မြန်မာနိုင်ငံ၏ စာသင်ခန်းများဆီသို့ Virtual Reality နည်းပညာကို ယူဆောင်လာခြင်း

မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေသော ပညာရေးစနစ်ကို ၎င်းတို့၏ နည်းပညာဖြင့် တိုးတက်အောင်လုပ်ဆောင်နိုင်မည်ဟု မြန်မာနိုင်ငံ၏ ပထမဆုံးသော virtual reality ကုမ္ပဏီက ယုံကြည်ထားသည်။

ဗစ်တိုးရီယား မီလ်ကို ရေးသားသည်။

လပေါ်တွင် လမ်းလျှောက်ခြင်း၊ ဘုရားများကြား လမ်းလျှောက်ခြင်းနှင့် ကမ္ဘာ၏ တစ်ဖက်ခြမ်းရှိ ကျောင်းစာသင်ခန်းများသို့ သွားရောက်ခြင်း စသည်တို့သည် ရန်ကုန် တာမွေပလာဇာရှိ ရုံးခန်းအတွင်းမှ ထွက်ရန် မလိုဘဲ မလှလှဝင်း သွားရောက်နိုင်သော နေရာများဖြစ်သည်။

မလှလှဝင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး virtual reality ကုမ္ပဏီဖြစ်သော 360edVR ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ဖြစ်သည်။ ကုမ္ပဏီကို ယခုနှစ် အစောပိုင်းက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးပေါ် VR နည်းပညာများကို အသုံးပြုပြီး ပညာရေးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ကုမ္ပဏီက ရည်ရွယ်ထားသည်။ သူမသည် အမေရိကန် ပြည်ထောင်စု၊ Iowa ပြည်နယ် William Penn တက္ကသိုလ်မှ ပညာရေးအဓိက အထူးပြုဘာသာရပ်ဖြင့် ၂၀၀၈ ခုနှစ်တွင် ဘွဲ့ရခဲ့ခြင်းလည်း ဖြစ်သည်။ Harvard တွင် Master of Public Administration ဘွဲ့အတွက် စကောလားရှစ်ရရှိခဲ့သဖြင့် အတန်းတက်ရောက်စဉ် Silicon Valley Nasa Research Centre တွင် သုံးလတာ ပညာလေ့လာခွင့်ကို ဂူးဂဲလ်ထံမှ ရရှိခဲ့သည်။

ထို့နောက် Harvard တက္ကသိုလ်တွင် မာစတာဘွဲ့ရရှိခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုအနှံ့ ခရီးသွားလာခဲ့သည်။ ကာလီဖိုးနီးယားပြည်နယ်ရှိ ကျောင်းတစ်ခုသို့ သွားရောက်လည်ပတ်ချိန်တွင် ဇီဝဗေဒသင်ခန်းစာများတွင် VR နည်းပညာကို အသုံးပြုပြီး သင်ကြားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် စိတ်ဝင်စားသွားခဲ့သည်။

“ကျွန်မက VR နည်းပညာသုံးပြီး ကျွန်မရဲ့ ကိုယ်ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးတော့ သွေးတွေရဲ့ ဆဲလ်တွေအကြောင်း လေ့လာခဲ့ပါတယ်။ ကျွန်မငယ်စဉ်ကတော့ ဇီဝဗေဒပညာကို စိတ်ဝင်စားခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် VR နည်းပညာနဲ့ လေ့လာကြည့်ပြီးတဲ့အခါမှာတော့ စိတ်ဝင်စားသွားခဲ့ပါတယ်” ဟု မလှလှဝင်းက Frontier ကို ပြောကြားသည်။

မလှလှဝင်း၏ မိဘများသည် ကျောင်းဆရာများ ဖြစ်ကြပြီး မလှလှဝင်းကိုယ်တိုင်လည်း ပုဂ္ဂလိကျောင်းတစ်ခုတွင် ကျောင်းဆရာမအဖြစ် လုပ်ကိုင်ခဲ့သည်။ VR နည်းပညာကို တွေ့ရှိပြီးချိန်တွင်မူ မြန်မာနိုင်ငံ၏ ခေတ်နောက်ကျနေသော ကျောင်းများတွင် ၎င်းနည်းပညာကို အသုံးပြုနိုင်ကြောင်း သူမ သိရှိသွားခဲ့သည်။

“ကျွန်မက အစိုးရကျောင်းမှာ နေခဲ့ရတယ်။ အစိုးရကျောင်းမှာက စာသင်ခန်းတစ်ခန်းမှာ ကျောင်းသားအယောက် ၅၀ ကနေ ၇၀ အထိ ရှိတယ်။ ဆရာက ကျောက်သင်ပုန်းနား မတ်တပ်ရပ်ပြီး တစ်ယောက်တည်း ပြောနေမယ်။ တစ်ဖက်သတ် သင်ကြားရေးစနစ်ပဲ။ ကျောင်းသားတစ်ယောက်အနေနဲ့ ကျွန်မမှာ မေးခွန်းတွေ အများကြီး ရှိတယ်။ ဒီမေးခွန်းတွေကို မေးတော့ စာသင်တာကို အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ ကျောင်းသားက များတော့ မေးဖို့မဖြစ်နိုင်ဘူး” ဟု သူမက ပြောကြားသည်။

ထို့ကြောင့် ပညာရေးစနစ်အား ပြောင်းလဲနိုင်ရေးအတွက် အခြားနည်းလမ်းများကို မလှလှဝင်းက ရှာဖွေခဲ့သည်။ သူမနှင့် အဖွဲ့က ကျောင်းသားများအတွက် အသုံးဝင်မည့် ဆော့ဝဲများ ဖန်တီးခြင်းထက် ကျောင်းဆရာများကို ပစ်မှတ်ထားခဲ့သည်။

“ကျောင်းသားတွေက ဒီနည်းပညာကို စိတ်ဝင်စားမလားဆိုတာ စိတ်ပူစရာ မလိုဘူး။ ကျွန်မတို့ ပစ်မှတ်ထားရမှာက ဆရာတွေပဲ။ ဆရာတွေကို ဒီနည်းပညာနဲ့ မိတ်ဆက်မထားဘူးဆိုရင် သူတို့က သုံးမှာမဟုတ်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက ဆရာ သုံးသိန်းကျော်ကို ကမ္ဘာအနှံ့ခေါ်သွားပြီး တခြားနိုင်ငံတွေက ကျောင်းဆရာတွေ ဘယ်လို သင်ကြားနေတယ်ဆိုတာ ပြသဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ VR နည်းပညာနဲ့ သူတို့ကို ပြသပေးလို့ရတယ်” ဟု မလှလှဝင်းက ပြောကြားသည်။

မလှလှဝင်းက မန္တလေးပုဂ္ဂလိကကျောင်းများအသင်း (Mandalay Private Schools Association) နှင့် ပူးပေါင်းပြီး Virtual Reality အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ကျင်းပခဲ့သည်။ ၎င်း အလုပ်ရုံဆွေးနွေးပွဲတွင် ကျောင်းပေါင်း ၁၂၈ ခုမှ ကိုယ်စားလှယ်များက သင်ကြားရေး ဆော့ဝဲတစ်ခုကို အသုံးပြုပြီး ဂျပန်နှင့် ဖင်လန်နိုင်ငံများမှ ကျောင်းများတွင် စာသင်ကြားပုံကို လေ့လာခဲ့ကြသည်။

“ဆရာတွေက စိတ်ဝင်စားသွားပြီး ကျွန်မကို မေးခွန်းတွေ မေးကြတယ်။ ကျောင်းသားတွေက ဘာလို့ သူတို့ ထိုင်တဲ့နေရာမှာပဲ ထိုင်နေပြီး စာသင်လို့ ရတာလဲ။ စာသင်ခန်းတွေက ဘာကြောင့် ဒီက စာသင်ခန်းတွေနဲ့ မတူတာလဲ စသဖြင့် မေးကြတယ်။ ဒီနောက်မှာတော့ သူတို့က နိုင်ငံခြားကျောင်းတွေမှာ သူတို့တွေ့ခဲ့ရတဲ့ သင်ခန်းစာတွေကို ဒီက ကျောင်းတွေမှာ သူတို့ စမ်းသင်ကြည့်ကြတယ်လို့ ပြောကြပါတယ်” ဟု မလှလှဝင်းက ဆက်လက်ပြောကြားသည်။

360edVR ၏ အဖွဲ့ဝင် တစ်ဦးဖြစ်သော ကိုမင်းဟိန်းက VR နည်းပညာကို မြန်မာနိုင်ငံတွင် ကျယ်ပြန့်စွာ အသုံးချနိုင်မည့် အလားအလာများ ရှိနေသည်ဟုဆိုသည်။

“VR နည်းပညာတွေက လူချမ်းသာတွေပဲ အသုံးပြုနိုင်တဲ့ နည်းပညာ မဟုတ်ပါဘူး” ဟု ကိုမင်းဟိန်းက ကတ်ထူစက္ကူဖြင့် ပြုလုပ်ထားသော VR မျက်မှန်ကို ကိုယ်တွယ်နေရင်း ပြောကြားသည်။ “VR နည်းပညာကို စမတ်ဖုန်းတစ်လုံးရှိတာနဲ့ သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံမှာ လူတိုင်းနီးပါး စမတ်ဖုန်း ပိုင်ဆိုင်ကြပါတယ်။ ဒီတော့ လူတိုင်း လက်လှမ်းမီနိုင်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော် စိတ်ဝင်စားတာပါ” ဟု သူကဆိုသည်။

“ကျွန်မတို့ မိတ်ဆက်ပေးတဲ့ ဆရာအတော်များများက ဒီနည်းပညာကို စိတ်ဝင်စားမှု ပြသကြပါတယ်။ တစ်ချို့ ဆရာအနည်းစုကတော့ သံသယရှိကြတယ်” ဟု မလှလှဝင်းက ဆိုသည်။

“ဒါပေမဲ့ အငြိမ်းစားယူခါနီး ဆရာ၊ ဆရာမကြီးတွေကတော့ စိတ်အနှောင့်အယှက် အဖြစ်မခံလိုကြဘူး။ သူတို့က ငါသင်နေတဲ့ ဘာသာရပ် ငါသိတယ်။ ဒါတွေ လေ့လာဖို့ မလိုပါဘူးလို့ ပြောကြတယ်။ ကျွန်မတို့ကလည်း လူကြီးတွေကို အဓိက မထားပါဘူး။ ငယ်ရွယ်ပြီး လေ့လာလိုစိတ်ရှိတဲ့ ကျောင်းဆရာ၊ ဆရာမလေးတွေကို အာရုံထားတာပါ” ဟု မလှလှဝင်းက ဆိုသည်။

သို့သော် VR နည်းပညာ၏ လုပ်နိုင်စွမ်းအားများကို လေ့လာရာတွင် အခြားသောစိန်ခေါ်မှုများလည်း ရှိနေသည်။ “ဒီနည်းပညာက အသစ်ဖြစ်တော့ လူအများစုက ဘယ်လို အသုံးပြုရမယ် မသိကြဘူး။ တစ်ချို့ဆို VR ဆိုတာ ဘာမှန်းတောင် မသိဘူး” ဟု သူမက ဆက်လက်ပြောကြားသည်။

“ဒါနဲ့ ပတ်သက်ပြီး ကျွန်မတို့မှာလည်း အဖြေမရှိပါဘူး။ ကျွန်မတို့က ဒီနည်းပညာနဲ့ လုပ်ဆောင်နိုင်မယ့် တခြား နည်းလမ်းတွေ ရှာဖွေနေတာပါ။ ကျွန်မတို့ အားလုံးက ဒီနည်းပညာနဲ့ မရင်းနှီးကြသေးပါဘူး။ အားလုံး လေ့လာနေကြရုံ ရှိသေးတာပါ” ဟု မလှလှဝင်းက ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.