Frontier Myanmar ကို မတ်လ၌ အသွင်ပြောင်းကာ ထုတ်ဝေမည်

စာဖတ်သူများနှင့် အားပေးသူများအတွက် သတင်းစကား

လွတ်လပ်ပြီး အမှီအခိုကင်းကာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသည့် ထိပ်တန်း မဂ္ဂဇင်းတစ်စောင်ဖြစ်သော Frontier Myanmar အား လာမည့် မတ်လက စတင်ပြီး နှစ်ပတ်တစ်ကြိမ်ထုတ်အဖြစ် ပြောင်းလဲ ထုတ်ဝေတော့မည် ဖြစ်သည်။

ထိုကဲ့သို့ အပြောင်းအလဲ ပြုလုပ်ခြင်းအားဖြင့် သတင်းမီဒီယာလုပ်ငန်းတွင် Frontier က ဆက်လက် ရင်းနှီးမြုပ်နှံနိုင်စေမည်ဖြစ်သလို စာဖတ်သူများနှင့် ကြော်ငြာရှင်များအတွက်လည်း ပိုမိုဆွဲဆောင်မှုရှိသည့် ထုတ်ကုန်တစ်ခု ဖြစ်လာစေမည်ဟု ထုတ်ဝေသူနှင့် အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေက ပြောကြားသည်။ “Frontier က ရေရှည်မှာ အောင်မြင်တိုးတက်လာကို မြင်တွေ့နိုင်စေဖို့ ကျွန်တော်တို့ ကတိပြုပါတယ်။ နောက်ပြီးတော့ နှစ်ပတ်တစ်ကြိမ် ထုတ်ဝေတာက Frontier လို အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ အရည်အသွေးမြင့် ဈေးကွက်ပုံစံနဲ့ ပိုပြီး အံဝင်ဂွင်ကျဖြစ်စေမယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် စာဖတ်ပရိသတ်ရဲ့စာဖတ်တဲ့ ပုံစံ ပြောင်းလဲလာမှုနဲ့လည်း အံဝင်ဂွင်ကျဖြစ်စေမှာပါ” ဟု ၎င်းကပြောသည်။

ထိုသို့ ပြောင်းလဲထုတ်ဝေခြင်းဖြင့် ဒစ်ဂျစ်တယ်သတင်းတင်ဆက်မှုများကို Frontier အနေဖြင့် ပိုမိုဖန်တီး လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ၁၈ လအတွင်း စာဖတ်ပရိသတ်အခိုင်အမာရရှိထားသော ၎င်း၏ ဝက်ဘ်ဆိုက်နှင့် လူမှုမီဒီယာ ပလက်ဖောင်းများကို ပိုမို ပံ့ပိုးမှု ပေးနိုင်မည်ဖြစ်သည်။ ပုံနှိပ်ထုတ်ဝေမှုတွင်လည်း ပိုမို ကောင်းမွန်သည့် တင်ဆက်မှုနှင့် ပိုမိုကောင်းမွန်သည့် သတင်းဆောင်းပါးများ ပါဝင်လာမည်ဖြစ်သည်။

“အရည်အသွေးကောင်းတဲ့ သတင်းအတတ်ပညာဖြစ်ဖို့၊ ကောင်းမွန်တဲ့ အပြောင်းအလဲနဲ့ မြန်မာနိုင်ငံရဲ့ ပိုကောင်းတဲ့ အနာဂတ်တစ်ခုဖြစ်ဖို့အတွက် အသံတစ်ခုဖြစ်စေဖို့ Frontier အဖွဲ့က ကတိပြုပါတယ်။ စာဖတ်သူတွေနဲ့ သက်ဆိုင်ပြီး ဒီနိုင်ငံရဲ့ တိုးတက်မှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ ကျွန်တော်တို့ အထူးအာရုံစိုက်သွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ တည်းဖြတ်မှုစံနဲ့ ဂုဏ်သိက္ခာပိုင်းတွေမှာလည်း ပိုမိုမြင့်မားတဲ့ စံနှုန်းတွေ ချမှတ်သွားမှာပါ” ဟု အယ်ဒီတာချုပ် မစ္စတာသောမတ်စ်ကင်းန်က ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အဖြစ်အပျက်များအား သတင်းများ၊ ဆောင်းပါးများ၊ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်မှုများဖြင့် ဖော်ပြပေးနေသော အင်္ဂလိပ်ဘာသာဖြင့် အပတ်စဉ်ထုတ် Frontier Myanmar မဂ္ဂဇင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ပထမဆုံး ပုံနှိပ်ဖြန့်ချိခဲ့သည်။ Black Knight မီဒီယာအုပ်စုတွင် လျင်မြန်စွာ ကြီးထွားလာနေသော ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်လွှင့်နေသည်။ ထို့အပြင် ဖတ်ရှုသူများအတွက် အကောင်းဆုံးသော အကြောင်းအရာများ ပါဝင်သည့် Digital Edition ကိုလည်း ဖြန့်ချိနေသည်။

Frontier သည် ၂၀၁၇ ခုနှစ်၊ ဇွန်လက Society of Publishers in Asia ၏ ဓါတ်ပုံဆုရရှိခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် သတင်းတင်ဆက်မှုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် မဂ္ဂဇင်း၏ အကြီးတန်း ဂျာနယ်လစ်ဖြစ်သူ မြတ်ကျော်သူသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများအကြောင်း ရဲဝံ့စွာ သတင်းရေးသားခဲ့မှုများအတွက် AFP ၏ Kate Webb ဆုကို ရရှိခဲ့သည်။

မဂ္ဂဇင်း၏ စာဖတ်သူအရေအတွက်မှာ မှန်မှန်တိုးတက်လျက်ရှိပြီး တစ်လလျှင် ဖတ်ရှုသူအရေအတွက်မှာ ပုံနှိပ်နှင့် ဒစ်ဂျစ်တယ်နှစ်ရပ်ပေါင်းတွင် ပျမ်းမျှ ၂၅၀,၀၀၀ ရှိနေပြီဖြစ်သည်။ Samsung၊ Huawei၊ Ford နှင့် Visa ကဲ့သို့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များအပြင် ပြည်တွင်းမှ လေကြောင်းလိုင်း၊ အိမ်ခြံမြေလုပ်ငန်း၊ နည်းပညာ၊ ဟိုတယ်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများကလည်း မဂ္ဂဇင်းတွင် ကြော်ငြာများ ထည့်သွင်းလျက်ရှိသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.