ပြင်ဆင်ချက်ဥပဒေများကလည်း သတ္တုတွင်းကဏ္ဍ အဆင်ပြေအောင် မလုပ်နိုင်သေး

အတိတ်က လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ဟန့်တားနိုင်မယ့် သတ္တုတွင်းဥပဒေသစ် ရေးဆွဲချမှတ်နိုင်ဖို့ အချိန်ယူရပါဦးမယ်။

ဗာနီ စာသီစန်နှင့် အဒမ် မိုဆာတို့ ပူးတွဲရေးသားသည်။

အချိန် သုံးနှစ်လောက်ယူပြီး ဆွေးနွေးအပြီးမှာ မြန်မာနိုင်ငံရဲ့ ၁၉၉၄ ခုနှစ် သတ္တုတွင်း ဥပဒေကို ဒီဇင်ဘာ ၂၀၁၅ မှာ အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ကြတယ်။ ဒါဟာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အာဏာကို မစွန့်လွှတ်ခင် အရေးတကြီး လုပ်ဆောင်သွားတဲ့ အတည်ပြုချက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဥပဒေပြဋ္ဌာန်းမှုကြောင့် မြန်မာနိုင်ငံရဲ့ သတ္တုတွင်း အခန်းကဏ္ဍကို အနည်းငယ် ရှင်းလင်းသွားစေနိုင်တယ်။ တိတိကျကျ ဆိုရရင်တော့ ဒီဥပဒေကနေ လူ့အခွင့်အရေးတွေနဲ့ သဘာဝသယံဇာတ၊ အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝပတ်ဝန်းကျင် ပြဿ     နာတွေကို ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။

လက်ရှိအချိန်မှာ သတ္တုတွင်းတွေရဲ့ ဥပဒေစည်းကြပ်နိုင်မှုက အလွန်အားနည်းနေပြီး သတ္တုတွင်း ဥပဒေအရ အရေးယူမှုတွေကလည်း အားနည်းနေတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေက လူ့အခွင့်အရေး ချိုးဖောက်မှုကို ရပ်တန့်ကာကွယ်ဖို့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ပြောဆိုထားမှုတွေကို ချိုးဖောက်သလို ဖြစ်နေပါတယ်။ ဒီဥပဒေက ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို သရုပ်မှန် ထင်ဟပ်မပြနိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ ညံ့ဖျင်းတဲ့ စည်းကမ်းထိန်းသိမ်းမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကလို ရင်းနှီးမြှုပ်နှံသူတွေက မြန်မာနိုင်ငံက လူတွေထက်ပိုပြီး အမြတ်ထုတ်သွားနိုင်ခဲ့ကြတယ်။ ဒါဟာသတ္တုတွင်း ဥပဒေက ပြည်နယ်နဲ့တိုင်း အစိုးရတွေကို သေးငယ်တဲ့ မိုင်းတွင်းအပေါ် အပြည့်အဝ အာဏာပေးထားတာကြောင့်လည်း ဖြစ်ပါတယ်။ သတ္တုတွင်းကဏ္ဍမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပြည်နယ်နဲ့တိုင်း အစိုးရအနေနဲ့ သတ္တုတွင်းတွေရဲ့ စည်းကမ်းထိန်းသိမ်းမှုကို ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပြီး ဗဟိုအစိုးရအနေနဲ့ စောင့်ကြည့်ခြင်း၊ ဥပဒေအဖွဲ့အစည်း ယန္တရားတွေ အသုံးပြုခြင်းတွေ နည်းပါးနေတာကို တွေ့နိုင်ပါတယ်။

ဥပမာအနေနဲ့ပြောရရင် မကြာသေးခင်က ပေါက်ကွဲခဲ့ပြီး ဝ တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒန်ထည်ပစ္စည်းထုတ်လုပ်ရေးဟာ ၂၀၀၉-၂၀၁၄ ခုနှစ်အထိ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဒန်သတ္တုတင်ပို့မှုကို ၄,၉၀၀ ရာခိုင်နှုန်း မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။ ဒီသတ္တုတွင်းကြောင့် တရုတ်စက်ရုံတွေ ဒန်ထည်ထုတ်လုပ်မှုကို ပိုမိုလုပ်ဆောင်လာနိုင်ခဲ့ကြပါတယ်။ ဒန်သတ္တုရိုင်းတွေကို ယူနန်ကို ပို့ဆောင်ပြီး အချောထည်ဖြစ်ဖို့ သန့်စင်တာက ၂၀၁၃ ခုနှစ် နှစ်လယ်ပိုင်းမှာ သုံးဆ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဒန်သတ္တုတွင်း တူးဖော်တာကြောင့် လယ်ယာပျက်စီးမှုတွေ ဖြစ်ပေါ်ခြင်း၊ ဒေသတွင်း ရေလမ်းကြောင်း ပျက်စီးခြင်းတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရှမ်းပြည်နယ်မှာ သတ္တုတွင်း တူးဖော်တာနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အားနည်းတဲ့ သတ္တုတွင်း စည်းကမ်းထိန်းသိမ်းမှုတွေကတစ်ဆင့် အကျိုးခံစားခဲ့ရသူတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပေမဲ့ ပြည်တွင်းအတွက်ကတော့ အလုပ်နေရာ ခန့်ထားမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့နဲ့ ပတ်သက်ပြီး အကျိုးအမြတ် အနည်းငယ်သာ ရရှိခဲ့ကြပါတယ်။

သတ္တုတွင်းတွေမှာ ကျန်းမာရေးနဲ့ လုံခြုံရေးအပေါ် အသေအချာ ထိန်းသိမ်းနိုင်တဲ့ သင့်တင့်တဲ့ စည်းမျဉ်းစည်းကမ်း ထိန်းသိမ်းရေး မူဝါဒမရှိမှုနဲ့ မြေနေရာ ပိုင်ဆိုင်မှုအတွက် စံနှုန်းလစ်ဟာမှု၊ အလုပ်သမားအရေးနဲ့ ပတ်ဝန်းကျင်ပြဿ     နာတွေကြောင့် စစ်ကိုင်းတိုင်းက လက်ပံတောင်း ကြေးနီစီမံကိန်းဟာ သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်ခဲ့ပြီး တရားမဝင် မြေနေရာ ပိုင်ဆိုင်မှုများလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ တရုတ်နိုင်ငံပိုင် နိုရင်ကို Norinco ကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ ဝမ်ပေါင်သတ္တုတူးဖော်ရေး Wanbao Mining က လုပ်ဆောင်တဲ့ ဒီသတ္တုတွင်းဟာ လေ့လာစောင့်ကြည့်မှု အားနည်းခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက လူမှုရေး ခွင့်ပြုချက်တွေလည်း မရယူဘူးလို့ သိရပါတယ်။

ကရင်အမျိုးသားအဖွဲ့ (ကေအင်န်ယူ) ထိန်းချုပ်ထားတဲ့ တနင်္သာရီဒေသမှာဆိုရင် ကေအင်န်ယူက ထိုင်းကုမ္ပဏီကို ကျောက်မီးသွေး တူးဖော်ခွင့်နဲ့ နယ်စပ်ဒေသတစ်လျှောက် တင်ပို့ခွင့်တွေကို သတ္တုတွင်းဝန်ကြီးဌာနရဲ့ ဝင်ရောက်ပတ်သက်မှု အနည်းငယ်နဲ့ ခွင့်ပြုထားပါတယ်။ ဘန်ချောင်း ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကတစ်ဆင့် ထွက်ရှိလာတဲ့ မီးလျှံတွေ၊ အဆိပ်အတောက်ပစ္စည်း စွန့်ပစ်မှုတွေကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ နေထိုင်မှုကို ထိခိုက်လာတဲ့အတွက် ဒေသခံတွေက စီမံကိန်းကို ရပ်နားဖို့ တောင်းဆိုခဲ့ကြတယ်။ အစိုးရကနေ သတ္တုတွင်း ဥပဒေအရ အရေးယူတာကို လုပ်မယ့်အစား ပြည်သူတွေကို အခွင့်အာဏာ ပေးခဲ့မယ်ဆိုရင် လာမယ့်အနာဂတ်ကာလတွေမှာ ဒီလိုအခြေအနေမျိုးကို ကြုံတွေ့သွားရနိုင်မှာ မဟုတ်တော့ပါဘူး။

လွန်ခဲ့တဲ့နှစ် နိုဝင်ဘာက ဖော်ပြခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသအနီးက ဆိုးရွားရက်စက်တဲ့ ကျောက်စိမ်းတွင်း ပြိုကျမှုမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး တခြားသတ္တုတွင်း ပြိုကျမှု နှစ်ခု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ သတ္တုတွင်း ကုမ္ပဏီတွေဟာ သတ္တုတွင်း အညစ်အကြေးတွေကို မဆင်မခြင် စွန့်ပစ်ကြပြီး အစိုးရကနေလည်း သူတို့ရဲ့ ဆိုးရွားတဲ့ အပြုအမူတွေကို မစောင့်ကြည့်နိုင်(သို့) မစောင့်ကြည့်ချင်ဘဲ ဖြစ်ခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ ဥပမာတွေအရ သတ္တုတွင်း ဥပဒေက လက်ရှိ မြန်မာနိုင်ငံရဲ့ သတ္တုတွင်း ကဏ္ဍမှာ ဖြစ်ပွားနေတဲ့ ပြဿ     နာတွေကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသော အဖြေမဟုတ်တာ အသေအချာပါပဲ။ ပိုမိုခိုင်မာတဲ့ စည်းမျဉ်း မူဘောင်ဝါဒတွေနဲ့ ဥပဒေ ချိုးဖောက်သူတွေကို ထိထိရောက်ရောက် အရေးယူမှုတွေကသာ ပြဿ     နာကို ဖြေရှင်းနိုင်မှာ ဖြစ်ပေမဲ့ သတ္တုတွင်း အက်ဥပဒေက လက်ရှိတည်မြဲနေတဲ့ တရားဝင် အသက်အန္တရာယ် စောင့်ရှောက်မှုကို လုံလုံလောက်လောက် ထောက်ပံ့ပေးထားတာ မတွေ့ရပါဘူး။

ပြင်ဆင်ချက်ဥပဒေတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု လုပ်ထုံးလုပ်နည်းတို့ကို ပေါင်းစပ် ရည်ညွှန်းခြင်းမရှိဘဲ တချို့ပါမစ်တွေ ထုတ်ပြန်ခြင်းအတွက် EIA လုပ်ငန်းစဉ်နဲ့ ကိုက်ညီမှု ရှိဖို့လိုအပ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီကြောင်း အာမခံချက်ပေးတဲ့ လက်မှတ်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ရယူထားဖို့ လိုပါတယ်။

ပြင်ဆင်ချက်ဥပဒေတွေဟာ အလုပ်သမားတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကိုလည်း အပြည့်အဝ ကာကွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံက သတ္တုတွင်းတွေမှာ အသက် ၁၈ နှစ်အောက် ကလေးတွေကို အလုပ်လုပ်ခွင့် တားမြစ်တာမျိုးတွေ ပြုလုပ်ရမှာဖြစ်ပြီး ဒါဟာ ကလေးသူငယ်အခွင့်အရေးကို မြန်မာနိုင်ငံက လိုက်နာကျင့်သုံးတယ်ဆိုတာကို ပြသခြင်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ တာဝန်သိသော လုပ်ငန်းများအဖွဲ့က ခန့်မှန်းပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ထုတ်ပြန်တဲ့ အဆိုးရွားဆုံး ကလေးသူငယ် လုပ်သားများထားရှိမှု စာရင်းထဲမှာ ပါဝင်နေပါတယ်။

EIA လုပ်ငန်းစဉ်က ဒေသခံ တိုင်းရင်းသားတွေအတွက် အရေးကြီးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကို ချိုးဖောက်တဲ့ စီမံကိန်းတွေအတွက် ကိုယ်ပိုင် လုပ်ထုံးလုပ်နည်း စည်းမျဉ်းထုတ်ပြန်ရာမှာ “ဒေသခံ တိုင်းရင်းသားတွေ ခိုင်းစေမှုနှင့် အဓမ္မနေရာရွှေ့ပြောင်းမှုများ မပါဘဲ နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ဆောင်မည့် လုပ်ငန်းကိစ္စများကို ဖော်ပြရမည်”လို့ ဖော်ပြခဲ့ပါတယ်။ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ အညီအညွတ် လုပ်တဲ့နေရာမှာ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း International Finance Corporation က ဒေသခံလူမျိုးတွေဟာ သူတို့ဘိုးဘွားပိုင်မြေနဲ့ ဆက်စပ်နေတဲ့ မြေတွေအတွက် အန္တရာယ်ရှိလာခဲ့ရင် စီမံကိန်းအနေနဲ့ ၎င်းတို့ထံကနေ ခွင့်ပြုချက်ရယူပြီး ၎င်းတို့ကိုလည်း အကြောင်းကြားရမယ်လို့ ဖော်ပြခဲ့ပါတယ်။

စည်းမျဉ်းထိန်းသိမ်းရေး မူဘောင်ဝါဒ အားနည်းတာရဲ့ နောက်ထပ်အကြောင်းရင်းကတော့ ထိရောက်တဲ့ ဒဏ်ကြေးငွေ၊ ပြစ်ဒဏ် မရှိခြင်းပါပဲ။ ဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ်ဟာ ခွင့်ပြုချက်မရှိဘဲ သတ္တုတွင်း တူးဖော်မှုအတွက် မြန်မာငွေကျပ် ငါးသန်း( အမေရိကန်ဒေါ်လာ ၄,၀၀၀) နဲ့ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လုံခြုံရေး ချိုးဖောက်မှုတွေအတွက် မြန်မာငွေကျပ် တစ်သန်း (ဒေါ်လာ ၈၂၀) သာ ဖြစ်ပါတယ်။ ဥပဒေထဲမှာ ထောင်ဒဏ်ပါဝင်တယ် ဆိုပေမဲ့ တကယ်တမ်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မသိရှိရတဲ့အတွက် ဒီပြစ်ဒဏ်ကလည်း အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။

သတ္တုတွင်း ဝန်ကြီးဌာနက ကြေညာချက်အရ ဥပဒေကို နောက်ဆုံး အဆုံးသတ်ဆောင်ရွက်ရမှာက အသစ်တက်ရောက်လာမယ့် အစိုးရဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဝန်ကြီးဌာန အပြောင်းအလဲကြောင့် ဝန်ကြီးဌာနတွေက ဥပဒေကို အဆုံးသတ်ဖို့ မူလလျာထားတဲ့ ရက် ၉၀ ထက် ပိုမိုအချိန်ယူရတော့မှာ ဖြစ်ပါတယ်။ ဒီလို အချိန်ရွှေ့ဆိုင်းလိုက်တာကြောင့် ဥပဒေကို ပိုမိုခိုင်မာအောင်ပြုလုပ်ဖို့ အခွင့်အရေး ရရှိသွားမှာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ သတ္တုတွင်းဥပဒေနဲ့ အထောက်အကူပြု နည်းဥပဒေတွေက ခွင့်ပြုပေးအပ်ထားတာကို မြန်မာပြည်သူတွေ ကျင့်သုံးနိုင်စေမဲ့ နည်းလမ်းတွေရရှိအောင် လုပ်ပေးပြီး ဒီအချိန်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အင်န်အယ်လ်ဒီအစိုးရက အသုံးချသွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး သဘာဝပတ်ဝန်းကျင် အနေအထားကောင်းပေါင်း အမြောက်အမြားလည်း အဖျက်ဆီးခံခဲ့ရတာကတော့ အသေအချာပါပဲ။

စာရေးသူ ဗာနီ စာသီစန်သည် နိုင်ငံတကာ ဥပဒေပညာရှင်များကော်မရှင်၏ အပြည်ပြည်ဆိုင်ရာ ဥပဒေအကြံပေး(မြန်မာ) ဖြစ်ပါသည်။

စာရေးသူ အဒမ် မိုဆာသည် နိုင်ငံတကာ ကမ္ဘာမြေအခွင့်အရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေရေးရာ ညှိနှိုင်းရေးမှူး ဖြစ်ပါသည်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.