ပြည်ပပြန်များထဲမှ တစ်လအတွင်း ပို့တွေ့သူတစ်ရာပြည့် (ဇွန်လ ၁၂ ရက်မှ ၁၈ ရက်)

Frontier

ဇွန်လ ၁၂ ရက်မှ ၁၈ ရက်အထိ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၅ ဦးရှိခဲ့သလို ဆေးကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ မှာလည်း ၂၂ ဦးရှိခဲ့သည်။

မေလ၁၆ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများအနက် ရောဂါပိုးတွေ့သူ အယောက် ၁၀၀ ပြည့်ခဲ့သော ရက်သတ္တပတ်လည်းဖြစ်သည်။

ပြည်ပပြန်များ

တစ်ပတ်လုံး ပိုးတွေ့လူနာ နှစ်ဦးဖြင့် စာရင်းပိတ်ကာနီးတွင် ဇွန်လ ၁၈ ရက်တစ်ရက်ထဲမှာပင် လူနာသစ် ၂၃ ဦးတွေ့ရှိပြီးစံချိန်တင်ခဲ့ပြီး ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၉ ဦးနှင့် မလေးရှားမှပြန်လာသူ လေးဦးဖြစ်သည်။

၎င်းတို့မှာ ဘားအံမြို့နယ်တွင် အသွားအလာကန့်သတ်ထားကြသူများဖြစ်ပြီး ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ကုသ ပေးသွားမည်ဖြစ်သည်။

ထိုင်းပြန် ၁၉ ဦးမှာ တနင်္သာရီတိုင်းဒေသကြီးမှ ခုနှစ်ဦး၊ ရခိုင်ပြည်နယ်မှ ငါးဦး၊ မွန် ပြည်နယ်မှနှစ်ဦး၊ ကရင်ပြည်နယ်မှ တစ်ဦး၊ ဧရာဝတီမှ တစ်ဦး၊ ရန်ကုန်တိုင်းမှ တစ်ဦး၊ ပဲခူးမှတစ်ဦးနှင့်မန္တလေး တိုင်းဒေသကြီးမှ တစ်ဦးတို့ဖြစ်သည်။

မလေးရှာနိုင်ငံမှ ပြန်လည်ရောက်ရှိသူ လေးဦးမှာ မွန်ပြည်နယ်မှ နှစ်ဦးနှင့် ရခိုင်ပြည်နယ်မှ နှစ်ဦးတို့ဖြစ်သည်။

အခြား ပိုးတွေ့နှစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်သို့ပြန်လာသူတစ်ဦးနှင့် ၎င်းထံမှ ကူးစက်ခံရသည့်သမီးဖြစ်သူတို့ဖြစ်သည်။

တစ်ရာပြည့်

မေလ၁၆ရက်နေ့မှ ဇွန်လ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများအနက် အယောက် ၁၀၀ တွင် ကိုဗစ်ရောဂါကူးစက်ခံထားကြောင်းဝန်ကြီးဌာနကအတည်ပြုထားပြီး ၎င်းတို့မှာ အိန္ဒိယမှရောက်ရှိသူ ၄၅ ဦး၊ ထိုင်းမှ ၂၁ ဦး၊မလေးရှားမှ ၁၇ ဦး၊ယူအေအီးမှ ရှစ်ဦး၊ ဘင်္ဂလားဒေ့ရှ်မှ ခြောက်ဦး၊ အီတလီမှ နှစ် ဦး နှင့် တရုတ်နိုင်ငံမှ တစ်ဦးတို့ဖြစ်သည်။

ရောဂါပိုးကင်းစင်လာ သူ ၂၂ ဦး

ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ရောဂါအား ဆေးကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူ ၂၂ ဦးရှိခဲ့သည်။

အဆိုပါရောဂါပိုးပျောက်ကင်းလာသည့် လူနာများမှာ ရန်ကုန်တိုင်းဒေသကြီးမှ ၁၇ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ တစ် ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ တစ်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ တစ်ဦး၊ ချင်းပြည်နယ်မှ တစ်ဦးနှင့် ရခိုင်ပြည် နယ်မှ တစ်ဦးတို့ဖြစ်သည်။

ဇွန်လ ၁၈ ရက်နေ့အထိ ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာအနေ ဖြင့် ကုသမှုခံယူပြီး ရောဂါကင်းစင်လာသူ ၁၈၇ ဦးရှိပြီဖြစ်သည်။

ရောဂါဓာတ်ခွဲစစ်ဆေးပေးမှု ၁၄,၈၁၇

ဇွန်လ ၁၂ ရက်နေ့မှ ၁၈ရက်နေ့ကာလအတွင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(NHL) သည် ဓာတ်ခွဲနမူနာ ၈,၄၉၄ ခု၊ ဆေးသုတေသနဦးစီးဌာနသည် ဓာတ်ခွဲနမူနာ ၁,၃၁၀ ခု၊ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲ မှုဆိုင်ရာဌာန(မန္တလေး)သည် ဓာတ်ခွဲနမူနာ ၂,၅၃၄ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) သည် ၁,၄၃၁ခုနှင့် ရန်ကုန်မြို့၊အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)က ဓာတ်ခွဲနမူနာ ၁,၀၄၈ ခု တို့ကို စစ်ဆေးခဲ့သည်။

ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှ ဇွန်လ ၁၉ရက်နေ့၊မနက်၈နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် လူဦးရေစုစုပေါင်း ၅၆,၇၂၆ ဦးကို ကိုဗစ်ရောဂါဓာတ်ခွဲစစ်ဆေးပေးနိုင်ခဲ့သည်။

ကန့်သတ်ချက်များ လကုန်ထိတိုး

COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏ ဇွန်လ ၁၂ ရက်နေ့ အသိပေးကြေညာချက်အရ ရောဂါပိုးကူးစက်ပျံ့ နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ရောဂါ ကာကွယ်၊ထိန်းချုပ်၊တားဆီးရေးအတွက် ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ(ဖြေလျှော့ပေးသည့်ကိစ္စများ မပါ)အား ယခုလကုန်အထိ တိုးမြှင့်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၃ ရက်၌ သူ၏လူမှုကွန်ရက်စာမျက်နှာ တွင် တရားမဝင်နယ်စပ်ဖြတ်ကျော် အန္တရာယ်ကို အားလုံးဝိုင်းပြီးကာကွယ်တားဆီးပေးဖို့လိုအပ်ကြောင်း ပြည်သူများသို့ တိုက်တွန်းသည်။

“တိတ်တခိုးဝင်လာသူတွေက quarantine မဝင်ကြဘူး။ ရောဂါပိုးရှိနေရင် အခြားသူများစွာကို ကူးစက်သွားနိုင် ပါတယ်။ Contact tracing ထိတွေ့မှုကြောင့် ရောဂါကူးသွားနိုင်ဖွယ်ရှိသူများကို စုံစမ်းရှာဖွေ quarantine သွင်း ရတဲ့အလုပ်ဟာ နိုင်ငံအတွက်ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေ ထမ်းရတဲ့ဝန်ပါ”ဟု ၎င်းကဆိုသည်။

တရားမဝင် ဝင်လာသူများ၊ ထိုသို့ဝင်လာသည်ကို သိလျက်နှင့် လက်သင့်ခံသူများ၊ ဖုံးကွယ်ထားသူများကို ဥပ ဒေအရ တင်းကျပ်စွာအရေးယူသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိ ပေးထားသည်။

ရောဂါထိန်းချုပ် နိုင်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုရှိသည်ကိုတွေ့ရှိရသဖြင့် ဇွန်လ ၁၅ ရက်နေ့ မနက် ၄နာရီမှစတင်ကာ မရမ်းကုန်းမြို့နယ်တွင် နေထိုင်သည့်ပြည်သူများကို Stay at Home အစီအစဉ်တွင်အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့သည်။

ဇွန်လ ၁၂

မြန်မာနိုင်ငံအနှံ့မှပေးပို့သည့် ဓာတ်ခွဲနမူနာပေါင်း ၁,၈၀၄ ခုကို စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ထပ်တိုးလူနာ မရှိခဲ့ပေ။

ဇွန် ၁၃

ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၀၄၇ ခုကို စစ်ဆေးပေးခဲ့ရာ ထပ်တိုးလူနာမရှိခဲ့ဘဲ ဆေးကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ နှစ်ဦးရှိခဲ့သည်။

Pan Pacific Hotel ဝန်ထမ်း လူနာနံပါတ်-၇၉ ထံမှ ကူးစက်ခံရသည့်လှိုင်မြို့နယ်မှ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး (လူနာနံပါတ်-၁၃၇)မှာ ရောဂါကင်းစင်လာသူဖြစ်လာသည်။

အခြားရောဂါပိုးကင်းစင်လာသူ တစ်ဦးမှာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှအသက် ၄၄ နှစ် အရွယ် အမျိုးသား(လူနာနံပါတ်-၂၀၇)ဖြစ်သည်။ ၎င်းမှာ မလေးရှားနိုင်ငံမှ ပြန်လာသူ ဖြစ်ပြီး ပုသိမ်မြို့တွင် အသွားအလာကန့်သတ်ထားပြီး စစ်ဆေးစဉ် ပိုးတွေ့ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၄

မြန်မာနိုင်ငံအနှံ့မှပေးပို့သည့် ဓာတ်ခွဲနမူနာ ၁,၉၉၄ ခုတို့ကို စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ တရားမဝင် ဝင်ရောက်လာသူတစ်ဦး တွင် ရောဂါပိုးတွေ့ရှိခဲ့သည်။

အဆိုပါ(လူနာနံပါတ်-၂၆၂)သည် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်၊ ဘူးသီး တောင်မြို့နယ်တွင်နေထိုင်သူဖြစ်သည်ကာ ဘင်္ဂလားဒေ့ရှ်မှပြန်လာ၍ ဘူးသီးတောင်မြို့နယ်တွင် အသွားအလာကန့်သတ်ထားစဉ် စစ်ဆေးခဲ့ရာမှ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၁၅

မြန်မာနိုင်ငံအနှံ့မှပေးပို့သည့် ဓာတ်ခွဲနမူနာ ၂,၀၉၁ ခုအား ဓာတ်ခွဲစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သည့်လူနာ မတွေ့ရှိရဘဲ ကုသမှုခံယူပြီး ရောဂါပိုးကင်း စင်လာသူ ရှစ်ဦးထပ်တိုးလာသည်။

ပထမဆုံးတစ်ဦးမှာ အင်းစိန်၊ဘာသာရေးအခမ်းအနားမှ ကိုဗစ်-၁၉ လူနာများမှတဆင့် ကူးစက်ခံရသူ (လူနာနံပါတ်-၁၂၉) ဖြစ်ပြီး သာကေတတွင်နေထိုင်သူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။

ထို့အပြင်Pan Pacific Hotel ဝန်ထမ်းများထံမှ ကူးစက်ခံရသူ လူနာ နံပါတ်- ၁၃၅ နှင့် ၁၃၆ တို့မှာလည်း ရောဂါကင်းစင်လာကြသည်။

ထို့အတူ အင်းစိန် ဘာသာရေး အခမ်းအနားသို့ တက်ရောက်ခဲ့သော မိဘနှစ်ဦးထံမှ ကူးစက်ခံရသည့် မြောက်ဒဂုံမှ ညီအစ်မနှစ်ဦးဖြစ်သည့် လူနာနံပါတ်-၁၅၈ နှင့် လူနာနံပါတ်-၁၅၉ လည်း ရောဂါပိုးကင်းစင်လာသည်။

ခြောက်ဦးမြောက်ကင်းစင်လာသူမှာလည်း အင်းစိန်၊ဘာသာရေးအခမ်းအနားမှ ကိုဗစ်-၁၉ လူနာများမှတဆင့် ကူးစက်ခံရသူ (လူနာနံပါတ်-၁၆၀) ဖြစ်ပြီး မရမ်းကုန်းတွင်နေထိုင်သူ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။

အခြားရောဂါပိုးကင်းစင်လာသူ သတ္တမမြောက်တစ်ဦးမှာ အီတလီနိုင်ငံမှ ပြန်လာသူ အလုံမြို့နယ်တွင် နေထိုင် သည့် အသက် ၃၉ နှစ်အရွယ် အမျိုးသား(လူနာနံပါတ်-၂၀၂) ဖြစ်သည်။

ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ခဲ့သည့်ရောဂါပိုးကင်းစင်လာသူမှာ အသက်လေးနှစ်အရွယ် သမီးငယ် (လူနာနံပါတ်-၂၁၈) ဖြစ်ပြီး အိန္ဒိယနိုင်ငံမှပြန်လာသူဖြစ်သည်။

ဇွန် ၁၆

ဓာတ်ခွဲစစ်ဆေးချက်ပေါင်း၂၃၆၃ ခု စစ်ဆေးခဲ့ရာ လူနာသစ် မတွေ့ရှိရဘဲ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူ လေးဦးထပ်တိုးလာသည်။

ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူမှာ လူနာနံပါတ်(၁) တည်းခိုခဲ့သည့် ချင်းပြည်နယ်၊တီး တိန်မြို့နယ်မှ အိမ်ရှင် လူနာနံပါတ်- ၃၁ ဖြစ်သည်။ အမေရိကန် နိုင်ငံမှပြန်လာသည့် လူနာ နံပါတ်-၁ တီးတိန်မြို့သို့ရောက်ရှိစဉ် ၎င်း၏နေအိမ်တွင်လက်ခံတည်းခိုစေခဲ့ရာမှ ကူးစက်ခံရခြင်းဖြစ်သည်။ သူသည် နှစ်လ ကျော် ကုသမှုခံယူခဲ့ရသည်။

ဒုတိယမြောက်တစ်ဦးမှာ တာမွေမြို့နယ်မှ အသက် ၄၃ နှစ်အရွယ် အမျိုးသား (လူနာနံပါတ်-၁၆၃) ဖြစ်သည်။ အဆိုပါလူနာမှာ တာမွေမြို့နယ်မှ နိုင်ငံအတွင်း ၌ ရောဂါကူးစက်မှု(Local transmission)ဖြစ်ခဲ့သူ အသက် လူနာနံပါတ်-၁၅၅ ထံမှ ကူးစက်ခံရခြင်းဖြစ်သည်။

မလေးရှားနိုင်ငံမှ ပြန်လာသည့် ရခိုင်ပြည်နယ်၊ သံတွဲ မှ အသက် ၃၅ နှစ် အရွယ် အမျိုးသား (လူနာနံပါတ်-၁၈၈) ပြန်လည်သက်သာလာပြီး ရခိုင်ပြည်နယ်တွင် ပထမဆုံး ကိုဗစ်ရောဂါပိုးကင်းစင်လာသော လူနာလည်းဖြစ်သည်။

ရောဂါပိုးကင်းစင်လာသူ စတုတ္ထမြာက်တစ်ဦးမှာ အိန္ဒိယမှပြန်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး (လူနာနံပါတ်-၂၂၉) ဖြစ်သည်။

ဇွန်လ ၁၇

ဓာတ်ခွဲနမူနာ ၂,၀၉၆ ခုအား စစ်ဆေးချက်များအရ ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ တစ်ဦးထပ်တွေ့ ပြီး ရောဂါပိုးကင်းစင်လာသူ ခြောက်ဦးရှိလာရာ လေးဦးမှာ အင်းစိန်မြို့နယ်၊ ကွယ်ကဘောဆေးရုံတွင် အလုပ် လုပ်ကိုင်သည့် သူနာပြုများနှင့်အနီးကပ်ထိတွေ့ခဲ့သူများ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘူးသီးတောင်မြို့နယ်သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် လူနာနံပါတ်-၂၆၂ နှင့် အနီးကပ်ထိတွေ့ခဲ့သူ ၃၄ ဦးအားစစ်ဆေးရာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်ထံရောဂါပိုးတွေ့ရှိခဲ့ကာ လူနာနံပါတ်-၂၆၃ ဖြစ်လာသည်။

ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူမှာ အင်းစိန်မှ အသက် ၂၈ နှစ်အရွယ်အမျိုးသမီး (လူနာနံပါတ်-၁၃၁)ဖြစ်သည်။ ၎င်းသည် မရမ်းကုန်းမြို့နယ်တွင်နေထိုင်သည့် ဘာသာရေးအခမ်းအနားတက်ရောက်ခဲ့သူ(လူနာနံပါတ်-၈၆) နှင့် (လူနာနံပါတ်-၁၀၅)တို့အတူနေထိုင်သူ မိသားစုဝင်ဖြစ်ပြီး ၎င်းလူနာနှစ်ဦးထံမှ ကူးစက်ခံရခြင်းဖြစ်သည်။

ဒုတိယမြောက်တစ်ဦးမှာ အင်းစိန်မှ အသက် ၄၃ နှစ်အရွယ်အမျိုးသမီး (လူနာနံပါတ်-၁၆၂) ဖြစ်သည်။ အဆိုပါလူနာမှာ အင်းစိန်တွင်နေထိုင်သည့် ပုဂ္ဂလိကစာသင်ကျောင်းဆရာမဖြစ်သူ (လူနာနံပါတ်-၁၅၁) နှင့် ကွယ်ကဘောဆေးရုံတွင်အလုပ်လုပ်သည့် သူနာပြုများဖြစ်သည့် (လူနာနံပါတ်-၁၅၂)၊(လူနာနံပါတ်- ၁၅၃) နှင့် (လူနာနံပါတ်-၁၅၄)တို့ထံမှ ကူးစက်ခံရခြင်းဖြစ်သည်။

တတိယမြောက်တစ်ဦးမှာ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး(လူနာနံပါတ်-၁၆၆)ဖြစ်သည်။ အဆိုပါလူနာမှာ အင်းစိန်၊ ကွယ်ကဘောဆေးရုံမှ သူနာပြုများဖြစ်သည့် (လူနာနံပါတ်-၁၅၂၊၁၅၃ နှင့် ၁၅၄) တို့ထံမှ ကူးစက်ခံရခြင်းဖြစ်သည်။

လေးဦးမြောက် ရောဂါပိုးကင်းစင်လာသူ လူနာနံပါတ်-၁၇၆ မှာလည်း (လူနာနံပါတ်-၁၅၂၊၁၅၃ နှင့် ၁၅၄) တို့ထံမှ ကူးစက်ခံရခြင်းဖြစ်သည်။

ငါးဦးမြောက်ပိုးကင်းစင်လာသူမှာ အင်းစိန်နေ အသက် ၈၄ နှစ်အရွယ် အမျိုးသမီး လူနာနံပါတ်-၁၇၇ ဖြစ်သည်။ သူသည် ပုဂ္ဂလိကစာသင်ကျောင်းတွင် ဆရာမနှင့် ကွယ်ကဘောဆေးရုံ မှ သူနာပြုများထံမှ ကူးစက်ခံရသည့် (လူနာနံပါတ်-၁၅၄)နှင့်(လူနာနံပါတ်-၁၆၂)တို့ထံမှ ကူးစက်ခံရခြင်းဖြစ်သည်။

ရောဂါပိုးကင်းစင်လာသူ နောက်ဆုံးတစ်ဦးမှာ ပဲခူးဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသား (လူနာနံပါတ်-၂၃၃)ဖြစ်သည်။ သူသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ် ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သူဖြစ်သည်။

ဇွန်လ ၁၈

မြန်မာနိုင်ငံအနှံ့မှပေးပို့လာသည့် ဓာတ်ခွဲစစ်ဆေးမှု ၂၄၂၂ ခုအားစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံနှင့်မလေးရှားမှပြန်လာသူ လူနာသစ် ၂၃ ဦး ထပ်တိုးခဲ့ကာ တစ်ရက်အတွင်း အများဆုံးတွေ့ရှိမှုဖြစ်သည်။ စံချိန်ဟောင်းမှာ ဧပြီ ၁၄ ရက်က ၂၁ ဦးတွေ့ရှိကြောင်း ထုတ်ပြန်မှုဖြစ်သည်။

အခြားတစ်ဘက်တွင်မူ ရောဂါပိုးကင်းစင်လာသူ နှစ်ဦးထပ်တိုးလာသည်။

ထိုင်းနိုင်ငံမှ ပြန်လာသူ ၁၉ ဦးနှင့် မလေးရှားနိုင်ငံမှပြန်လာသူ လေးဦးဖြစ်ပြီး ဘားအံမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများဖြစ်သည်။ ၎င်းတို့ကို ရန်ကုန်မြို့ရှိ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ပို့ဆောင်ကုသပေးသွားမည်ဖြစ်သည်။

လူနာသစ် ၂၃ ဦးမှာ တစ်ဘက်နိုင်ငံတွင် လဝကအက်ဥပဒေဖြင့် အဖမ်းခံထားရသူများဖြစ်ပြီး တစ်ဘက်မှလွှဲအပ်ချက်အရ ဘားအံမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူများဖြစ်သည်။

ထိုင်းပြန် ၁၉ ဦးမှာ တနင်္သာရီတိုင်းဒေသကြီးမှ ခုနှစ်ဦး၊ ရခိုင်ပြည်နယ်မှ ငါးဦး၊ မွန် ပြည်နယ်မှနှစ်ဦး၊ ကရင်ပြည်နယ်မှ တစ်ဦး၊ ဧရာဝတီမှ တစ်ဦး၊ ရန်ကုန်တိုင်းမှ တစ်ဦး၊ ပဲခူးမှတစ်ဦးနှင့်မန္တလေး တိုင်းဒေသကြီးမှ တစ်ဦးတို့ဖြစ်သည်။

မလေးရှာနိုင်ငံမှ ပြန်လည်ရောက်ရှိသူ လေးဦးမှာ မွန်ပြည်နယ်မှ နှစ်ဦးနှင့် ရခိုင်ပြည်နယ်မှ နှစ်ဦးတို့ဖြစ်သည်။

ဇွန်လ ၁၈ ရက်နေ့၊ ည ၈နာရီထုတ်ပြန်ချက်အရ ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူတစ်ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး၊ပန်းပဲတန်းမြို့နယ်တွင်နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသား(လူနာနံပါတ်-၁၃၃)ဖြစ်သည်။ သူသည် Pan Pacific Hotel ဟိုတယ်ဝန်ထမ်း လူနာနံပါတ် -၇၉ ထံမှ ရောဂါကူးစက် ခံရခြင်းဖြစ်သည်။

ကုသမှုခံယူပြီးဒုတိယမြောက်ရောဂါပိုးကင်းစင်လာသူမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မုံးပေါ်ကျေး လက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတစ်ဦးဖြစ်သည့် အသက် ၃၀နှစ်အရွယ် အမျိုးသမီး(လူနာနံပါတ်-၂၃၁) ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်လ ၁၉ နေ့ မနက် ၈နာရီနောက်ဆုံး သတင်းထုတ်ပြန်ချက်အ ရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ အတည်ပြုလူနာစုစုပေါင်း ၂၈၆ဦးနှင့် ကုသမှုခံယူပြီး ရောဂါပိုးကင်းစင်လာသူလူ နာစုစုပါင်း ၁၈၇ ဦးရှိပြီ ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.