ခက်ခဲပင်ပန်းစွာ ရွှေတူးဖော်သူများ

ရွှေတူးဖော်ခြင်းကြောင့် မန္တလေးမြို့အနီး လူ့အဖွဲ့အစည်းများတွင် ကြွယ်ဝချမ်းသာမှုကို ဖြစ်ပေါ်စေသော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများနှင့် silicosis ခေါ် ဆီလီကွန်မှုန်၊ ကျောက်မှုန်များ ရှုရှိုက်မိသောကြောင့် ဖြစ်ပွားသောအဆုတ်ရောဂါများ ထိုဒေသတွင် ဖြစ်ပွားလျက်ရှိသည်။

အင်ဒရေ မာလာဘာ ရေးသားသည်။

မန္တလေးမြို့အရှေ့ဘက်မတ္တရာမြို့ရှိဒေသခံပိုင် ရွှေသတ္တုတွင်း၌ ကျောက်သားများကိုခွဲရန် ဒိုင်းနမိုက်များ၊ လေဖိအားသုံးလွန်စက်များသုံးကာ သတ္တုတွင်းအလုပ်သမားများက ရွှေတူးဖေါ်နေပုံ။ ဓာတ်ပုံ - မာလာဘာ

မန္တလေးမြို့အရှေ့ဘက်မတ္တရာမြို့ရှိဒေသခံပိုင် ရွှေသတ္တုတွင်း၌ ကျောက်သားများကိုခွဲရန် ဒိုင်းနမိုက်များ၊ လေဖိအားသုံးလွန်စက်များသုံးကာ သတ္တုတွင်းအလုပ်သမားများက ရွှေတူးဖေါ်နေပုံ။ ဓာတ်ပုံ – မာလာဘာ

 

မတ္တရာမြို့အနီးတွင် ရွှေသတ္တုတွင်းတစ်ခုတွင် ၁၂ ကြာအလုပ်ချိန်ဆင်းပြီးမိုင်းတွင်မှ ထွက်လာသည့် မိုင်းအလုပ်သမားတစ်ဦး။ ဓာတ်ပုံ - မာလာဘာ

မတ္တရာမြို့အနီးတွင် ရွှေသတ္တုတွင်းတစ်ခုတွင် ၁၂ ကြာအလုပ်ချိန်ဆင်းပြီးမိုင်းတွင်မှ ထွက်လာသည့် မိုင်းအလုပ်သမားတစ်ဦး။ ဓာတ်ပုံ – မာလာဘာ

လေထုသည် အမှုန်များဖြင့် အသက်ရှူမရအောင် မွန်းကျပ်စေသည်။ ကျောက်မှုန်များဖြင့် လေထုသည် မှုန်ဝါးနေသည်။ သတ္တုတွင်းထဲတွင် စီတန်းချိတ်ဆွဲထားသောမီးလုံးများနောက်မှနေ၍ သတ္တုတွင်းအလုပ်သမား ၆ ဦးခန့်ကိုအမှောင်ရိပ်ထဲတွင် မြင်တွေ့နေရသည်။ သတ္တုတွင်းအလုပ်သမားများ၏ ဦးခေါင်းပေါ်မှ ဓာတ်မီးများသည် အပြာရောင် အလင်းရောင်များကိုဖြာထွက်စေလျက် ၎င်းတို့၏ မျက်နှာများ၊ လက်များ၊ ဘေးရှိပိုက်များနှင့် ကျောက်ခွဲရာတွင်သုံးသောလွန်၏ သတ္တုမျက်နှာပြင်များပေါ် ကျရောက်လျက်ရှိသည်။

ကျပ်သပ်နေသောသတ္တုတွင်းထဲတွင် အလုပ်သမားများ၏ စကားသံများသည် ပဲ့တင် ထပ်နေသည်။ သူတို့သည် တူးဖော်ရရှိလာသောအပိုင်းအစများကို ကြိုးဖြင့်တုပ်နှောင်ပြီးတွင်းအစွန်းရှိနေရာတစ်ခုတွင် နေရာတကျ စုပုံထားရှိနေကြသည်။ စက္ကန့်အနည်းငယ်မျှသာတာရှည်ခံသောတိတ်ဆိတ်ငြိမ်သက်မှုသည် ကျောက်သားများကိုလေဖိအားသုံးလွန်ဖြင့် ထိုးခွာရန်ကြိုးစားသောလွန်စက်သံကြောင့် ဆူညံသွားသည်။

ဖုန်မှုန်များထပ်မံ၍ ပိုမိုပျံ့နှံ့သွားသည်။ အလုပ်သမားအချို့သည် လုံခြုံရေးဦးထုပ်များဆောင်းထားပြီးအားလုံးသည် ဈေးပေါသောအားကစားဘောင်းဘီတိုများနှင့် တီရှပ်များကိုဝတ်ဆင်ထားသည်။ မြန်မာနိုင်ငံရှိအလုပ်ကြမ်းသမားများဝတ်ဆင်လေ့ရှိသောညှပ်ဖိနပ်များစီးထားသည်။ မည်သူမျှ နှာခေါင်းစည်း စည်းထားခြင်းမရှိပေ။

မန္တလေးမြို့မှ ကားဖြင့်သွားလျှင် နှစ်နာရီခန့် သွားရသောထိုရေမြစ်ရွာတွင် ရွှေတူးဖော်သည့် လုပ်ငန်းသည် ဆယ်စုနှစ်အတော်ကြာအောင် ဒေသခံလူများ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည်။ ယင်း ရွှေသတ္တုတွင်းများသည် ယခုတိုင် ရွှေထွက်အားကောင်းနေသေးသော်လည်းကျောက်သားများထဲမှ ရွှေကိုထုတ်ယူသည့် နည်းလမ်းမှာ တဖြည်းဖြည်းပြောင်းလဲလာလျက်ရှိသည်။

ယခင်ကမူ ရွှေကိုလက်ဖြင့်ကျင်၍ ရှာဖွေခဲ့ကြသော်လည်းယခုအခါတွင် ဒိုင်းနမိုက်များ၊ လွန်စက်များ၊ ဆိုင်ယာနိုက်နှင့် ပြဒါးကဲ့သို့သောဓါတုဗေဒပစ္စည်းများကအစားထိုးဝင်ရောက်လာသည်။ ယင်းတို့ကိုမူ ရွှေတူးဖော်ရေးလုပ်ငန်းအကြီးစားများတွင် သုံးသည်။ 

မန္တလေးမြို့၏ အရှေ့ဘက် ချောင်းကြီးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် လူတစ်ဦးက ရွှေပမာဏအနည်းငယ်ကို ချိန်တွယ်နေပုံ။ ဓာတ်ပုံ - မာလာဘာ

မန္တလေးမြို့၏ အရှေ့ဘက် ချောင်းကြီးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် လူတစ်ဦးက ရွှေပမာဏအနည်းငယ်ကို ချိန်တွယ်နေပုံ။ ဓာတ်ပုံ – မာလာဘာ

၂၀၁၀ ခုနှစ်တွင် မြန်မာနှင့် တရုတ်တို့ အကျိုးတူပိုင်ဆိုင်သော လဟာပြင် သတ္တုတွင်းကြီးတစ်ခုသည် ထိုဒေသသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ယင်းသည် အစဦးပိုင်းကဧက ၂၀ ခန့်သာ ကျယ်ဝန်းခဲ့သော်လည်း ထိုအချိန်မှစ၍ ချဲ့ထွင်လာသည်မှာမည်မျှအထိကျယ်ဝန်းနေပြီကိုမည်သူမျှ မသိနိုင်ကြချေ။ ထိုသို့ ချဲ့ထွင်မှု များကြောင့် ရေမြစ်ရွာအပါအဝင် အနီးအနားမှ ရွာများကိုထိခိုက်စေခဲ့သည်။ ရေမြစ်ရွာမှ ဒေသခံများက ပြောဆိုရာတွင် ထိုသတ္တုတွင်းကို ချဲ့ထွင်ရာ၌ သူတို့ကို လာရောက်တိုင်ပင်ဆွေးနွေးခြင်း၊ အကြောင်းကြားခြင်းများ မရှိကြောင်းဆိုသည်။ ရေမြစ်ရွာသည် မိုးရာသီတွင် ဘေးရှိတောင်ကမ်းပါးမှ စီးဆင်းလာသော ရေများတွင် ပါဝင်လာသည့် သဲများစုပုံသောနေရာတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ သတ္တုတွင်းများမှ သဲများ ကျောက်စကျောက်နများ မျောပါလာသဖြင့် အနီးအနားရှိ လယ်မြေများမှာ မြေသြဇာမကောင်းတော့ကြောင်း ဒေသခံများက ဆိုသည်။

ခေတ်မီသတ္တုတူးဖော်သည့် နည်းလမ်းများ၏ မကောင်းသောအချက်မှာ  သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်ခြင်းဖြစ်သည်။ယင်းကိုလည်း ဒေသခံများက ကောင်းစွာနားလည်ခြင်းမရှိပေ။ သတ္တုတွင်းကြောင့် ဖြစ်ပေါ်သောရောဂါများဖြစ်သည့် silicosis အဆုတ်ရောဂါဖြင့် သေဆုံးသူမည်မျှရှိသည်၊ ရောဂါဖြစ်ပွားသူ မည်မျှရှိသည်ကို တရားဝင် မှတ်တမ်းများရယူနိုင်ရန် လိုအပ်နေသည်။

ပြီးခဲ့သော ၃ နှစ်ခန့်တွင် ထိုဒေသရှိ သေဆုံးမှု ၁၀၀ ခန့်သည် silicosis အဆုတ်ရောဂါဖြင့် သေဆုံးခဲ့သည်ဟုသိရသည်။ သတ္တုတွင်းအလုပ်သမားများကယုံကြည်သည်မှာ ၎င်းတို့သည် လွန်စက်ဖြင့် ကျောက်ခွဲသဖြင့် ထွက်ပေါ်လာသောအမှုန်များကို ရှူရှိုက်ရာမှ ထိုရောဂါ ဖြစ်ပွားရသည်ဟုဆိုသည်။

လွန်စက်ရောဂါ gun disease ဟုလည်း ခေါ်ဆိုသော silicosis အဆုတ်ရောဂါ၏ လက္ခဏာများမှာ ခန္ဓာကိုယ် ပိန်ချုံးခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပြီး တီဘီရောဂါ၏ လက္ခဏာများနှင့် ဆင်တူသည်။ gun disease ၊ silicosis ဖြင့် သေဆုံးသောသတ္တုတွင်းအလုပ်သမားများ၏ အလောင်းကို ခွဲစိတ်ကြည့်ရသော ဆရာဝန်တစ်ဦး၏ အဆိုအရ၎င်းတို့၏ အဆုတ်ထဲတွင် သတ္တုမှုန်များကို တွေ့ရှိရသည်ဟု သိရသည်။ ထို့ပြင် ယင်းမှာ သေဆုံးရသောအကြောင်းရင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

မန္တလေးမြို့ အရှေ့ဘက်ရှိ ချောင်းကြီးရွာတွင် ကိုမော်ကြီးဆိုသူ သတ္တုတွင်းအလုပ်သမားတစ်ဦးက သူ၏ အဆုတ်ရောဂါ ရရှိပုံကို X-ray ဓာတ်ပုံ ကိုင်မြောက်ပြနေပုံ။ ဓာတ်ပုံ - မာလာဘာ

မန္တလေးမြို့ အရှေ့ဘက်ရှိ ချောင်းကြီးရွာတွင် ကိုမော်ကြီးဆိုသူ သတ္တုတွင်းအလုပ်သမားတစ်ဦးက သူ၏ အဆုတ်ရောဂါ ရရှိပုံကို X-ray ဓာတ်ပုံ ကိုင်မြောက်ပြနေပုံ။ ဓာတ်ပုံ – မာလာဘာ

သတ္တုတွင်းအလုပ်သမားများ၏ gun disease ရောဂါသည် silicosis ရောဂါလက္ခဏာနှင့် ဆင်တူသည်။ silicosis ရောဂါသည် ဆီလီကွန် ကျောက်မှုန်များကို ရှူရှိုက်၍ ဖြစ်ပေါ်သောရောဂါဖြစ်ပြီး သတ္တုတွင်းအလုပ်သမားများတွင် အဖြစ်များသည်။ silicosis ရောဂါသည်များသည် တီဘီရောဂါဖြစ်ရန် အလားအလာပိုမိုများပြားသဖြင့် အများပြည်သူကျန်းမာရေးအတွက်လည်း အန္တရာယ် ပိုမိုတိုးပွားလာနိုင်သည်။

သတ္တုတွင်းအလုပ်သမားများသည် သတ္တုတွင်းတွင် အလုပ်မလုပ်တော့ပါကလည်း အန္တရာယ်မှာ မပြီးဆုံး နိုင်သေးပေ။ ရေမြစ်ရွာတွင် ကျန်းမာရေးအခြေခံအဆောက်အအုံများ နည်းပါးသဖြင့် ကျောက်မှုန်များ ကြောင့်ဖြစ်သော gun disease နှင့် အခြားရောဂါ အန္တရာယ်များမှာလည်း ရှိနေပေသည်။

ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများသည် သတ္တုတွင်းအလုပ်သမားများကြား ကျန်းမာရေးဗဟုသုတ နည်းပါးခြင်း၊ သတ္တုတွင်းနှင့် သက်ဆိုင်သောရောဂါများကို ကုသရမည့် နည်းလမ်းများနှင့် ပတ်သက်ပြီး ဗဟုသုတနည်းပါးခြင်းတို့ကြောင့် စိန်ခေါ်မှုများသည် ပိုမိုကြီးထွားလာလျက်ရှိသည်။ ထို့ပြင် ဆရာဝန်များကို ကြောက်ရွံ့တတ်မှုများလည်း ရှိနေသည်။

ကိုမော်ကြီးသည် ရေမြစ်ရွာအနီးရှိ ချောင်းကြီးရွာမှ ဖြစ်သည်။ သူသည် တီဘီရောဂါကို ဆေးနှစ်ကြိမ်ထိတိုင် ပုံမှန်သောက်သုံးခဲ့သော်လည်း မပျောက်ကင်းခဲ့ပေ။ သူသည် တီဘီအဖျားနှင့် ညဘက်ချွေးထွက်မှုများ ပျောက်ကင်းသွားသော်လည်း ကိုယ်အလေးချိန် တိုးလာခြင်းမရှိဘဲ အသက်ရှူ၍လည်း ကောင်းမလာတော့ပေ။ သူသည် ကျန်ရှိနေသော ယင်းရောဂါလက္ခဏာများကို ဆရာဝန်ထံ သွားမပြောရဲတော့သဖြင့် ထပ်မံကုသခံရန် ဆေးရုံသို့ သွားခွင့်မရတော့ပေ။

သတ္တုတွင်းအလုပ်သမားများသည် ပြဒါးနှင့် ဆိုင်ယာနိုက်ဓာတုပစ္စည်းများကို အကာအကွယ်မဲ့ ပုံမှန်ကိုင်တွယ် နေရပြီး သတ္တုတွင်းပိုင်ရှင်များသည်လည်း ယင်းတို့၏ အကျိုးဆက်များကို စိုးရိမ်ခြင်းမရှိကြပေ။

သတ္တုတွင်းအလုပ်သမားတစ်ဦးက ကျောက်အိတ်ကိုထမ်းကာ ထရပ်ကားတစ်ခုထံ သယ်ဆောင်နေပုံ။ ဓာတ်ပုံ - အင်ဒရေ မာလာဘာ

သတ္တုတွင်းအလုပ်သမားတစ်ဦးက ကျောက်အိတ်ကိုထမ်းကာ ထရပ်ကားတစ်ခုထံ သယ်ဆောင်နေပုံ။ ဓာတ်ပုံ – အင်ဒရေ မာလာဘာ

လဟာပြင် သတ္တုတွင်းများတွင် ကျောက်သားများကို ထရပ်ကားများဖြင့် တင်ဆောင်ပြီး အခြားတစ်နေရာသို့ ပို့ဆောင်ကာ ဓာတုပစ္စည်းများကို အမြောက်အမြားသုံး၍ ရွှေကို စစ်ထုတ်ယူကြသည်။ အာဏာပိုင်များဘက်မှ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်ပြီး စောင့်ကြည့်အရေးယူခြင်းမရှိသဖြင့် ရွှေစစ်ထုတ်ရာမှ ထွက်လာသော စွန့်ပစ်ပစ္စည်းများသည် ထိုဒေသအနီးရှိမြေထုနှင့် ရေထုကို ညစ်ညမ်းစေသည်။

သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ဓာတုပစ္စည်းများကိုအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သော ရေရှည်အကျိုးဆက် များကိုမှတ်တမ်းပြုစုထားခြင်း မရှိသော်လည်း ဒေသခံများက ပြောဆိုရာတွင် အနီးတဝိုက်မှ ရေသွားမြောင်း၊ ချောင်းများမှ ငါးများအစုလိုက်အပြုံလိုက် သေဆုံးခြင်းများကို တွေ့ရှိရကြောင်း ဆိုသည်။

မန္တလေးမြို့၏ အရှေ့ဘက် ချောင်းကြီးရွာရှိအခမဲ့ စာသင်ကျောင်းတစ်ခုတွင် ကလေးများ စာသင်နေကြပုံ။ ဓာတ်ပုံ - အင်ဒရေ မာလာဘာ

မန္တလေးမြို့၏ အရှေ့ဘက် ချောင်းကြီးရွာရှိအခမဲ့ စာသင်ကျောင်းတစ်ခုတွင် ကလေးများ စာသင်နေကြပုံ။ ဓာတ်ပုံ – အင်ဒရေ မာလာဘာ

ရွှေသတ္တုတွင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ် ထိခိုက်မှုများ ရှိသော်လည်း ယင်းကြောင့် ဒေသခံလူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးအချို့ ဖြစ်ပေါ်သည်လည်းရှိသည်။ ရွှေသတ္တုတွင်းများမှ ရရှိသောဝင်ငွေများကြောင့် ဒေသတွင်းမှ ကျောင်းများကို အထောက်အပံ့ ရရှိစေပြီး သတ္တုတွင်းအနီးတဝိုက်မှ ရွာများသည်လည်း အိမ်ကောင်းရာကောင်းများဖြင့် ပြည့်နေသည်။

သတ္တုတွင်းအလုပ်သမားများသည် တစ်နေ့လျှင် အမေရိကန် ဆယ်ဒေါ်လာနှင့် ညီမျှသောပမာဏဖြစ်သည့် ကျပ်ငွေ ၁၂,၈၀၀ ခန့် ရရှိပြီး ယင်းမှာ အုတ်ဖိုလုပ်ငန်းနှင့် ကျောက်စရစ်လုပ်ငန်းမှ အလုပ်သမားများ၏ နေ့စဉ်ဝင်ငွေထက် ၅ ဆ ပိုမိုများပြားသည်။ လယ်ယာမြေတစ်ခုမှ အလုပ်သမားထက်မူ ၁၀ ဆ ခန့် ပိုမိုသည်။

ပုံမှန် အလုပ်အကိုင် မရှိသူများသည် လဟာပြင် သတ္တုတွင်းများသို့ သွားရောက်ကာ ရွှေကျင်ကြသည်။ ၎င်းတို့သည် အလုပ်ကောင်းသောနေ့တွင် ကျပ် ၆,၄၀၀ ခန့် ရရှိကြသော်လည်း ကျောက်စများ လွှင့်စင်လာခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပါက ဒဏ်ရာရကာ အသက်ပင်ဆုံးရှုံးနိုင်သည်။ ရဲများသည် သတ္တုတွင်းပိုင်ရှင်များက တောင်းဆိုပါက ရွာသားများကို ရွှေတူးဖော်သည့် နေရာမှ လိုက်လံမောင်းထုတ်တတ်သည်။ 

၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသည် Extractive Industries Transparency Initiative (EITI) အဖွဲ့ကြီး၏ အဖွဲ့ဝင်အဖြစ် လျာထားခြင်းခံခဲ့ရသည်။ ယင်းအဖွဲ့သည် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်ရမှု စံနှုန်းသတ်မှတ်သော အဖွဲ့တစ်ခုဖြစ်သည်။

မြန်မာအစိုးရသည် သတ္တုတူးဖော်ရေးလုပ်ငန်းတွင် ပိုမိုယုံကြည်ရမှု ရှိလာစေရေးအတွက် ခြေလှမ်းများ စတင်လျက်ရှိသည်။ သို့သော် ထိုဖြစ်စဉ်ကြီး၏ အကျိုးဆက်များသည် ရေမြစ်ရွာကဲ့သို့သော လူ့အဖွဲ့အစည်းများ ထံသို့ ရောက်ရှိရန်မူ အချိန်စောင့်ဆိုင်းရဦးမည် ဖြစ်သည်။

လာမည့်နှစ်များတွင် EITI နှင့် အခြားသော ပြုပြင်ပြောင်းလဲမှုများသည် မြန်မာနိုင်ငံမှ ရွှေတူးဖော်လုပ်ငန်းနှင့် ပတ်သက်သောကောင်းကျိုး၊ ဆိုးကျိုးများကိုပိုမိုဖော်ထုတ်လာနိုင်စေပြီးပိုမို ပြန်လည်ပြည့်ဖြိုးမြဲ အသွင်ဆောင် သည့် ရွှေသတ္တုတူးဖော်လုပ်ငန်းများပေါ်ပေါက်လာစေရန် အကူအညီပေးနိုင်မည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ဒေသခံပြည်သူများ၏ ကောင်းကျိုးကို ပိုမိုဆောင်ရွက်ပေးနိုင်သော တူးဖော်ရေးလုပ်ငန်းများ ဖြစ်လာနိုင်စေရန် မျှော်လင့်ရပါသည်။

ဓာတ်ပုံ - အင်ဒရေ မာလာဘာ

ဓာတ်ပုံ – အင်ဒရေ မာလာဘာ

(ဤဆောင်းပါးသည် Natural Resource Governance Institute အဖွဲ့၏ ၂၀၁၅ ခုနှစ်ထုတ် သတ္တုတူးဖေါ်ရေး လုပ်ငန်းများဆိုင်ရာ ဓာတ်ပုံမှတ်တမ်းဆောင်းပါးကို ကိုးကားရေးသားထားခြင်း ဖြစ်သည်။ ယင်းအဖွဲ့အစည်း သည် နယူးယော့ခ်မြို့တွင် အခြေစိုက်ပြီးမူဝါဒနှင့် အကြံပေးမှုကိုအဓိကလုပ်ဆောင်သောအကျိုးအမြတ် မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ထိုမှတ်တမ်းဆောင်းပါးစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ဖြစ်ပေါ်နေသည့် ရှုပ်ထွေးသော နိုင်ငံရေးဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာအမှန်တရားများကို ထုတ်ဖော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.