News

နော်ဘတ်တီဟန် ဒေသခံသုံးသောင်းကျော်ကို ထိခိုက်စေနိုင်သည့် တနင်္သာရီမြစ်ပေါ်တွင်တည်ဆောက်မည့် ရေကာတာစီမံကိန်းများအားရပ်ဆိုင်းပေးရန် ကရင်အရပ်ဘက်အဖွဲ့အစည်းသုံးခုက အစီရင်ခံစာတစ်စောင်ထုတ်ပြန်ပြီးတောင်းဆိုခဲ့သည်။ နားလည်မှုစာချွန်လွှာ (၁၈) ခုအထိရှိနေခဲ့သော်လည်းစီမံကိန်းနှင့်ပတ်သက်၍ တည်ဆောက်မည့်နေရာ၊အရွယ်အစားနှင့်အခြေအနေများကိုပင်ဒေသခံများမှာသတင်းအချက်အလက်မရရှိခဲ့ကြောင်းအစီရင်ခံစာကဆိုသည်။ ရေကာတာများသည် မြစ်၏ ဂေဟစနစ်နှင့် သစ်တောများကိုသာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ အန္တရာယ်ဖြစ်စေနိုင်ကြောင်း၎င်းတို့ကထောက်ပြသည်။ထို့ကြောင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရက ဒေသခံလူထုနှင့် အရပ်ဘက်အဖွဲ့အစည်းများအား ဆည်နှင့်ပတ်သက်သော အချက်အလက်များကို အသိပေးရန် တိုက်တွန်းထားသည်။.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.