ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမှာလား

လွှတ်တော်သစ် စတင်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

လွှတ်တော်သစ် စတင်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

နေပြည်တော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရမည်ဖြစ်သလို ဖြစ်အောင်လည်း လုပ်ဆောင်နေသည်ဟု ပါတီ၏ နာယက သူရဦးတင်ဦးက ဖေဖော်ဝါရီ ၂ ရက်က သတင်းထောက်များကို ပြောကြားလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမှာပေါ့။ သူ သမ္မတ ဖြစ်ဖို့အတွက် ကျွန်တော်တို့ လုပ်နေတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် တပ်မတော်ပိုင် မြဝတီသတင်းစာက ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးကို ကန့်သတ်ထားသည့် အခြေခံဥပဒေပုဒ်မအား ဆက်လက်ရှိနေစေလိုကြောင်း ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၅၉  (စ) ဖြင့် ကန့်သတ်ထားသည့်အတွက် အဆိုပါ ပုဒ်မကို ပြင်ဆင်နိုင်မှသာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်မည် ဖြစ်သည်။ အဆိုပါ ပုဒ်မကို ပြင်ဆင်နိုင်ရန်မှာလည်း လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်နေသည့် တပ်မတော်၏ သဘောထားအပေါ်တွင် မူတည်နေသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် တပ်မတော်ပိုင် မြဝတီသတင်းစာတွင် ပုဒ်မ ၅၉ (စ)ကို မပြင်ပဲ ထာဝရ တည်ရှိနေစေလိုကြောင်း ရေးသားထားသည့် ဆောင်းပါးကို သတင်းစာမျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ)ကို အမိနိုင်ငံတော်အတွက် ထာဝရ မပြောင်းမလဲ တည်ရှိစေလို” ခေါင်းစဉ်ဖြင့် ဆောင်းပါးရှင် စိုင်းဝေဋ္ဌုဆိုသူက ရေးသားထားသည့် အဆိုပါ ဆောင်းပါးတွင် ထိုပုဒ်မသည် တစ်ဦးတစ်ယောက်ကို ရည်ရွယ်သည့် ပုဂ္ဂိုလ်ရေးဖြင့် ကန့်သတ်ထားသည့် ပုဒ်မမဟုတ်ဟု ရေးသားထားသည်။

ထိုပုဒ်မကို မဖျက်စေချင်ခြင်းမှာ ပုဂ္ဂိုလ်ရေးမဟုတ်ပဲ သမိုင်းပေးနှင့် အမျိုးသားရေး တာဝန်ဖြစ်သည်ဟုလည်း ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ မည်သူ သမ္မတဖြစ်သည်ဖြစ်စေ ၎င်းအနေဖြင့် သမ္မတ၏ အထက်တွင် ရှိနေကာ စီမံခန့်ခွဲသွားမည်ဟု ထပ်ခါတလဲလဲ ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံ ဆွေးနွေးမှုများလည်း ရှိနေသည့်အတွက် လွှတ်တော်တွင် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ပါက တပ်မတော်ကလည်း သဘောတူဖွယ်ရှိသည်ဟု ယူဆထားမှုများလည်း ရှိနေသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အခြားခေါင်းဆောင်များကလည်း ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက် အဓိက ဆောင်ရွက်နေသည်ဟု ပြောကြားထားမှုများ ရှိနေသည်။

လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာအများစု ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမ္မတတစ်ဦးကို စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်မည် ဖြစ်သည်။

သမ္မတဖြစ်နိုင်သူများအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဒေါက်တာတင်မျိုးဝင်းနှင့် ဦးထင်ကျော်တို့အပြင် သူရဦးရွှေမန်းကိုပါ ထင်ကြေးပေးထားကြသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးလက်ထောက်ဟောင်းဖြစ်သူ ဒေါက်တာတင်မာအောင်ကိုလည်း သမ္မတဖြစ်နိုင်သူတစ်ဦးအဖြစ် ထင်ကြေးပေးထားကြသည်။ ၎င်းသည် မကြာမီကပင် ရာထူးမှ အနားယူသွားသူ ဖြစ်သည်။

သူရဦးရွှေမန်းကမူ ၎င်းနှင့် အင်န်အယ်လ်ဒီတို့အကြား မည်သည့်သဘောတူညီချက်နှင့် ကမ်းလှမ်းချက်မှ မရှိသေးဟု ပြောကြားထားသလို ဦးတင်ဦးမှာလည်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်သဖြင့် ၎င်းအား သမ္မတအဖြစ် ရွေးချယ်ရန် ရာခိုင်နှုန်း နည်းပါးနေသည်။ သမ္မတ ဖြစ်နိုင်ဖွယ်အရှိဆုံးအဖြစ် စာရေးဆရာ မင်းသုဝဏ်၏ သားဖြစ်သူ ဦးထင်ကျော်ကို ထင်ကြေးပေးထားကြသည်။ 

လက်ရှိအစိုးရ၏ သက်တမ်းမှာ မတ် ၃၁ ရက်နေ့အထိ ရှိနေဆဲဖြစ်သဖြင့် အစိုးရသက်တမ်းကုန်ခါနီးမှသာ အင်န်အယ်လ်ဒီက သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မှုနှင့် အစိုးရအဖွဲ့သစ်၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာဖွယ်ရှိနေသည်။

သတင်း- စိုးသန်းလင်းနှင့် ဆန်းဦး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.