ဝန်ကြီးဌာနသုံးခု၏ ဘတ်ဂျက်မှ ကျပ်သန်း ၁,၀၀၀ ကျော် ဖြတ်တောက်

နေပြည်တော်၊ ဇန်နဝါရီ ၈

အားကစားဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့၏ လုပ်ငန်းများအတွက် တင်ပြထားသော ဘတ်ဂျက်မှ ကျပ်သန်း ၁,၀၀၀ ကျော်အား ဖြတ်တောက်ရန် ပြည်ထောင်စု လွှတ်တော်က ဇန်နဝါရီ ၈ ရက်က ဆုံးဖြတ်လိုက်သည်။

လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ လုပ်ငန်းများနှင့် ရငွေသုံးငွေများကို ကျန်ရှိနေသည့် လွှတ်တော်သက်တမ်းနှင့် အစိုးရသက်တမ်းများအတွင်း အချိန်မီ စနစ်တကျ လေ့လာစိစစ် ဆုံးဖြတ်နိုင်ရန် ပြည်ထောင်စုလွှတ်တော်က ဥပဒေကြမ်း စိစစ်ရေး ပူးပေါင်းအဖွဲ့ ၁၉ ဖွဲ့ ဖွဲ့စည်းခဲ့သည့်အနက် အထက်ပါ ဝန်ကြီးဌာန သုံးခုအား တာဝန်ယူစိစစ်သည့် အဖွဲ့အမှတ် (၁၁)က ဘတ်ဂျက်ဖြတ်တောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘဏ္ဍာနှစ်၊ စီမံကိန်းလုပ်ငန်းများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသော ထိုဝန်ကြီးဌာန သုံးခု၏ ဘတ်ဂျက်မှ ကျပ်သန်း ၁,၀၇၄ ဒဿမ ၅၀၁ သန်းကို ဖြတ်တောက်လိုက်သည်ဟု အဖွဲ့အမှတ် (၁၁) ဥက္ကဋ္ဌ၊ ဝက်လက် မြို့နယ် မဲဆန္ဒယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့်က ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့သည်။

အားကစားဝန်ကြီးဌာန၏ ၂၀၁၆-၁၇ ရင်းနှီးမြှုပ်နှံမှု လျာထားချက်များမှ မော်လမြိုင် အား/ကာ သိပ္ပံကျောင်း ခြံစည်းရိုးကာရံမှုအတွက် ကျပ် ၃၃ ဒဿမ ၅၂၉ သန်းကို ဖြတ်တောက်ခဲ့သည်။ ထိုလျာထားငွေမှာ မွန်ပြည်နယ်အစိုးရ၏ ဘတ်ဂျက်တွင် ပါဝင်ပြီးဖြစ်ခြင်းကြောင့် ဖြတ်တောက်ရသည်ဟု အစီရင်ခံစာတွင် ရှင်းပြထားသည်။ ထို့အတူ ပြင်ဦးလွင် အားကစား လေ့ကျင့်ရေးစခန်း၏ ထပ်တိုးလုပ်ငန်းများအတွက် လျာထားငွေ ကျပ် ၂၀၀ ဒဿမ ၆၈၉ သန်းမှ ကျပ် ၁၀၄ သန်းကို ဖြတ်တောက်လိုက်သည်။ တစ်နှစ်အတွင်း မပြီးစီးနိုင်ဘဲ နောက်နှစ်တွင်ပါ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ခြင်းကြောင့်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ကြောင့် အားကစားဝန်ကြီးဌာနသည် လျာထားဘတ်ဂျက် ကျပ် ၁၃၇ ဒဿမ ၅၂၉ သန်း ဖြတ်တောက်ခံခဲ့ရသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည်လည်း ရေကူး အသံလွှင့်ရုံ ခြံစည်းရိုး ကာရံမှု အပါအဝင် ငွေလုံးငွေရင်းမှ ကျပ် ၃၉၈ ဒဿမ ၃၂ သန်း၊ စက်ကိရိယာဝယ်ယူရေးမှ ကျပ် ၆၈ ဒဿမ ၆၅၂ သန်း၊ စုစုပေါင်း ကျပ် ၄၆၆ ဒဿမ ၉၇၂ သန်း ဖြတ်တောက်ခံခဲ့ရသည်။ ထို့ပြင် ဝန်ကြီးဌာနက နေပြည်တော် တပ်ကုန်းတွင် လူပျိုဆောင်တစ်ဆောင် တည်ဆောက်မှုအတွက် PAE နှုန်း ကျပ် ၂၂,၀၀၀ တင်ပြထားမှုမှာ ပေါက်ဈေးထက် များနေသဖြင့် စိစစ်ရေးပူးပေါင်းအဖွဲ့က ကျပ် ၂၀,၀၀၀ နှုန်းဖြင့် ပြန်လည်တွက်ချက်ကာ မူလလျာထားငွေ ကျပ် ၃၄၈ ဒဿမ ၅ သန်းထဲမှ ကျပ် ၃၁ ဒဿမ ၇ သန်းကို ဖြတ်တောက်ခဲ့ရကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကဝမြို့နယ်ရုံး ဆောက်လုပ်ခြင်းအတွက် တင်ပြလာသော ဘတ်ဂျက်မှလည်း အလားတူ PAE နှုန်းထားကို ပြန်လျှော့ချပြီး မူလ လျာထားငွေ ကျပ် ၄၈ ဒဿမ ၄၀၂ သန်းမှ ကျပ် သုံးသန်း ဖြတ်တောက်ခဲ့ကြောင်း အဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် ဝယ်ယူမည့် FM Radio Transmitter ငါးလုံးအစား သုံးလုံးသာ ဝယ်ယူစေခြင်း၊ Panasonic Technical monitor ခြောက်လုံး ဝယ်ယူမည်ကို ခွင့်မပြုခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွက် Digital Multifunction Copier ၄၂ လုံး ဝယ်ယူမည်ကို အလုံး ၃၀ သာ ခွင့်ပြုခြင်းစသည့် ဖြတ်တောက်မှုများကိုလည်း စိစစ်ရေး ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့သည်။

ယဉ်ကျေးမှုဝန်ကြီးဌာနက နေပြည်တော်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက အမျိုးသားပြတိုက်(နေပြည်တော်) တည်ဆောက်ခြင်း၊ ခင်းကျင်းပြသခြင်း၊ ပြသပစ္စည်း ပြုလုပ်ခြင်းအတွက် ကျပ် ၃,၇၅၄ ဒသမ ၃၃၄ သန်း လျာထားမှုမှာလည်း များပြားလွန်းနေပြီး နောင် အစိုးရသစ် လက်ထက်တွင်လည်း ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သောကြောင့် စိစစ်ရေး ပူးပေါင်းအဖွဲ့က ကျပ် ၄၇၀ သန်းကို ဖြတ်တောက်ခဲ့သည်။

ထို့ကြောင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျပ်သန်း ၄၇၀၊ ပြန်ကြားရေးဝန်ကြီးဌာနက ၄၆၆ ဒဿမ ၉၇၂ သန်းနှင့် အားကစားဝန်ကြီးဌာနက ကျပ် ၁၃၇ ဒဿမ ၅၂၉ သန်း၊ စုစုပေါင်း ကျပ် ၁,၀၇၄ ဒဿမ ၅၀၁ သန်း ဖြတ်တောက်ခံခဲ့ကြရခြင်းသည်။

“ဖြတ်တယ်ဆိုတာက ဒါတွေကို မလုပ်ဖို့ တားတာမဟုတ်ပါဘူး။ အခုအချိန်ဟာ လက်ရှိလွှတ်တော်နဲ့ အစိုးရအတွက် နောက်ဆုံးအချိန်ဖြစ်နေတော့ နှစ်ဖွဲ့စလုံး အမှား မလုပ်မိစေချင်လို့ပါ။ တချို့ စီမံကိန်းတွေက ၂၀၁၆ တစ်နှစ်ထဲမှာ မပြီးနိုင်ဘဲ နောက်အစိုးရ၊ နောက်လွှတ်တော်တွေက ဆက်ဆောင်ရွက် ရမှာတွေပါ။ ဥပမာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရေကူးအသံလွှင့်ရုံဟာ အနှစ် ၅၀ လောက် သက်တမ်းကြာနေပြီ။ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေပြီ။ ဒါပေမယ့် ပြင်ပကုမ္ပဏီနဲ့အဆင့်မြင့် တည်ဆောက်ရေးတွေ ညှိနှိုင်းနေဆဲဖြစ်လို့ နောက်အစိုးရလက်ထက်ကျမှ ဆောင်ရွက်နိုင်မယ်။ ဒါမျိုးတွေကို နောက်အစိုးရက မူဝါဒချပြီး နောက် လွှတ်တော်နဲ့ ညှိနှိုင်းဆောင်ရွက် သင့်တဲ့အတွက် အဲဒီဘတ်ဂျက်ကို ကျွန်တော်တို့ ဖြတ်ပါတယ်” ဟု အဆိုပါ အဖွဲ့ အမှတ်(၁၁) အဖွဲ့ဝင် အလုံမြို့နယ်မှ ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က FRONTIER ကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်၏ ကျန် စိစစ်ရေးပူးပေါင်းအဖွဲ့များက မိမိတို့ တာဝန်ယူရာ ဝန်ကြီးဌာနများကို စိစစ်ခဲ့ကြသော်လည်း လျှပ်စစ်စွမ်းအား၊ စက်မှု၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နှင့် နေပြည်တော်ကောင်စီ၏ ဘတ်ဂျက်တို့မှာ ဖြတ်တောက်ခြင်းမခံရဘဲ မူလလျာထားသည့် ဥပဒေကြမ်းအတိုင်း ခွင့်ပြုလိုက်သည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.