အချိန်နဲ့အပြိုင် – အရေးပေါ်လျှပ်စစ်စီမံကိန်းများ နွေရာသီအမီ အသင့်ဖြစ်ပါ့မလား

အရေးပေါ်လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း ငါးခုအတွက် လွန်ခဲ့သော ဇွန်လအတွင်း အစိုးရကတင်ဒါများ ဖိတ်ခေါ်သောအခါကုမ္ပဏီအကြီးစားများက ပါဝင်ယှဉ်ပြိုင်တင်သွင်းမှု မပြုဘဲ ရှောင်ရှားနေခဲ့ကြပါသည်။ တင်ဒါအောင်သွားသော ကုမ္ပဏီစုသည်နောက်ဆုံးပြီးရမည့် ဧပြီ ၃ ရက်အမီ ပြီးစီးရန် အပြေးအလွှားကြိုးပမ်းနေကြသည်။

သောမတ်စ်ကင်း(န်) နှင့် ကျော်ရဲလင်း
သာကေတမြို့နယ်ရှိ လမ်းကျဉ်းလေးတစ်ခုထဲတွင် ထရပ်ကားကြီးများ တန်းစီရပ်နေကြသည်။ ထရပ်ကားကြီးများပေါ်မှ သင်္ဘောတင်ကွန်တိန်နာများထဲမှ ဓာတ်ငွေ့သုံးဂျင်နရေတာ လျှပ်စစ်ထုတ်စက်များကို ချရန်စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ မကြာမီကမှ ရှင်းလင်းထားသော မြေကွက်လပ်တွင် မြန်နှုန်းမြင့်ဓာတ်အားပေးစက် ဒါဇင်ပေါင်းများစွာကို အလုပ်သမားများက တပ်ဆင်နေကြသည်။ အနီးတွင် ၂၃၀ KV ဓာတ်အားခွဲရုံနှင့် ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက် ရှစ်လုံးကိုလည်း အဆောက်အဦတစ်ခုတွင် တပ်ဆင်နေသည်။ ရန်ကုန်အရှေ့တောင်ဘက် သံလျင်မြို့တွင်မူ အလုပ်သမားများက လက်မ ၂၀ ဓာတ်ငွေ့ပိုက်လိုင်းကို တပ်ဆင်နေကြပြီး ရန်ကုန်မြစ်ကမ်းပေါ်တွင် ဆိပ်ခံတစ်ခုကို ဆောက်လုပ်နေကြသည်။ နေရာတစ်ခုလုံး သံမဏိကြိုးတွေ ကွန်ကရိတွေနှင့် ရှုပ်ပွနေသည်။
ရန်ကုန်၏အခြားတစ်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာတော့ တောင်ကိုရီးယားနိုင်ငံ ဒေဝူးကုမ္ပဏီက လုပ်ကိုင်နေသော ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်နှင့် အခြားစက်ကိရိယာများက ရောက်နှင့်နေကြပြီ။ ၉၀၀ မဂ္ဂါဝပ်ထုတ်လုပ်ပေးမည့် စီမံကိန်း သုံးခု။
မြန်မာနိုင်ငံမှာသာမကပါ တရုတ်ပြည် Dalian ဆိပ်ကမ်းမြို့တွင် သဘာဝဓာတ်ငွေ့ရည် ကုဗမီတာ ၂၈၀၀၀ တင်ဆောင်နိုင်သော ရေယာဉ်တစ်စီးကို ရေတိမ်သော ရန်ကုန်မြစ်အတွင်း မောင်းနှင်သွားနိုင်ရန် တည်ဆောက်နေသည်။ ထိုပစ္စည်းများကို တရုတ်ပြည်မှနေ၍ ရန်ကုန်နှင့် ကျောက်ဖြူသို့ သယ်ဆောင်ရာတွင် စင်ကာပူကို တစ်ထောက်နားစခန်းအဖြစ် အသုံးပြုခဲ့သည်။
ဟောင်ကောင်နှင့် ဘေဂျင်းတွင်တော့ ကုမ္ပဏီအမှုဆောင်များသည် စီမံကိန်း သုံးခု၏ မိတ်ဖက်များအကြား လျှပ်စစ်စီမံကိန်း စီမံခန့်ခွဲခွင့်နှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် သဘောတူညီချက်များရရှိအောင် ရှယ်ယာပိုင်ရှင်များကို ရှင်းလင်းတင်ပြညှိနှိုင်းနေကြသည်။
သာကေတ၊ သံလျင်၊ ကျောက်ဖြူ၊ Dalian ဒါလီယန်၊ စင်ကာပူ၊ ဟောင်ကောင်၊ ဘေဂျင်း ဒီနေရာတွေအားလုံးသည် အချိန်နှင့် အပြိုင်လုပ်ကိုင်နေကြရသော ဤပွဲတွင် အဓိကနေရာများဖြစ်ကြသည်။ ရောက်လာတော့မည့် နွေရာသီတွင် လျှပ်စစ်မီးတွေ မပျက်ရန်၊ လေအေးပေးစက်တွေသုံးနိုင်ရန် ဟောင်ကောင်နှင့် တရုတ်ပြည်မှ ကုမ္ပဏီများနှင့် မြန်မာအစိုးရတို့ အချိန်နှင့်အပြိုင်ကြဲနေကြသောပွဲဖြစ်သည်။
နာရီလက်တံကတော့ စဉ်ဆက်မပြတ်သွားနေသည်။ ဟောင်ကောင်မှ မှတ်ပုံတင်စာရင်းဝင် V Power ကုမ္ပဏီ၊ တရုတ်အစိုးရပိုင် China National Technical Import and Export Corporation တို့က ဒေသခံ RGK+Z & A Group တို့ ပူးပေါင်းထားသော ကုမ္ပဏီစု Consortium သည် ဤစီမံကိန်းများကို ၂၀၁၉ နှစ်လယ်တွင် တင်ဒါအောင်သွားခဲ့ပြီးနောက် လုပ်ကိုင်ရန်အချိန် (၇)လ သာရသည်။ ဧပြီ ၃ ရက် နောက်ဆုံးထား၍ လျှပ်စစ်မပေးနိုင်လျင် ကုမ္ပဏီစုက တစ်ရက်ကို ဒေါ်လာ သိန်းချီပြီး လျှော်ကြေးပေးရမည်။ လျှပ်စစ်မပေးနိုင်လျှင် အစိုးရကပေးရမည့် လျှော်ကြေးကတော့ တစ်မျိုးဖြစ်သည်။ ရွေးကောက်ပွဲရာသီတွင် လပေါင်းများစွာ မီးတွေပျက်ပါက မဲဆန္ဒရှင်ပြည်သူတွေက ဒဏ်ခတ်တာ ခံရနိုင်သည်။ အစိုးရနှင့် ကုမ္ပဏီစု သူတို့ နှစ်ဦး ရုန်းနိုင်၊ ကြုံးနိုင်ကြပါမည်လော။

Hkun Lat | Frontier

Hkun Lat | Frontier

မဖြစ်နိုင်တဲ့ တင်ဒါ

ရေနံဓာတုလုပ်ငန်းတွင် အနှစ် ၃၀ ကျော် အတွေ့အကြုံရှိသူ Mr. Eduardo Perez Orue သည် small LNG Shipping ဆိုသော စွမ်းအင်အတိုင်ပင်ခံ ကုမ္ပဏီကို တည်ထောင်ပြီး ရှစ်နှစ်ကြာ လုပ်ကိုင်နေခဲ့သူဖြစ်သည်။ ဒီလိုအရေးပေါ်စွမ်းအင်တင်ဒါမျိုးကိုတော့ သိပ်စိတ်ပါလှသူမဟုတ်ပေ။
“ကံမကောင်းလို့ ဒါမျိုးနည်းနည်းတော့ တွေ့ဖူးပါတယ်။ ဒီလို အလျင်စလိုလုပ်ရတာဟာ ဘယ်တော့မှ မကောင်းဘူး။ အဆိုပြုတင်ဒါများများလည်းမရဘူး။ တင်ဒါကောင်းကောင်းလည်းမရတတ်ဘူး။ နောက်ဆုံးတော့ ပိုက်ဆံပေးသုံးရတဲ့ လျှပ်စစ်ဝယ်ယူသုံးစွဲသူတွေပဲ ခံရတာပဲ” ဟု စပိန်နိုင်ငံ Bilbac မြို့မှနေ၍ Frontier ကိုပြောပါသည်။
“အရေးပေါ် အလျင်အမြန်ဆိုတဲ့ စကားလုံးတွေ တင်ဒါမှာ မြင်ရတိုင်း ဒီမှာ ဘာတွေဖြစ်နေတာလဲလို့ တွေးမရဘူး”ဟု သူကပြောသည်။
ဒီမှာ ဖြစ်နေတာကတော့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး လျှပ်စစ်ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှု မရှိခဲ့သလောက်ပင် ဖြစ်သည်။ ဒီအချိန်အတွင်း လျှပ်စစ်လိုအပ်ချက်ကလည်း တစ်နှစ် ၁၅ ရာခိုင်နှုန်းအထိ မှန်မှန်တိုးလာသည်။ အိမ်ထောင်စုပေါင်း သိန်းပေါင်းများစွာက နိုင်ငံပင်မ ဓာတ်အားလိုင်းမှ လျှပ်စစ်ရရှိရေးကိုပဲ မျှော်လင့်နေကြသည်။ ၂၀၁၇ ခုနှစ်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် လုပ်ဆောင်ခဲ့သော လျှပ်စစ်ဝယ်လိုအား၊ ရောင်းလိုအား ဆန်းစစ်မှုအရ supply/demand (၂၀၂၀-၂၀၂၂) လျှပ်စစ်လိုအပ်ချက် ပြည့်မီအောင် လုပ်ဆောင်နိုင်ခြင်းမရှိပါက ၂၀၁၂-၁၆ တုန်းက အခြေအနေထက် ခုနစ်ဆ ပိုမိုဆိုးရွားသွားနိုင်သည်ဟု ခန့်မှန်းသုံးသပ်ထားပါသည်။ ဆောင်ရွက်ဆဲလျှပ်စစ်စီမံကိန်းကလည်း အနည်းငယ်သာ ရှိနေပေရာ အစိုးရက တင်းတင်းကြပ်ကြပ်အရေးယူလုပ်ဆောင်မှု မရှိပါက လျှပ်စစ်ပြတ်တောက်မှုများမှာ ပိုမိုဆိုးရွားလာနိုင်ပေသည်။
၂၀၁၉ မေလတွင် ပထမဆုံး မီးစတင်ဖြတ်ရတော့သည်။ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနက လပေါင်းများစွာကြာအောင် အချိန်ပိုင်းနှင့် မီးဖြတ်မှုလုပ်လာရတော့သည်။ အစိုးရအဖွဲ့ ထိပ်ပိုင်းမှ ဖိအားများဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ဇွန်လနှောင်းပိုင်းတွင် အရေးပေါ်လျှပ်စစ်စီမံကိန်း ငါးခုကို တင်ဒါခေါ်ရန် ကြေညာသည်။ စုစုပေါင်း မဂ္ဂါဝပ် (၁၀၄၀) ထုတ်လုပ်ပေးရမည့် စီမံကိန်းများဖြစ်ပြီး အငယ်စားစီမံကိန်း နှစ်ခုကို အစိုးရက လောင်စာဓာတ်ငွေ့ပေးမည်။ အကြီးစားစီမံကိန်းသုံးခုကို ပြည်ပမှ ဝယ်ယူတင်သွင်းသော သဘာဝဓာတ်ငွေ့ရည် LNG ဖြင့်လည်ပတ်မည်။
မကြုံစဖူး တင်ဒါစည်းကမ်းသတ်မှတ်ချက်များ
လေလံဈေးတွက်ချက်ဖို့ အချိန်က တစ်လဆိုမှ တစ်လထဲရသည်။ LNG မှ လျှပ်စစ်ထုတ်မည့် စက်ရုံတည်ဆောက်ရန် ရက်ပေါင်း ၂၁၀၊ ခုနစ်လသာ ရသည်။ ဒဏ်ကြေးတွေကလည်း ကြီးသည်။ တင်ဒါအောင် ကုမ္ပဏီက သတ်မှတ်နေ့ရက်၌ လျှပ်စစ်ထုတ်မပေးနိုင်လျင် သတ်မှတ်ရက်ကျော်ကာလအတွက် တစ်ရက်လျင် ကျပ်ငွေ သန်း ၃၀၀ ဒဏ်ကြေးပေးရမည်။ စီမံကိန်းအတွက် ပစ္စည်းအများစုကို နိုင်ငံခြားငွေဖြင့် ဝယ်ရသော်လည်း အစိုးရကတော့ ကျပ်ငွေဖြင့်သာ ပေးချေမည်။ ကန်ထရိုက် သက်တမ်းက ငါးနှစ်သာဖြစ်ရာ စီမံကိန်းရင်းနှီးငွေ ဒေါ်လာ သန်း ရာပေါင်းများစွာအတွက် ပေးဆောင်ရသော အခွန်တွေ ပြန်ကြေဖို့ အတော်ကြိုးပမ်းရမည်။
LNG စီမံကိန်းများအတွက် လေလံတင်သွင်းသူများအနေနှင့် လောင်စာတန်ဖိုး ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ LNG ဈေးသည် ရှယ်ယာဈေးလိုပင် အတက်အကျရှိသည်မှတ်သော်လည်း ပုံသေဈေးကိုသာ ဖော်ပြခွင့်ရှိသည်။
“နိုင်ငံခြားက LNG သယ်လာရတယ်။ ဆိပ်ခံဆောက်ရတယ်။ ပိုက်လိုင်းသွယ်ရတယ်။စက်ရုံဆောက်ရတယ်။ ဒါတွေအားလုံး ခုနစ်လထဲနဲ့ အပြီးလုပ်ရတာ။ တကယ့်စိန်ခေါ်မှုပဲ။ ဘယ်နာမည်ရကုမ္ပဏီမှ ဒါကို မစွန့်စားရဲကြဘူး။” ဟု စွမ်းအင်အတိုင်ပင်ခံ ကျွမ်းကျင်သူတစ်ဦးက Frontier ကိုပြောသည်။
ဒါကြောင့် နာမည်ကြီးကုမ္ပဏီကြီးတွေက ဝေးဝေးရှောင်ကြသည်။ ဖိအားတွေက အလွန်ကြီးမားပြီး အမြတ်က ဘာမှ မကျန်၍ သူလုပ်ကိုင်နေသော ဥရောပကုမ္ပဏီကြီးဆိုလျှင် လှည့်တောင်မကြည့်ကြောင်း Orue က ပြောပါသည်။ တင်ဒါထဲက တစ်ချို့အပိုင်းတွေကလည်း အလွန်ထူးဆန်းသည်ဟု သူက ဆက်ပြောသည်။
“ကျွန်တော် သဘောမတွေ့ဆုံးကိစ္စကတော့ တင်ဒါအဆိုပြုလွှာကို တစ်လအတွင်း တင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ပဲ။ ဒါက လုပ်နည်းလုပ်ဟန်မဟုတ်ဘူးလေ။ အခြေအနေအရပ်ရပ်ကို သုံးသပ်ရမယ်၊ ပြီးတော့မှ အကောင်းဆုံးဖြေရှင်းနည်းကို ရှာရမယ်” ဟု သူကပြောသည်။
“ရန်ကုန်မြစ် ရေစူးက တိမ်တော့ ရေစူးနဲ့ သင့်လျော်မယ့် LNG တင် သင်္ဘော Tanker ရှာရတာကိုက တကယ့်စိန်ခေါ်မှုပဲ။ ကုဗမီတာ ၉၀၀၀၀ အောက် LNG သင်္ဘောက တစ်ကမ္ဘာလုံးပြေးရေမှ ၇၅ စင်းလောက်ပဲရှိတယ်၊ အားလုံးနီးပါးက သူ့အလုပ်တာဝန်နဲ့သူ လုပ်နေကြတယ်၊ ဒီလိုသင်္ဘောအသစ်တစ်စီး ဆောက်ရင် ၁၈ လ ကနေ ၂၄ လအထိကြာမယ်”ဟု သူကရှင်းပြသည်။
တင်ဒါစည်းကမ်းသတ်မှတ်ချက်များက အခြားတင်ဒါတင်ဖို့ စိတ်ကူးနေသော ကုမ္ပဏီများကို မလုပ်ရဲအောင် ခြောက်လှန့်လွှတ်လိုက်ရာ တစ်ခုသောကုမ္ပဏီစုမှာ အသာစီးရသွားသည်။ VPower နှင့် CNTIC ကုမ္ပဏီတို့ ပေါင်းစည်းထားသော Consortium က RGR+Z&A (Zeya & Associate, ဇေယျနှင့် အပေါင်းအသင်းများ)နှင့် ပူးပေါင်းကာ ဒီစီမံကိန်းကြီးတွေကို ရယူလိုက်သည်။ အချိန်မီလည်း ပြီးနိုင်သည်။ အမြန်လည်း ကျန်နိုင်သည်ဟု အပြည့်အဝယုံကြည်ထားပုံရသည်။
စွမ်းအင်ဝန်ကြီးဌာနသည် စက်တင်ဘာ ၆ ရက်တွင် VPower နှင့် CNTIC ကို ရွေးချယ်လက်ခံကြောင်းစာ ထုတ်ပေးသည်။ LNG စီမံကိန်း သုံးခုနှင့် မကွေးတိုင်း၊ ကျွန်းချောင်း 20 MW စီမံကိန်း (သဘာဝဓာတ်ငွေ့သုံးမည်) တို့အတွက် တင်ဒါပင်ဖြစ်သည်။
ဒီနေ့ဒီအချိန်မှစ၍ နာရီလက်တံစတင်လည်ပါပြီ။ ဝန်ကြီးဌာနထဲက တစ်ချို့ကပင် ဖြစ်မှ ဖြစ်ပါ့မလားဟု သံသယရှိကြသည်၊ စီမံကိန်းအားလုံးကို ဒီလိုမပေးလိုက်ဘဲ တခြားကုမ္ပဏီတွေကို ခွဲချပေးလိုက်ရင် ပိုမကောင်းဘူးလားဟု ယူဆသူတွေလည်းရှိသည်။ အရာရှိတစ်ယောက်က Frontier ကို ပြောပြသည်။ တင်ဒါတွေဖောက်လိုက်ရင်ပဲ သဘောထားတွေ ကွဲကုန်ခဲ့ကြောင်း၊ တစ်ချို့က တင်ဒါကို လုံးဝဖျက်သိမ်းလိုက်ချင်ကြောင်း၊ VPower က ဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်ကြသူများလည်းရှိကြောင်း၊ သူက အခြားစီမံကိန်းတစ်ခုကိုလည်း အောင်မြင်အောင်လုပ်ပြခဲ့ပြီးဖြစ်ကြောင်း သို့သော် ထိုစီမံကိန်းများမှာ သမရိုးကျလုပ်ငန်းများဖြစ်ပြီး မြန်မာနိုင်ငံတွင် စွမ်းအင်ငှားရမ်းသည့် စီမံကိန်းများသာဖြစ်သည်။ “VPower က LNG စီမံကိန်းတွေအားလုံးအတွက် အနည်းဆုံးဈေးနဲ့ကို တင်ဒါတင်ထားတာတွေ့လိုက်ရတော့ အားလုံးက မျက်ခုံးတွေ ပင့်ကုန်ကြတယ်” ဟု သူက ပြောပြပါသည်။

 class=

class=

လုပ်ငန်းစပြီ

VPower နှင့် CNTIC ကုမ္ပဏီတို့သည် တစ်ရက်မျှအချိန်ဖြုန်းမနေဘဲ လုပ်ငန်းစသည်။ စက်တင်ဘာ ၂၀ တွင် ဟောင်ကောင်တွင် ကုမ္ပဏီ သုံးခုကို စတင်ဖွဲ့စည်းသည်။ စီမံကိန်းလုပ်ငန်းတစ်ခုစီအတွက် ကုမ္ပဏီတစ်ခုစီက လုပ်ကိုင်ရမည်ဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့တွင် မှတ်ပုံတင်ထားသော သက်ဆိုင်ရာ မြန်မာကုမ္ပဏီတစ်ခုစီကို ပိုင်ဆိုင်ကြသည်။ ထို့နောက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ကို အမြန်ကျအောင်လုပ်ယူသည်။
နိုဝင်ဘာ ၂၉ ရက်နေ့တွင် အသစ်ဖွဲ့စည်းထားသော ကုမ္ပဏီ သုံးခုအနက် နှစ်ခုမှာ သာကေတနှင့် ကျောက်ဖြူစီမံကိန်းများကို ဒေါ်လာ ၆၃၆.၁ သန်းနှင့် ဒေါ်လာ ၁၄၀.၅ သန်းတို့နှင့် အသီးသီးရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုမိန့်ကို ရသွားကြသည်။ နောက်နှစ်လအကြာ ဇန်နဝါရီ ၂၄ ရက်နေ့တွင် ကော်မရှင်က သံလျင်စီမံကိန်းကို ရင်းနှီးမြှုပ်နှံငွေ ၂၉၇.၄ သန်းဖြင့် လုပ်ကိုင်ခွင့်ချပေးလိုက်သည်။ စီမံကိန်း သုံးခုအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ သန်း ၈၀၀ ဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ VPower Group International Holdings Limited သည် ဤစီမံကိန်း သုံးခုကို ရင်းနှီးမြှုပ်နှံရန်၊ တည်ဆောက်ရန်နှင့် လည်ပတ်လုပ်ကိုင်ရန်အတွက် CNTIC ကုမ္ပဏီနှင့် တစ်ဝက်စီ ဖက်စပ်ကုမ္ပဏီဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကြေငြာခဲ့သည်။မြေပြင်ပေါ်မှာလည်း လှုပ်ရှားနေခဲ့ကြပြီ။ သံလျင်နှင့် သာကေတစီမံကိန်းများအတွက် တင်ဒါများမှာ သီလဝါဆိပ်ကမ်းအဆုံး မျက်နှာချင်းဆိုင်တစ်ဘက်တစ်ချက်တွင် ရန်ကုန်မြစ်တစ်လျောက် သံလျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်တို့တွင် မြေကွက် ၃၇ ကွက် တန်းစီနေကြသည်။ မူလအဆိုပြုချက်တွင် သံလျင်စီမံကိန်းသည် ရေပေါ်ဓာတ်အားပေးစက်ရုံများ ပါဝင်သည်။ ၎င်းတို့မှ အနီးအနားရှိ ဓာတ်အားခွဲရုံများသို့ ဗို့အားမြင့် လိုင်းသစ်ဖြင့်ပို့ဆောင်မည်။ သာကေတစက်ရုံကတော့ မြေပေါ်မှာ တည်ဆောက်မည်။ ကျောက်တန်းနှင့် သိပ်မဝေးလှသော သီလဝါတောင်ဘက်စွန်းရှိ ရေပေါ်ဓာတ်ငွေ့ရည် လှောင်စာကန်နှင့် အငွေ့ပျံလုပ်ငန်း Regasifiction စက်ရုံမှ FSRU ဓာတ်ငွေ့ကို ပိုက်လိုင်းသွယ်၍ ပေးပို့မည်။
စီမံကိန်းအသေးစိတ်ကိုတော့ ထုတ်ပြောဖို့ VPower က ဆန္ဒမရှိပါ။ သို့သော် ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် မြန်မာလူထုထံ လုံခြုံစိတ်ချရသော လျှပ်စစ်စွမ်းအင် ပေးနိုင်ရေးအတွက် ရေရှည်အကျိုးမျှော်ကိုးကာ ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်ဟု ဖော်ပြပါသည်။
“ကျွန်တော်တို့ရဲ့ မိတ်ဖက်ကုမ္ပဏီတွေနဲ့ အရင်ကလုပ်ခဲ့တဲ့အတွေ့အကြုံတွေအရ ဒီလုပ်ငန်းတင်ဒါမှာ ပါဝင်ဖို့ ယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်” ဟု ဇေယျနှင့် အပေါင်းအသင်းများ Zeya and Associate က ပြောပါသည်။ Zeya ကုမ္ပဏီသည် VPower နှင့် အခြားစွမ်းအင်လုပ်ငန်းများတွင် နှစ်များစွာအတူလုပ်ကိုင်ခဲ့သော မြန်မာကုမ္ပဏီဖြစ်သည်။ Consortium အဖွဲ့ဝင်နေရာတွင် ဒေသစံကျွမ်းကျင်မှုနှင့် အထောက်အပံ့များပေးရန်ဖြစ်သည်။
သို့သော် Consortium သည် အခြားအစားထိုးအစီအစဉ် တစ်ခုကိုလည်း လုပ်ဆောင်ခဲ့ကြောင်း EPGE နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အရာရှိများက Frontier ကို ပြောပြသည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၏ သီလဝါရှိမြေကွက် (၁၄) တွင် စီမံကိန်း နှစ်ခုစလုံးကို တစ်ပေါင်းတည်းထားရှိမည့် အစီအစဉ်ဖြစ်သည်။ ဤသို့လုပ်လျှင် ကုန်းပေါ်စက်ရုံအတွက် ဓာတ်ငွေ့လောင်စာ LNG ဆိပ်ကမ်းတစ်ခုတည်းလိုအပ်မည်။ ဓာတ်ငွေ့ပိုက်လိုင်းသွယ်ခြင်း၊ လျှပ်စစ်ပို့ဆောင်ရေးလိုင်းသွယ်ခြင်းတို့အတွက် ကုန်ကျစရိတ်ပါ သက်သာသွားမည်။ LNG ကို ရေတိမ်သွား tanker အငယ်စားများဖြင့် ရန်ကုန်မြစ်အတွင်းသယ်လာပြီး သီလဝါတွင် ဆိုက်ကပ်ထားသော ရေပေါ် LNG လှောင်ကန်သို့ချပေးမည်။ ကုန်းပေါ်ရှိ အငွေ့ပြန်လည်ဖန်တီးရေးစက်ရုံ Regisification က အငွေ့ပြန်လုပ်ပြီး ဓာတ်ငွေ့ကို ပိုက်လိုင်းဖြင့် သီလဝါရှိ 350 MW ဓာတ်အားပေးစက်ရုံနှင့် သာကေတရှိ ၄၀၀ MW စက်ရုံများသို့ ပိုက်လိုင်းနှင့်ပို့မည်။
သီလဝါနှင့် သာကေတမှ ထုတ်လုပ်သောလျှပ်စစ်ကို အနီးရှိ ဓာတ်အားခွဲရုံမှနေ၍ မဟာဓာတ်အားလိုင်း grid ထဲပို့လွှတ်မည်။ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ထုတ်လုပ်သော Rolls-Royce နှင့် Wartsila ကုမ္ပဏီကြီးများက VPower ထံမှ အကြီးစားအမှာစာများ လက်ခံရရှိထားကြောင်း မကြာမီလများအတွင်းက ကြေငြာထားသည်။ R-R ကုမ္ပဏီက MTU Series 4000 natural gas generator များကို ပြီးခဲ့သောလအတွင်းက VPower သို့ ပေးပို့ခဲ့ရကြောင်း R-R ကုမ္ပဏီက နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။ ထို generator များသည် စုစုပေါင်း 430 MW ထုတ်လုပ်နိုင်စွမ်းရှိကြောင်း၊ MTU series တွင် အများဆုံးအော်ဒါ လက်ခံရရှိဖူးခြင်းဖြစ်သည်ဟု R-R ထုတ်ပြန်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.