ကိုဗစ် ၁၉ တိုက်ပွဲဝင်နွှဲသည့် အရန်မီးသတ်သူရဲကောင်းများ

အရန်မီးသတ်တပ်ဖွဲ့သည် စစ်အုပ်ချုပ်ရေးလက်ထက်က နာမည်ဆိုးတွင်ခဲ့သော်လည်း ယခုချိန်မှာတော့ ၎င်းတို့၏ မီးသတ်စွမ်းရည်များနှင့် ကပ်ရောဂါကာကွယ်တိုက်ဖျက်ရေးတို့၌ စွမ်းဆောင်မှုများကို ပြည်သူလူထုက ချီးမွမ်းထောပနာပြုနေကြပြီဖြစ်သည်။

ငြိမ်းဆုဝေကျော်စိုး ရေးသားသည်။

ဝေါ်ကီတော်ကီမှ အမိန့်ပေးသံများ ကျယ်လောင်စွာမြည်လာပြီး စေတနာ့ဝန်ထမ်း မီးသတ်သမား ငါးဦးမှာ ရုတ်တရက် တပ်လှန့်လိုက်သကဲ့သို့ သက်ဝင်လှုပ်ရှားလာသည်။

“နှင်းဆီမှ Level 2 ယာဉ်အုပ်စုများ မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် မီးလောင်မှုထွက်ပါ” ဟူ၍ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ အမိန့်ပေးအကြောင်းကြားလိုက်သည်။

စမ်းချောင်းမြို့နယ် (မြောက်) အရန်မီးသတ်တပ်ဖွဲ့ဌာနချုပ်ဖြစ်သော ဝေဠုဝန်ရပ်ကွက်ရှိ ဓမ္မာရုံ ၌ တာဝန်ကျ မီးသတ်တပ်ဖွဲ့သည် ဝတ်စုံများကို အလျင်အမြန်ဝတ်ဆင်ပြီး လူနာတင်ယာဉ်နှစ်စီးပေါ် လိုအပ်ပစ္စည်းများတင်ကာ ရန်ကုန်မြို့မြောက်ဘက်ဆင်ခြေဖုံး မှော်ဘီမြို့နယ်သို့ ညနေ ၃ နာရီခန့်တွင် အချက်ပေးဥဩဆွဲ၍ ကသုတ်ကရက် မောင်းထွက်ခဲ့သည်။

ဓာတ်ခဲစက်ရုံတစ်ရုံ မီးလောင်နေခြင်းဖြစ်ပြီး ၁၅ ပေအနက်ကျင်းထဲမှ မီးများတဟုန်ထိုးတက်လာကာ မြေကြီးပေါ်တွင် အက်ဆစ်ရည်များဖြင့် ပူလောင်နေသည်။ စေတနာ့ဝန်ထမ်း အရန်မီးသတ်တပ်ဖွဲ့ ၂ ဖွဲ့မှ အဖွဲ့ဝင်များအပါအဝင် မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် မီးငြိမ်းစေသည့်အမြှုပ်များ၊ ရေများဖြင့် မီးညွှန့်မီးတောက်များကို ငြှိမ်းသတ်နေသည်။

၈ နာရီကြာပြီးနောက် ၎င်းတို့သည် တငွေ့ငွေ့လောင်ကျွမ်းနေသေးသော မီးများ ငြိမ်းစေရန် သဲများဖြင့်အုပ်သည်။ မီးလောင်ပြင်တွင် အချိန်ပြည့်(သန္ဓေမီးသတ်) မီးသတ်ဝန်ထမ်း နှစ်ဦး ရေဓာတ်ဆုံးရှုံး၍ ဆေးရုံသို့ အမြန်ပို့လိုက်ရသေးသည်။ ၈နာရီကျော် မီးငြိှမ်းသတ်ပြီးနောက် စိတ်ချရသည့် အခြေအနေတစ်ခုရောက်သောအခါ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အိမ်ပြန်လာခဲ့ကြတော့သည်။

ရန်ကုန်တွင် မီးလောင်မှုကြီးဖြစ်ပွားတိုင်း စေတနာ့ဝန်ထမ်း(အရန်မီးသတ်)များက မီးငြိမ်းသတ်ရန် ရောက်လာကြမြဲဖြစ်သည်။

မည်သည့်နစ်နာကြေးမျှ မရှိဘဲ သူတို့၏အသက်များကို စွန့်စားကြရသော်လည်း ယခုအခါတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ရာတွင်သာမက ကမ္ဘာကပ်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေသာအခါတွင်လည်း ရှေ့တန်းမှ စွန့်စွန့်စားစား ကြိုးစားကူညီပေးကြသည်။

အကူအညီလိုသော လူနာများ သယ်ယူပို့ဆောင်ရာတွင်၄င်း၊ လမ်းများကို ပိုးသတ်ဆေးဖျန်းရာတွင်၎င်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင်၎င်း လိုအပ်ချိန်တွင် ကူညီဆောင်ရွက်ပေးနေသော သူရဲကောင်းများအဖြစ် ချီးကျူးဂုဏ်ပြုခံလာကြရသည်။

သူတို့၏ သတ္တိရှိရှိစွမ်းဆောင်မှုများသည် စစ်အစိုးရ၏ လူများစုဆောင်းပြီး အသုံးချခံအဖြစ် ဆောင်ရွက်ပေးခဲ့ရသော တချိန်ကအမှတ်ရစရာများကို ကျော်လွှားလွန်မြောက်ကာ ကဏ္ဍသစ်တစ်ရပ်ကို စိုက်ထူလာနေပြီဖြစ်သည်။

မေ ၁၇ ရက်တွင် အရန်မီးသတ်တပ်ဖွဲ့ ၂ ဖွဲ့မှ အဖွဲ့ဝင်များအပါအဝင် မီးတပ်တပ်ဖွဲ့ဝင် ၁၀၀ ခန့် မှော်ဘီမြို့နယ်မှ ဓာတ်ခဲစက်ရုံ မီးလောင်ကျွမ်းနေမှုကို ငြိှမ်းသတ်စဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

မေ ၁၇ ရက်တွင် အရန်မီးသတ်တပ်ဖွဲ့ ၂ ဖွဲ့မှ အဖွဲ့ဝင်များအပါအဝင် မီးတပ်တပ်ဖွဲ့ဝင် ၁၀၀ ခန့် မှော်ဘီမြို့နယ်မှ ဓာတ်ခဲစက်ရုံ မီးလောင်ကျွမ်းနေမှုကို ငြိှမ်းသတ်စဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ဘယ်သူ့ကိုမှ အပြစ်မပြောဘူး”

“သူတို့လုပ်နေတာတွေက လေးစားဖို့ကောင်းတယ်၊ ဆေးရုံကိုရောက်တဲ့အထိ အစစ အရာရာ အကုန်ဂရုစိုက်တယ်” ဟု အဖိုးဖြစ်သူ အဖျားကြီး၍ စမ်းချောင်း အရန်မီးသတ်များမှ ဆေးရုံကိုပို့ပေးရာတွင် မစန်းစန်းဝေကပြောပြသည်။

ရန်ကုန်တွင် ဧပြီလ သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်၌ အိမ်တွင်သာ နေထိုင်ရန် ယာယီကန့်သတ်ချက် အမိန့် Semi-lockdown ချထားလိုက်သောအခါ လမ်းပေါ်တွင် အငှားယာဉ်များ လျော့နည်းလာကာ လူနာဟု သံသယရှိနိုင်သော သာမာန်ဖျားနာမှုများကိုပင် ဆေးရုံသို့ပင် ပို့ဆောင်မပေးချင်ကြသောအခါ မြို့နေလူထုသည် သူတို့၏ ညရေးညတာ အရေးပေါ်ကိစ္စများဖြစ်လာသောအခါ အရန်မီးသတ်တပ်ဖွဲ့များကို ဖုန်းဆက်၍ အကူအညီတောင်းကြသည်။

စမ်းချောင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ကိုရဲသူရိန် ၂၄ နှစ်သည် ထောင်ပေါင်းများစွာသော ဖုန်းခေါ်ဆိုမှုများကို လက်ခံကာ လိုက်လံကူညီပေးနေသော စေတနာ့ဝန်ထမ်း အရန်မီးသတ်တစ်ဦးဖြစ်သည်။ လူနာပို့ဆောင်ပေးနေချိန်တွင် ကိုဗစ် – ၁၉ ရောဂါရှိမရှိ မသိရသောကြောင့် စိတ်လှုပ်ရှားကြောင်း သူကပြောသည်။

“ဟိုတလောကဘဲ မနက် ၃ နာရီကြီး ကျွန်တော်တို့ဆီ ဖုန်းခေါ်လာတယ်၊ ဟိုရောက်သွားတော့ လူနာက ကိုယ်အပူချိန်အရမ်းများပြီး ဖျားနေတာ၊ ကျွန်တော်တို့လည်း ကိုဗစ် ၁၉လား ဘာလား မသိရတော့ လန့်တောင်လန့်သွားတယ်၊ ဒါပေမဲ့လည်း ကျွန်တော်တို့သူ့ကို ဆေးရုံထိတော့ ပို့ပေးလိုက်ပါတယ်”ဟု ကိုရဲသူရိန်က Frontier ကိုပြောသည်။

လမ်းပေါ်တွင်ကားများ များပြားလာပြီဖြစ်သော်လည်း အငှားယာဉ်မောင်းအချို့သည် ကိုဗစ် – ၁၉ ဖြစ်နိုင်ခြေ ရှိသည်ဟု သံသယဖြစ်သော ခရီးသည်များကို လက်ခံပို့ပေးရန် ငြင်းဆိုမှုများရှိကြောင်း သူကဆိုသည်။

“ကျွန်တော်တို့ ကူညီနိုင်သလောက် ကူညီပြီး လူနာတွေကို ဆေးရုံကိုပို့ပေးပါတယ်။ ကိုဗစ် – ၁၉ ကာလမှာ အလုပ်အတော်များပြီး ကျွန်တော်တို့လည်းပင်ပန်းကြတယ်” ဟုအသက် ၁၈ နှစ်ကတည်းက အရန်မီးသတ်တပ်ဖွဲ့ဝင်ဖြစ်ခဲ့ပြီး စမ်းချောင်း (မြောက်) အရန်မီးသတ်တပ်ဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုရဲသူရိန်က ပြောသည်။

သို့သော်လည်း ကိုဗစ် ၁၉ သံသယလူနာများကို ထိတွေ့ပို့ဆောင်ပေးရခြင်းသည် အချို့သော စေတနာ့ဝန်ထမ်း တပ်ဖွဲ့ဝင်များအတွက် မီးငြိမ်းသတ်ခြင်းထက် ပိုပြီးနှစ်သက်ဖွယ်ရာ ဖြစ်နေသေးသည်။

“ ကိုဗစ် ၁၉ ကာလမှာ လုပ်ရကိုင်ရတာ ကျွန်တော့်အတွက် ဘယ်လိုမှမနေပါဘူး။ မီးငြိှမ်းသတ်ရတာထက်စာရင် အလွယ်လေးပါ” ဟု အလုံမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် ကိုရဲဟိန်း ၂၉ နှစ်က ပြောသည်။

“မီးလောင်ပြင်သွားပြီဆိုရင် မိသားစုတွေက အရမ်းစိုးရိမ်ကြတယ်၊ ဘာမှမဖြစ်ပါစေနဲ့ ဆိုပြီး ဆုတောင်းပေးကြသေးတယ်။”

တခါတလေလဲ ကျွန်တော်ဒဏ်ရာရတာတွေတော့ ရှိတယ်၊ ကုသစရိတ်တွေ ကိုယ့်ဘာသာပေးရတာပါပဲ၊ ဘယ့်သူမှ အပြစ်ပြောမနေဘူး၊ ကျွန်တော်တို့လိုချင်တာက ကိုယ်လုပ်နေတာတွေကို အများက ချီးကျူးတဲ့ မီးသတ်တပ်ဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခံရဖို့ပါဘဲ”ဟု သူကပြောသည်။

ကိုရဲဟိန်း၏ ခံယူချက်မှာ ကြုံတွေ့ရသော အတားအဆီးများကို ဂရုမစိုက်ဘဲ အခြားသူများကို ကူညီရန် ဘဝကိုနှစ်မြုပ်ထားသော ၎င်းကဲ့သို့ အခြားအပေါင်းပါတပ်ဖွဲ့ဝင်များအတွက် အမှန်တရားကို ထောက်ပြလျက်ရှိသည်။

သူတို့ထဲတွင် တချို့က မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်၏ ဘဝကိုနှစ်သက်သဘောကျ၍ဖြစ်စေ၊ ဖခင်ခြေရာနင်း၍ ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်စေ မည်သို့ပင်ဖြစ်ဖြစ် သူတို့၏ဆောင်ရွက်မှုအတွက် အသိအမှတ်ပြုမှုကို ရချင်ကြသူချည်းဖြစ်သည်။

ကိုရဲဟိန်းသည် ဓာတ်ပုံဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းသူဖြစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်အဖြစ် ၁၃ နှစ်ကျော်လုပ်ခဲ့ပြီး ယခင်က မြန်မာ့ကြက်ခြေနီအသင်းတွင် စေတနာ့ဝန်ထမ်း လုပ်ခဲ့သူဖြစ်သည်။ သူက ဤအလုပ်မှ အကျိုးအမြတ် တစုံတရာ ရလိုခြင်းမရှိကြောင်း ပြောကြားသည်။

“ ဒါကျွန်တော့် ဝါသနာဘဲ၊ အားလပ်ချိန်မှာ ကျွန်တော် ဒီအလုပ်ကိုလုပ်တယ်၊ ဒီကနေ ကျွန်တော် အကျိုးအမြတ် တစ်စုံတစ်ရာ ဘာကိုမှ မရချင်ဘူး” ဟု သူကဆိုသည်။

မိဘများကလည်း ကိုရဲဟိန်း၏ အန္တရာယ်များသော ဝါသနာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသောကြောင့် သူသည် မီးငြိှမ်းသတ်ရန်ရှိသည်ထိ သူ၏တပတ်နွမ်း ယူနီဖောင်းလေးကို ဖွက်ထားရသည်။

“ကျွန်တော့်မှာ အိမ်ကနေ အပြင်ထွက်ရတဲ့အကြောင်း မိဘတွေကိုလိမ်ညာပြောပြီး ယူနီဖောင်းဝတ်ပြီးတော့ မီးငြိှမ်းသတ်ဖို့သွားရတယ်” ဟု ကိုရဲဟိန်းကပြောဆိုပြီး စေတနာ့ဝန်ထမ်းများက ၎င်းတို့၏ဝတ်စုံများကို ကိုယ်တိုင်ဝယ်ကြရကြောင်းလည်းပြောသည်။

အခြား စမ်းချောင်းအရန်တပ်ဖွဲ့ဝင်ဖြစ်သော ကိုထက်နိုင်လင်း ၂၀ နှစ် သည် မိသားစု၏ လက်ဘက်ရည်ဆိုင်တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များကို အခြားကုသိုလ်ဖြစ် စေတနာ့ဝန်ထမ်းများကဲ့သို့ပင် ခိုင်းနှိုင်းထားသည်။

“ကျွန်တော့်အနေနဲ့ ငယ်ရွယ်တုန်း တခြားသူတွေကို ကူညီပေးချင်တယ်” ဟု သူကပြောသည်။

ကိုဗစ် ၁၉ ကာလ အငှားယာဉ်များနည်းလာပြီး သံသယရှိလူနာများကို ဆေးရုံလိုက်မပို့ချင်ကြအခါ အရန်မီးသတ်တပ်ဖွဲ့များကို ဖုန်းဆက်၍ အကူအညီတောင်းကြသည်။။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကိုဗစ် ၁၉ ကာလ အငှားယာဉ်များနည်းလာပြီး သံသယရှိလူနာများကို ဆေးရုံလိုက်မပို့ချင်ကြအခါ အရန်မီးသတ်တပ်ဖွဲ့များကို ဖုန်းဆက်၍ အကူအညီတောင်းကြသည်။။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“မိသားစုလို အလုပ်လုပ်ကြတယ်”

မြို့နယ်တိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဋ္ဌာန၏ ကွပ်ကဲမှုအောက်တွင်ရှိသော ကိုယ်ပိုင်အရန်မီးသတ်တပ်ဖွဲ့များ ရှိကြသည်။

ပစ္စည်းကိရိယာများနှင့် တပ်ဖွဲ့အရွယ်အစားသည် မြို့နယ်တစ်ခုနှင့်တစ်ခု မတူညီပေ။ တခါတရံ ပုံမှန်လခစား တပ်ဖွဲ့တစ်ခုတွင် အကြမ်းအားဖြင့် မီးသတ်ဝန်ထမ်း ၃၅ ဦး ပါဝင်လျှင် စေတနာ့ဝန်ထမ်း (အရန်) တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် ၁,၀၀၀ ကျော်ရှိတတ်သည်။

မီးသတ်ဦးစီးဋ္ဌာန FSD ၏ အင်တာနက်စာမျက်နှာတွင် တွေ့ရသည်မှာ ၁၈၈၅ ခု ကိုလိုနီခေတ် မြို့တော် Rangoon ဟု အမည်တွင်စဉ်က ရန်ကုန်မြို့၏ပထမဆုံး မီးသတ်တပ်ဖွဲ့သည် စေတနာ့ဝန်ထမ်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးမရမီ တစ်နှစ်အလို ၁၉၄၇ တွင် တရားဝင်လစာရဝန်ထမ်း မီးသတ်တပ်ဖွဲ့အဖြစ် ပြောင်းလဲခဲ့သည်။

မီးသတ်ဦးစီးဌာနကို သန္ဓေတပ်ဖွဲ့ဟုလည်းခေါ်ဆိုပြီး ယခုအချိန်တွင် လခစား ဝန်ထမ်းအင်အား ၂၅,၀၀၀ ခန့်ရှိကာ စစ်တပ်အုပ်ချုပ်မှုဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည်။

စေတနာ့ဝန်ထမ်းတပ်ဖွဲ့များကို အရန်တပ်ဖွဲ့ဟုခေါ်ကြပြီး မီးသတ်ဦးစီးဌာန လက်အောက်တွင်ရှိသည်။ ၎င်းပြင် ဟိုတယ်ကဲ့သို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကလည်း မီးသတ်ဝန်ထမ်းများ ခန့်ထားလေ့ရှိပြီး ၎င်းတို့ကို သီးသန့်အဖွဲ့ ဟုခေါ်သည်။

ကိုတေဇာဝင်း (ရွှေပြည်လေး) ၃၀ နှစ်သည် အမှတ် ၄ ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ၂၀၁၇ တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ မြို့နယ်တွင် ပုံမှန်မီးသတ်ဝန်ထမ်း ၃၇ ဦးတို့နှင့်အတူ အလုပ်လုပ်နေကြသော အရန်မီးသတ် ၁,၀၁၈ ဦးရှိပြီး၊ ယင်းအမှတ် ၄ အရန်တပ်ဖွဲ့တွင် ၂၄ ဦးပါဝင်သည်။

“ကျွန်တော့်အိပ်မက်က ကျွန်တော့်လူတွေနဲ့ မီးသတ်ဌာနတစ်ခု တည်ထောင်နိုင်ဖို့ပါ” ဟု ကိုတေဇာဝင်းကပြောပြပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များထဲတွင် လက်သမားများ၊ ဆိုက်ကားဆရာများ၊ စက်ရုံအလုပ်သမားများနှင့် ဘတ်စကားဒရိုင်ဘာများလည်း ပါဝင်ကြကြောင်း ၎င်းကပြောသည်။

ကိုတေဇာဝင်းသည် စားသောက်ဆိုင်တစ်ခုပိုင်ဆိုင်ပြီး လတ်တလောတွင် ကိုဗစ် – ၁၉ ကြောင့် ပိတ်ထားရသည်။ ယခုအခါ သူသည် ပိုးသတ်ဆေးလိုက်လံဖြန်းခြင်းနှင့် တပ်ဖွဲ့ဝင်သစ် ၅ ဦးကို လေ့ကျင့်သင်ကြားပေးခြင်းဖြင့် သူ၏ အားလပ်ချိန်များကို ကုန်ဆုံးစေသည်။

“မီးငြိှမ်းသတ်တဲ့အခါ သူတို့ ထိခိုက်ဒဏ်ရာရခဲ့ရင် အဲဒါမင်းတို့ ညံ့လို့ပဲလို့ ကျွန်တော့်အဖွဲ့ကို ကျွန်တော် အမြဲတမ်းသတိပေးတယ်။

“မီးလောင်နေတဲ့ အဆောက်အအုံထဲ မဝင်ခင် လောင်တဲ့မီးအမျိုးအစား၊ အဆောက်အအုံပုံစံ၊ အတွင်းထဲမှာ အန္တရာယ်ရှိနိုင်တာတွေ ရှိမရှိ စစ်ဆေးလေ့လာရမယ်။

“မီးငြိှမ်းသတ်ရာမှာ ကျွန်တော်တို့ မဆင်မခြင်လုပ်လို့ မရဘူး။ တကယ်လို့ ကျွန်တော်တို့ ဆိုးဆိုးဝါးဝါးထိခိုက်မိရင် ကျွန်တော်တို့ ဝါသနာကို ဆက်လုပ်နိုင်မှာမဟုတ်ဘူး” ဟု သူကပြောသည်။

သူ၏အဖွဲ့တွင် အသက် ၄၆ နှစ်ရှိသော မစန်းစန်းဝင်းလည်း အပါအဝင်ဖြစ်ပြီး သူသည် အရန်မီးသတ်တပ်ဖွဲ့ဝင် ဖြစ်သည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်သည်။

“ ကိုတေဇာကြောင့်ပဲ ကျွန်မ အမျိုးသမီး အရန်မီးသတ်ဖြစ်လာချင်တာ ၊ ကျွန်မ သူ့လို အရန် မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ချင်တယ်” ဟု မစန်းစန်းဝင်းက Frontier ကိုပြောသည်။

“အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်အနေနဲ့ အိမ်မှုကိစ္စတွေလုပ်ပြီးရင် ကျွန်မမှာ အချိန်ပိုတွေရှိနေတယ်။ ပြီးတော့ တပ်ဖွဲ့ထဲမှာ အမျိုးသမီး မီးသတ်တစ်ယောက်လောက်ရှိရင် တချို့ကိစ္စတွေမှာ ပိုအဆင်ပြေတယ်လေ။ ဒါကြောင့် ကျွန်မ ဝင်လုပ်ဖြစ်ခဲ့တယ်” ဟု သူကပြောပြသည်။

သို့သော်လည်း ကိုတေဇာဝင်းသည် သူကို အန္တရာယ်ကင်းသော အလုပ်များကိုသာ လုပ်ကိုင်စေကြောင်း၊ ဥပမာအားဖြင့် မီးညွှန့်မီးတောက်များမှ ဘေးကင်းသည့်အကွာအဝေးလောက်တွင် ရေပိုက်များကို ကိုင်တွယ်ရသည့်အလုပ်မျိုးကိုသာ ခိုင်းစေကြောင်း မစန်းစန်းဝင်းကပြောပြသည်။

“ကျွန်မမှာ ကလေး လေးယောက်ရှိတော့ စွန့်စားလို့မရဘူးလေ။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မလုပ်နိုင်သလောက်တွေကို ကူညီလုပ်ကိုင်ပေးတယ်” ဟု မစန်းစန်းဝင်းကပြောသည်။ သို့သော်ငြားလည်း “ဒီမှာ ကျားမခွဲခြားဆက်ဆံမှုမျိုးမရှိပါဘူး” ဟု သူက အခိုင်အမာဆိုသည်။

“ဒီက မီးသတ်အဖွဲ့ဝင်တွေနဲ့ တပ်ကြပ်ကြီးရော ကျွန်မထက်ငယ်ကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ ကျွန်မကို လေးလေးစားစား ဆက်ဆံကြတယ်။ ကျွန်မတို့ မိသားစုလိုပဲ အလုပ်လုပ်ကြတယ်” ဟု သူကပြောသည်။

အမှတ် ၄ ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့များကို မေလ ၁၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

အမှတ် ၄ ရွှေပြည်သာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့များကို မေလ ၁၀ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

“ဝါသနာကို မစွန့်လွှတ်နိုင်ပါ”

မီးသတ်ဦးစီးဌာနနှင့် တပ်ဖွဲ့များ၏ ဖေ့စ်ဘုတ်စာမျက်နှာများတွင် တွေ့ရှိရသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်မှုပုံရိပ်များသည် စစ်အုပ်ချုပ်ရေးလက်ထက်က နိုင်ငံရေးသဘောကွဲလွဲမှုများကို ဖိနှိပ်နှိမ်နှင်းရေးအတွက် ၎င်းတို့မှာ အသုံးချခံဖြစ်ခဲ့ရသည့်အချိန်များနှင့်စာလျှင် အများကြီးကွာခြားသွားပြီဖြစ်သည်။

“တချို့ အချိန်တွေဆိုရင် စစ်တပ်က ကျွန်တော်တို့ကို ယူနီဖောင်းချွတ်ပြီး လူတွေကိုရိုက်ဖို့ အမိန့်ပေးခိုင်းစေတာမျိုးတွေ ရှိတယ်” ဟု ကိုတေဇာဝင်းကပြောသည်။

“အဲဒီအချိန်က နိုင်ငံရေးလှုပ်ရှားသူတွေကို စစ်တပ်ကနှိမ်နှင်းရာမှာ ကျွန်တော်တို့က အသုံးချခံရတော့ အင်မတန်စိတ်ပျက်ရတယ်။ အဲ့ဒီတုန်းက အရန်မီးသတ်တွေကို လူထုက ဘာက

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.