ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်စေမင်း

မြန်မာနိုင်ငံမှ ကုမ္ပဏီအများအပြားသည် ကုမ္ပဏီနာမည်ကောင်းရအောင် ပြန်လည်ကြိုးစားလျက်ရှိကြသည်။ သို့ရာတွင် ၎င်းတို့၏အတိတ်ကို ချေဖျက်နိုင်ရန် ပရဟိတအလုပ်များ လုပ်ဆောင်ပေးရုံမျှနှင့် မရနိုင်ပေ။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ပြီးခဲ့သော စက်တင်ဘာလက မြန်မာနိုင်ငံတွင် လက်ခံကျင်းပသော ကော်ပိုရိတ် လူမှုတာဝန်ဆိုင်ရာ အာရှဖိုရမ် Asian Forum for Corporate Social Responsibility ၌ ကော်ပိုရိတ် လုပ်ငန်းရှင်ကြီးများ၊ အင်န်ဂျီအိုဝန်ထမ်းများ၊ ပညာရှင်များနှင့် အစိုးရ အရာရှိများသည် သုံးရက်ကြာ ထိုအကြောင်းအရာကို ဆွေးနွေးခဲ့ကြသည်။

ကော်ပိုရိတ် လူမှုတာဝန်ဆိုသည်မှာ ပုဂ္ဂလိကလုပ်ငန်းများက လူမှုအဖွဲ့အစည်းအတွက် မည်သို့ ကောင်းကျိုးပြုနိုင်သည်ကို ဆိုလိုခြင်းဖြစ်ပြီး လူအများ အငြင်းပွားကြသော အကြောင်းအရာ တစ်ရပ်လည်း ဖြစ်သည်။ ကော်ပိုရိတ် လူမှုတာဝန်ဆိုင်ရာ လုပ်ငန်းများတွင် ကိုကာကိုလာကုမ္ပဏီက ရေဘေးသင့် ပြည်သူများအား သောက်ရေသန့်ဘူးများ ဖြန့်ဝေပေးခြင်းမှသည် စီပီကုမ္ပဏီက သူ၏ထောက်ပံ့ရေးဆိုင်တွဲများ၌ ပွင့်လင်းမြင်သာမှု ပိုမိုရရှိအောင် လုပ်ဆောင်ခြင်းစသည်တို့အထိ ပါဝင်နိုင်သည်။

ယခုနှစ် ယင်းဖိုရမ်ကို မြန်မာနိုင်ငံတွင် ကျင်းပခဲ့ခြင်းသည် တိုးတက်အောင်မြင်မှု တစ်ရပ် ဖြစ်ခဲ့သည်။ ပြီးခဲ့သော ဆယ်စုနှစ် တစ်ခုကဆိုလျှင် မြန်မာနိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီများသည် နိုင်ငံတကာ၏ နာမည်ပျက်စာရင်းကိုပင် မပယ်ဖျက်နိုင်ခဲ့ပေ။ ကော်ပိုရိတ် လူမှုတာဝန်၏ ဆောင်ပုဒ်ဖြစ်သော Doing well by doing good ဆိုသည့် အများကောင်းကျိုးဆောင်ပြီး မိမိကုမ္ပဏီလုပ်ငန်းကောင်းအောင်ကြိုးစားရန်အရေးကို လိုက်နာရန်မှာ ဝေးကွာလွန်းခဲ့သည်။

မြန်မာနိုင်ငံမှ အကြီးမားဆုံးကုမ္ပဏီအချို့သည် ယခုအခါ တရားဝင် ကော်ပိုရိတ် လူမှုတာဝန်လုပ်ငန်း လုပ်ဆောင်သောအဖွဲ့များ ထားရှိနေကြသည်။ စီးတီးမတ်သည် ဆင်းရဲသော ကျောင်းသားများအတွက် ပညာတော်သင်ဆု အစီအစဉ်များကို ပေးနေသည်။ ရွှေတောင်အုပ်စုသည် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအတွက် ရက်ရောစွာ ပေးကမ်းလျက်ရှိသည်။ တယ်လီနောသည် သူနှင့်အတူ လုပ်ဆောင်သော ကန်ထရိုက်လုပ်ငန်းခွဲများကို အလုပ်သမားများအား ဘေးကင်းလုံခြုံရေး ကိရိယာများ ပေးထားရန် တောင်းဆိုထားသည်။

သို့သော် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအတွက် မှန်ကန်စွာ လုပ်ဆောင်ကြရန် ဖိအားများ ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြား ကုမ္ပဏီများသည် ယင်းတို့နှင့်အတူ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းစံနှုန်းများကို သယ်ဆောင်လာကြသည်။

“နိုင်ငံခြား ကုမ္ပဏီတွေက သူတို့ရဲ့ လုပ်ရပ်တွေအတွက် အပြစ်တင် မခံချင်ကြသလို သူတို့နဲ့ တွဲလုပ်တဲ့ စီးပွားရေး ပါတနာတွေရဲ့ လုပ်ဆောင်မှုအတွက်လည်း အပြစ်တင် မခံချင်ကြဘူး”ဟု Myanmar Centre for Responsible Business ၏ ဒါရိုက်တာ မစ္စ ဗစ်ကီ ဘိုးမင်းက ပြောကြားသည်။

လှူဒါန်းပေးကမ်းမှုလုပ်ငန်း

ပြီးခဲ့သော သီတင်းပတ်က ကျင်းပခဲ့သော ဖိုရမ်တွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူခဲ့သူ မစ္စဘိုးမင်းသည် social responsibility ဆိုသည့် လူမှုရေး တာဝန်သိတတ်မှုဟူသော အသုံးအနှုန်းကို မသုံးခဲ့ပေ။

“ဒီအသုံးအနှုန်းကို လူအများအပြား အဓိပ္ပာယ် အမျိုးမျိုးနဲ့ နားလည်ထားကြတယ်။ တစ်စုံတစ်ယောက်က သူတို့ CSR အလုပ်တွေ အများအပြား လုပ်တယ်လို့ပြောရင် ကျွန်မတို့က မေးချင်ပါတယ်။ ရှင်တို့က တာဝန်သိတတ်မှု အများအပြားရှိတယ်လို့ ဆိုလိုတာလား၊ သေသေချာချာ ရှင်းပြပေးပါလို့ မေးရမယ်။ များသောအားဖြင့် သူတို့က  အလှူတွေ ပရဟိတအလုပ်တွေ အများအပြား လုပ်တာကို ဆိုလိုတာပါ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ပရဟိတအလှူလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြဿနာ မရှိခဲ့ပေ။ မြန်မာနိုင်ငံသည် ကမ္ဘာ့ပေးကမ်းမှုအညွှန်း World Giving Index အရ တစ်ဦးချင်း ပုဂ္ဂလိကအလှူပြုလုပ်မှုတွင် ကမ္ဘာပေါ်၌ ထိပ်ဆုံးမှ ဦးဆောင်နေသူ ဖြစ်သည်။ ယင်းမှာ ရှေးရိုးထုံးတမ်းအရ ဘုန်းတော်ကြီးကျောင်းများနှင့် အလှူဒါနပြုစရာ ကိစ္စရပ်များကို လှူဒါန်းသော ဓလေ့ကြောင့်သာ ဖြစ်သည်။

သို့သော် စီးပွားရေး လုပ်ငန်းများတွင် အလှူအတန်းနှင့် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်မှုသည် အသွားနှစ်ဘက်ပါ ဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်ဟု မစ္စဘိုးမင်းက ဆိုသည်။

စစ်အစိုးရ လက်ထက်တွင် စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီးများသည် ကျေးရွာများနှင့် ဘုန်းတော်ကြီး ကျောင်းများကို အလှူအတန်းများ ပြုလုပ်သည်၊ ထို့နောက် အခြေခံလူတန်းစားများ၏ လူကြိုက်များမှုကို အသုံးချပြီး အကျင့်ပျက် ခြစားမှုများကို ဖုံးကွယ်ထားလေ့ ရှိကြသည်။ အစိုးရသည်လည်း ကုမ္ပဏီများကို စာသင်ကျောင်းများ၊ ဆေးရုံများ ဆောက်လုပ်ခိုင်းမည်။ ထို့နောက် မလုပ်ဆောင်သူများကို စီးပွားရေး အခွင့်အလမ်းများ ချန်လှပ်ထားလေ့ ရှိသည်။

vicky_bowman.jpg

ဒါရိုက်တာ မစ္စ ဗစ်ကီ ဘိုးမင်းအား စက်တင်ဘာ ၁၉ ရက်က နေပြည်တော်၌ ကျင်းပသော ကော်ပိုရိတ် လူမှုတာဝန်ဆိုင်ရာ အာရှဖိုရမ်ပြင်ပ စီးပွားရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ – ပံ့ပိုး

MCRB ၏ အစီရင်ခံစာများတွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်ရမှုများ တဖြည်းဖြည်းချင်း တိုးပွားလာလျက်ရှိသည်ဟုဆိုသည်။ ကုမ္ပဏီအများအပြားသည် ပိုမို တာဝန်သိသော လုပ်ငန်းများအဖြစ် ရပ်တည်ရန် ဆန္ဒရှိလာကြသည်။ ယင်းမှာ မြန်မာနိုင်ငံ၏ အကျင့်ပျက် ခြစားမှုနှင့် ခရိုနီလုပ်ထုံးလုပ်နည်းများကို ပယ်ဖျက်ရန် ဖြစ်သည်။

သို့သော် မစ္စဘိုးမင်းက သုံးသပ်သည်မှာ မြန်မာနိုင်ငံမှ ကုမ္ပဏီများသည် တာဝန်သိလုပ်ငန်းစဉ်၏ လုပ်ထုံး စံနှုန်းများတွင် ပရဟိတလုပ်ငန်း လုပ်ဆောင်ခြင်းနည်းလမ်းကိုသာ အသုံးပြုနေကြသေးသည်ဟု ဆိုသည်။ ကုမ္ပဏီများသည် ယင်းတို့၏ လုပ်ငန်းများတွင် အလှူအတန်းနှင့် ပရဟိတ လုပ်ငန်းအစီအစဉ်များကို ထည့်သွင်းထားကြသော်လည်း ယင်းတို့၏ ပင်မလုပ်ငန်းတွင် ယုံကြည်ရမှုနှင့် ပွင့်လင်းမြင်သာမှုတို့မှာ လိုအပ်နေဆဲ ဖြစ်သည်။

ကောင်းတာလုပ်ဖို့ သင်ယူမှု

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ကော်ပိုရိတ် လုပ်ငန်းသမိုင်းကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ကောင်းမွန်သော ကနဦးခြေလှမ်းကို စတင်လှမ်းနေပြီဟု Yoma Strategic Holdings ၏ ကော်ပိုရိတ် လူမှုတာဝန်ဆိုင်ရာ ကော်မတီ၏ အကြီးအကဲ မစ္စတာ မာတင်ပန်းက ပြောကြားသည်။ Yoma Strategic Holdings သည် စင်ကာပူနိုင်ငံတွင် စတော့အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီတစ်ခု ဖြစ်သည်။

“ကော်ပိုရိတ် ပိုင်ရှင်တွေက အလှူအတန်းတွေ ပြုလုပ်လာတာ အတော်ကြာပါပြီ။ ဒါကို ကော်ပိုရိတ် မူဝါဒအဖြစ် ချမှတ်လုပ်ဆောင်လာတာ ၁၀ နှစ်လောက်တောင် ရှိပါပြီ” ဟု ၎င်းက ပြောကြားသည်။

ယခုနှစ် AFCSR ၏ အနှစ်သာရမှာ ကော်ပိုရိတ်လုပ်ငန်းကြီးများ၏ လူမှုရေးဆိုင်ရာ တီထွင်ကြံဆမှုများ ဟူ၍ ဖြစ်သည်။ ယင်းမှာ ကုမ္ပဏီများနှင့် လူ့အဖွဲ့အစည်းများကြား အတူမျှဝေ ခံစားကြသော တန်ဖိုးများကို ရှာဖွေရန် နည်းလမ်းများ ဖြစ်သည်။ ဆွေးနွေးပွဲ၏ ခေါင်းစဉ်များတွင် ‘ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာ၌ နည်းပညာ၏ အရေးပါမှု’၊ ‘တီထွင်ဆန်းသစ်သူများကို အားပေးခြင်း၊ ထောင်စုနှစ်အတွင်း ကမ္ဘာကြီး၏ ပြောင်းလဲလာမှုများ’ တို့ကို ဆွေးနွေးခဲ့ကြပြီး အိန္ဒိယနိုင်ငံမှ ကျောင်းသားလေးတစ်ဦးက ယာဉ်မောင်းစဉ် အရက်မသောက်သုံးစေရန် ကားအတွင်း အရက်သောက်သုံးမှု တိုင်းတာကိရိယာတစ်ခု တီထွင်ပုံကို ရိုက်ကူးထားသော ဗီဒီယိုကို ပြသပေးခဲ့သည်။ 

dg_1.jpg

ဧရာဝတီတိုင်းဒေသကြီးမှ ရေလွှမ်းသည့်ဒေသများသို့ ပို့ဆောင်မည့် ကယ်ဆယ်ရေးပစ္စည်းများကို ၂၀၁၅ သြဂုတ်လတွင် စေတနာ့ဝန်ထမ်းများက သယ်ပို့နေစဉ်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

မစ္စတာ ပန်းက မြန်မာနိုင်ငံတွင် ထိုသို့သော တီထွင်ဆန်းသစ်မှုများ မရှိသေးကြောင်းဆိုသည်။

“ဆွေးနွေးပွဲမှာ တင်ပြတဲ့ စိတ်ကူးစိတ်သန်းတွေ အများအပြားက မြန်မာနိုင်ငံမှာ အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။ တချို့ကတော့ ဖြစ်မလာနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အအုံကြောင့်ပါ။ မြန်မာနိုင်ငံမှာ မရရှိနိုင်သေးတဲ့ နည်းပညာတွေကြောင့်ပါ။ မြန်မာနိုင်ငံမှာ လူဦးရေ အတော်များများက လျှပ်စစ်ကို မရရှိသေးတာနဲ့ လူအများအပြားက အစားအစာနဲ့ နေစရာ မလုံလောက်ကြသေးတာကို မေ့ထားလို့မရပါဘူး” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ၌ အင်အားတောင့်တင်းသော ပြည်တွင်းဖွံ့ဖြိုးရေးနှင့် ကူညီထောက်ပံ့ရေး အခြေစိုက်အဖွဲ့အစည်းများ လိုနေပါသေးသည်။ ယင်းအဖွဲ့အစည်းများဖြင့် ကော်ပိုရိတ် လူမှုတာဝန်ဆိုင်ရာ အစီအစဉ်များကို လုပ်ဆောင်ရမည်ဖြစ်သည်။

စီးတီးမတ်သည် ၂၀၁၃ ခုနှစ်တွင် City Love and Hope Foundation အဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။ သို့သော် ယင်းသည် အစဦးပိုင်းတွင် အဖွဲ့အစည်းက တိုက်ရိုက် ငွေကြေးမထောက်ပံ့ခဲ့ဘဲ ပြည်တွင်းမှ အင်န်ဂျီအိုအဖွဲ့အစည်းများနှင့်သာ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

မူလရည်မှန်းသည့် အစီအစဉ်သည် တည်ထောင်ထားသည့် ထောက်ပံ့ရေးအဖွဲ့အစည်းများက ရေရှည်ဆက်သွားမည့် ရိုးစင်းသော သတင်းဖြန့်ဝေမှုမျှသာ မဟုတ်ဘဲ အပြောင်းအလဲတို့ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ကောင်း၏ဟူ၍  ယုံကြည်သောကြောင့် ဖြစ်ကြောင်း City Mart Holding Co ၏ ဥပဒေ အတိုင်ပင်ခံ မစ္စတာ ရိုဘင် စကော့က ပြောကြားသည်။

“ကျွန်တော်တို့ (လုပ်ငန်းစီမံချက်တွေကို) ထောက်ပံ့နေတာတွေ ရပ်ပစ်ရဖို့ တွေ့ရှိလာတယ်။ အဲဒီမှာ ခိုင်မာတောင့်တင်းတဲ့ ရေရှည်သွားမယ့် ပုံစံတွေ ကောင်းကောင်း မရှိသေးပါဘူး”ဟု စကော့က ဆိုသည်။

နောက်တဆင့်ခြေလှမ်း

မည်သို့သော စိန်ခေါ်မှုများ ရှိနေစေကာမူ ကော်ပိုရိတ် လူမှုတာဝန်သိတတ်မှု လုပ်ငန်းများသည် မြန်မာနိုင်ငံ၌ အလျင်အမြန် ဖွံ့ဖြိုးလာရန် လိုအပ်မည်ဖြစ်ကြောင်း မစ္စ ဘိုးမင်းက ပြောကြားသည်။

“ကုမ္ပဏီတွေက ငွေတွေကို လှူပစ်ဖို့ချည်း မစဉ်းစားသင့်ပါဘူး။ ဥပဒေကို လိုက်နာဖို့လည်း သူတို့ စဉ်းစားသင့်ပါတယ်။ အလှူအတန်းပေးဖို့သာ စဉ်းစားနေရင် လူ့အဖွဲ့အစည်းအတွင်းမှာ တဘက်သားအပေါ် မှီခိုချင်တဲ့ ဓလေ့စရိုက်တွေ ထွန်းကားသွားစေနိုင်ပါတယ်။ အများပြည်သူဝန်ဆောင်မှုတွေမှာ အားဖြည့်ပေးတဲ့ စာသင်ကျောင်း ဆောက်လုပ်ခိုင်းတာမျိုး ကုမ္ပဏီတွေကို လုပ်ခိုင်းမယ်ဆိုရင်လည်း ဒါက အစိုးရအတွက် မကောင်းပါဘူး” ဟု ၎င်းက ပြောသည်။

မစ္စတာပန်းကလည်း ၎င်း၏စကားကို ထောက်ခံပါသည်။ ယင်းပြဿနာသည် မြန်မာနိုင်ငံ တစ်ခုတည်းတွင် ဖြစ်ပွားနေခြင်း မဟုတ်ဟု မစ္စတာပန်းက ဆိုသည်။

“ကမ္ဘာတစ်ဝှမ်းမှာ စီးပွားရေး လုပ်ငန်းရှင်အများစုက CSR ကို သေသေချာချာ နားလည်နိုင်ဖို့ အခက်တွေ့နေကြတယ်။ သူတို့က CSR လုပ်ငန်းဟာ မိမိ အကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုတာကိုပဲ  သက်သေပြလိုကြတယ်။ သူတို့က ပရဟိတ အလုပ်တွေကိုပဲ အာရုံစိုက်နေကြတယ်။ မျှဝေခံစားနိုင်တဲ့ တန်ဖိုးတွေကို မစဉ်းစားမိကြဘူး” ဟု ၎င်းက ပြောကြားသည်။

ဝေမျှခံစားသော တန်ဖိုးဆိုသည်မှာ ကုမ္ပဏီများသည် ယင်းတို့ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေး လုပ်ငန်းတွင် တာဝန်သိစွာ လုပ်ကိုင်စီးပွားရှာခြင်းကို ဆိုလိုသည်။ ယင်းတို့ အကောင်းဆုံး လုပ်ဆောင်နိုင်သော လုပ်ငန်းကို လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ အလှူအတန်းချည်း ပြုလုပ်ပေးခြင်းမျိုး မဟုတ်ပေ။

ဥပမာအားဖြင့် ဆိုရလျှင်မူ City Love and Hope Foundation ၏ နောက်ဆုံးပြုလုပ်သော အစီအစဉ်သည် ဆင်းရဲသော ကျောင်းသူကျောင်းသားများကို ပညာတော်သင်ဆုများ ပေးအပ်ခြင်း ဖြစ်သည်။ ထိုကျောင်းသားများ ဘွဲ့ရလာသောအခါ စီးတီးမတ်တွင် အလုပ်ခန့်ထားခြင်းမျိုး ဖြစ်သည်။

“ဒါမျိုးက ပရဟိတလုပ်ငန်းချည်းသက်သက် မဟုတ်ဘူး။ ကျွန်တော်တို့အတွက် မန်နေဂျာတွေ ရလာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်ဆီမှာ မလုပ်မနေရတော့ မဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ မလုပ်ချင်လည်း ဘာပြဿနာမှ မရှိပါဘူး” ဟု စကော့က ဆိုသည်။

“ဒီလို အတွေးအခေါ်မျိုးတွေက လူတွေကြား အတော်ပြန့်နှံ့နေပါပြီ။ တချို့ မလုပ်နိုင်သေးတဲ့ ကုမ္ပဏီတွေ ရှိသလို စတင်လုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေလည်း ရှိနေပါပြီ”ဟု မစ္စ ဘိုးမင်းက ဆိုသည်။

မစ္စတာပန်းကမူ ရေရှည်တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည် ယင်းတို့၏ ထုတ်ကုန်များကို ပိုမိုအာရုံစိုက်သင့်သည်ဟု ဆိုသည်။ ထိုသို့ဖြင့် နိုင်ငံ၏ အခြေခံ အဆောက်အအုံများ တိုးတက်လာနိုင်ပြီး ကျွမ်းကျင်လုပ်သား အင်အားများလည်း တိုးပွားလာမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရေတိုတွင်မူ ကုမ္ပဏီအများအပြားသည် ကောင်းမွန်စွာ လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်း တိုးတက်အောင် လုပ်ဆောင်ခြင်းကို သင်ယူလာကြမည် ဖြစ်သည်။

အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ၊ လုပ်ငန်းခွင် သင်တန်းများ၊ အသေးစား ချေးငွေလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်း အထောက်အပံ့များနှင့် တောင်သူလယ်သမားများကို ထောက်ပံ့ပေးခြင်း စသည်တို့သည် အတိုင်းအတာ တစ်ခုဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေပြီဟု မစ္စတာပန်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သော ကော်ပိုရိတ် လူမှုတာဝန်ဆိုင်ရာ အာရှဖိုရမ်သို့ တက်ရောက်လာသော Yoma Strategic Holdings နှင့် First Myanmar Investment မှ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဆာ့ချ်ပန်း အပါအဝင် ကိုယ်စားလှယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ပံ့ပိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.