တစ်ဝက်တစ်ပျက် သတင်းဖတ်ခြင်း

နယူးယော့ခ်မြို့တွင် ပြုလုပ်သော ၁၄ နိုင်ငံ ပါဝင်သည့် Friends of Myanmar ဆွေးနွေးပွဲ၌ ပြောကြားချက်များသည် မြန်မာနိုင်ငံတွင် ဆင်ဆာဖြတ်ခံခဲ့ရသည်။

ဂျက်ဖရီ ဂေါ့ဒတ် ရေးသားသည်။

ပြီးခဲ့သော သီတင်းပတ် စာစောင်မှ ဆင်ဆာဖြတ်ခံရသောအပေါက်အပြဲများကို ဖြည့်စွက်ဖာထေးပြီး နောက်တွင် မြန်မာတိုင်းမ်ဂျာနယ်မှ သတင်းအဖွဲ့သည် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၄ ရက် ထုတ်မည့် စာစောင်အတွက် မှင်နီခြစ် ပယ်ချခံရမည့် အရာများကို စောင့်ဆိုင်းလျက်ရှိသည်။

နယူးယော့ခ်မြို့တွင် ကျင်းပသော United Nation General Assembly ၌ ထိုအချိန်က နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း ပြောကြားသည်မှာ စစ်အစိုးရသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးမည်ဖြစ်ကြောင်း ပါဝင်သည်။ “ပြည်သူတွေက သူတို့အကျိုးကို ပိုမိုကောင်းမွန်စွာ ထမ်းဆောင်မယ့် ကိုယ်စားလှယ်တွေကို ဒီမိုကရေစီနည်းလမ်းနဲ့အညီ သူတို့ဘာသာ ရွေးချယ်တော့မှာပါ” ဟု ဦးဉာဏ်ဝင်းက UNGA သို့ စက်တင်ဘာလ ၂၈ ရက်တွင် ပြောကြားသည်ကို Agence France Presse (AFP) သတင်းဌာနက ထုတ်ပြန်ဖော်ပြခဲ့သည်။

သူ၏ ထိုသို့ ဖော်ပြချက်သည် ကုလအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဦးဆောင်ပြုလုပ် သော ၁၄ နိုင်ငံ ပါဝင်သည့် Group of Friends of Myanmar ဆွေးနွေးပွဲအပြီး တစ်ရက်အကြာ၌ ပေါ်ထွက် လာခဲ့ခြင်း ဖြစ်သည်။
ဘန်ကီမွန်းက ပြောကြားရာတွင် လာမည့်ရွေးကောက်ပွဲသည် အဘက်ဘက်မှ ပါဝင်နိုင်သော ပွင့်လင်း မြင်သာမှုရှိသည့် ရွေးကောက်ပွဲတစ်ခု ဖြစ်ရန် လိုအပ်ကြောင်း အတိအလင်း ဖော်ပြထားသည်။ ထိုအစီရင်ခံစာ ကို ဖော်ပြရာတွင် ပါဝင်သော အပိုဒ် ၁၄ ပိုဒ်မှ ထက်ဝက်ခန့်ကိုသာ ဖော်ပြခွင့်ရခဲ့သည်။

Friends on Myanmar အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို တောင်းဆိုခဲ့ကြောင်း၊ ထိုသို့ လွှတ်ပေးခြင်းသည် လာမည့် ရွေးကောက်ပွဲ၏ ယုံကြည်ဖွယ်ရာ ကောင်းမှုကို ဖြစ်ပေါ်စေမည့်အပြင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက်လည်း မရှိမဖြစ် အရေးပါကြောင်း ဖော်ပြထားသည့် အပိုဒ် ၇ ပိုဒ်စလုံး ဆင်ဆာဖြတ်ခံခဲ့ရသည်။

အဆိုပါ Friends on Myanmar ဆွေးနွေးပွဲကို မြန်မာအစိုးရဘက်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ခြင်း မရှိပေ။ ထိုအစီရင်ခံစာမှာ အဖြတ်အတောက် အပေါက်အပြဲများဖြင့် ဖော်ပြခွင့်တော့ ရလိုက်သေးသည်။

သို့သော် အခြားသတင်းတစ်ပုဒ်မှာမူ ထိုသို့ပင် ဖော်ပြခွင့် မရလိုက်ပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာ ကဲ့သို့ပင် အထီးကျန်ဖြစ်နေသော အခြားနိုင်ငံတစ်ခုနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးကြောင့် ဖြစ်သည်။ ယင်းမှာ AFP သတင်းဌာနမှ သတင်းတစ်ပုဒ်ဖြစ်ပြီး ယင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် ပြီးလျှင် ဆက်ခံမည့်သူမှာ သူ၏သား ကင်ဂျုံအန်း ဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီး ထိုသတင်း ဖြတ်တောက်ခံ ရခြင်းမှာ တောင်ကိုရီးယားတွင် အင်တာနက်ပေါ်၌ ချက်တင်ပြောကြရာ နိုင်ငံတစ်ဝန်း ငတ်မွတ်မှုကို ရင်ဆိုင်နေ ရချိန်တွင် ကင်ဂျုံအန်းသည် ဘာကြောင့် ထိုမျှ ဝဖီးနေရသည်ကို ရေးသားထားသောကြောင့် ဖြစ်နိုင်သည်။

မြန်မာတိုင်းမ် စာစောင်မှာပင် ထပ်မံဖြတ်တောက်ခံရသော သတင်းတစ်ပုဒ်သည် ရွေးကောက်ပွဲ မဲဆွယ်ခြင်းဆိုင်ရာ သတင်း ဖြစ်သည်။ ယင်းမှာ မျက်နှာဖုံး အဓိကသတင်း ဖြစ်ပြီး သတင်းတွင် အမျိုးသား ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ပါတီ သည် ဇေကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ ထံမှ အထောက်အပံ့များကို ရယူခဲ့သည် ဟူသောသတင်းမှာ ကောလာဟလ ဖြစ်ကြောင်း ငြင်းဆိုထားသည်။

မြန်မာဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရွှေသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၉ တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

ထိုသတင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်းတစ်ဦးသည် ပြိုင်ဘက် ပါတီတစ်ခုကို ဘာကြောင့် ရန်ပုံငွေ ထောက်ပံ့ပေးနေရသည်မှာ မရှင်းလင်းကြောင်း ရေးသားဖော်ပြခဲ့သည်။ NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း ပြောစကားကို ထိုသတင်းက ဖော်ပြရာတွင် ထိုကောလာဟလများမှာ မမှန်ကန်ကြောင်း၊ ယင်းသည် NLD ပါတီက NDF ပါတီရရှိထားသည့် အများယုံကြည်လက်ခံမှုကို ထိခိုက်စေ ရန် ရည်ရွယ်ပြီး ထိုးနှက်ချက်သာ ဖြစ်ကြောင်း ပြောကြားသည်။ NDF ပါတီသည် NLD ပါတီမှ ခွဲထွက်လာသော အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားပြီး NLD က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်သောအခါတွင် ခွဲထွက်ဖွဲ့စည်း လာကြခြင်း ဖြစ်သည်။

ထိုအပယ်ခံရသော ရှေ့ဆုံးစာမျက်နှာကို အစားထိုးသောသတင်းမှာ သူ၏ ရုံးချုပ်ရှေ့တွင် အထင်ကရ နိုင်ငံရေးသမားများ၏ ပုံကို ကပ်ထားသော မန္တလေးမြို့မှ တစ်သီးပုဂ္ဂလအမတ်လောင်းတစ်ဦးအကြောင်း ဖြစ် သည်။ တစ်သီးပုဂ္ဂလအမတ်လောင်း ဦးစိန်လွင်သည် တစ်သီးပုဂ္ဂလအမတ်လောင်းများကို နိုင်ငံပိုင် ရုပ်သံ မီဒီယာတွင် စည်းရုံးဟောပြောခွင့် ငြင်းပယ်ခံရသောအခါ ထိုသို့ အထင်ကရ နိုင်ငံရေးသမားများ၏ ပုံကို ရုံးတွင် ကပ်လိုက်ခြင်း ဖြစ်သည်။
ယင်းသတင်းတွင် ဆင်ဆာ ဖြတ်ခံရသောအပိုင်းမှာ ပိုစတာတစ်ခုမှ စာသားဖြစ်ပြီး ယင်းမှာ လွတ်လပ် ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံဘေးတွင် ဗိုလ်ချုပ်ပြောသော မိန့်ခွန်းတစ်ခုကို ရေးသားထားသော စာသား ပင် ဖြစ်သည်။ ယင်းစာသားက “ ခေါင်းမာသော လက်ရဲဇက်ရဲသမားတစ်ဦးသည် အာဇာနည် မဖြစ်နိုင်၊ အမိမြေနှင့် ပြည်သူတို့၏ ကောင်းကျိုးကို လုပ်ဆောင်သူသာ အာဇာနည် ဖြစ်နိုင်သည်” ဟူ၍ ဖြစ်သည်။

ထိုရှေ့ဆုံးစာမျက်နှာတွင်ပင် ပါဝင်သော သတင်းတစ်ပုဒ်မှာ NDF ပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်းက သတိပေး ပြောကြားထားသော စကားများ ပါဝင်သည်။ ၎င်းက ၂၀၁၀ ရွေးကောက်ပွဲတွင် မဲမပေးရန် ဆုံးဖြတ် သူများသည် ဒီမိုကရက်တစ်ပါတီများ၏ အခွင့်အလမ်းများကို မှေးမှိန်အားလျော့စေနိုင်သည်ဟု ပြောကြား ကြောင်း ရေးသားထားသည်။ ၎င်းက NLD ၏ ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကို သွယ်ဝိုက်ပြောကြားသည် များကို ရေးသားထားသော စာသားများကို ဆင်ဆာဖြတ်တောက်ထားသည်။ ဦးသန်းဝင်း က အချို့လူများသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လှည့်စားမှုများကြားတွင် သားကောင်ဖြစ်သွားကြသည်။ တချို့မှာမူ ရွေးကောက်ပွဲကို သပိတ်မှောက်လည်း ယခင်အတိုင်းသာ ဖြစ်နေမည်ဆိုသည်ကို သိရှိပြီး မဲပေးရန် ရွေးချယ်ကြ ပါသည်ဟု ရေးသားထားသည်။

ထို့နောက် ဆင်ဆာဖြတ်ထားသော သတင်းတစ်ပုဒ်မှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ် ပါတီ 88 Generation Student Youths (Union of Myanmar) က မန္တလေးတွင် ပြုလုပ်သော မဲဆွယ်စည်းရုံးမှု အကြောင်း ရေးသားထားသော သတင်းဖြစ်သည်။ ယင်းပါတီသည် စစ်တပ်ကို ထောက်ခံသောပါတီ ဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသား လှုပ်ရှားမှုနှင့် ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ထားသည့် ပါတီဖြစ်သည်။ စာမျက်နှာ ၅ တွင် ယင်းအချက် ဖော်ပြထားသည်ကို ဆင်ဆာအဖွဲ့က အတွင်းဘက် စာမျက်နှာ များသို့ ပြောင်းရွှေ့ဖော်ပြရန် ညွှန်ကြားခဲ့သည်။ ပြောမယုံ အံ့သြကုန်နိုင်ဖွယ်ပါပဲ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.