HRW ၏ ရခိုင်ကိစ္စ အစီရင်ခံစာပါ အချက်အလက်များ မှားယွင်းနေဟု အစိုးရ ပြန်ရှင်း

နေပြည်တော်၊ နိုဝင်ဘာ ၁၆

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေဟာ မှားယွင်းနေတယ်လို့ မြန်မာအစိုးရက ပြန်လည် ဖြေရှင်းလိုက်ပါတယ်။

“အခြေအနေမှန်နဲ့ ကင်းကွာနေတာတွေ့ရပါတယ်”လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်က သမ္မတအိမ်တော်ဝင်းအတွင်းမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

သူဟာ ဒီနေ့မှ ဖွဲ့စည်းလိုက်တဲ့ “နိုင်ငံတော်၏ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ”မှာ အတွင်းရေးမှူးတာဝန်ယူထားသူ ဖြစ်ပါတယ်။

ဒီကော်မတီဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး အချိန်နဲ့ တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်းတွေ ပြုလုပ်ဖို့ဖြစ်ပါတယ်။

ကော်မတီရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၃ ရက်နေ့က ထွက်ပေါ်ခဲ့တဲ့ HRW ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို ပြန်လည်ဖြေရှင်းခြင်းနဲ့ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားတဲ့ မောင်တောမြို့နယ်အတွင်း ကျေးရွာအချို့ရဲ့ မီးလောင်ကျွမ်းမှု အခြေအနေဖော်ပြချက်တွေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲနေတယ်လို့ ကော်မတီတာဝန်ရှိသူတွေက ကောင်းကင်ဓာတ်ပုံတွေနဲ့ တကွ ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

အစီရင်ခံစာမှာ ဝါးပိတ်ကျေးရွာက အိမ်ခြေ ၁၀၀ မီးလောင်ကျွမ်းတယ်လို့ ဆိုထားပေမယ့် မြေပြင်စာရင်းကောက်ယူတဲ့အခါ ၁၀၅ လုံးရှိကြောင်း၊ ကြက်ရိုးပြင်ကျေးရွာမှာတော့ နေအိမ် ၂၄၅ လုံး မီးလောင်ကျွမ်းတယ်လို့ ပြောပေမယ့် အမှန်တကယ် ပျက်စီးမှုက ၃၀ သာရှိကြောင်း၊ ပြောင်ပိုက်ကျေးရွာမှာ လည်း ၈၅ လုံး ပျက်စီးတယ်လို့ ဖော်ပြထားပေမယ့် နေအိမ် ၂၀ သာ အမှန်တစ်ကယ် မီးလောင်ကျွမ်းခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် HRW ရဲ့ အစီရင်ခံစာမှာ အိမ်ခြေ ၇၀၀ ကျော်ရှိတယ်လို့ ဖော်ပြထားပြီး ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားတယ်လို့ဆိုတဲ့ ဒါးကြီးဇားကျေးရွာကို မြေပြင်စာရင်း ကောက်ယူတဲ့အခါ အိမ်ခြေ ၃၀၀ ကျော်သာရှိတာ တွေ့ရပြီး မီးလောင်ပျက်စီး ဆုံးရှုံးမှုကလည်း အလုံး ၃၀ သာရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။

“HRW အစီရင်ခံစာပေါ်မူတည်ပြီးတော့ နိုင်ငံတကာမီဒီယာတွေမှာရော ပြောကြဆိုကြတာ ရှိပါတယ်။ လက်တွေ့က အခုပြထားတဲ့အတိုင်း မီးလောင်တဲ့ အခြေအနေမှန် ဖြစ်ပါတယ်။ တစ်ကယ်လို့ တပ်မတော်ရော အစိုးရရော ဘာမှ ကွယ်ဝှက်က်ထားခြင်းမရှိဘူးဆိုတာကို သက်သေပြခြင်းဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒီလိုရှင်းပြဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး လက်တွေ့မြေပြင်အခြေအနေ တွေဘယ်လိုရှိလဲဆိုတာ သိရှိနိုင်အောင် ရဟတ်ယာဉ်များနဲ့ ကောင်းကင်က ဓာတ်ပုံရိုက်ခြင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ခြင်းတွေကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဆောင်ရွက်ခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ရှင်းပြပါတယ်။

ဒ့ါအပြင် နေအိမ်မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ခြင်းမရှိဘဲ မီးလောင်ကျွမ်းမှုကို တွေ့ရှိရင် တပ်မတော်စစ်ကြောင်းတွေကို အကြောင်းကြားပြီး မီးငြိမ်းသတ်ပေးတာမျိုးတွေတောင် ရှိခဲ့တယ်ဆိုတာမျိုးကိုလည်း အစိုးရဖက်က ပြောကြားခဲ့ပါတယ်။

HRW ရဲ့ အစီရင်ခံစာအပါအဝင် နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေ၊ မီဒီယာအချို့ရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး “လက်တွေ့ဖြစ်ပျက်နေတဲ့ အမှန်တရားကို ဘာမှ ဖုံးကွယ်စရာမရှိပါဘူး။ စွပ်စွဲချက်တွေ မဟုတ်မမှန် ပြောကြားချက်တွေကို ပြန်ချေပဖို့ဆိုတာ အမှန်တရားနဲ့ပဲ ချေပလို့ရပါတယ်။ စွပ်စွဲချက်တွေပြောလည်း ယတိပြတ် ငြင်းဆိုတာမရှိပါဘူး။ သူတို့ပြောတဲ့ဟာတွေကို လက်တွေ့မှာ ပြန်လည် စိစစ်ပြီးတော့ အပြုသဘော ပူးပေါင်းဆောင်ရွက်ပြီးသွားတာ ဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ဆိုတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်အေးအေးစိုးကတော့ မောင်တောဖြစ်စဉ်တွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာမျိုးဖြစ်တယ်လို့ သုံးသပ်ပါတယ်။ အကြောင်းကတော့ စတင်ဖြစ်ပွားချိန်ဟာ ကုလသမဂ္ဂညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေအကြောင်း မဆွေးနွေးတော့ဖို့ ဆုံးဖြတ် လိုက်ချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ သူက ဆိုပါတယ်။

“အဲဒီဟာကို မလိုလားလို့ ဒီဖက်မှာပြန်ပြီးတော့ မဟုတ်သေးဘူး၊ မြန်မာအစိုးရက လုပ်နေပါတယ်။ သတ်နေပါတယ်ဆိုတာမျိုး မဖြစ်ဖြစ်အောင် ပြန်ပြီး ဖန်တီးသလို ဖြစ်နေတယ်” ဒေါ်အေးအေးစိုးက ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဖက်က တက်ရောက်လာတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဗိုလ်ချုပ်စိုးနိုင်ဦးကလည်း အင်အား၊ လက်နက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကို ပါဝင်ရှင်းလင်း ခဲ့ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ သူက “အစိုးရက ခွင့်ပြုတဲ့ အတိုင်းအတာအထိပဲ အခုလုပ်နေတဲ့ အနေအထားပါ”လို့ ဆိုပါတယ်။ လုံခြုံရေးတပ်ဖွဲ့ အင်အားအနည်းငယ် ကို အကြမ်းဖက်အင်အားစုအများအပြားက ဝိုင်းတိုက်ခိုက်လို့ ရဟတ်ယာဉ်သုံးစွဲရာမှာလည်း လက်နက်ကြီး၊ ဗုံးစသည်တို့ကို မသုံးစွဲပဲ စက်လတ်အမျိုးအစား စက်သေနတ်ဖြင့်သာ နှိမ်နင်းခဲ့တယ်လို့ သူက ပြောတယ်။

တပ်မတော်ကဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်နဲ့အညီ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်လျှက်ရှိတယ်လို့လည်း ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောတယ်။

HRW ရဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းစဉ် မီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးသွားတဲ့ အဆောက်အဦးတွေ ရှိနေကြောင်း၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေကြောင်း ပါဝင်ပြီး မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂကို ဖိတ်ခေါ်ပြီး စုံစမ်းစစ်ဆေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းသုံးခု ပြီးခဲ့တဲ့လက တိုက်ခိုက်ခံရပြီးနောက် စတင်ခဲ့တဲ့ ဒီပဋိပက္ခအတွင်းမှာ လုံခြုံရေးတပ်ဖွဲကတွေရဲ့ လက်နက် ၆၅ လက်ဆုံးရှုံးခဲ့ရပြီး ၂၆ လက်သာ ပြန်လည်ရရှိထားပါသေးတယ်။

ဒါ့အပြင် တပ်မတော်သား ခုနစ်ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ရပြီး အကြမ်းဖက်တိုက်ခိုက်သူ ၃၉ ဦး သေဆုံးကာ ၂၄၃ ဦး ဖမ်းဆီးရမိထားပြီး ဥပဒေနဲ့ အညီစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အစိုးရဖက်က ပြောကြားပါတယ်။

အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ အဲဒီဒေသတွင်းကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကာ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းမှုတွေ ဆောင်ရွက်နေပါတယ်။ စစ်ဆင်ရေးကာလ ဘယ်တော့ပြီးဆုံးမယ်ဆိုတာကတော့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့သူတွေအားလုံးကို တရားဥပဒေနဲ့အညီ အရေးယူနိုင်တဲ့အခြေအနေနဲ့ ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ပြန်လည်ရရှိမှုပေါ်မှာသာ မူတည်မယ်လို့ ဦးဇော်ဌေးက ပြောကြားထားဖူးပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.