ဇူလိုင်၂၅ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်အတွင်းရှိ ဝင်ငွေနိမ့်အိမ်ထောင်စုများကို အထွေထွေအုပ်ချုပ်ရေးရုံးက ငွေကြေးထောက်ပံ့ပေးအပ်သည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်တီးယားမြန်မာ)

ကိုဗစ်-၁၉ထောက်ပံ့ငွေ ပထမအသုတ်ကို ဇူလိုင်အတွင်း အပြီးသတ်ပေးအပ်နေ

ထင်လင်းအောင်

ကိုဗစ်-၁၉ ကြောင့် ထိခိုက်လွယ်ဝင်ငွေနိမ့်အိမ်ထောင်စုများကို ဒုတိယအကြိမ်အစိုးရထောက်ပံ့မှု အစီအစဉ်၏ ပထမအသုတ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀,၀၀၀နှုန်း ပေးအပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးအချို့က ဖရွန်တီးယားမြန်မာကို ပြောသည်။

ကိုဗစ်-၁၉ကြောင့် စီးပွားရေးရိုက်ခတ်မှုဒဏ်ကို အပြင်းအထန်ခံစားရဖွယ်ရှိသည့် ဝင်ငွေနိမ့်လက်လုပ် လက်စားအိမ်ထောင်စုများအား ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စသည့် အခြေခံစားသောက်ကုန်ပစ္စည်း ငါးမျိုးကို အစိုးရက ဧပြီလအတွင်း ပထမအကြိမ်အဖြစ်ထောက်ပံ့ခဲ့သည်။ ယခုအကြိမ်တွင် ယခင်ထောက်ပံ့ခဲ့စဉ်က အခြေခံစားသောက်ကုန်ပစ္စည်းတန်ဖိုး၏ နှစ်ဆနှင့်ညီမျှသည့် ငွေကြေးပမာဏကို ထောက်ပံ့နေခြင်းဖြစ်သည်။

“ထောက်ပံ့ကြေးငွေက တစ်အိမ်ထောင်ကို ၂၀,၀၀၀နှုန်းနဲ့ ညွှန်ကြားချက်ကျထားပါတယ်။ ဒီနေ့ပဲ ဘဏ်မှာငွေသွားထုတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကို လွှဲပေးမယ်။ အိမ်ထောင်စုတွေရဲ့ လက်ထဲကိုတော့ လာမယ့် စနေ၊ တနင်္ဂနွေ (ဇူလိုင်၂၅၊ ၂၆ရက်) နှစ်ရက်အတွင်းမှာ အပြီးပေးအပ်သွားမှာပါ”ဟု ဒေါပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ဇူလိုင်၂၄ရက်က ပြောသည်။

ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်၏ အစိတ်အပိုင်းတစ်ခုအဖြစ်ဆောင်ရွက်သည့် ယင်း အစီအစဉ်အရ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၄၀,၀၀၀နှုန်း အစိုးရက ထောက်ပံ့မည်ဖြစ်ပြီး ပထမအသုတ်ကို ဇူလိုင်လမကုန်မီ ပေးအပ်သွားမည်ဖြစ်သည်။

လက်ကျန်ငွေ ကျပ်၂၀၀၀၀ကို ဒုတိယအသုတ်အဖြစ် ဩဂုတ်လအတွင်း ပေးအပ်သွားမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းထိုက်က ပြောသည်။

ထောက်ပံ့ကြေးရရှိမည့် အိမ်ထောင်စုများကို စာရင်းပြုစုရာတွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားရနိုင်သည့် ဝင်ငွေနိမ့်အိမ်ထောင်စုများကို ရွေးချယ်ထားသည်။ ယခုအကြိမ် ငွေကြေးထောက်ပံ့မှုကိုလည်း ဧပြီလအတွင်းက အခြေခံစားသောက်ကုန်ပစ္စည်း ငါးမျိုးထောက်ပံ့ခဲ့သည့် အိမ်ထောင်စုစာရင်းအတိုင်းသာ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးများက ဆိုသည်။

“တစ်ချို့ကတော့ အရင်တစ်ကြိမ်မှာတုန်းကမပါခဲ့တဲ့အတွက် ဒီတစ်ကြိမ်မှာများ ငါတို့ပါမလားဆိုပြီး တွေးတာတွေရှိနိုင်တယ်။ အရင်ကတည်းက တကယ်လိုအပ်တဲ့ မိသားစုတွေကို စာရင်းပြုစုထားပြီးသား ဖြစ်တဲ့အတွက် ဒီတစ်ကြိမ်ကိုလည်း အဲဒီစာရင်းအတိုင်းပဲထောက်ပံ့ပေးဖို့ ညွှန်ကြားချက်ရထားပါတယ်” ဟု ဦးကျော်သက်ထူးက ဆက်လက်ပြောကြားသည်။

လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးဝဏ္ဏထွန်းကမူ ဇူလိုင်၂၄ရက်ကတည်းက ၎င်း၏ မြို့နယ်အတွင်းက အိမ်ထောင်စုများကို ပထမအသုတ်ငွေကြေး ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“ဒီမြို့နယ်မှာပေးရမယ့်အရေအတွက်နည်းတဲ့အတွက် ချက်ချင်းပေးနိုင်တာပါ။ အခြားမြို့နယ်တွေကတော့ နှစ်ရက်သုံးရက်အချိန်ယူရမယ်ထင်တယ်” ဟု ၎င်းကပြောသည်။

ယခင်အခြေခံစားသောက်ကုန်ပစ္စည်းငါးမျိုးထောက်ပံ့ခဲ့စဉ်က အိမ်ထောင်စုပေါင်း လေးသန်းနီးပါးအတွက် အစိုးရက ငွေကျပ်ဘီလျံ၅၀ကျော် သုံးစွဲခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.