A Myanmar army base burns on a bank of the Thanlwin (Salween) River, as seen on April 27 from Mae Sam Laep town in Thailand's Mae Hong Son province, after the base was captured by KNU soldiers. (Kawthoolei Today / AFP)
ဧပြီ၂၇ရက်က ကေအင်န်ယူက တိုက်ခိုက်ပြီးနောက် မီးလောင်ကျွမ်းနေသော သံလွင်မြစ်ကမ်းပေါ်က မြန်မာ့တပ်မတော် စစ်စခန်းတစ်ခုကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့ဆမ်လပ်မြို့ဘက်အခြမ်းမှ မြင်တွေ့ရစဉ်။ (Kawthoolei Today / အေအက်ဖ်ပီ)

ကေအင်န်ယူ ထိန်းချုပ်နယ်မြေကို တပ်မတော်က လေကြောင်းထိုးစစ်ဆင်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)၏ သံလွင်မြစ်ကမ်းအနီးရှိ တပ်မတော်စစ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့် တပ်မတော်က ကေအင်န်ယူထိန်းချုပ်ရာဒေသများကို လေကြောင်းမှတစ်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

အေအက်ဖ်ပီ

မြန်မာနိုင်ငံအတွင်း၊ ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံ(ကေအင်န်ယူ) ထိန်းချုပ်နယ်မြေအတွင်းမှ သေနတ်သံများကြားရပြီးနောက် တပ်မတော်က လေကြောင်းစစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦးက ယခုအပတ်၊ ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

မြန်မာနိုင်ငံအတွင်း အထင်ရှားဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှတစ်ဖွဲ့ဖြစ်သည့် ကေအင်န်ယူသည် ဖေဖော်ဝါရီ၁ရက်က စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး ကန့်ကွက်ရှုံ့ချသည့် အဖွဲ့အစည်းများအနက်မှ တစ်ခုလည်းဖြစ်သည်။

၂၀၁၂ကတည်းက တပ်မတော်နှင့် ကေအင်န်ယူတို့အကြား အပစ်အခတ်ရပ်စဲရေးသ‌ဘောတူညီချက်များရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ထိုင်းမြန်မာနယ်စပ်တစ်လျှောက်တွင် ၎င်းတို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာသည်။

စစ်ကောင်စီသည် လွန်ခဲ့သည့်လက ကေအင်န်ယူထိန်းချုပ်နယ်မြေများကို လေကြောင်းမှစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ယင်းလေကြောင်းစစ်ဆင်မှုများသည် နှစ်ပေါင်း၂၀ကျော်အတွင်း ကရင်ပြည်နယ်တွင် ပထမဆုံးအကြိမ် ပြန်လည်စတင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၄,၀၀၀ခန့် ၎င်းတို့၏ နေရပ်ကိုစွန့်ခွာကြရပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရသည်။

ထိုင်း-မြန်မာနယ်စပ်မျဉ်းကို ပိုင်းခြားထားသည့် သံလွင်မြစ်ကမ်းပေါ်ရှိ တပ်မတော်စစ်စခန်းအချို့ကို ကေအင်န်ယူတပ်မဟာ(၅)က အင်္ဂါနေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ယင်းကို တုန့်ပြန်သည့်အနေဖြင့် တပ်မတော်က ကေအင်န်ယူကို လေကြောင်းစစ်ဆင်ရေးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဗုဒ္ဓဟူးနေ့ မနက် ၉နာရီဝန်းကျင်ခန့်တွင် တပ်မတော်က ထိုနေ့မတိုင်မီတစ်ရက်က လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်နေရာ၏မြောက်ဘက်တွင်တည်ရှိသော ဓားကွင်းအခြေစိုက်စခန်းအနီး သေနတ်သံနှင့် ပေါက်ကွဲသံများ ထပ်မံကြားခဲ့ရကြောင်း သိရသည်။

“မြန်မာစစ်သားတွေဟာ သူတို့ရဲ့ အခြေစိုက်စခန်းတွေကို ကာကွယ်ဖို့ ပစ်ခတ်ခဲ့တယ်လို့ ယူဆရပါတယ်”ဟု ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး ဆီသီချိုင်း ဂျင်ဒါလူအန်က ကြေညာချက်တစ်ခုတွင် ပြောသည်။

ထို့နောက်မြန်မာစစ်လေယာဉ်နှစ်စင်းသည် “လေကြောင်းတိုက်ခိုက်မှုနှင့် ဝေဟင်မှသေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး” ယင်းနောက်တွင် မွန်းတည့်အချိန်ဝန်းကျင်တွင် ရဟတ်ယာဉ်များမှ ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဟု ၎င်းကဆိုသည်။ 

ယင်းတိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၆၈ဦး နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ ခိုလှုံရန် ဧပြီ၂၈ရက် မနက်ပိုင်းက ဝင်ရောက်လာကြသည်ဟု အဆိုပါအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

တပ်မတော်နှင့်ကေအင်န်ယူတို့အကြား တိုက်ပွဲများကြောင့် ဧပြီ၂၇ရက်၊ ညနေပိုင်းတွင် လက်ကောက်ဝတ်ဒဏ်ရာရရှိသည့် အသက်၄၅နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦး ဆေးကုသမှုခံယူရန် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည်။ အဆိုပါအမျိုးသား၏ ဒဏ်ရာသည် လက်ရှိတွင် သက်သာနေပြီဖြစ်ကြောင်းလည်း သိရသည်။

ကေအင်န်ယူ၏နိုင်ငံခြားရေးရာဌာနအကြီးအကဲ ဖဒိုစောတောနီက တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုများရှိခဲ့သည်ကို အတည်ပြုပြောဆိုခဲ့သော်လည်း ကေအင်န်ယူက ဧပြီ၂၈ရက်တွင် “မည်သည့်တိုက်ခိုက်မှုမှ မပြုလုပ်ခဲ့”ကြောင်း ဆိုသည်။

အရပ်သားများ‌နေထိုင်သည့်‌‌နေရာများကိုလည်း ပစ်မှတ်ထား၍ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းကဝေဖန်သည်။

“သူတို့တွေလက်တုံ့ပြန်ပုံ နည်းလမ်းမမှန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ကေအင်န်ယူရဲ့ တိုက်ခိုက်နိုင်မှုစွမ်းအားနဲ့ယှဉ်ရင်မမျှတပါဘူး”ဟု ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“တပ်မတော်အနေနဲ့က စစ်သားတွေကို ပစ်မှတ်ထားဖို့လိုတယ်။ အခုတော့ အရပ်သားတွေဒဏ်ရာရတာတွေ မြင်တွေ့နေရပါတယ်”ဟု ဖဒိုစောတောနီကပြောသည်။

ဗုဒ္ဓဟူးနေ့က တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသူမည်မျှရှိသည်ကို ထိုင်းတာဝန်ရှိသူသာမက ကေအင်န်ယူကပင် အတည်ပြုနိုင်ခြင်းမရှိပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.