ရခိုင်နှင့် ချင်းပြည်နယ်၌ အင်တာနက်ဖြတ်တောက်ထားမှုအား အရပ်ဖက်အဖွဲ့အစည်းများ ရှုံ့ချ

တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် ရခိုင်နှင့် ချင်းပြည်နယ်များမှ မြို့နယ်အချို့တွင် အင်တာနက် ဖြတ်တောက်ရန် အစိုးရ၏ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အတွက် ဆောင်ရွက်နေကြသည့် အရပ်ဖက်အဖွဲ့အစည်းများက ပြစ်တင်ဝေဖန်လိုက်သည်။

ထို့ပြင် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင်လည်း အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရေးအတွက် အရေးကြီးအဆိုတင်သွင်း တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား လည်ပတ်ရန် အစိုးရဌာနများက အင်တာနက်၊ အီးမေးလ်များဖြင့် ဆက်သွယ် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အင်တာနက်ဖြတ်တောက်ခြင်းမှာ ပြည်သူများသာမက ပြည်နယ်အစိုးရအတွက်ပါ အခက်အခဲရှိလာနိုင်သည်ဟု ဇွန် ၂၄ ရက်နေ့တွင် အဆိုတင်သွင်းခဲ့သူ မင်းပြားမြို့နယ်၊ အမှတ် ၂ မှ ရခိုင်အမျိုးသားပါတီကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောကြားသည်ဟု ဘီဘီစီသတင်းဌာနက ရေးသားထားသည်။

အဆိုပါအဆိုအား ဇွန် ၂၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။

ထိုကဲ့သို့ “အများပြည်သူအား ကြိုတင်အသိပေးခြင်းမရှိဘဲ ရခိုင်နှင့် ချင်းပြည်နယ်များရှိ မြို့နယ် ၉ မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းသည် အဆိုပါ လူ့အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပြီး မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုသူသန်းပေါင်းများစွာအတွက် စိုးရိမ်စရာဖြစ်သလို၊ ကျွန်ုပ်တို့ အဖွဲ့အစည်းများသည်လည်း လွန်စွာစိုးရိမ်စရာ ကိစ္စရပ်ဖြစ်ပါသည်” ဟု မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ် ဦးဆောင်ကျင်းပရေးအဖွဲ့များအပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၂၀ ခန့်ကလည်း ဇွန် ၂၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်းတော၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်များတွင် ဇွန် ၂၁ ရက်နေ့ ည ၁၀ နာရီမှ စတင်ကာ အင်တာနက်ဝန်ဆောင်မှုများ ဖြတ်တောက်ထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မိုဘိုင်းဖုန်းအော်ပရေတာများဖြစ်သည့် MPT၊ Mytel၊ တယ်လီနောနှင့် အူရီဒူးတို့အား ဇွန် ၂၀ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ထိုမြို့နယ်များတွင် နေထိုင်သူ တစ်သန်းကျော်အနေဖြင့် တယ်လီဖုန်းခေါ်ဆိုမှုနှင့် စာတို (sms) ပေးပို့မှုများသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထိုသို့ အင်တာနက်စတင်ဖြတ်တောက်မှုနှင့် ပြန်လည်ပေးအပ်မည့်အချိန်အား အစိုးရက အများပြည်သူထံ ဇွန် ၂၅ ရက်နေ့အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသည်ကိုလည်း တွေ့ရသည်။

အင်တာနက်ဖြတ်တောက်မှုနှင့် ပတ်သက်ပြီး မိုဘိုင်းဖုန်းကုမ္ပဏီ ၄ ခုအနက် တယ်လီနောတစ်ခုတည်းကသာ အသုံးပြုသူများထံ စာတို (sms) ပေးပို့ အကြောင်းကြားခြင်းနှင့် အများပြည်သူထံသတင်းထုတ်ပြန်သည်ကို တွေ့ရပြီး အခြားကုမ္ပဏီများက တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်းမရှိသည်ကိုလည်း တွေ့ရသည်။

ထိုကဲ့သို့ အင်တာနက်ဖြတ်တောက်ရခြင်းမှာ “အများပြည်သူလုံခြုံရေးအခြေအနေအရ တည်ငြိမ် အေးချမ်းမှု ပျက်တယ်၊ တရားဥပဒေစိုးမိုးမှု မကောင်းဘူးဖြစ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်ပါတယ်” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြည်တွင်းမီဒီယာတစ်ခုအား ပြောကြားခဲ့သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ အရ ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောကြားထားသည်။

ပုဒ်မ ၇၇ တွင် “ဝန်ကြီးဌာနသည် အများပြည်အကျိုးအတွက်ဆောင်ရွက်ရန် အခြေအနေပေါ်ပေါက်သည့်အခါ အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ယာယီရပ်ဆိုင်းရေး၊ ဆက်သွယ်မှုအမျိုးအစားတစ်ရပ်ရပ်ကို မပြုလုပ်ရေး၊ တားဆီးထိန်းသိမ်းထားရှိရေး၊ လိုအပ်သည့်သတင်းအချက်အလက်နှင့် ဆက်သွယ်မှုများကို ရယူနိုင်ရေး၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်သွယ်ရေးပစ္စည်းများကို ယာယီထိန်းချုပ်သုံးဆွဲရေးတို့အတွက် လုပ်ငန်းလိုင်စင်ရှိသူများ ညွှန်ကြားနိုင်သည်” ဟု ဖော်ပြထားသည်။

“ဆက်သွယ်ရေးဥပဒေပြဌာန်းပြီး ၂၀၁၃ ခုနှစ်ကတည်းက ယခုကဲ့သို့ ပုဒ်မ (၇၇) ကိုသုံးကာ အင်တာနက် ဆက်သွယ်မှုအားဖြတ်တောက်ရန် အစိုးရအဖွဲ့က ညွှန်ကြားမှုမျိုး မရှိခဲ့ရာ ယခုကဲ့သို့ ဖြတ်တောက်ရန် ပထမဆုံးအကြိမ် အမိန့် ညွှန်ကြားချက်ထုတ်ပြန်ခြင်းသည် ကျွန်ုပ်တို့အားလုံးအတွက် စိုးရိမ်စရာ ကိစ္စရပ်တစ်ခု ဖြစ်ပါသည်” ဟု အရပ်ဖက်အဖွဲ့အစည်းများက ပြောကြားထားသည်။

အဆိုပါဒေသသည် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် အေအေတို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ဒေသများဖြစ်သည်။ တိုက်ပွဲအချို့တွင် တပ်မတော်က ရဟတ်ယာဉ်များအသုံးပြု တိုက်ခိုက်ခြင်းများလည်း ရှိခဲ့ပြီး အစိုးရတပ်များက လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အရပ်သားများကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများရှိနေသည်ဟု စွပ်စွဲမှုများလည်း ရှိနေသည်။

ထို့ပြင်တိုက်ပွဲဖြစ်ပွားရာဒေသများသို့ ပြင်ပမှ ဝင်ထွက်သွားလာရန် ခက်ခဲ့သလို ပြည်တွင်း၊ ပြည်ပမီဒီယာများ ဝင်ရောက် သတင်းရယူခွင့်နှင့် လူသားချင်းစာနာမှု အထောက်အပံ့ပေးသည့်အဖွဲ့အစည်းများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားသည့် ဒေသလည်းဖြစ်သည်။

ယခုကဲ့သို့ အင်တာနက် ဖြတ်တောက်ခြင်းသည် လက်နက်ကိုင် ပဋိပက္ခများနှင့် ဒေသခံပြည်သူများအပေါ် ထိခိုက်မှုများနှင့် ပတ်သက်၍ သတင်းအချက်အလက်ရ ယူနိုင်မှုကို ပို၍ ထိခိုက်စေသည်ဟု အရပ်ဖက်အဖွဲ့အစည်းများက ပြောကြားသည်။

ဒေသခံပြည်သူများ၏ အခွင့်အရေးအရေး ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအပါအဝင်၊ လူ့အခွင့်အရေး ကာကွယ်သူများနှင့် မီဒီယာများသို့ သတင်းပေးပို့ ဖလှယ်နိုင်မှုကိုလည်း ထိခိုက်စေသည်ဟုဆိုသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် အင်တာနက်ဆက်သွယ်မှု ဖြတ်တောက်ခြင်းသည် ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် လွန်စွာ စိုးရိမ်စရာကိစ္စရပ်ဖြစ်သည်ဟု ၎င်းတို့က ပြောကြားသည်။

ထို့ကြောင့် အင်တာနက်ဆက်သွယ်ရေး ဖြတ်တောက်မှုနှင့် အင်တာနက်အမြန်နှုန်းလျော့ချမှုများကို ချက်ခြင်း ရပ်တန့်ကာ အဆိုပါ မြို့နယ် ၉ မြို့နယ်တွင် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်မှုများ အပြည့်အဝ ရရှိရေးကို ခြွင်းချက်မရှိ ချက်ခြင်းလုပ်ဆောင်ပေးရန် အရပ်ဖက်အဖွဲ့အစည်းများက အစိုးရအား တောင်းဆိုထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.