ရခိုင်ပြည်နယ်ကဒေသတချို့မှာ ယခုချိန်ထိ မိုဘိုင်းအင်တာနက် ဖြတ်တောက်မှုဟာ ရခိုင်ပြည်သူအမြောက်အမြားကို ပြင်ပလောကနဲ့ ခြားနားစေလျက်ရှိပါတယ်။ အထောက်အကူပြုအဖွဲ့တွေဟာ အကူအညီလိုအပ်နေသူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ ကန့်သတ်ခံနေရသလို သတင်းဌာနတွေအနေနဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ တင်ဆက်နိုင်စွမ်းမရှိ ဖြစ်နေရပါတယ်။ လက်နက်ကိုင်အဖွဲ့ရန်ကို အဟန့်အတားပြုဖို့အတွက် အခုလိုပြုလုပ်လိုက်တဲ့ နည်းဗျူဟာကြောင့် စစ်ပွဲအတွင်းက အပြစ်မဲ့အရပ်သားတွေကိုသာ ဘယ်လိုထိခိုက်နစ်နာစေသလဲဆိုတာကို မိတ်ဘက်မီဒီယာဖြစ်တဲ့ Frontier Myanmar နဲ့ ဒို့အသံတို့က ဒီတစ်ပတ်မှာ ရှာဖွေတင်ဆက်ထားပါတယ်။ ဒီဆောင်းပါး အပြည့်အစုံကို နားဆင် နိုင်ပါပြီ။
စစ်အာဏာသိမ်းမှုအလွန်တွင် ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်မှုယန္တရားတစ်ခုကို တည်ထောင်၍ အခြေကျလာစေရန် ကြိုးပမ်းနေသည်။
BY Frontier