နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်တွေကို ပြုပြင်ပြောင်းလဲနိုင်မလား

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ရှေ့ မြင်ကွင်း။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ရှေ့ မြင်ကွင်း။ ဓာတ်ပုံ- အေအက်ဖ်ပီ

မြန်မာနိုင်ငံက ထောင်တွေဟာ သက်ရှိများအတွက် ငရဲစခန်းများအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့နေရာတွေ ဖြစ်ပါတယ်။ အခုတော့ ဒါတွေအဆုံးသတ်ဖို့ အချိန်ကျပါပြီ

ထွန်းခိုင် ရေးသားသည်။

ဗြိတိသ ျှတို့ဆီက ၁၉၄၈ အစောပိုင်းကတည်းက လွတ်လပ်ရေးရခဲ့တဲ့ မြန်မာနိုင်ငံဟာ အနိမ့်အမြင့် အတက်အကျပေါင်းစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ဆယ်စုနှစ် ခုနှစ်ခုနီးပါးအတွင်း နိုင်ငံရေးနစ်တွေ၊ နိုင်ငံတော်အလံနဲ့ သီချင်းတွေဟာ အာဏာလက်ကိုင်ရခဲ့သူ တစ်ယောက်ပြောင်းတိုင်း တစ်ခါလိုက်ပြောင်းခဲ့ရပါတယ်။ အစိုးရအဆက်ဆက် ဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ တစ်ခုတည်းသောအရာက အကျဉ်းထောင်တွေပါ။

မြန်မာနိုင်ငံကထောင်တွေဟာ သက်ရှိများအတွက် ငရဲစခန်းများအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားတဲ့နေရာတွေ ဖြစ်ပါတယ်။

အခုတော့ ဒါတွေအဆုံးသတ်ဖို့ အချိန်ကျပါပြီ။

ခေါင်းဆောင်နဲ့ နောက်လိုက်ပါတီဝင်တွေအများအပြား နှစ်ရှည်လများ ထောင်ဒဏ်ကျခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင်နေပါပြီ။ နိုင်ငံရေး အကျဉ်းသားဟောင်းတွေဟာ မကြာမီဖွဲ့စည်းတော့မယ့် အစိုးရအဖွဲ့မှာဝန်ကြီးတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ အရင်အစိုးရတွေ လုပ်ခဲ့တဲ့ အစဉ်အလာဆိုးကို အဆုံးသတ်ပြီး အကျဉ်းထောင်တွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ ကြီးစိုးတဲ့နေရာအဖြစ်ကနေ စာရိတ္တပြုပြင်ပြောင်းလဲရေးနေရာအဖြစ် ပြောင်းလဲလာတော့မှာလား။

ခုနှစ်သက္ကရာဇ်တွေ ပြောင်းလဲပေမယ့် မြန်မာနိုင်ငံရဲ့ထောင်တွေထဲက ညှဉ်းပန်းနှိပ်စက်မှု ဇာတ်လမ်းတွေက မပြောင်းလဲခဲ့ပါဘူး။

လွတ်လပ်ရေးရကာစ ပါလီမန်ခေတ်နဲ့ နောက်ပိုင်းကာလ ဆိုရှယ်လစ်ခေတ်တွေမှာ ကွန်မြူနစ်တွေအတွက် ထောင်ဆိုတာကငရဲစခန်း၊ ဆိုရှယ်လစ်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားခဲ့တဲ့ ၁၉၈၈ အရေးအခင်းကာလတွေနဲ့ စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းကာလတွေမှာတော့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအတွက် ထောင်ဆိုတာ ငရဲစခန်းအဖြစ်နာမည်ကြီးပါတယ်။

ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ကြွေးကျော်သံနဲ့အတူ တက်လာခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်တာကာလအတွင်းမှာလည်း ထောင်တွေဟာ ပြုပြင်ပြောင်းလဲရေးအတွက် ဦးစားပေးနေရာမှာ ရှိမနေခဲ့ပါဘူး။

ကျောင်းသားလှုပ်ရှားမှုတွေကို ဦးဆောင်သူတွေ၊ ခေတ်အဆက်ဆက် အစိုးရတွေနဲ့ သဘောထားကွဲလွဲသူတွေ၊ လူမျိုးစုသူပုန်တွေ၊ ရာဇဝတ်မှုနဲ့ ထောင်ကျသူတွေကတော့ ဘယ်အစိုးရတက်တက် ညှဉ်းပန်းနှိပ်စက်ခံရဖို့ အမြဲတမ်း ပစ်မှတ်ဖြစ်နေခဲ့သူတွေပါ။

ထောင်တွင်း ကြေကွဲစရာဇာတ်လမ်းတွေကို ကြုံခဲ့ရတဲ့သူတွေထဲမှာ ဦးဂျော်လီထွန်းလည်း တယောက်အပါအဝင်ပါ။ သူဟာအစိုးရကို ပုန်ကန်မှုနဲ့၁၉၈၈ နောက်ပိုင်း ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ထောင်နဲ့ ချီတဲ့သူတွေထဲက တယောက်ပါ။

အစိုးရကသူ့ကို ၂၃ နှစ်လောက် ထိန်းသိမ်းထားခဲ့ရာမှာ အဲ့ဒီအချိန်တွေထဲက တစ်ဝက်လောက်ကို သံခြေခြင်းဒေါက်ခတ်ခံပြီး နေခဲ့ရတာပါ။ သံခြေခြင်းဒေါက်ဆိုတာ အကျဉ်းသားရဲ့ ခြေကျဉ်းဝတ်နှစ်ဘက်မှာ သံကွင်းတွေခတ်ထားပြီး အဲ့ဒီ သံကွင်းနှစ်ခုကို တစ်ပေ၊ ဒါမှမဟုတ် တစ်ပေခွဲလောက်ရှိတဲ့ သံခေါင်းတစ်ချောင်းကို ဂဟေဆော်ပြီး ကန့်လန့် ထည့်ထားတာပါ။

“အထဲမှာနေရတုန်းက ကျနော်အမြဲတွေးခဲ့တယ်။ လူကို လူသားဆန်တဲ့ ပြစ်ဒဏ်ဘဲပေးသင့်တယ်”လို့ သူက Frontier ကို ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ

တကယ်တော့ သံခြေကျဉ်းတွေက ဦးဂျော်လီထွန်းတို့လို နိုင်ငံရေးအကျဉ်းသားများအတွက် ရည်ရွယ်ထားခြင်းတော့ မဟုတ်ပါဘူး။ ထောင်တွင်းမှာ ဆိုးသွမ်းလွန်းတဲ့ ရာဇဝတ်သားများအတွက် အဓိက ရည်ရွယ်ထားတဲ့ ပြစ်ဒဏ်တစ်ခုသာ ဖြစ်ပါတယ်။

အဲဒီအချိန်က နိုင်ငံရေးအကျဉ်းသားဆိုတာကို အစိုးရက အသိအမှတ်မပြုပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ကအဆင့်(A Class)၊ ခ အဆင့်(B Class) စသဖြင့် အတန်းအစားခွဲခြားခြင်းကို ပယ်ဖျက်ဖို့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီက ၁၉၆၄ ခုနှစ်မှာ အမိန့်စာတစ်ခုထုတ်ပြန်ခဲ့ပါတယ်။

ဒီအမိန်ကြောင့် လူသတ်၊ ဓားပြတိုက်စသဖြင့် ထောင်ကျလာသူတွေနဲ့ သဘောထားမတိုက်ဆိုင်လို့ အစိုးရက ထိန်းသိမ်းထားသူတွေဟာ တတန်းတစားထဲ ဖြစ်သွားပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသားက ရာဇဝတ်အကျဉ်းသားတွေထက် နှိပ်စက်ခံခဲ့ရတဲ့အချိန်တွေ ရှိခဲ့ဖူးပါတယ်။

ထောင်ထဲမှာ တန်းစီးတယောက်ဟာ သူစိတ်ကြိုက် လုပ်ခွင့်ရတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။
ဥပမာ လူတယောက် အိမ်သာတက်ရင် သေးမပေါက်ရဘူးဆိုတဲ့ စည်းကမ်း ထုတ်ထားတယ်။
တကယ်လို့ အိမ်သာတက်ရင်း သေးထွက်ရင် အဲ့နေရာမှာ စိတ်ကြိုက် ရိုက်လို့ရတယ်

“ရာဇဝတ်အကျဉ်းသားတွေက အိမ်က ပိုက်ဆံသွင်းလာပြီး ဝယ်စားချင်တာ စားလို့ရတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာ ဆန်လို့တောင် ပြောလို့မရတဲ့ အစားအသောက်တွေ စားခဲ့ရတဲ့ ကာလတွေ ရှိခဲ့ဖူးတယ်”လို့ ၁၉၉၇ ခုနှစ်မှာ အစိုးရကို ဆန့်ကျင်သည့် စာရွက်စာတမ်း ရိုက်နှိပ်မှုဖြင့် ထောင်တွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခံခဲ့ရတဲ့ ဦးသက်ဦးက ပြောပါတယ်။

သူဟာ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေအရေး ဆွေးနွေးဖို့ အစိုးရက ဖွဲ့ထားတဲ့ကော်မတီတစ်ခုမှာ အစိုးရဘက်က တရားဝင်အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ တယောက်ဖြစ်နေပါပြီ။

နိုင်ငံရေးအကျဉ်းသားတွေကို ပစ်မှတ်ထားပြီး ပိုမိုဖိနှိပ်မှုဟာ အကျဉ်းထောင် ဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့်တွေကို တပ်မတော်ဘက်က အရာရှိတွေ ဝင်စွက်ဖက်တဲ့အချိန်မှာ ပိုဆိုးတတ်တယ်လို့ ဦးသက်ဦးက ဆိုပါတယ်။

ဒီအချက်ကို ထောက်ခံတဲ့ အကျဉ်းထောင်ဝန်ထမ်းတွေလည်း ရှိပါတယ်။ တပ်မတော်အရာရှိတွေ အကျဉ်းဦးစီးဌာနကို တိုက်ရိုက်ပြောင်းရွှေ့လာစေတဲ့စနစ်က ထောင်စည်းကမ်းပျက်ခြင်းအစလို့ အင်းစိန်၊ မြစ်ကြီးနားစတဲ့ ထောင်တွေမှာ တာဝန်ထမ်းဆောင်ဖူးတဲ့ ထောင်မှူးကြီးသိန်းဝင်းက ပြီးခဲ့တဲ့ဇန်နဝါရီလက ဖြန့်ချိခဲ့တဲ့ ထောင်နှင့်အရေးအခင်းစာအုပ်မှာ ထုတ်ဖော် ရေးသားထားပါတယ်။

အဲဒီစနစ်ကြောင့် အကျဉ်းထောင်ဝန်ထမ်းတွေဟာ ၁၀ နှစ်မှ တစ်ခါလောက်ပဲ ရာထူးတိုးဖို့ အခွင့်အလမ်းပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်တွေထဲမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ မကြာခဏဖြစ်ပေါ်နေတာတွေကို အဆုံး သတ်ချင်ရင် အကျဉ်းထောင်ဝန်ထမ်းတွေကို လုံလောက်တဲ့လစာ တိုးပေးဖို့ဆိုတဲ့အချက်ကိုလည်း ထည့်သွင်း စဉ်းစားရမယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိပါတယ်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတာက အကျဉ်းသားစားနေတဲ့အထဲက ဝန်ထမ်းတွေက နှိုက်စားနေကြတာပဲ”လို့ ဦးဂျော်လီထွန်းက ပြောပါတယ်။

အကျဉ်းထောင်တစ်ခုလုံးကို ဦးစီးရတဲ့ ထောင်မှူးကြီးတယောက်ရဲ့ လစာကဟာ ရန်ကုန်မြို့ စွန်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေထက်နည်းပြီး အိမ်နီးချင်း ထိုင်းနိုင်ငံက အခြေခံအလုပ်သမားတွေရတဲ့ လစာ ရဲ့ သုံးပုံတစ်ပုံပဲ ရှိပါတယ်။ အကယ်လို့ မြန်မာနိုင်ငံက ထောင်မှူးတယောက်ဟာ Iphone 6 တစ်လုံးဝယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ခြောက်လလောက် ဝင်ငွေကို စုဆောင်းရမှာ ဖြစ်ပါတယ်။

အကျဉ်းသားအချင်းချင်း အုပ်ချုပ်သည့်စနစ်

မြန်မာပြည်ကထောင်တွေမှာ အကျဉ်းသားအချင်းချင်း အုပ်ချုပ်တဲ့စနစ်တစ်ခုရှိနေပြီး ဒီရာထူးတွေရဖို့ဆိုရင် ထောင်အာဏာပိုင်တွေကို တရားမဝင်ငွေပေးရတာတွေ ရှိသလို အကျဉ်းသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်နေတာကို မျက်ကွယ်ပြုနေတာတွေ ရှိခဲ့ဖူးတယ်လို့ အကျဉ်းကျခံဘူးတဲ့သူတွေက ဆိုပါတယ်။

သူတို့ အချင်းချင်းကြားမှာလဲ ရူးကြောင်ကြောင် စည်းကမ်းတွေ ရှိခဲ့ဖူးပါတယ်။

“ထောင်ထဲမှာ တန်းစီးတယောက်ဟာ သူစိတ်ကြိုက် လုပ်ခွင့်ရတဲ့အချိန်တွေ ရှိခဲ့ဖူးတယ်။ ဥပမာ လူတယောက် အိမ်သာတက်ရင် သေးမပေါက်ရဘူးဆိုတဲ့ စည်းကမ်း ထုတ်ထားတယ်။ တကယ်လို့ အိမ်သာတက်ရင်း သေးထွက်ရင် အဲ့နေရာမှာ စိတ်ကြိုက် ရိုက်လို့ရတယ်”ဟု အင်းစိန်အကျဉ်းထောင်တွင် ခြောက်နှစ်ခွဲခန့် အကျဉ်းကျခံဖူးတဲ့ ဦးကျော်မောင်က ပြောပါတယ်။ အရိုက်မခံချင်တဲ့သူတွေအဖို့ငွေကြေးကသာ ကယ်တင်နိုင်မှာဖြစ်ပါတယ်။

အကျဉ်းသားအချင်းချင်း အုပ်ချုပ်တဲ့စနစ်က ထောင်တွင်းမသမာမှုများနဲ့ အကျဉ်းသားအချင်းချင်း ညှဉ်းပန်းနှိပ်စက်မှုကို ဖြစ်စေခဲ့ပါတယ်။

နာမည်ဆိုးဖြင့်ကျော်ကြားသည့် အကျဉ်းထောင်များအကြောင်း မေးခွန်းထုတ်ခံရတိုင်း အစိုးရက နိုင်ငံတကာစံနှုန်းအတိုင်း စီမံနေတယ်ဟု မကြာခဏ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ရည်ရွယ်ကာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်ကတည်းက ကျင့်သုံးနေခဲ့သည့် မြန်မာနိုင်ငံအကျဉ်းထောင်ဥပဒေကို အစားထိုးမယ့်အကျဉ်းထောင်များ ဥပဒေကြမ်းတစ်ခုကိုလည်း ၂၀၁၅ နှစ်လည်ပိုင်းမှာ ထုတ်ပြခဲ့ပါတယ်။

အကျဉ်းထောင်စနစ်ကို ပြန်လည်ပြုပြင်ဖို့ အစိုးရက အာရုံစိုက်လာတာ တွေ့ရပေမယ့် အသစ်ထုတ်တဲ့ ဥပဒေကြမ်းတွင်ပင် လိုအပ်ချက်များ ရှိနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေကို ၁၀ စုနှစ်နှစ်ခုလောက် စောင့်ကြည့် လေ့လာနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – Assistance Association for Political Prisoners (Burma) က ထောက်ပြခဲ့ပါတယ်။

အကျဉ်းထောင် ဥပဒေကြမ်းဟာ အကျဉ်းသားတဦးချင်းစီရဲ့ အခွင့်အရေးထက် အကျဉ်းထောင် စီမံခန့်ခွဲရေးအပိုင်းနဲ့ အကျဉ်းထောင်ရဲ့အခြေခံအဆောက်အအုံကို ပြန်လည်မွမ်းမံဖို့ ပိုအလေးထားပုံ ပေါ်နေတယ်လို့ အသင်းက ထောက်ပြခဲ့ပါတယ်။

အခုတော့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းတွေ အဆုံးသတ်ဖို့ အခွင့်အရေးက တစ်ချိန်က အကျဉ်းကျခံရဖူးတဲ့သူတွေရဲ့ လက်ထဲကို ရောက်လာခဲ့ပါပြီ။

တစ်ချိန်က အစိုးရနဲ့ သဘောထား မတိုက်ဆိုင်ခဲ့လို့ ထောင်ကျခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လွှတ်တော်ထဲ ရောက်နေပါပြီ။ အရင်လွှတ်တော်က မပြီးပြတ်သေးတဲ့ အကျဉ်းထောင်ဥပဒေကြမ်းကို သူတို့အနေနဲ့ အဆုံးသတ်ရမှာပါ။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(Former Political Prisoners – FPPS) ရဲ့သုတေသနစစ်တမ်းအရ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့၁၀ ရာခိုင်နှုန်း လောက်ဟာ နိုင်ငံရေးအကျဉ်းသားတွေလို့ ဆိုပါတယ်။

သူတို့တွေဟာ တစ်ချိန်က အကျဉ်းထောင်တွေထဲမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူတွေ၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးသမားတွေ ညှဉ်းပန်းနှိပ်စက်ခံရရင်း သေဆုံးသွားတာကို မျက်မြင်တွေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။

မြန်မာ့သမိုင်းတလျောက် ဘယ်အစိုးရကမှ မလုပ်နှိုင်ခဲ့တဲ့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးကို အကျဉ်းထောင်အတွင်းက ဝမ်းနည်းဖွယ် ဇာတ်လမ်းတွေနဲ့ သိပ်မစိမ်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက လုပ်နိုင်မလားဆိုတာကိုတော့ နောက်ငါးနှစ်တာကာလက အဖြေပေးသွားမှာပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.