Myanmar dissident Buddhist monk Gambira attends a ceremony at a Yangon monastery on February 19, 2012. (AFP)
ဖေဖော်ဝါရီလ၁၉ရက်၂၀၁၂ခုနှစ် ရန်ကုန်မြို့ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ရွှေညဝါကျောင်းတိုက် ကျောင်းထိုင်နာယကအရှင်ပညာသီဟ၏ ကျောင်းတိုက်မှထွက်ခွာခြင်းပွဲတွင် အစိုးရနှင့်သ‌ဘောထားကွဲလွဲနေသော ဆရာတော်ဦးဂမ်ဘီယာတက်ရောက်သည်ကိုမြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

မြန်မာနိုင်ငံသံဃာတော်များ အာဏာရှင်ဆန့်ကျင်‌ရေးလှုပ်ရှားမှုတွင် သဘောထားကွဲပြားနေ

မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာသံဃာတော်များသည် စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကိုဆန့်ကျင်တိုက်ဖျက်ရေးတွင် ရှေ့ဆုံးမှဦးဆောင်ခဲ့သော်လည်း ဖေဖော်ဝါရီ ၁ရက်နေ့က ဒီမိုကရေစီစနစ်ကို အဆုံးသတ်စေခဲ့သည့် စစ်တပ်၏အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး သဘောထားကွဲပြားမှုရှိနေသည်။ အချို့ထင်ရှားသော ဘာသာရေးခေါင်းဆောင်များက စစ်အစိုးရကို အကာအကွယ်ပေးမှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်။

အေအက်ဖ်ပီ

ဖေဖော်ဝါရီ ၁ရက်တွင် လူထုခေါင်းဆောင်‌ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူများကိုဖမ်းဆီးကာတပ်မတော်အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း သုံးလအတွင်း မြန်မာနိုင်ငံသည်မငြိမ်သက်မှုများစွာကြုံတွေ့ရပြီး နိုင်ငံတစ်ဝန်းပြင်းထန်သော အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများပေါ်ပေါက်လာပါသည်။

ယင်းအချိန်မှစ၍ ပြည်သူများသည် စစ်အာဏာရှင်အုပ်ချုပ်မှုကိုဖီဆန်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက်သေစေနိုင်သောဖြိုခွင်းမှု၊ ကျည်ဆန်များစသည့် အန္တရာယ်များကြားမှကျော်လွှားပြီး လမ်းမပေါ်သို့နေ့စဥ်ထွက်ဆန္ဒပြခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်သူများကိုငြိမ်ဝပ်ပိပြားအောင် ဆန္ဒပြသူရာကျော်ကို သေနတ်နှင့်ပစ်သတ်ကာ အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

အနီရောင် ကတ္တီပါသင်္ကန်းများခြုံထားသည့် ဝါငယ်သောသံဃာအများစုသည် နိုင်ငံရေးတွင်ပါဝင်ခွင့်မရှိဟု တားမြစ်ထားသော ဘာသာရေးအမိန့်ပြန်တမ်းများကိုဆန့်ကျင်ပြီး စစ်ဗိုလ်ချုပ်များ၏လုပ်ရပ်ကိုရှုတ်ချ၍ အာဏာဖီဆန်ရေးဆန္ဒပြသူများနှင့်အတူ လှုပ်ရှားမှုတွင်ပါဝင်လာကြောင်းတွေ့ရသည်။

“ ဘုန်းကြီးအတွက်တန်ဖိုးကြီးတဲ့ရဟန်းဘောင်ကိုစွန့်လွှတ်ပြီး ပြည်သူတွေနဲ့အတူတူတော်လှန်ရေးမှာ ပါဝင်ဖို့ဆန္ဒရှိပါတယ်” ဟု အဖမ်းမခံရရန် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ တစ်ကျောင်းသို့ ပြောင်းရွှေ့နေထိုင်နေရသည့် အသက် ၄၄ နှစ်အရွယ် ရွှေအိုးဆရာတော်ကမိန့်သည်။

စစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲဝင်ခြင်းသည် မြန်မာလူ့အဖွဲ့အစည်းတစ်ရပ်လုံးသို့ ပျံ့နှံ့၍ ပြည်သူများကအသံကျယ်လောင်စွာဖြင့် ထောက်ခံအားပေးနေသည်။ မြန်မာနိုင်ငံတစ်ဝန်းလူအများစုကိုးကွယ်သည့်ဘာသာသည် ဗုဒ္ဓဘာသာဖြစ်သည့်အတွက် ရဟန်းသံဃာများက ဤတိုက်ပွဲတွင်ပါဝင်ခြင်းက အထူးဆန်းမဟုတ်ပေ။

လုံခြုံရေးတပ်ဖွဲ့များက အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများ ဘုန်းတော်ကြီးကျောင်းများတွင်ရှိမရှိကို အနီးကပ်စောင့်ကြည့်မှုများပြုလုပ်နေပြီး သံဃာတော်အပါးတစ်ဒါဇင်ခန့်ဖမ်းဆီးခံခဲ့ရကြောင်း ‌‌ဒေသစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့မှပြောသည်။

သို့သော် သံဃာတော်များကြားတွင်ရှိသည့် စစ်တပ်ထောက်ခံ၊ တရားသေသံဃာတော်များသည် လက်ရှိအာဏာသိမ်းစစ်အစိုးရကိုအားပေးထောက်ခံနေပြီး မြန်မာနိုင်ငံရှိ လူအများစုကိုးကွယ်သည့်ဗုဒ္ဓဘာသာကို အစ္စလာမ်ဘာသာက တဖြည်းဖြည်းခြင်းဝါးမျိုမှုအန္တရာယ်အား စစ်အစိုးရကသာ ခုခံကာကွယ်ပေးနိုင်သူဟု ယုံကြည်ထားသည်။

နိုင်ငံမဲ့ရိုဟင်ဂျာမွတ်စ်လင်မ်လူနည်းစုကို မုန်းတီးရေးလှုံ့ဆော်မှုကြောင့် အဖမ်းခံခဲ့ရသည့် အမျိုးသားရေးအစွန်းရောက်သံဃာတော် ဆရာတော်ဦးပါမောက္ခသည် စစ်အစိုးရထောက်ခံသည့် ရဟန်းတော်အုပ်စုတွင်ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ပြီးနိုင်ငံခေါင်းဆောင်အဖြစ်တင်မြှောက်ပါက “ ငါတို့ဘာသာတရား၊ လူမျိုးစုနှင့်နိုင်ငံတစ်နိုင်ငံလုံးပျောက်ကွယ်သွားလိမ့်မယ်” ဟုဆရာတော်မိန့်သည်။

“လူများစွာအသတ်ခံရ”

စစ်တပ်ထောက်ခံသော သံဃာတော်များ၏အတွေးအခေါ်ပိုင်းဆိုင်ရာ ကွဲပြားမှုသည် ၂၀၀၇ ခုနှစ် မြန်မာတစ်နိုင်ငံလုံး အုံကြွမှုကြီးနှင့်နှိုင်းယှဉ်ပါက အတော်အတန်ကွာဟနေသည်ကို တွေ့ရသည်။ စစ်အစိုးရ၏ ရုတ်တရက်လောင်စာဆီဈေနှုန်းမြင့်တက်ခြင်းကြောင့် ၂၀၀၇ခုနှစ် စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေးဟုအမည်တွင်သည့် သံဃာတော်များဦးဆောင်သည့် လူထုအုံကြွမှုဖြစ်ပေါ်ခဲ့သည်။

စစ်သားများထံမှလှူဒါန်းမှုများကို လက်ခံရန်ငြင်းဆန်ကြောင်းပြသည့်အနေဖြင့် ဘုန်းတော်ကြီးများက သပိတ်များကိုဇောက်ထိုးမောက်၍ လမ်းမပေါ်တက်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

၂၀၀၇ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး” ကြောင့် စစ်အာဏာရှင်များသည် ၎င်းတို့အုပ်ချုပ်မှုစနစ် တရားဝင်ဖြစ်ရန် ကြီးမာသည့် အကျပ်အတည်းဖြစ်စေခဲ့ပြီး ဆန္ဒပြသူများကိုရက်စက်စွာအကြမ်းဖက်ဖြိုခွဲနှိမ်နင်းခဲ့သည်။ ဖြိုခွင်းမှုကြောင့် အနည်းဆုံးလူ၃၁ဦးသေဆုံးပြီး သံဃာအပါးရာကျော် သင်္ကန်းများချွတ်ကာ အဖမ်းခံရသည်။

အဖမ်းခံခဲ့ရသူများထဲတွင် ဦးဂမ္ဘီရသည်ထင်ရှားသောခေါင်းဆောင်သံဃာတော်တစ်ပါးဖြစ်ပြီးလှုပ်ရှားမှုကြောင့် ထောင်ဒဏ် ၆၈ နှစ်ချမှတ်ခံခဲ့ရသည်။ ဦးဂမ္ဘီရသည် ၂၀၁၂ ခုနှစ်တွင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လွတ်လာသောအခါ သဘောထားကွဲနေသော သံဃာ့အဖွဲ့အစည်းဖြစ်နေသည်ကို မြင်တွေ့ရသည်။

“ လူအများအပြားသေဆုံး၊ပျောက်ဆုံးနေတယ်။ နှစ်ပေါင်းများစွာအကျဉ်းချခံထားရတဲ့သူတွေကရုပ်ပိုင်းဆိုင်ရာအခြေအနေမကောင်းတော့ဘူး။ အများစုကပြည်ပမှာထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု လက်ရှိတွင် သြစတြေးလျနိုင်ငံတွင်ခိုင်လှုံသူအဖြစ် နေထိုင်နေသည့် အသက် ၄၁ နှစ်အရွယ် ဦးဂမ္ဘီရက ပြောသည်။

တချိန်တည်းမှာပင် အမျိုးသားရေးဝါဒီလှုပ်ရှားမှုပြုလုပ်သည့် သံဃာအဖွဲ့အစည်း အမျိုးသား ဘာသာ၊သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)သည်ဘုန်းတော်ကြီးအဖွဲ့အစည်းများအတွင်းပေါ်ပေါက်လာခဲ့သည်။ အမေရိကန်နိုင်ငံတိုင်းမ်မဂ္ဂဇင်းက “ဗုဒ္ဓဘာသာဘင်လာဒင်” ဟုနာမည်တပ်ခံထားရသည့် သြဇာကြီးမားသောအစွန်းရောက်ဆရာတော်ဦးဝီရသူ ပေါ်ထွက်လာပြီး အမျိုးသားရေးအစွန်းရောက်သူများကြားတွင် ထင်ပေါ်ကျော်ကြားမှုရရှိခဲ့သည်။

ဦးဝီရသူ၏ ဟောပြောမှုများနှင့်နောက်လိုက်များက ရိုဟင်ဂျာများအပေါ်ရန်လိုမှုကြောင့် ၂၀၁၇ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်တွင်း စစ်အစိုးရ၏နယ်မြေရှင်းလင်းရေး အစီအစဥ်အပေါ် လူထုထောက်ခံမှုရရှိစေခဲ့သည်။ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက စစ်တပ်၏ ၂၀၁၇ခုနှစ် အစီအစဥ်ကို “လူမျိုးတုံးသတ်ဖြတ်မှု” ဟု စွပ်စွဲထားသည်။

၂၀၁၇ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အစိုးရအောက်တွင် မဘသအဖွဲ့၏သြဇာလွှမ်းမိုးမှုကိုထိန်းချုပ်ရန်အတွက် အစိုးရကပိတ်ပင်တားမြစ်ခဲ့သော်လည်းစစ်တပ်အရာရှိများထံမှထောက်ပံ့မှုများနှင့်ငွေသားလှူဒါန်းမှုများကိုဆက်လက်ရရှိခဲ့ကြောင်းတွေ့ရသည်။

“တရားမျှတသည့်ဘက်မှာရပ်တည်ခြင်း”

မွတ်စ်လင်မ်များသည် မြန်မာနိုင်ငံလူဦးရေ၏ ၅ ရာခိုင်နှုန်းအောက်သာရှိသော်လည်း မြန်မာနိုင်ငံတွင်တိုးပွားလာနေသည့် “အစ္စလာမ်သာသနာပြုခြင်း” အန္တရာယ်မှကာကွယ်ပေးနိုင်သောအင်အားစုတစ်စုသည် တပ်မတော်သာဖြစ်ကြောင်း အစွန်းရောက်အမျိုးသားရေးဝါဒီများက ယုံကြည်ကြသည်။

“ဒီ(အစ္စလာမ်သာသနာပြုခြင်း အန္တရာယ်မှစစ်တပ်ကာကွယ်ပေးခြင်း)အနာဂတ်ကိုစဉ်းစားနေတဲ့လူတွေက လက်ရှိအစိုးရကို ဆန္ဒပြမှာမဟုတ်ဘူး” ဟု စစ်တပ်၏အာဏာဆုပ်ကိုင်မှုကိုထောက်ခံနေသူများအပေါ် ဆရာတော်ဦးပါမောက္ခကမိန့်သည်။

စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များသည် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် ပြည်သူအနည်းဆုံး ၇၈၀ ‌ယောက်ကိုရက်စက်စွာနှိမ်နှင်းသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ထုတ်ပြန်ထားသည်။

သို့သော် ဆရာတော်ဦးပါမောက္ခက လမ်းပေါ်တွင်သေဆုံးသူများပြားခြင်းမှာ စစ်အုပ်ချုပ်မှုကို အတိုက်အခံပြုရန်လှုံ့ဆော်ပေးသည့် မီဒီယာများကြောင့်ဟု အပြစ်တင်ပြောဆိုသည်။

ဘုန်းတော်ကြီးအဖွဲ့အစည်းများအတွင်း တပ်မတော်ထောက်ခံသည့်အုပ်စုတွင်ပါဝင်သော အမျိုးသားရေးလှုပ်ရှားသူ သံဃာတော်ဦးပါမောက္ခအား သူ၏ကျောင်းတိုက်တွင်စာဖတ်နေသည်ကို ဧပြီလ ၂၇ရက်နေ့ပြသသည့်အေအက်ဖ်ပီရုပ်သံအစီအစဉ်တွင်တွေ့မြင်ရ။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ရွှေအိုးဆရာတော်ကမူ ဆရာတော်ဦးပါမောက္ခ၏အမြင်ကိုသဘောမတူဘဲ “အာဏာကိုအဓမ္မနည်းဖြင့်သိမ်းပိုက်ထား”သည့် စစ်တပ်အပေါ်သာ အပြစ်တင်သည်။ “လက်ရှိကာလက ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေရဲ့ရလဒ်ဖြစ်ပြီး ဒီမိုကရေစီမှာ ဒီလိုမျိုးက ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ”ဟု ရွှေအိုးဆရာတော်က မိန့်သည်။ “တရားမျှတမှုတဲ့ဘက်မှာပဲကျနော်တို့အားလုံးရပ်တည်သင့်တယ်”ဟု ဆရာတော်ကဆက်လက်မိန့်သည်။

ဘုန်းတော်ကြီးသင်ပညာရေးစည်းမျဉ်းစည်းကမ်းအရ သံဃာတော်သုံးသိန်းခန့်အားဆန္ဒမဲပေးခြင်း သို့မဟုတ် နိုင်ငံရေးဆန္ဒပြမှုများတွင် ပါဝင်ခြင်းကိုတားမြစ်ထားသည်။ ထိုစည်းမျဉ်းများသည် “စံပြကမ္ဘာတွင်” သာလက်ရှိအကျုံးဝင်မည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံတွင် ခိုလှုံနေသည့် ဦးဂမ္ဘီရက ပြောသည်။

“ကျွန်တော်တို့တိုင်းပြည်ကဖရိုဖရဲဖြစ်သွားတာကို ကျွန်တော်တို့မျက်စိပိတ်နေလို့မရပါဘူး”ဟု ဆက်လက်ပြောသည်။ ရဟန်းဘဝကိုစွန့်ခွာပြီးသော်လည်း ဦးဂမ္ဘီရသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုများအတွက် ရန်ပုံငွေရှာဖွေခဲ့သည်။

“ဘယ်နေရာမှာဘယ်လိုပဲဖြစ်ဖြစ်၊ အမှန်တရားလမ်းစဉ်မှာအမြဲနေရမယ်ဆိုတာကိုမြတ်ဗုဒ္ဓကကျွန်တော်တို့ကိုဟောကြားခဲ့တယ်” ဟုသူကပြောသည်။ “ကျွန်တော်တို့မှာအခုဆောင်ပုဒ်တစ်ခုပဲရှိပါတယ်။ အဲ့တာကတော့ “ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူးဆိုတာပါပဲ”ဟု ဦးဂမ္ဘီရက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.