networking Group က ဝေဖန်လျက်ရှိသည်။ ဦးဌေးမြင့်အား အိမ်ခြံမြေတည်ဆောက်သူအဖြစ် အများဆုံး သိထားကြပြီး ယုဇနတွင် ဟိုတယ်နှင့် ထင်ရှားသည့်အဆောက်အအုံများ ရှိသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် ခေတ်အမီဆုံး ဈေးရုံကြီးအဖြစ် ယုဇနပလာဇာကို ဖွင့်လှစ်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်နောက်ပိုင်းနှင့် ၂၀၀၀ ပြည့်လွန်နှစ်အစောပိုင်းတွင် ယုဇနပလာဇာသည် ဈေးဝယ်ရန် ကောင်းသောနေရာ တစ်နေရာ ဖြစ်သော်လည်း ၂၀၀၀ ပြည့်လွန်နှစ်များနောက်ပိုင်းနှင့် ၂၀၁၀ ပြည့်လွန်နှစ်အစောပိုင်းတွင် ပလာဇာအတွင်း ကုန်ပစ္စည်းများ ခင်းကျင်းမှုက စိတ်အနှောင့်အယှက် ဖြစ်လာသည်ဟု ဝီကီပီဒီးယားတွင် ရေးသားထားသည်။

typeof=

ဦးဝင်းအောင်

အသက် – ၆၂ နှစ်

အဓိကစီးပွားရေး – ဒဂုံ ဂရု(ပ်) Dagon Group

အဓိကလုပ်ငန်းများ – ဆောက်လုပ်ရေး၊ အိမ်ခြံမြေ တည်ဆောက်ရေး၊ လက်လီရောင်းချမှုလုပ်ငန်း၊ သစ်လုပ်ငန်း၊ အစားအစာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်

ထင်ရှားသည့်လုပ်ငန်း အမှတ်တံဆိပ်များ – Apex Construction, ဒဂုံစင်တာ Dagon Center, စတားမတ် Star Mart နှင့် သူရိယ စွမ်းအင် Thuriya Energy

၂၀၀၈ မတိုင်မီ ဦးဝင်းအောင်(ဒဂုံ ဝင်းအောင်)၏ စီးပွားရေးလုပ်ငန်း တိုးတက်မှုမှာ နိုင်ငံရေး အရှုပ်တော်ပုံများ၊ ပွင့်လင်းမြင်သာမှု မရှိသော စီမံဆောင်ရွက်မှုများနှင့် ဆက်စပ်နေသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများ ပျံ့နှံ့လျက်ရှိသည်။ သို့ရာတွင် ယင်းအခြေနေများနှင့်အတူ ဦးဝင်းအောင်သည် အိမ်ခြံအဆောက်အအုံ တည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံ စီမံကိန်းများကို အခြေခံသည့် အင်ပါယာတစ်ခုကို ထူထောင်နိုင်ခဲ့သည်။

၂၀၁၅ တွင် ဒဂုံ အုပ်စုသည် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမည်ပျက်စာရင်းမှ ပယ်ဖျက်ခံရမှုမှာ ထိုက်တန်ကြောင်း အောင်မြင်စွာ သက်သေပြနိုင်ခဲ့ပြီဟု Dagon Group ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဒဂုံ အုပ်စု၏ စီးပွားလုပ်ငန်းများမှာ စူပါမားကက်များမှသည် လောင်စာဆီဆိုင်များ၊ ရာဘာစိုက်ခင်းများအထိ ရှိသည်။ ဦးဝင်းအောင်သည် မြန်မာနိုင်ငံစက်မှုနှင့် ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.