ကိုဗစ်ကြောင့် အရှေ့တောင်အာရှ စီးပွားရေးကျနေသော်လည်း လာမည့်နှစ် ဂျီဒီပီ ပြန်တက်နိုင်ဖွယ်ရှိကြောင်း ICAEW ခန့်မှန်း

ရန်ကုန်

ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်ကြောင့် ယခုနှစ်၏ ပထမနှစ်ဝက်အတွင်း ကျဆင်းနေသော အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးကဏ္ဍများသည် အစိုးရများ၏ အခွန်အခလျှော့ပေါ့ပေးမှုများ၊ အတိုးနှုန်းလျှော့ပေးခြင်းများ၊ ဖြေလျော့ပေးသော အချို့ ကိစ္စရပ်များကြောင့်လာမည့်နှစ်တွင် ၈ ရာခိုင်နှုန်းအထိ ပြန်လည် တိုးတက်ဖွံ့ဖြိုးလာနိုင် သည်ကြောင်း ကမ္ဘာကျော်စာရင်းအင်းအဖွဲ့တစ်ခုဖြစ်သော ICAEW က ထုတ်ပြန်သည့် အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့ထိပ်တန်း အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Oxford Economics မှ ထုတ်ဝေသည့် အစီရင်ခံစာဖြစ်သော Coronavirus global outlook: After the outbreak တွင် ကိုဗစ်-၁၉ ပြန့်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုညွှန်းကိန်းသည် ယခုနှစ်အတွင်း ၄.၇ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားသည်။

ယင်းမှာ ၂၀၀၈ ခုနှစ် တွင်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ငွေကြေးအခက်အခဲ ပြဿနာ၏ နှစ်ဆကျော်ထိခိုက်မှုဖြစ်ပြီး ကမ္ဘာ့စစ်အပြီး သမိုင်းကြောင်းတွင် အကြီးမားဆုံး သော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အလားတူ အရှေ့တောင်အာရှနိုင်ငံများ၏ စီးပွားရေးကဏ္ဍအများစုသည် ယခုနှစ်၏ ပထမနှစ်ဝက် အတွင်း ၁.၉ ရာခိုင်နှုန်းမှတ်တမ်းအထိ အများအပြား ကျဆင်းသွားနိုင်မည်ဖြစ်သည်။

အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံနှင့် မြို့များကို ရောဂါကူးစက်မှု အခြေအနေအလိုက် အသွားအလာ ကန့်သတ်ပိတ်ဆို့ခြင်းများ ပြုလုပ်လိုက်ခြင်းဖြင့် ပြည်တွင်းထုတ်ကုန်လိုအပ်မှုကို ရေရှည်လျှော့ချနိုင်သည်။

နိုင်ငံအတော်များများသည် ပြည်တွင်း၌လိုအပ်နေသည့် အစားအသောက်ထုတ်လုပ်မှုကို ဖြည့်ဆည်းထား နိုင်ရန် ပြည်ပသို့ တင်ပို့ခြင်းကိုများစွာ ကန့်သတ်လိုက်ရာ ပြည်ပပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးမှုကို ရပ်တန့်လိုက်သကဲ့သို့ ဖြစ်ခဲ့သည်။

နိုင်ငံ၏ စီပွားရေးဖွံ့ဖြိုးတိုးတက်မှု ၂၀ ရာခိုင်နှုန်းကို ယခု ကမ္ဘာ့ကူးစက်ရောဂါပြန့်နှံ့မှု၏ အဓိကရိုက်ခတ်ရာဖြစ်သော ခရီးသွားလုပ်ငန်းပေါ်တွင် မှီခိုနေရသော ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှ စီးပွားရေး ကဏ္ဍအတွင်း အထိအနာ ဆုံးဖြစ်လာမည်ဟု ခန့်မှန်းရသည်။

တစ်ဖက်တွင်လည်း အရှေ့တောင်အာရှဒေသအတွင်းရှိ အခြားနိုင်ငံများနှင့် ယှဉ်ပါက ရောဂါကာကွယ်ရေးလုပ်ငန်းများ အရေးယူလုပ်ဆောင်မှု မြန်ဆန်ခဲ့သော ဗီယက်နမ်နိုင်ငံသည် ထိခိုက်မှုအနည်းဆုံးနိုင်ငံအဖြစ် ဖွံ့ဖြိုးလာမည်။ သို့သော်လည်း ကုန်စည်စီးဆင်းမှုများ ကျဆင်းသွားခြင်း၏ နောက်ဆက်တွဲကိုမူ ဗီယက်နမ်လည်း ခံစားရမည်ဖြစ်သည်။

အရှေ့တောင်အာရှစီးပွားရေးကဏ္ဍအပေါ် သက်ရောက်သောဆိုးကျိုးများသည် ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ သွင်းကုန်လိုအပ်မှုများ၊ ကမ္ဘာလုံးဆိုင်ရာ ကုန်စည်စီးဆင်းမှုများ တဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာခြင်းအပြင် ခရီးသွားလုပ်ငန်းများကို မှီခိုအားထားနေရသော စီးပွားရေးကဏ္ဍများပါ ဖြည်းဖြည်း နှေးနှေး ပြန်လည်၍ နဂိုမူလအခြေအနေသို့ ရောက်ရှိလာခြင်းများကြောင့် အချိုးအကွေ့တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

ဒေသတွင်း နိုင်ငံ့အစိုးရများ၏ အခွန်အခလျှော့ပေ့ါပေးမှုများ၊ ချေးငွေအတိုးနှုန်း လျှော့ပေးမှုများ၊ အချို့သော စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လျော့ပေ့ါပေးမှုများကြောင့်လည်း စီးပွားရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမှုကို အထောက်အကူပြုမည် ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းသည် တဖြည်းဖြည်းဖြင့် ပျမ်းမျှ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ဖွယ်ရှိ သည်။

“ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ စီးပွားရေးကျဆင်းမှု အပြီးမှာ ဒီကပ်ဘေးဟာ ရာသီဥတုနဲ့ဆိုင်တဲ့ အရေးပေါ်ကိစ္စတွေ၊ ဇီဝမျိုးကွဲပျက်ဆီးမှုတွေနဲ့ မတရားမှုတွေတိုးမြင့်လာတာတွေ အစရှိတဲ့ ဆိုးကျိုးပေါင်းများစွာကို ပေါ်လွင်ထင်ရှား လာစေမှာဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော်တို့ လုပ်ဆောင်မယ့် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေမှာ သဘာဝ တရား၊ လူနေမှုနဲ့ စီးပွားရေးကို ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် ဖြေရှင်းနည်းတွေကို ထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်” ဟု ICAEW Regional Director, Greater China and South-East Asia ဖြစ်သူ Mark Billington ကပြောသည်။

“ဒေသတွင်းနိုင်ငံတွေက တဖြည်းဖြည်းချင်း တိုင်းပြည်မှာ ကန့်သတ်ထားတဲ့ အချက်တွေကို လျှော့ချ လာတာပြီး စီးပွားရေးကို ပြန်လည်ဖွင့်ပေးလိုက်တာနဲ့အမျှ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ လုပ်ငန်းတွေဟာ အသစ် ဖြစ်လာတဲ့ “ဓလေ့သစ်နေထိုင်မှု”ကို လိုက်လျော ညီထွေဖြစ်အောင် လုပ်ကိုင်လာရမှာဖြစ်ပါတယ်၊ ဒီလိုမှသာ ကပ်ဘေးအပြီး ကမ္ဘာဟာ ရေရှည်အကျိုးရှိတဲ့ ဖွံ့ဖြိုးမှုနဲ့ လုပ်ဆောင်မှုတွေကို ရရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံသည် ရောဂါပြန့်ပွားမှုကို ကောင်းမွန်စွာထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့် အဆိုးဆုံးအခြေအနေမှ လွန်မြောက်ခဲ့ပြီဟု ဆိုနိုင်သည်။ အစိုးရ၏ ဥပဒေရေးရာ ခိုင်မာစွာကိုင်တွယ် ဖြေရှင်းခြင်းများကြောင့် ဝယ်ယူလိုအား ပြန်လည် ကောင်းမွန်လာခြင်း၊ ကုန်ကြမ်းတင်သွင်းမှုများ အခက်အခဲကိုလျှော့ချခြင်း၊ လုပ်ငန်းကဏ္ဍအသစ်များနှင့် အခြေခံ အဆောက်အဦများအတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များကိုတိုးမြှင့်ခြင်းများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ တဖြည်းဖြည်းချင်းရရှိလာမည်ဟု မျှော်မှန်းထားသည်။

လက်ရှိလုပ်ဆောင် နေသည့် အခွန်အခလျှော့ချမှုများနှင့် အတိုးနှုန်းလျှော့ချမှုများသည် အချို့သောကဏ္ဍများကို ဦးတည်ပြီး သေးငယ်သောပမာဏဖြစ်သည်ဆိုသော်ငြား စီးပွားရေးပြန်လည်ဦးမော့လာစေမည့် အချက်များဖြစ်သည်။

၂၀၂၀ ခုနှစ်၏ စီးပွားရေးတိုးတက်မှုညွှန်းကိန်းကို ဝ.၈ ရာခိုင်နှုန်းမျှ အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက်မူ ၈.၅ ရာခိုင်နှုန်းဖြစ်ကာ ပြည်တွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ဦးမော့လာစေရန် ကူညီနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံပြန်လည်လုပ်ငန်းလည်ပတ်လာခြင်းက ဒေသတွင်း အခြား စီးပွားရေးကဏ္ဍများပါ ပြန်လည်ဦးမော့လာနိုင်ဖို့ လက္ခဏာဖြစ်ကြောင်း Mark Billington က ပြောသည်။

“၂၀၂၀ ဒုတိယနှစ်ဝက်မှာ ပြန်ပြီး ကောင်းမွန်လာတဲ့ စီးပွားရေးဟာ ပထမနှစ်ဝက်မှာ ဆုံးရှုံးထားတာတွေကိုတော့ ကာမိမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ကတော့ တကမ္ဘာလုံးရဲ့ စီးပွားရေးတိုးတက်မှုညွှန်းကိန်းကို ရောဂါပိုးမတိုင်ခင် မူလအခြေအနေအထိ ပြန်ရောက်ဖို့ဆိုရင် ၂၀၂၁ ခုနှစ် နှစ်လည်လောက်မှ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်၊ နဂိုမူလရှိခဲ့တဲ့ နှေးကွေးသွားတဲ့ လုပ်ငန်းဈေးကွက်တွေရဲ့ ဆုံးရှုံးသွားခဲ့တဲ့ စီးပွားတိုးတက်မှုတွေကို အလျင်အမြန်ကြီးထွားလာတဲ့ ဈေးကွက်တွေက ဖြည့်တင်းပေးနိုင်နေချိန်မှာ ဒေသ နိုင်ငံတစ်ခုစီကလည်း သူတို့သက်ဆိုင်ရာ စီးပွားပျက်ကပ် အခက်အခဲတွေရဲ့ အတိမ်အနက်နဲ့ ဘယ်လို နည်းလမ်းတွေကနေ ပြန်ပြီး ဦးမော့လာဖို့ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အားသာချက်တွေကို သိရှိလာမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၌ အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သော ICAEW ၏ Virtual Economic Forum တွင် အာဆီယံနိုင်ငံများ၏ စီးပွားရေးကို ကိုဗစ်-၁၉ က မည်သို့သက်ရောက်စေခဲ့သည်ဆိုသည်ကို လုပ်ငန်းနယ်ပယ် အသီးသီးမှ ဦးဆောင်သူများ ပါဝင်ဆွေးနွေးခဲ့ကြပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရေရှည်သက်ရောက်မှုများ ကို အဓိကထားကာ ရောဂါပြန့်နှံ့မှုအပြီး ဓလေ့သစ်ကာလတွင် စီးပွားရေး လုပ်ငန်းများ မည်သို့ ချိန်ညှိလုပ်ဆောင် ကြမည်ဆို သည်များကိုပါ ဆွေးနွေးခဲ့သည်။

ယင်းစကားဝိုင်း ဆွေးနွေး ပွဲကို Business Development, V3 Group Professor of Family Entrepreneurship ၏ ဒုတိယဥက္ကဌ၊ Singapore Management University ၏ ငွေကြေး(လက်တွေ့အသုံးချ)ဘာသာရပ် ပါမောက္ခဖြစ်သူ Annie Koh က ဦးဆောင်ဆွေးနွေးခဲ့သည်။

The British Business Group Vietnam ၏ သဘာပတိနှင့် British University Vietnam ဌာနမှူးဖြစ်သူ Christopher Jeffery ၊ Department for International Trade, British High Commission ၏ ဌာနေအုပ်ချုပ်သူ Justinian Habner ၊ Maybank Investment Bank ၏ Chief Economist ဖြစ်သူ Suhaimi bin Ilias တို့က ပါဝင်ဆွေးနွေးခဲ့သည်။

Mr Ilias ၏ စီးပွားရေးကဏ္ဍဆိုင်ရာ ရှင်းလင်းပြောကြားချက်အပြီးတွင် ပါဝင်ဆွေးနွေးသူများမှ အရှေ့တောင် အာရှဒေသ၏ စီးပွားရေးကဏ္ဍကို ကမ္ဘာ့ကပ်ဘေး ကူးစက်ရောဂါက မည်သို့ သက်ရောက်စေသည်ဆိုသည့် အချက်အပေါ် မိမိတို့အမြင်များနှင့် မည်သို့ကုစားနိုင်မည်ဆိုသည်ကို ဆွေးနွေးခဲ့ကြသည်။

အရှေ့တောင်အာရှ ဒေသအတွင်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံတကာကုမ္ဗဏီများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရှိနေခြင်းကြောင့် အခြေအနေများစွာက အလေးသာနေသည်။ သို့သော် Mr Jeffery က နိုင်ငံတကာမှ ဝယ်လိုအား လျော့ကျခြင်းကြောင့် ကုန်စည်တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်း ကွင်းဆက်အပါအဝင် ကုန်ထုတ်လုပ်မှု စက်ရုံ လုပ်ငန်းများကိုပါ ထိခိုက်လာနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။

Mr Habner ကလည်း ကိုဗစ်-၁၉ ကြောင့် နည်းပညာအားပြုသည့် လုပ်ငန်းများနှင့် ကုန်သွယ်မှု၊ စီးပွားရေးလုပ်ငန်းပုံစံကူးပြောင်းမှုနှင့် အခြားသော စွန့်ဦးတီထွင်ကဏ္ဍများကို ပိုမို အားထားလာနိုင်ကြသည့်အတွက် ကမ္ဘာ့ကပ်ဘေးအပြီး အခြေအနေကောင်းမွန် တိုးမြင့်လာနိုင်သည့် စီးပွားရေးအခွင့်အလမ်းများကို ဆွေးနွေးခဲ့သည်။

ပါမောက္ခ Annie Koh က ဆွေးနွေးပွဲကို စီးပွားရေးကဏ္ဍနှင့် လုပ်ငန်းများ ဓလေ့သစ်ကို လိုက်နာကူးပြောင်း ရန်အတွက် ယုံကြည်မှု၊ အရည်အချင်းနှင့် နည်းပညာများကို တည်ဆောက်အားဖြည့်ရန်ဆိုသည့် အဓိက မှတ်ချက် ၃ ချက်ဖြင့် ပိတ်သိမ်းခဲ့သည်။

Coronavirus global outlook: After the outbreak report အစီရင်ခံစာ အပြည့်အစုံကို ဤလင့်ခ်တွင် ဖတ်ရှုနိုင်သည်။ https://www.icaew.com/-/media/corporate/files/coronavirus/coronavirus-global-outlook-after-the-outbreak.ashx

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.