KOSPA ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း၏ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီ ဝယ်ယူ

တရုတ်နိုင်ငံ အခြေစိုက်  SF Holding CO., Ltd. (“SF Holding”) က KOSPA Limited ၏ ရှယ်ယာအသစ်များကို အမေရိကန်ဒေါ်လာ ၄ သန်းဖြင့် ဝယ်ယူလိုက်သည်ဟု Yoma Strategic Holdings Ltd. နှင့် Kokubu Group တို့က ကြေညာသည်။

မြန်မာနိုင်ငံအခြေစိုက် KOSPA သည် Yoma Strategic Holdings Ltd. နှင့် Kokubu Group တို့၏ ဖက်စပ်လုပ်ငန်းဖြစ်ပြီး ယခုအခါ SF Holding က KOSPA ၏ စုစုပေါင်းရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်လာမည် ဖြစ်သည်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအတွက် ငွေပေးချေပြီးနောက်တွင် KOSPA ၏ အစုရှယ်ယာ ၅၀ ရခိုင်နှုန်းကို Yoma Strategic မှ ဆက်လက်ပိုင်ဆိုင်နေမည်ဖြစ်ပြီး SF Holding နှင့် Kokubu တို့က ၂၅ ရာခိုင်နှုန်းစီ ပိုင်ဆိုင်မည် ဖြစ်သည်။ ရှယ်ယာရှင်အသစ်များ၏ သဘောတူညီချက်အရ KOSPA သည် Yoma Strategic ၏ လက်အောက်ခံကုမ္ပဏီတစ်ခု ဖြစ်လာမည်ဖြစ်သည်။

“SF Holding သည် တရုတ်နိုင်ငံတွင်  နောက်ဆုံးပေါ် ခေတ်မီနည်းပညာများဖြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများပေးနေသည့် လုပ်ငန်းများအနက် အကြီးဆုံးတစ်ခု ဖြစ်သည်။ ထပ်မံရရှိသည့် ဘဏ္ဍာငွေနှင့် ကျွမ်းကျင်မှုတို့ကြောင့် KOSPA သည် ဖောက်သည်များအတွက် ၎င်း၏ ဝန်ဆောင်မှုများကို တိုးချဲ့ လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်” ဟု Yoma Strategic ၏ အလုပ်အမှုဆောင်အရာရှိချုပ် Mr Melvyn Pun က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားသည်။

မြန်မာနိုင်ငံစီးပွားရေးတွင် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍသည် များစွာဖွံ့ဖြိုးတိုးတက်နိုင်သည့် အခြေအနေ ရှိသည့်အပြင် နိုင်ငံအတွင်း e-commerce လိုအပ်မှု များစွာရှိနေသည့်အတွက် ယခုလိုပူးပေါင်း လုပ်ဆောင်မှုက KOSPA အတွက် အခွင့်အလမ်းကောင်းများကို လက်လှမ်းမှီနိုင်စေမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

KOSPA သည် ကုန်ပစ္စည်းသိုလှောင်ခြင်းနှင့် မြန်မာနိုင်ငံတွင် ကြားခံထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများဖြစ်သည့် အအေးခန်းဝန်ဆောင်မှု၊ စာရင်းစီမံခန့်ခွဲမှုနှင့် ပို့ဆောင်ဆက်သွယ်ရေး အစရှိသည့် ဝန်ဆောင်မှုများကို ပေးအပ်နေသည်။ ယခု ပူးပေါင်းဆောင်ရွက်မှုကြောင့် KOSPA အနေဖြင့် ကုန်ပစ္စည်းပို့ဆောင်ခြင်းနှင့် ကုန်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ပို့ဆောင်ခြင်း အစရှိသည့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများကိုလည်း တိုးချဲ့လုပ်ဆောင်စေနိုင်မည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် SF Holding ၏ နည်းပညာကျွမ်းကျင် ပိုင်နိုင်မှုတို့ကို အသုံးပြု၍ ၎င်းတို့၏ ဝန်ဆောင်မှုအပိုင်းကို အားဖြည့်လုပ်ဆောင်သွားမည်ဟုလည်း ဆိုသည်။

“SF Holding ၏ နည်းပညာအတွေ့အကြုံ၊ ကမ္ဘာအနှံ့ ထောက်ပံ့ပို့ဆောင်ရေးကွန်ယက်နှင့် အခြားအတွေ့အကြုံတို့ဖြင့် KOSPAသည် ၎င်း၏ ရှိရင်းစွဲဝန်ဆောင်မှုများကို အားဖြည့်လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ပါသည်။  ကျွန်တော်တို့အနေဖြင့်လည်း နယ်စပ်ဒေသအပြင် တရုတ်နိုင်ငံနှင့် အာဆီယံဒေသများတွင် အမြန်ဝန်ဆောင်မှုများအတွက် ပူးပေါင်းလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေသွားမည်ဟု” KOKUBU Group Corporation ၏ Representative Director President နှင့် COO ဖြစ်သူ Mr Akira Kokubu က ပြောကြားသည်။

မြန်မာနှင့် တရုတ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့်အထိရှိပြီး အဆိုပါ ပမာဏသည် မြန်မာနိုင်ငံ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံစီးပွားဆက်ဆံမှု ပိုမိုကောင်းမွန်လာပြီး အနာဂတ်တွင် ကုန်သွယ်မှုတန်ဖိုးနှင့် ပမာဏမှာ ဆက်လက် မြင့်တက်ဖွယ်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်တို့ကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး KOSPA သည် SF Holding နှင့်အတူ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကြားရှိ နယ်စပ်ဒေသများ၊ အထူးသဖြင့် တရုတ်နိုင်ငံများအထိ ၎င်းတို့၏ ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန် လုပ်ဆောင်သွားမည်” ဟု Mr. Pun က ဆက်လက်ပြောကြားထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.