Frontier Myanmar's managing editor Danny Fenster was detained on May 24 at Yangon International Airport. (Fenster Family/AFP)
ဖရွန်းတီးယားမြန်မာ၏ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဒင်နီဖဲန်စတာသည် မေ၂၄ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ (ဓာတ်ပုံ | ပေးပို့/အေအက်ဖ်ပီ)

ဒင်နီဖဲန်စတာအား လွတ်ပေးရန် ဖရွန်းတီးယားသတင်းဌာနက ထပ်မံတောင်းဆိုခြင်း

ဖရွန်းတီးယားမြန်မာ

ရဲတပ်ဖွဲ့က ဖရွန်းတီးယားသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဒင်နီဖဲန်စတာအား ဖမ်းဆီးခဲ့ကြောင်းတရားရုံးသို့ အမှုဖွင့်တိုင်ကြားစာအရ အတည်ပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒင်နီဖဲန်စတာသည် ၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် Myanmar Now သတင်းဌာနမှ နှုတ်ထွက်ခဲ့သော်လည်း ရဲက၎င်းအား ထိုမီဒီယာဌာနတွင် ဆက်လက်အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။

ဖရွန်းတီးယားသတင်းဌာန စီမံခန့်ခွဲမှု အယ်ဒီတာ ဒင်နီဖဲန်စတာသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လွန်ခဲ့သောလက အဖမ်းခံခဲ့ရသည်။အဆိုပါအမှုအား ကြားနာနေသည့် အင်းစိန်အကျဉ်းထောင်ရှိ အထူးတရားရုံးမှ အမှုတွဲဖိုင်များအရ ၎င်းအနေဖြင့် Myanmar Now အတွက် အလုပ်လုပ်ကိုင်နေဆဲဖြစ်သည်ဟု ရဲကယုံကြည်သောကြောင့်ဖြစ်သည်။ 

ဒင်နီမှာ ၂၀၂၀ ခုနှစ် ဇူလိုင်လတွင် Myanmar Now အယ်ဒီတာအဖြစ်မှ နှုတ်ထွက်ပြီးဖြစ်ကာ နောက်ပိုင်း လများတွင် ဖရွန်းတီးယားသတင်းဌာန၌ မဂ္ဂဇင်းအယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ 

ဒင်နီမှာ မိသားစုကိုတွေ့ရန် ကွာလာလန်ပူမှတစ်ဆင့် အမေရိကန်နိုင်ငံရှိအိမ်သို့ပြန်ရန်စီစဉ်ခဲ့ပြီး ကွာလာလန်ပူသို့ ထွက်ခွာမည့်လေယာဉ်ပေါ်တက်ခါနီးအချိန် မေ ၁၄ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။

အသက် ၃၇ နှစ်အရွယ်အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သည့် ၎င်းသည် ဖမ်းဆီးခံရချိန်မှစ၍ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသည်။သံတမန်ရေးရာ တောင်းဆိုမှု နှစ်ကြိမ်ရှိခဲ့သော်လည်း  မည်သည့်ဧည့်သည်ကိုမျှ မျက်နှာချင်းဆိုင်တွေ့ဆုံခွင့် မပေးခဲ့ပေ။ 

မှုခင်းစုံစမ်းစစ်ဆေးရေးဌာနမှ ပန်းဘဲတန်းမြို့နယ်ရဲစခန်းသို့ ပေးပိုခဲ့သော မတ် ၂၇ ရက် တိုင်ကြားစာတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ Myanmar Now ၏ “တာဝန်ခံ အယ်ဒီတာ” ကို ရာဇဝတ်မှုဖွင့်ရန် စခန်းမှူးအား တောင်းဆိုခဲ့သည်။ထိုစာမှာ အင်းစိန်အကျဉ်းထောင်ရှိ တရားရုံးသို့ တင်ပြခဲ့သောရဲအမှုတွဲဖိုင်တွင် ပါဝင်ခဲ့သည်။ 

မြန်မာနိုင်ငံစစ်အစိုးရ မှ Myanmar Now နှင့် အခြားလွတ်လပ်သော မီဒီယာအဖွဲ့အစည်းလေးခုကို မတ် ၈ ရက်နေ့တွင် တားမြစ်ပိတ်ပင်ခဲ့သည်။ထိုနေ့တွင်ပင် ရန်ကုန် မြို့လယ်ရှိ Myanmar Now ရုံးကို ရဲ နှင့် စစ်သားများက ဝင်ရောက်စီးနင်းရှာဖွေခဲ့သည်။သတင်းဌာနမှာ တားမြစ်ပိတ်ပင်ခံရသော်လည်း သတင်းများကို အွန်လိုင်းတွင် ဆက်လက်ရေးသားထုတ်ဝေလျက်ရှိသည်။

ယနေ့တွင် ဒင်နီကို ဒုတိယအကြိမ် တရားရုံးထုတ်ခဲ့ပြီး ရှေ့နေဦးသန်းဇော်အောင်မှ ၎င်း၏ရှေ့နေအဖြစ် ကိုယ်စားပြုခဲ့သည်။တရားသူကြီးမှ ဇူလိုင် ၁၅ ရက်တွင် နောက်တစ်ကြိမ်ကြားနာမှုအဖြစ် ရုံးချိန်သတ်မှတ်ခဲ့ပြီး နောက်ထပ်နှစ်ပတ်ရမန်ပေးခဲ့သည်။ 

ဖရွန်းတီးယားက ဒင်နီသည်မည်သည့်အမှားတစ်စုံတစ်ရာမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းယုံကြည်ပြီး ကျွန်ုပ်တို့အနေဖြင့် ဒင်နီအားခြွင်းချက်မရှိ ချက်ချင်းလွတ်ပေးရန် ထပ်မံတောင်းဆိုပါသည်။ 

ဒင်နီအားမည်သည့်အတွက်ကြောင့် ချက်ချင်းပြန်လွတ်ပေးသင့်သည်ကို သူ၏အမှုတွဲဖိုင်ရှိ အထောက်အထားများက ပိုမိုမီးမောင်းထိုးပြလျက်ရှိသည်။

ကျွန်ုပ်တို့အနေဖြင့်လည်း အာဏာပိုင်များမှ တရားရေးလုပ်ငန်းစဉ်များကို လျှင်မြန်စွာလုပ်ဆောင်ရန် တောင်းဆိုပါသည်။ထိုမှသာ အမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံးရုတ်သိမ်းနိုင်မည်ဖြစ်သည်။

ပုဒ်မ ၅၀၅−ကမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေတွင် စတင်ပြဌာန်းခဲ့ပြီး ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် လူမှုကွန်ရက်အသုံးပြုသူများအပေါ် ကျယ်ကျယ်ပြန်ပြန့် အသုံးပြုခဲ့သည်။၎င်းပုဒ်မသည် “အများပြည်သူတို့အား သို့တည်းမဟုတ် ပြည်သူတစ်စုအား အထိတ်တလန့်ဖြစ်စေလျှင် သို့တည်းမဟုတ် ထိတ်လန့်စေရန်ကြံရွယ်သူ”၊ “မမှန်ဟုသိလျက်နှင့် သို့တည်းမဟုတ် မမှန်ဟုယုံကြည် လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်းကို ဖြန့်ဝေလျှင် သို့တည်းမဟုတ် ဖြန့်ဝေစေရန် ကြံရွယ်သူ”၊ “အစိုးရအရာထမ်းအမှုထမ်းများကိုဖြစ်စေ၊ အစိုးရအရာထမ်းအမျိုးအစားတစ်ခုကိုဖြစ်စေ၊ အစိုးရအရာထမ်းအမှုထမ်းတစ်ဦးဦးကိုဖြစ်စေ ရာဇဝတ်ပြစ်ဒဏ် ထိုက်သင့်သော ပြစ်မှုကိုကျူးလွန်စေရန် သို့တည်းမဟုတ် လှုံ့ဆော်ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်လျှင် သို့တည်းမဟုတ် ထိုသို့ကျူးလွန်စေရန် ကြံရွယ်သူ” မည်သူကိုမဆို ရည်ရွယ်သည်။

ထိုပြစ်မှုကျူးလွန်သူများမှာ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ သို့မဟုတ် ဒဏ် နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.