ရင်ခုန်ဖွယ်၊ ပျော်ရွှင်ဖွယ်၊ စိတ်ဝင်စားဖွယ်တွေနဲ့ ဆပ်ကပ်ပွဲ

ဆပ်ကပ်ကြိုက်သည့် မြန်မာပြည်သူများအတွက် နိုင်ငံတကာနှင့် မြန်မာပညာရှင်များ ပေါင်းစည်းထားသည့် ဆပ်ကပ်အဖွဲ့တစ်ခုက နိုင်ငံတကာ ဆပ်ကပ်ပညာများဖြင့် ဖျော်ဖြေပေးနေသည်

ဆုမြတ်မွန် ရေးသားသည်။

ဆပ်ကပ်ဆိုလ ျှင် မြန်မာလူမျိုးတို့နှင့် မစိမ်းလှပေ။ မြန်မာပြည်အနှံ့ရှိ ဘုရားပွဲများတွင် လိုက်လံပြသလေ့ရှိသည့် ဆက်ကပ်ပွဲများက ထင်ရှားခဲ့ပြီး အထင်ရှားဆုံးမှာ သံကမ္ဘာလုံးအတွင်း ဆိုင်ကယ်စီးပြသည့် ပြကွက်များဖြစ်သည်။

သို့သော် နောက်ပိုင်းတွင် ဆပ်ကပ်ပွဲများ မှေးမှိန်သွားပြီး ဆပ်ကပ်ကြိုက်သည့် ပြည်သူများလည်း ဆပ်ကပ်ပွဲများနှင့် ဝေးကွာသွားလေတော့သည်။

ဆပ်ကပ်ကြိုက်သည့် ပြည်သူများအတွက် နိုင်ငံတကာဆပ်ကပ်အဖွဲ့တစ်ခုက ရန်ကုန်မြို့တွင် ပုံမှန် ဖျော်ဖြေပေးနေသည်ကိုမူ သိရှိသူ နည်းပါးလှသေးသည်။

ထိုဆပ်ကပ်အဖွဲ့ကမူ ရွှေလိပ်ပြာဟု အမည်မှည့်ခေါ်ထားသည့် ပြင်သစ်နိုင်ငံမှ Golden Circus အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့ကို ပြင်သစ်၊ ဂျာမနီ၊ အစ္စရေး၊ အီသီယိုးပီးယားနှင့် အာဂျင်တီးနား စသည့် နိုင်ငံတကာမှ ဆပ်ကပ်အနုပညာရှင်များအပြင် မြန်မာနိုင်ငံမှ မျက်လှည့်နှင့် ဂီတပညာရှင်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် ဒါမျိုးရှိတယ်ဆိုတာကို ပြသဖို့အတွက် လာတာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အထက်တန်းလွှာက လူတွေအတွက် လာခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ ဒီ ဆပ်ကပ်က မြန်မာနိုင်ငံက ပြည်သူလူထုတွေအတွက် တကယ့်ကို ဘုရားပေးတဲ့ လက်ဆောင်ပါပဲ” ဟု အဆိုပါ ဆပ်ကပ်အဖွဲ့ကို ခေါ်ဆောင်လာသည့် ပြင်သစ်နိုင်ငံမှ မစ္စတာ Regis Michel ကပြောကြားသည်။

ဗွီဒီယိုသတင်းထောက်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော ၎င်းသည် မြန်မာနိုင်ငံကို လွန်ခဲ့သော ၁၂ နှစ်ခန့်ကတည်းက လာရောက်ကာ ဗွီဒီယိုရိုက်ကူးမှုးများ ပြုလုပ်ခဲ့သူဖြစ်သည် ယခုအခါ Golden Circus ၏ ရိုက်ကူးထုတ်လုပ်သူအဖြစ် ၎င်းအဖွဲ့အား ခေါ်ဆောင်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်သူများ နိုင်ငံတကာမှ ဆပ်ကပ်အနုပညာကို ကြည့်ရှုစေနိုင်ရန် ရည်ရွယ်ကာ လာရောက်ပြသခြင်းဖြစ်သည်ဟု ၎င်းကပြောကြားသည်။

သို့သော် လက်ရှိအချိန်တွင် ပရိသတ်နည်းပါးနေသေးသောကြောင့် အမြတ်အစွန်း မရရှိသေးကြောင်းလည်း ၎င်းကပြောကြားသည်။

“ဒါပေမယ့် အခြေအနေက ကျွန်တော်တို့ အရင်မျှော်မှန်းထားသလို မဟုတ်ဘဲနဲ့ ငွေတွေရှုံးဖို့ဖြစ်နေတယ်” ဟု Michel ကပြောကြားသည်။

ရွှေလိပ်ပြာဆပ်ကပ်ကို ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ Capital Hypermarket ၏ မျက်နှာချင်းဆိုင်တွင် ဇာတ်ရုံတည်ဆောက်ကာ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက စတင်ဖြေဖျော်နေခြင်းဖြစ်သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မျက်လှည့်ဆရာအဖြစ် ဖျော်ဖြေနေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သော ကိုခိုင်ကလည်း ဆပ်ကပ်အဖွဲ့တွင် မြန်မာနိုင်ငံမှ မျက်လှည့် ပညာရှင်တစ်ယောက်အဖြစ် ပါဝင်နေသည်။ ၎င်းအနေဖြင့် နိုင်ငံတကာ ဆပ်ကပ်အဖွဲ့ဖြစ်သော Golden Circus တွင် ပါဝင်ရသည့်အတွက် ၎င်း၏အရည်အချင်းများကို ပိုပြီး ကျွမ်းကျင်စေသလို နိုင်ငံတကာမှ လူများနှင့် ပူူးပေါင်း အလုပ်လုပ်ရသည့်အတွက်လည်း ၎င်းအတွက် အတွေ့အကြုံ အများကြီး ရရှိစေသည်ဟု ၎င်းက ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ ပရိသတ်တွေကို ပြောချင်တာကတော့ ဒါမျိုး ဆပ်ကပ်ပွဲက ကြည့်ရဖို့ခက်ခဲပါတယ်။ ဒါကြောင့်မို့ ပရိသတ်တွေကို မြန်မြန်လာကြည့်ကြဖို့ ပြောချင်ပါတယ်” ဟု ကိုခိုင်က ပြောြားသည်။

အသက် ၂၇ နှစ်ရှိ ဂျနီဖာကိုဟင်သည် ကျွမ်းဘားကစားသမားတစ်ယောက်အဖြစ် အသက် ၁၁ နှစ်အရွယ်ကတည်းက မိမိဘာသာ လေ့လာဆည်းပူးခဲ့သူဖြစ်သည်။ ထို့နောက် ကျွမ်းဘားသမားတစ်ယောက်အဖြစ် ဥရောပတခွင် လှည့်လည်ခရီးသွားခဲ့သူဖြစ်သည်။ ယခုအခါမှာတော့ ရွှေလိပ်ပြာအဖွဲ့နှင့်အတူ ပရိသတ်များကို ကျွမ်းဘားပညာဖြင့် ဖြေဖျော်နေသည်။

“ကျွန်မအတွက်တော့ ကျွမ်းဘားအတတ်ပညာဆိုတာက လှပတယ်။ ပြီးတော့ မျက်လှည့် တစ်ခုလိုပဲ” ဟု ၎င်းက ပြောကြားသည်။ “ကျွန်မတို့အနေနဲ့ အခက်အခဲကတော့ မနက်မိုးလင်းတိုင်း အိပ်ရာကနိုးထပြီး၊ မိမိခန္ဓာကိုယ်ကို အတိုင်းအတာတစ်ခုထိ တွန်းပို့နေရတာကတော့ နေ့တိုင်းပဲ အခက်အခဲတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ဆက်ကပ်ပွဲသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်နည်းပါးနေသေးသော်လည်း မကြာမီတွင် ပရိသတ်များကို ပိုမိုစွဲဆောင်လာနိုင်မည်ဟု ၎င်းကမေ ျှာ်လင့်ထားသည်။

“ဒီကပရိတ်သတ်တွေအနေနဲ့ကတော့ မရင်းနှီးသေးတဲ့အခါကျတော့ အချိန်နည်းနည်းယူဖို့တော့ လိုတာပေါ့။ ဒါပေမယ့်လည်း သူတို့ မကြာမီမှာ အသိအမှတ်ပြုပြီး လာကြည့်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဂျနီဖာကပြောသည်။

ရွှေလိပ်ပြာ ဆပ်ကပ်အဖွဲ့ကို ထူထောင်ခဲ့သူကတော့ အသက် ၅၀ နှစ်အရွယ်ရှိပြီဖြစ်သည့် မစ္စတာ Sergio Ngoyen ဖြစ်သည်။ ၎င်းနှင့် ၎င်း၏ ဇနီးဖြစ်သူ အသက် ၄၂ နှစ်အရွယ်ရှိ Sarah နှင့်အတူ ဆပ်ကပ်အဖွဲ့ကို ပူးတွဲ တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ တစ်ချိန်က ဆပ်ကပ်အဖွဲ့တစ်ခုတွင် နည်းပညာသမားအနေဖြင့် နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့ပြီးနောက် ယခုဆပ်ကပ်အဖွဲ့ကို တည်ထောင်ခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းက ဆပ်ကပ်အဖွဲ့တွင် စက်ဘီးစီးကာ ဖျော်ဖြေသူတစ်ယောက်လည်း ဖြစ်သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ကြိုးတမ်းလမ်းလျောက်သူအဖြစ် ဆပ်ကပ်အဖွဲ့ထဲတွင် ပါဝင်ဖျော်ဖြေသည့် ၎င်း၏ ဇနီးဖြစ်သူသည် စက်ဘီးစီးခြင်းကို ဝါသနာပါသူဖြစ်ပြီး မစ္စတာ Sergio Ngoyen က စက်ဘီးစီးသည့် အတတ်ပညာကို ဇနီးဖြစ်သူထံမှ လွန်ခဲ့သောငါးနှစ်ခန့်က သင်ယူခဲ့သည်။

“သူမနောက်ကိုလိုက်ပြီး စက်ဘီးစီးရတာကတော့ ကျွန်တော့်အတွက် ကြည်နူးစရာတစ်ခု ဖြစ်လာခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

“ကျွန်တော်တို့အနေနဲ့ ရိုးရာ အနုပညာသာ ခေတ်စားတဲ့ မြန်မာနိုင်ငံကို အရမ်းစိတ်ဝင်စားခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဆပ်ကပ်ပြဖို့ ဒီကိုလာကြပါတယ်” ဟုလည်း ၎င်းက ပြောသည်။

“ဆပ်ကပ်ဆိုတာကတော့ ပြဇာတ်ရုံတွေနဲ့ အများကြီး ကွဲပြားပါတယ်။ ဆပ်ကပ်ဆိုတာက အက၊ သီချင်း၊ တိရစ္ဆာန်တွေနဲ့ပါ ရောထားတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြင်သစ်မှာဆိုရင် ဝက်၊ ကြက်၊ ဆိတ်၊ ခွေးစတဲ့ တိရစ္ဆာန်လေးတွေနဲ့ ဖျော်ဖြေလေ့ရှိပါတယ်။ ဒီကိုတော့ ဝက်ကို ခေါ်လာရတာက အရမ်း အခက်အခဲဖြစ်တာကြောင့် ခေါ်မလာနိုင်ခဲ့ပါဘူး။ ခွေးကတော့ ကျွန်တော်တို့တွေနဲ့ မိသားစုတွေလို အတူတူ နေထိုင်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဆပ်ကပ်ပွဲတွင် တေးသီချင်းများနှင့် သီဆိုဖျော်ဖြေသူကတော့ ဂျာမနီနိုင်ငံက အသက် ၄၂ နှစ်အရွယ် Valerie Winzen ခေါ် Vally ဖြစ်သည်။ ငယ်ငယ်ကတည်းက သီချင်းဆိုတဲ့အလုပ်ကို လုပ်ကိုင်သည့် သူက အားလပ်သည့်အချိန်များတွင် ခရီးသွားများကို ပြင်သစ်၏ အထင်ကရ နေရာများသို့ သူမ၏ မြင်းများဖြင့် လိုက်ပို့လေ့ရှိသည်ဟု ပြောသည်။

“ကျွန်မရဲ့အလုပ်ကတော့ သီချင်းဆိုပြီး ဆပ်ကပ်ပွဲကို လှပအောင်လုပ်ပြီး ပွဲကြည့်ပရိသတ်တွေကို သီချင်းတွေနဲ့ ခွန်အားပေးတာပဲ ဖြစ်ပါတယ်။ ကျွန်မကတော့ သီချင်းဆိုပြီး အဲလိုလုပ်ရတာကို ကြိုက်ပါတယ်” ဟု ၎င်းကပြောသည်။

သို့သော် အခက်အခဲတစ်ခုမှာ ပရိသတ်များကို ရယ်မောပျော်ရွှင်စေရန် စွဲဆောင်ရခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံတွေနဲ့ ဆပ်ကပ်ရဲ့ ကွဲပြားမှုတွေကတော့ တဲပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရိတ်သတ်အနေနဲ့ နီးနီးကပ်ကပ် ကြည့်ရှု့နိုင်ခြင်းပဲဖြစ်ပါတယ်။ ခက်တာတစ်ခုကတော့ ပရိတ်သတ်တွေကို ဒီနေရာကို ခေါ်ဆောင်လာပြီးနောက် လက်ခုပ်တီးပြီး ရယ်မောစေဖို့၊ ပျော်ရွင်စေဖို့ ဆိုတာပဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ပရိသတ်၏ လက်ခုပ်သံများသည် ၎င်းတို့အတွက် ခွန်အားများဖြစ်သည်ဟု အသက် ၁၉ နှစ်အရွယ် Samuel က ပြောကြားသည်။

၎င်းက ထပ်ဆင့်ထားသော ဂွင်းထဲကို ခုန်ပျံကျော်လွားကာ ကျွမ်းထိုးရသည့် ပြကွက်ဆန်းများဖြင့် ဆပ်ကပ်ပွဲတွင် ပရိသတ်များကို ဖျော်ဖြေပေးနေသူဖြစ်သည်။

အာဖရိကတိုက်ရှိ အီသီယိုးပီးယားနိုင်ငံမှ ၎င်းသည် အသက် ကိုးနှစ်အရွယ်ကတည်းက ဆပ်ကပ်အဖွဲ့ထဲ ဝင်လာခဲ့သူဖြစ်သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ကျွန်တော် ပွဲမှာ ဖျော်ဖြေနေချိန်မှာ ပရိသတ်က ငြိမ်သက်နေကြတာပေါ့။ ပြီးတဲ့အချိန်မှာ သူတို့ လက်ခုပ်တီးကြတော့ ကျွန်တော်ပျော်တာပေါ့။ ဒါက ကျွန်တော်အလုပ်လေ။ ပြီးတော့ လက်ခုပ်သံဆိုတာက ကျွန်တော်အတွက် ဒုတိယလစာလိုပါပဲ”ဟု ၎င်းကပြောသည်။

The Golden Circus အဖွဲ့တွင် မြန်မာနိုင်ငံမှ သုံးဦးအပါအဝင် နိုင်ငံတကာမှ အဖွဲ့ဝင် ၂၃ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ဒီဇင်ဘာလကုန်အထိ ပြသသွားပြီးနောက် မန္တလေး၊ မကွေး၊ မိတ္ထိလာနှင့် တောင်ကြီးမြို့များတွင် ၂၀၁၇၊ ခုနှစ်၊ မတ်လထိ လှည့်လည် သွားရောက်ကာ ပြသသွားမည်ဟု မစ္စတာ Regis က ပြောကြားသည်။

ဈေးနှုန်းများကိုမူ ကျပ် ၆,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ သတ်မှတ်ထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.