COVID-19 ယူလာသည့်အရာများ

 

နန္ဒ

မြန်မာနိုင်ငံတွင် သင်္ကြန်မှာ အိမ်ပြင်မထွက်ဖို့အမိန့်ထုတ်မှု၊ ဘုရားပုထိုးများ ဖူးမျှော်ချိန် ကန့်သတ်မှုနှင့် မင်္ဂလာဆောင်ခြင်းအမှုကို ထောင်ချမှုများဖြစ်လာလိမ့်မည်ဟု နိုင်ငံတကာနှစ်သစ်ကူးကာလလောက်က မည်သူကမှထင်မှတ်ထားမည်မဟုတ်ပေ။
သို့သော်အခြေအနေများသည် သုံးလအတွင်း ရုတ်တရက်ပြောင်းလဲသွားပြီး မထင်မှတ်ထားတာတွေတကယ်ဖြစ်လာသည်။
လက်ရှိအချိန်တွင် မြန်မာ့လူ့အဖွဲ့အစည်းသည် သူတို့မနှစ်သက်သော လမ်းညွှန်ချက်များကို ကြည်ကြည်ဖြူဖြူလက်ခံရန်သာရှိပြီး စောဒကတက်စရာမရှိလှပေ။

အလုပ်သမားများအား လုပ်ငန်းခွင်ကိုလာဖို့အတွက်သာ ခေါက်ရိုးကျိုးနေသည့် HR ဌာနများသည် အလုပ်သမားများအိမ်မှ ဘယ်လိုအလုပ်ဖြစ်အောင်လုပ်နိုင်ဖို့ အစီအစဉ်တွေချရတော့သည်။

နှစ်ပေါင်းများစွာ မျက်နှာပန်းပွင့်ခဲ့သော နိုင်ငံခြားပြန်များ စောင့်ကြည့်ခံအခြေအနေသို့ ဆိုက်ရောက်သွား၏။

ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်းနှင့်စိမ်းလှသော Quarantine ,Lock Down ,Social distance ,PPE ,Corona Virus နှင့် PCR detection kit အစရှိသော ဆေးပညာစကားလုံးများနှင့် ရင်းနှီးလာရသည်။

ကိုယ်ချစ်ခင်နှစ်သက်သူများနှင့် ဝေးဝေးနေခိုင်းပြီး အိမ်ထဲမှအိမ်ပြင်မထွက်ခိုင်းခြင်းသည် မြန်မာ့ဓလေ့နှင့်ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သည်။

ဒီအခြေအနေတွေအားလုံးကို သရဖူဆောင်းထားသော ဗိုင်းရပ်စ်က ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး မြန်မာ့တို့၏လူနေမှုအခြေအနေသည် သုံးလအတောအတွင်းမှာပင် ပြောင်းလဲခဲ့ပြီဖြစ်သည်။

ဆုံးရှုံးလိုက်ရသည့် ကာလမှာမြန်ဆန်သလောက် အခြေအနေတွေပြန်ကောင်းလာဖို့က အတော်ကြာဦးမည်ဖြစ်သည်။

COVID-19 က ယူလာသော ကောင်းကျိုးတစ်ခုကို မဖြစ်မနေပြောပြပါဆိုလျှင် ယခုအချိန်ထက် မြန်မာတစ်နိုင်ငံလုံး ညီညီညွတ်ညွတ်လက်ဆေးသောကာလ ဘယ်သောအခါကမှမရှိခဲ့ဖူးဟုပင် ရှာကြံပြောရမည်ဖြစ်သည်။

ရက်ပေါင်းတစ်ရာသို့ ပြန်သွားခြင်း

လွန်ခဲ့သော ဇန်နဝါရီလလယ်က မြန်မာနိုင်ငံအတွက်အရေးကြီးဆုံးသတင်းတစ်ပုဒ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ သမိုင်းဝင်ခရီးစဉ် ဖြစ်သည်။ ဝူဟန်မြို့တွင် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့သောကျန်းမာရေးပြဿနာသည် အချိန်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်လာလိမ့်မည်ဟု နှစ်နိုင်ငံအကြီးအကဲများ ထင်မှတ်ထားခဲ့မည်မဟုတ်ချေ။

တရုတ်သမ္မတကို ကြိုဆိုနေသောကျောင်းသားအုပ်၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ တည်ခင်းဧည့်ခံပွဲများ နှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင် သည့် နှစ် (၇၀) ပြည့်မြောက် အခမ်းအနားများက သက်သေဖြစ်သည်။ နှစ်နိုင်ငံထုတ်ပြန်ချက်များနှင့်သဘောတူစာချုပ်များတွင် ကျန်းမာရေးဆိုင်ရာကိစ္စမှာ ဦးစားပေးမဟုတ်ခဲ့ပေ။
၂၀၂၀ ပြည့်နှစ်ကို “မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်” အဖြစ်ပင် သတ်မှတ်ခဲ့သေးသည်။
သို့သော် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံကပြန်သွားပြီး တစ်ပတ်အတွင်းမှာပင် အခြေအနေတွေပိုဆိုးလာဖို့ရှိသည်ကို ရိပ်စားမိခဲ့သည်။
ဇန်နဝါရီလ ၂၅ ရက် (တရုတ် နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့)တွင် သမ္မတ ရှီကျင့်ဖျင် သည် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီး ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို အစိုးရ၏ အရေးကြီးဆုံးလုပ်ငန်းအဖြစ် သတ်မှတ် ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။
ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် လူဦးရေ သိန်းရာနှင့်ချီရှိသည့် ဝူဟန်မြို့ကြီးကို ပထမဆုံးအကြိမ် အဝင်အထွက် ပိတ်လိုက်ပြီးရောဂါကာကွယ်ရေးကိုခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့သည်။
မြန်မာအစိုးရသည် အိမ်နီးချင်းနိုင်ငံမှအခြေအနေကို မျက်ခြည်မပြတ်ခဲ့ဘဲ သမ္မတက 2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ကို ဇန်နဝါရီ ၃၀ ရက် တွင် ဖွဲ့စည်းပေးခဲ့သည်။ ထိုအမိန့်စာတွင်ပါဝင်သောညွှန်ကြားချက်တစ်ခုက ပုံမှန်ထက် ဗိုင်းရပ်စ်ကို ပုံမှန်ထက်အာရုံစိုက်စရာဖြစ်ခဲ့သည်။ အဆိုပါညွှန်ကြားချက်မှာ ဝူဟန်မြို့တွင်ပိတ်မိနေသော မြန်မာကျောင်းသူ/ကျောင်းသား (၆၃) ဦးအား အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် ဖြစ်သည်။
ထိုအချိန်မှစ၍ ဗိုင်းရပ်စ်သတင်းများသည် မြန်မာတို့အတွက်အာရုံစိုက်စရာဖြစ်လာခဲ့သည်။ သို့သော်လူတွေ လှုပ်ရှားသွားလာလျက်သာရှိသေးပြီး အခြေအနေတွေက ပုံမှန်အတိုင်းပင်။
ပြည်ထောင်စုလွှတ်တော်တွင်လည်း COVID-19 ထက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုသာ မတ်လ ၂၀ ရက်အထိတိုင်အောင် ဦးစားပေးခဲ့ကြသည်။

မတ် လ ၁၁ ရက်အထိ ပင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စစ်ကိုင်းတိုင်းရှိ နာမည်ကျော် ဒီပဲရင်း နှင့် ရွှေဘိုတွင် လူထုတွေ့ဆုံပွဲများလုပ်ခဲ့သေးသည်။
ထိုနေ့သည် COVID-19 အား တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့သောကပ်ရောဂါ(Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ကြေညာသည့်နေ့လည်းဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒီပဲရင်း၊ရွှေဘိုခရီးစဉ်။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒီပဲရင်း၊ရွှေဘိုခရီးစဉ်။ ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး

 

ပွဲလမ်းသဘင်များစတင်ဆုံးရှုံးခြင်း

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ပြန်ရောက်ပြီး မတ် ၁၂ ရက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အရေးပေါ်အစည်းအဝေး ကိုခေါ်လိုက်သည်။ COVID-19ကို ကာကွယ်မည့် အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်များက မြန်မာတို့မကြုံစဖူးအခြေအနေများပေါ်ပေါက်လာမည့် ကနဦးအစဖြစ်သည်။
COVID-19 အန္တရာယ်ကို အစောဆုံးတုန့်ပြန်ခဲ့သည်မှာ တပ်မတော်ဖြစ်သည်။
စိန်ရတုနှစ်ဖြစ်၍ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည်ဟုအားခဲထားသော စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ဆိုင်းငံ့ကြောင်း မတ် ၁ ရက်တွင် ကြေညာခဲ့သည်။
လူထုက ပထမဆုံးစတင်ထိတွေ့သည့်အပြောင်းအလဲမှာ လူစုလူဝေးကိုရှောင်ရှားစေလိုသည့်ရည်ရွယ်ချက်ဖြင့် ရုပ်ရှင်ရုံများစတင်ပိတ်လိုက်ခြင်းဖြစ်သည်။ ၈၈ အရေးအခင်းပြီးနောက် ပထမဆုံးအကြိမ် ရုပ်ရှင်ရုံများရက်ရှည်ပိတ်ရခြင်းဖြစ်သည်။

ဓာတ်ပုံ-သူရဇော်

ဓာတ်ပုံ-သူရဇော်

 

မတ် ၂၉ ရက်တွင် ကျင်းပမည့် အကယ်ဒမီ ပွဲကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။ ယခုနှစ်သည် မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်လည်းဖြစ်သလို ရန်ကုန်တက္ကသိုလ်ရာပြည့်နှစ်လည်းဖြစ်ပြီး ကျင်းပရန်စီစဉ်ထားသည့် အခမ်းအနားများကိုရွှေ့ဆိုင်းခဲ့ရသည်။
နောက်ထပ်အပြောင်းအလဲမှာ မတ်လကဖြေဆိုခဲ့သော တက္ကသိုလ်စာမေးပွဲများကိစ္စဖြစ်သည်။ COVID-19 ကူးစက်မည်စိုး၍ စာမေးပွဲရက်ရွှေ့ပေးရန်တောင်းဆိုမှုများရှိခဲ့ပြီးနောက် ပညာရေးဝန်ကြီးဋ္ဌာနသည် စာမေးပွဲဖြေဆိုလိုသူများကပုံမှန်အတိုင်းဖြေဆိုနိုင်ပြီး မဖြေဆိုလိုသူများကို ဇွန်လမှဖြေဆိုရန် ဖြေလျော့ပေးခဲ့သည်။ အဆိုပါဖြေလျော့မှုမှာလည်း ပညာရေးသမိုင်းတွင်မကြုံစဖူးဖြစ်သည်။
“ကျွန်တော်ကျောင်းသားဘဝကရောဆရာဘဝမှာပါဒီလိုအခြေအနေမျိုးကမရှိခဲ့ဖူးဘူး။”ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှကထိက ဒေါက်တာဇော်မျိုးလှိုင်ကပြောသည်။
စစ်အစိုးရကာလက ၁၉၉၆ ခုနှစ်မှ ၂၀၀၀ပြည့်နှစ်အထိ တက္ကသိုလ်များကို ပိတ်ထားခဲ့သည့်ဖြစ်ရပ် ရှိခဲ့သော်လည်း အခြေခံပညာကျောင်းများကိုဖွင့်လှစ်ခဲ့သည်။ လက်ရှိအခြေအနေအရ လာမည့် ဇွန်လတွင်ပြန်စမည့်စာသင်နှစ်တွင် အခြေခံပညာကျောင်းများရောတက္ကသိုလ်များပါပြန်ဖွင့်ရန်ကိစ္စမှာ မရေရာမသေချာမှုများရှိနေပြီး COVID-19 ကိုဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုသည့်အပေါ် မူတည်နေသည်။
“အိမ်ထဲမှာနေခိုင်းနေတဲ့အချိန်မှာကျောင်းပြန်ဖွင့်ဖို့ဆိုတာဖြစ်နိုင်ချေနည်းမယ်ထင်တယ်။ ဖွင့်ရင်တောင် ကျောင်းတော့အပ်မယ်။ ဒါပေမဲ့ ကျောင်းပို့ဖို့တော့စဉ်းစားရလိမ့်မယ်။” ဟု ပထမတန်းကျောင်းသားမိခင်တစ်ဦးဖြစ်သူ မပြည့်စုံကပြောသည်။
ကလေးအတွက် ပထမတန်းဖတ်စာအုပ်များဝယ်ထားပြီး အိမ်ထဲမှအိမ်ပြင်မထွက်ရချိန်တွင် သင်ပေးနေကြောင်းသူကပြောသည်။ ကလေးအတွက် နွေရာသီအားလပ်ရက်တွင် ပို့မည့်သင်တန်းအစီအစဉ်များလည်း ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်းသူကပြောသည်။
“အခုတော့ Online Learning တွေပဲ အဓိကထားရတော့မယ်”ဟု သူကပြောသည်။

မကြုံစဖူးသောသင်္ကြန်

မြန်မာတို့သည် ယခုနှစ်တွင် အိမ်ထဲမှာသင်္ကြန်ကျရဖို့ရှိလေသည်။သင်္ကြန်နှင့်မြန်မာသည်ခွဲမရသော အမှတ်လက္ခဏာ ဖြစ်သည်။ သို့သော် COVID-19 သည် ရိုးရာသင်္ကြန်ပွဲတော်ကို အသက်မဲ့စေခဲ့ပြီဖြစ်သည်။ မဏ္ဍပ်ထိုးပြီးရေပက် သူကပက်၊ ကားဖြင့်ဖြစ်စေ လမ်းလျှောက်၍ဖြစ်စေ ရေပက်ခံထွက်သူကထွက်သောသင်္ကနြ့်ရိုးရာကို ယခုနှစ်တွင်တွေ့ရမည်မဟုတ်ပေ။ သင်္ကြန်ကာလအတွင်း မလိုအပ်ဘဲ အပြင်မထွက်ဖို့အစိုးရကညွှန်ကြားထားသည်။
COVID-19 ကာလအတွင်းပြည်သူလူထုနှင့်ထိတွေ့ရန် Facebook သုံးစွဲလာသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူများမကြုံစဖူးသော လူစုလူဝေး လုံးဝ ရှောင်ရမည့် သင်္ကြန်ကိုဖြတ်သန်းရလိမ့်မည်ဟု ရေးသားခဲ့သည်။
“ရေထွက်မကစားရတဲ့သင်္ကြန်။ ခြိမ့်ခြိမ့်သဲ အလှူတွေနဲ့ ရပ်ကွက် မပျော်ကြရတဲ့သင်္ကြန် ဆိုပြီးစိတ် မ ပျက်ကြပါနဲ့။ကိုယ့်ကိုကိုယ်ထိန်းခြင်းနဲ့ သမာဓိအားပွားနိုင်ပါတယ်။ ထူးကဲတဲ့သင်္ကြန်ကြီးမှာ ထူးကဲတဲ့ကုသိုလ်တွေပြုနိုင်ပါတယ်။ အိမ်မှာငြိမ်ငြိမ်လေးနေပြီးပြုနိုင်ပါတယ်။” ဟု ရေးသားခဲ့သည်။
သင်္ကြန်သည် မြန်မာ့ဓလေ့အရ ရှင်ပြုရဟန်းခံခြင်း၊တရားစခန်းဝင်ခြင်းအမှု တို့ကို ပြုလုပ်ကြသည့်ကာလဖြစ်ရာ COVID-19 ကြောင့် မကြုံစဖူးအခါတွင်းကို ဖြတ်သန်းရမည်ဖြစ်သည်။
COVID သည် လောကီရေးသာမက လောကုတ္တရာရေးကျင့်ကြံအားထုတ်သူများအထိပါ သက်ရောက်လာသည်။
တန်ခိုးကြီးဘုရားများဖြစ်သည့် ရွှေတိဂုံစေတီတော် နှင့် ဗိုလ်တထောင်စေတီတော် တို့ ဖူးမျှော်ရန်အချိန်ကန့်သတ်လိုက်သည်။

ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ- ငြိမ်းဆုဝေကျော်စိုး

 

ထို့အပြင် သင်္ကြန်ပိတ်ရက်သည် နယ်မှအလုပ်လာလုပ်ကြသူများ အိမ်ပြန်သည့်အချိန်ဖြစ်သည်။ နယ်မှ ကျေးရွာများတွင် ရွာပြန်လာသူများကို ၁၄ ရက်စောင့်ကြည့်သည့်အစီအစဉ်များရှိရာ အလုပ်သမားအများစုအိမ်မပြန်ရသည့်သင်္ကြန်ဖြစ်လာမည်ဖြစ်သည်။
သင်္ကြန်ပိတ်ရက် ၁၀ ရက် သာရပြီး အိမ်ပြန်လျှင်အိမ်မရောက်ဘဲ ၁၄ ရက် စောင့်ကြည့်ခံရမည့်အခြေအနေ အတွက် အလုပ်သမားများမှာရွေးစရာသိပ်မခက်လှဘဲ အိမ်မပြန်ဖို့သာ ရွေးလိုက်ကြရသည်။
“မပြန်တော့ဘူး။ ပြန်သွားတဲ့ ကျွန်တော့်သူငယ်ချင်း နှစ်ယောက်တောင် ကွာရန်တင်းနေရမယ်ဆိုလို့ ပြန်လာနေကြပြီ”ဟု ရန်ကုန်တွင် ရေသန့်ဘူးပို့သည့်အလုပ်ကိုလုပ်ကိုင်နေသည့် ဧရာဝတီတိုင်း၊ကျိုက်လတ်မြို့နယ်မှ မောင်သန့်စင် က ပြောသည်။
အညာဒေသရှိ ကျေးရွာအချို့သို့ပြန်မည့်သူအချို့ကိုလည်း ရွာပြင်တွင် ကွာရန်တင်း ၁၄ ရက် နေမည့်အစား အိမ်သို့ပြန်မလာရန် မိဘများကတိုက်တွန်းလျက်ရှိသည်။
“ရန်ကုန်မှာပဲနေ အိမ်ထဲကအိမ်ပြင်မထွက်နဲ့လို့ အစ်မက မှာတယ်” ဟု ရန်ကုန်တွင်ဆောက်လုပ်ရေးအလုပ်သမားအဖြစ်အသက်မွေးနေသည့် ဦးအောင်မြင့်ကပြောသည်။
သူသည် ပခုက္ကူဇာတိ ဖြစ်ပြီး လွန်ခဲ့သော ၂၉ နှစ်ကထဲက ရန်ကုန်တွင် အလုပ်လာလုပ်နေသူဖြစ်ကာ နှစ်တိုင်းအိမ်ပြန်လေ့ရှိရာ ယခုနှစ်သင်္ကြန်သည် ပထမဆုံးအိမ်မပြန်သည့်သင်္ကြန်ဖြစ်လာသည်။

ကံဆိုးသူသတို့သား

COVID-19 လှိုင်းသည် ချစ်သူမောင်နှံတို့၏ ပျားရည်ဆမ်းကာလကို တရားတဘောင်ဖြင့်ဖြတ်သန်းစေပြန်သည်။ မင်္ဂလာဆောင်သဖြင့်ထောင်ဒဏ်ချမှတ်ခြင်းခံရသည်မှာ COVID-19 ကယူလာသည့်သတင်းဖြစ်သည်။ လူ့အဖွဲ့အစည်းသည် ပုံမှန်မဟုတ်တော့ဘဲ ကပြောင်းကပြန်ဖြစ်နေပြီဆိုတာ သေချာနေသည်။ အိပ်ပျော်နေသောဥပဒေများနိုးလာသည်။
တမူးမြို့မှ မင်္ဂလာဆောင်သည် လူစုလူဝေးပြုလုပ်သည့် ပြစ်မှုမြောက်သွားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ သတို့သား ထောင် ၆ လ ချမှတ်ခံရသည်။
သူသည် အမေရိကန်နိုင်ငံသားခံယူထားသူဖြစ်ရာ နေအိမ်တွင်တည်းခိုနေထိုင်မှုကို သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်မှုကြောင့် ဖခင်ဖြစ်သူသည်လည်း နိုင်ငံခြားသားများမှတ်ပုံတင်ရေးနည်းဥပဒေ အက်ဥပဒေပုဒ်မ ၅(၁) ကို ချိုးဖောက်မှုဖြင့် ငွေဒဏ်၁၀သိန်း သို့မဟုတ် ထောင်ဒဏ် ၆လ ကျခံစေရန် အပြီးသတ် အမိန့်ချခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါပိုးစတွေ့သူသည်လည်း သတို့သားလောင်းတစ်ဦးပင်ဖြစ်ပြီး Pre wedding ပင် ရိုက်ကူးခဲ့သေးသည်။ ချင်းပြည်နယ်တီးတိန်နှင့် သူ၏ဇာတိ ကပ်တဲလ်ရွာ၌ ၎င်းနှင့် ထိတွေ့ ဆက်ဆံသူ ၄၄ ဦးအထိ ၁၄ ရက် စောင့်ကြည့်ခံခဲ့ရသည်။ကျန်းမာရေးအခြေအနေ ကောင်းမွန်သူ ၃၄ ဦးကိုမူ ဧပြီ ၂ ရက် ကပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။ သို့သော် သူ၏ မိခင်မှာ ရောဂါကူးစက်ခံထားရကြောင်း ဧပြီ ၉ ရက်တွင် တွေ့ရှိခဲ့သည်။
ရက်ရွှေ့လိုက်ရသည့် မင်္ဂလာဆောင်များနှင့် အကျဉ်းချုံးကျင်းပခဲ့ရသည့်မင်္ဂလာပွဲများလည်းရှိခဲ့သည်။

ပြည်တော်ပြန်များမျက်နှာပန်းမပွင့်တော့သည့်ကာလ

ပြန်တော်ပြန်များကိုစောင့်ကြည့်ရန် သိမ်ဖြူအားကစားရုံကို ကွာရန်တင်းစင်တာအဖြစ်ပြင်ဆင်ခဲ့ကြစဉ်။ဓာတ်ပုံ-ခွန်လတ်

ပြန်တော်ပြန်များကိုစောင့်ကြည့်ရန် သိမ်ဖြူအားကစားရုံကို ကွာရန်တင်းစင်တာအဖြစ်ပြင်ဆင်ခဲ့ကြစဉ်။ဓာတ်ပုံ-ခွန်လတ်

 

နိုင်ငံခြားသို့သွားမည့်မိသားစုဝင်တစ်ဦးကို ဝတ်ကောင်းစားလှဝတ်ဆင်ပြီး မိသားစုလိုက် ရန်ကုန်လေဆိပ်သို့လိုက်ပို့ခြင်း၊နိုင်ငံခြားမှပြန်ရောက်လာလျှင်သွားရောက်ကြိုဆိုခြင်းမှာ မြန်မာတို့ဓလေ့တစ်ခုကဲ့သို့ ဖြစ်နေခဲ့လေသည်။ အစိုးရနှစ်ဆက်လုံးသည် နိုင်ငံခြားပြန်များမြန်မာနိုင်ငံသို့ ပြန်လာရန်ကမ်းလှမ်းခဲ့ကြသည်။ သူတို့ထဲမှအများစုသည် ပညာအားဖြင့်လည်းကောင်း၊အလုပ်သွားလုပ်သောသူများသည်လည်းငွေကြေးအားဖြင့်လည်းကောင်းတိုင်းပြည်အတွက်အကျိုးပြု ခဲ့ကြသူများဖြစ်သည်။ သို့သော် COVID-19 ကြောင့် အခြေအနေတွေပြောင်းလဲခဲ့ပြီဖြစ်သည်။ နိုင်ငံခြားပြန်များသည် ပညာများ၊ငွေများသယ်ဆောင်လာသူများအဖြစ်မှ ရောဂါပိုးသယ်ဆောင်လာမည့်သူများအဖြစ်သံသယထားခံရပြီး ကွာရန်တင်းစောင့်ကြည့်ခံရမည့်သူများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

မရင်းနှီးသောဆေးပညာစကားလုံးများ နှင့်အကျွမ်းဝင်လာခြင်း

ဓာတ်ပုံ-သူရဇော်

 

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.