ပြန်လာဦးမယ့် ရွှေ့ပြောင်းလုပ်သားတွေအတွက် မြန်မာအသင့်ဖြစ်ပြီလား

ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာသည် မိခင်နိုင်ငံသို့ပြန်ခွင့်ရရှိရေးအတွက် စောင့်ဆိုင်းနေကြသည်။ မတ်တွင် ရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာ ပြန်လာပြီးနောက် ၎င်းတို့ကို သီးခြားစောင့်ကြည့်ထားရှိရာတွင် ကမောက်ကမမှုများရှိခဲ့ရာ ယခုအချိန်တွင် သီးခြားစောင့်ကြည့်မှုများနှင့်ပတ်သက်၍ ပြောင်းလဲမှုများရှိလာပြီဖြစ်သည်။

ဟိန်းသာ နှင့် ဘန်ဒူးနန့်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် မေ ၅ ရက်တွင် ဗီဒီယိုကွန်ဖရင့်စ်ပြုလုပ်ခဲ့ရာ ယင်းကွန်ဖရင့်စ်တွင် အကြောင်းအရာတစ်ခုက လွှမ်းမိုးထားခဲ့သည်။ ယင်းမှာ ထိုင်းနိုင်ငံမှ နောက်ထပ်ပြန်လာမည့် ရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာတို့၏အရေးကိစ္စဖြစ်သည်။
မတ်အကုန်ပိုင်းတွင် ရွှေ့ပြောင်းလုပ်သားအစုလိုက်အပြုံလိုက်ပြန်လာပြီးနောက် သီးခြားစောင့်ကြည့်မှုပြုလုပ်ရာတွင် ကမောက်ကမမှုများရှိခဲ့ပြီး အများပြည်သူကြားတွင်လည်း စိုးရိမ်မှုများရှိခဲ့ရာ ဗီဒီယိုကွန်ဖရင့်စ်တွင်ပါဝင်သည့် ခေါင်းဆောင်များက “နောက်ဆုံးအကြိမ်တုန်းကလို မဖြစ်စေနဲ့” ဆိုသည့် စကားကိုပင် ပြောဆိုခဲ့ကြသည်။
ထိုင်းနိုင်ငံရှိ ပင်လယ်စာလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြန်မာနိုင်ငံသားလုပ်သား သုံးသန်းမှ လေးသန်းခန့် လုပ်ကိုင်နေကြသည်။ COVID-19 ကြောင့် ထိုင်းနိုင်ငံရှိ စက်ရုံများနှင့် အခြားအလုပ်ခွင်များကို ပိတ်သိမ်းခြင်း၊ ဝန်ထမ်းအင်အားလျှော့ချခြင်းတို့ကိုပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းထောင်ပေါင်းများစွာတို့၏အနာဂတ်မှာ စိတ်မောစရာကောင်းလာခဲ့သည်။ အခြားအလုပ်တစ်ခုကိုလည်း မရှာနိုင်သလို ထိုင်းနိုင်ငံမှ ထောက်ပံ့သည့် လူမှုဖူလုံကြေးကိုလည်း မရနိုင်သဖြင့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ၏စုဆောင်းငွေများသည် နေထိုင်စရိတ်နှင့် အခြားကုန်ကျစရိတ်များဖြင့် တစ်တိတိလုံးပါးပါးလာခဲ့သည်။ ယင်းကြောင့် မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် ပြန်လာရမည်ကို မသေချာသော်လည်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းများသည် ကုန်းမြေနယ်စပ်မှတစ်ဆင့် မိခင်နိုင်ငံသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ကြသည်။
မတ်လအကုန်ပိုင်းတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၄၀၀၀၀ ကျော်သည် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ သောင်ရင်းမြစ်ကိုဖြတ်ကာ ကရင်ပြည်နယ်ရှိ နယ်စပ်မြို့ မြဝတီမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသည်။
COVID-19 ကူးစက်သူဦးရေ များပြားစွာရှိနေသည့် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားများ အုံလိုက်ကျင်းလိုက် ရုတ်တရက် ပြန်လာမှုအတွက် မြန်မာအစိုးရ ကြိုတင်ပြင်ဆင်ထားမှုမှာမလုံလောက်ခဲ့ပေ။ နယ်စပ်ဂိတ်တွင် ထိန်းမနိုင်သိမ်းရ လူစုလူဝေးရှိခဲ့ပြီးနောက် ရွှေ့ပြောင်းများသည် အခြားသော ခရီးသည်များနှင့်အတူ အဝေးပြေးကားစီးကာ ရန်ကုန်သို့ ဦးတည်ချီတက်လာခဲ့ပြီး မွေးရပ်မြို့နယ်နှင့် ကျေးရွာများသို့ ပြန်ရောက်လာသည့် ရွှေ့ပြောင်းများ မိမိတို့၏နေအိမ်များမှာပင် သီးခြားနေထိုင်ရန် ညွှန်ကြားချက်သက်ရောက်ရေးကို ဒေသဆိုင်ရာအာဏာပိုင်များ အပြင်းအထန်ကြိုးပမ်းခဲ့ရသည်။
အဆိုပါ ထိန်းမနိုင်သိမ်းမရအခြေအနေများကြောင့် မြန်မာနိုင်ငံတွင် COVID-19 အကြီးအကျယ်ကူးစက်ပြန့်နှံ့တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးကပင် ပြောဆိုခဲ့ရသည်။ ရွှေ့ပြောင်းများသည် စည်းမဲ့ကမ်းမဲ့ တာဝန်ယူမှုမဲ့သော ရောဂါသယ်ဆောင်သူများဖြစ်ကြောင်း ပြည်သူအချို့ကလည်း ပြောဆိုခဲ့ကြသည်။
ထိုင်းနိုင်ငံသည် နယ်စပ်များကို မတ် ၂၃ ရက်တွင် တရားဝင်ပိတ်ဆို့ခဲ့သော်လည်း နောက်ပိုင်း ရက်သတ္တပတ်များအတွင်း ရွှေ့ပြောင်းလုပ်သားထောင်ပေါင်းများစွာသည် မြန်မာနိုင်ငံဘက်သို့ လာရောက်နိုင်နေဆဲဖြစ်သည်။
သို့သော် ဧပြီ အစောပိုင်းတွင် ထိုင်းနိုင်ငံ၌ နေထိုင်နေပြီး မြန်မာနိုင်ငံသို့ ပြန်လာလိုသည့် ရွှေ့ပြောင်းလုပ်သားများသည် ဧပြီ ၁၅ ရက်အထိ စောင့်ဆိုင်းရမည်ဖြစ်ကြောင်း မြန်မာအစိုးရက ကြေညာခဲ့သည်။ နောက်ပိုင်းတွင် ယင်းကြေညာချက်ကို ဧပြီ အကုန်ပိုင်းအထိ သက်တမ်းတိုးခဲ့သည်။
မတ် ၂၆ ရက်ကတည်းက သက်ရောက်ခဲ့သည့် ထိုင်းနိုင်ငံရှိ အရေးပေါ်အခြေအနေကြောင့် ကူးသန်းသွားလာမှုပိတ်ပင်ထားရာ အိမ်ပြန်ချင်သည့် ရွှေ့ပြောင်းများသည်လည်း နယ်စပ်သို့ပင် သွားရောက်နိုင်ခြင်းမရှိတော့ချေ။

မေတစ်လလုံး ဘယ်လိုနေရမလဲ

မေလနီးကပ်လာသည်နှင့်အမျှ မြန်မာအစိုးရသည် ရွှေ့ပြောင်းအများအပြားပြန်လာမှုအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်း ၁၆၃၂၄ ဦးသည် နေရပ်ပြန်လိုကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် စာရင်းပေးခဲ့သည်။ ယင်းတို့တွင် တရားမဝင်ရွှေ့ပြောင်း ၂၀၂ ဦးနှင့် မှတ်တမ်းမှတ်ရာမရှိသော ရွှေ့ပြောင်း ၄၇၂ ဦးတို့ပါဝင်ကြောင်း ထိုင်းရှိ မြန်မာအလုပ်သမားရေးရာသံမှူးက ပြောဆိုခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဧပြီ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းများကို ကူညီနေသည့် အရပ်ဘက်လူ့အဖွဲ့အစည်းလှုပ်ရှားသူများက နေရပ်ပြန်လိုသည့် နောက်ထပ် ရွှေ့ပြောင်းထောင်သောင်းပေါင်းများစွာရှိနေပြီး သံရုံးက ထုတ်ပြန်ထားသည့် အွန်လိုင်းဖောင်ကို မဖြည့်မိသူများဖြစ်ကြကြောင်း ပြောဆိုခဲ့သည်။ တကယ်တမ်းနေရပ်ပြန်လိုသည့် ရွှေ့ပြောင်း ၇၀၀၀၀ ခန့်ပင်ရှိနိုင်ကြောင်း ရွှေ့ပြောင်းများကိုယ်စား သံရုံးနှင့် ပုံမှန်ဆက်သွယ်ဆောင်ရွက်ပေးနေသည့် ကိုဆန်းလင်းအောင်ကပြောသည်။
သို့သော် ထိုင်းနိုင်ငံသည် အရေးပေါ်အခြေအနေကို နောက်ထပ်တစ်လထပ်တိုးပြီး မေလအကုန်အထိ သက်ရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းအခြေအနေအရ ခရိုင်များကြားသွားလာမှုပိတ်ပင်ခံရပြီး သွားလာလိုပါက ဆေးကုသမှုဆိုင်ရာမှတ်တမ်းမှတ်ရာနှင့် အာဏာပိုင်များက ထုတ်ပေးသည့် ခွင့်ပြုမိန့်တို့ကို ပြသရန်လိုအပ်မည်သည်။ ထို့ပြင် အဝေးပြေးလမ်းမကွန်ရက်ကိုလည်း ခေတ္တရပ်ဆိုင်းထားလိုက်ရာ ရွှေ့ပြောင်းအများစုအတွက် နယ်စပ်သို့ရောက်ရှိရေးပင် မဖြစ်နိုင်သလောက်ရှိသွားခဲ့သည်။
ယင်းကြောင့် မေလပထမနှစ်ပတ်တွင် အင်မတန်နည်းပါးသော ရွှေ့ပြောင်းပမာဏသည် မိခင်နိုင်ငံသို့ ပြန်လာနိုင်ခဲ့သည်။ မေ ၁၃ ရက်အထိ လူ ၃၉၆ ဦးသာ နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က Frontier ကိုပြောသည်။
ပြန်လာသူများအနက် ၂၀၀ ခန့်သည် မြဝတီဒေသခံများဖြစ်ကြပြီး ယခုအချိန်တွင် သီးခြားစောင့်ကြည့်စခန်းများတွင် နေထိုင်နေကြကာ ကျန်လူများကိုလည်း သီးခြားစောင့်ကြည့်မှုခံယူရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း ဦးတေဇာအောင်ကပြောသည်။
ထိုင်းနိုင်ငံရှိ ကူးသန်းသွားလာမှုပိတ်ဆို့အမိန့် သက်တမ်းရှည်လာသည့်နှင့်အမျှ ထိုင်းနိုင်ငံတစ်ဝန်းရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအများစုသည်လည်း စောင့်ဆိုင်းရန် စိတ်မရှည်နိုင်တော့ဘဲရှိလာခဲ့သည်။ “အိမ်ကိုသိပ်ပြန်ချင်တာ၊ ဒါပေမဲ့ ထိုင်းအစိုးရက ပြန်ခွင့်မပြုသေးဘူး၊ သူတို့နိုင်ငံသားတွေတောင် စီရင်စုတစ်ခုကနေ အခြားတစ်ခုကိုသွားဖို့တောင် အတော်လေးခက်ခဲနေတာလေ” ဟု ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ရပ်ဆိုင်းခဲ့သည့် ချင်းမိုင်တွင် မတ်လကထဲက သောင်တင်နေခဲ့သည့် ကိုလှဝေစိုးက မေ ၈ ရက်တွင် ပြောသည်။
ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားရွှေ့ပြောင်းများသည် စားဝတ်နေရေးကဲ့သို့ မရှိမဖြစ်လိုအပ်ချက်များအတွက် ငွေလိုအပ်သောကြောင့် အကြွေးတင်နေပြီဖြစ်နေဖြစ်ရာ ၎င်းတို့အား အစားအစာထုပ်များပေးပို့နိုင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအကူအညီပေးရေးအဖွဲ့များက Frontier ကိုပြောသည်။
“ငွေပိုငွေလျှံလေးစုမိအောင် လူတွေက မြန်မာနိုင်ငံကို ပြန်ချင်နေကြတယ်၊ အလုပ်မရှိတဲ့အချိန်မှာ အခန်းငှားခတွေ၊ အခြားအသုံးစရိတ်တွေကို မပေးချင်ဘူးလေ” ဟု မဲဆောက်နှင့် ချင်းမိုင်တို့တွင် လုပ်ငန်းလည်ပတ်နေသည့် Metta Charity ကိုတည်ထောင်သူ မစ္စတာ ဂျွန်နီ အဓီကာရီ ကပြောသည်။
အလုပ်မရှိတော့သဖြင့် အခက်ကြုံနေသည့် မြန်မာနိုင်ငံသားရွှေ့ပြောင်းများက တစ်ချိန်လုံးဖုန်းဆက်အကူအညီတောင်းနေကြကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောဆိုခဲ့သည်။
ဦးထူးချစ်သည် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်းငါတွင် နေထိုင်နေသည်။
“ရွှေ့ပြောင်းတချို့က မေတစ်လလုံး ရှင်သန်စားသောက်ရဖို့တောင် အခြေအနေမကောင်းဘူး၊ တချို့ကလည်း နောက်ထပ်ငါးရက်တောင် တောင့်မခံနိုင်ဘူးလို့ ပြောကြတယ်” ဟု သူကပြောဆိုခဲ့သည်။
မိခင်နိုင်ငံသို့ ပြန်လာလိုကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် စာရင်းပေးခဲ့သည့် ရွှေ့ပြောင်းဦးရေသည် မေ ၁၃ ရက်သို့ရောက်ရှိချိန်တွင် ၂၈၉၁၀ ဦးရှိလာခဲ့ကြောင်း မြဝတီအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အခက်အခဲများကိုပြောပြသည်။
ရွှေ့ပြောင်းများအား မဲဆောက်အထိ နယ်စပ်နှင့် အခြားတရားဝင်နယ်စပ်ဖြတ်ကျော်စခန်းများသို့ လာရောက်ခွင့်ပြုရန် ထိုင်းအစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း မြန်မာသံရုံးကပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံ၌ အရေးပေါ်အခြေအနေသက်ရောက်မှုရှိနေစဉ်အတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်း ၂၅၀၀ ခန့်သို့မဟုတ် သင့်လျော်သော ပမာဏကို မြန်မာနယ်စပ်ဂိတ်များသို့ နေ့စဉ်လာရောက်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များအား တောင်းဆိုထားကြောင်း ထိုင်းရှိ မြန်မာသံရုံးက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တစ်ရက်လျှင် ရွှေ့ပြောင်း ၂၅၀၀ သည် မြန်မာလူဝင်မှုကြီးကြပ်ရေးနှင့် ကျန်းမာရေးအာဏာပိုင်များအနေဖြင့် မဲဆောက်နှင့် မြဝတီကြားရှိ အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှတစ်ဆင့် ဝင်ရောက်စေပြီး စစ်ဆေးမှုပြုလုပ်နိုင်သည့် ဦးရေဖြစ်သည်။
ထို့ပြင် ထိုင်းနိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြန်မာနိုင်ငံသား ရွှေ့ပြောင်းများ နေရပ်ပြန်နိုင်ခွင့်ရရှိရေးအတွက် ယင်းရွှေ့ပြောင်းများအား တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံ ရနောင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်နှင့်မျက်နှာချင်းဆိုင်ရှိ မယ်ဆိုင်တို့မှ ထွက်ခွာခွင့်ပြုရန်လည်း အဆိုပြုထားကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ သို့သော် မဲဆောက်ဖြတ်ကျော်နေရာကို ဦးစားပေးသတ်မှတ်ထားပြီး ရွှေ့ပြောင်းများသည် ဘန်ကောက်မှ ညနေပိုင်းတွင် ဘတ်စ်ကားဖြင့် ထွက်ခွာပြီး မဲဆောက်သို့ နံနက်ပိုင်းတွင်ရောက်ရှိစေမည့် အစီအစဉ်ကို တောင်းဆိုထားကြောင်း သံရုံးကပြောဆိုခဲ့သည်။
သို့သော် မည်သည့်အချိန်တွင် ပြန်နိုင်မည်ကိုမူ သံရုံး၏ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်းမရှိချေ။ သံရုံးတွင် စာရင်းပေးထားသူများကိုသာ ထူးခြားသည့် အခြေအနေများကို အသိပေးမည်ဖြစ်ကြောင်းသာ ဖော်ပြထားသည်။

A returning migrant worker looks out from a bus at Myawaddy bound for Bago Region, where she will undergo 21 days' quarantine, on May 13. (Supplied)

A returning migrant worker looks out from a bus at Myawaddy bound for Bago Region, where she will undergo 21 days’ quarantine, on May 13. (Supplied)

သီးခြားထားရှိစောင့်ကြည့်ရေးစခန်းပိုမိုများပြားလာ

ရွှေ့ပြောင်းမည်မျှ ပြန်လာမည်နှင့် မည်သည့်အချိန်တွင် ပြန်လာမည်တို့နှင့်ပတ်သက်၍ မသေချာသေးသော်လည်း မတ်လအကုန်ပိုင်းမှစ၍ ပြန်လာသည့် ရွှေ့ပြောင်းများအား လက်ခံရေးနှင့် သီးခြားထားရှိစောင့်ကြည့်ရေးဆိုင်ရာ စခန်းများ အသွင်ပြောင်းလဲမှုရှိလာခဲ့သည်။
မတ်အကုန်ပိုင်းလောက်က သီးခြားစောင့်ကြည့်ထားရှိရေးစခန်းများ၏အခြေအနေကြောင့် မြန်မာအစိုးရသည် ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့၏သက်ဆိုင်ရာနေအိမ်များတွင်သာ သီးခြားနေထိုင်ရန် ညွှန်ကြားခဲ့ရသည်။
သို့သော် ရွှေ့ပြောင်းအများစုသည် တစ်ဦးနှင့်တစ်ဦးကြား ခပ်ခွာခွာနေရန်မဖြစ်နိုင်လောက်ပင် မိသားစုဝင်များပြားသည့် နေအိမ်များတွင် နေထိုင်ရသဖြင့် နေအိမ်မှာပင် အခြားလူများနှင့်မထိတွေ့စေဘဲ သီးခြားနေထိုင်ရန်မဖြစ်နိုင်သူများရှိခဲ့သလို သီးခြားနေထိုင်ရန် ညွှန်ကြားချက်ကို မလိုက်နာသူများလည်းရှိခဲ့သည်။
နေအိမ်မှာပင် သီးခြားနေထိုင်ရန်တောင်းဆိုမှုမှာ မဖြစ်နိုင်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်များနှင့် မေ ၅ ရက်တွင် ဗီဒီယိုချိတ်ဆက်ပြောဆိုမှုတွင် ပြောဆိုခဲ့သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နေအိမ်မှာပင် သီးခြားစောင့်ကြည့်နေထိုင်ရန်ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံကဲ့သို့ မိသားစုဝင်များပြားစွာ စုပြုံနေထိုင်သည့် ဒေသဆိုင်ရာအခြေအနေများတွင်မူ လက်တွေ့မကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့သည်။
မြဝတီသို့ ပြန်လာသည့် ရွှေ့ပြောင်းများကို COVID-19 ကူးစက်ထားသည့် လက္ခဏာများရှိမရှိ နယ်စပ်မှာပင် စစ်ဆေးမှုပြုလုပ်သည်။ ကူးစက်ခံထားရသည့် လက္ခဏာရှိသည်ဟု သံသယရှိပါက မြဝတီခရိုင်ဆေးရုံသို့ ပို့ဆောင်ပြီး ကူးစက်ခံရခြင်းမရှိဟု သတ်မှတ်ခံရပါက အဆိုပါပုဂ္ဂိုလ်ကို သက်ဆိုင်ရာ ပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးအစိုးရ၏အစီအစဉ်ဖြင့် နေရပ်မြို့နယ်၊ ကျေးရွာနှင့် အနီးဆုံးရှိ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်သည်။
COVID-19 ကြောင့် လူသူပြတ်လပ်နေသည့် စာသင်ကျောင်း၊ တက္ကသိုလ်ခန်းမများနှင့် ဘာသာရေးဆိုင်ရာအဆောက်အအုံဝင်းများကိုရပ်ကွက်ကျေးရွာအခြေပြုသီးခြားစောင့်ကြည့်ရေးစခန်းများ အဖြစ် ပြောင်းလဲထားသည့် နေရာများ မတ်အကုန်ပိုင်းမှစ၍ ပိုမိုများပြားလာခဲ့သည်။
မြန်မာနိုင်ငံတစ်ဝန်း လူ ၅၉၅၃၉ ဦးကိုထားရှိသည့် အဆိုပါစခန်း ၁၀၁၂၂ ခု ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မေ ၁၅ ရက် ရက်စွဲတပ် COVID-19 ဆိုင်ရာ နောက်ဆုံးအခြေအနေအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဧပြီ ၁၁ ရက်ကတည်းက သီးခြားစောင့်ကြည့်ခံ ကာလကို ၁၄ ရက်မှ ၂၁ ရက်အထိ တိုးမြှင့်ခဲ့သည်။ ယင်းနောက်တွင် မိမိနေအိမ်မှာပင် ခုနစ်ရက် သီးခြားနေထိုင်ရမည်ဖြစ်သည်။
ဝန်ကြီးဌာနသည် ပြည်ပမှပြန်လာသူများနှင့် လိုက်ခံခြေရာခံမှုအရ COVID-19 အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကိုသာ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများတွင် ထားရှိရန် စီစဉ်ထားသည်။ သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများက ပိတ်ပင်ချက်မထုတ်မီအထိ ပြည်တွင်းခရီးသွားများကို ရပ်ကွက်ကျေးရွာအခြေစိုက် သီးခြားစောင့်ကြည့်ရေးစခန်းများတွင် အတင်းအကျပ်နေထိုင်ခိုင်းမှုများလည်းရှိခဲ့သည်။
ကရင်၊ တနင်္သာရီနှင့် မွန်တို့နှင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းတို့သည် ထိုုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်သူအများဆု

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.