ပြည်တွင်းအထည်ချုပ်လုပ်ငန်းရှင်များနှင့် ပြည်ပမှ စက်ပစ္စည်းထုတ်လုပ်သူများ တွေ့ဆုံမည်

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာနေသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အခွင့်အလမ်းများ ရှာဖွေရန်အတွက် နိုင်ငံခြားကုန်သည် ၃၅၀ ကျော်သည် ရန်ကုန်မြို့တွင် မကြာမီ ကျင်းပမည့် ပြပွဲသို့တက်ရောက်ကာ ပြည်တွင်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံကြမည်ဖြစ်သည်။

မြန်မာအပြည်အပြည်ဆိုင်ရာ ချည်မျှင်နှင့် အထည်ချုပ်ဆိုင်ရာ စက်မှုလက်မှု ပြပွဲ (MTG 2017) ကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ Myanmar Event Park (MEP) တွင် ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ပြပွဲကို Yorkers ကုန်သွယ်ရေးနှင့် ဈေးကွက်ရှာဖွေရေး ဝန်ဆောင်မှုကုမ္ပဏီက ဦးစီးကျင်းပခြင်းဖြစ်ကာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) က ကူညီပံ့ပိုးပေးထားသည်။ ထို့ပြင် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အပါအဝင် နိုင်ငံရပ်ခြား အသင်းအဖွဲ့များဖြစ်သော ထိုင်ဝမ် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်း (TAMI) နှင့် ထိုင်ဝမ်အပ်ချုပ်စက်အသင်း (TAMA) တို့ထံမှလည်း ထောက်ခံမှုများ ရရှိထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် MTG တွင် ဘင်္ဂလားဒေရှ့်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ထိုင်ဝမ်နှင့် ဗီယက်နမ်အစရှိသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နှစ်စဉ် ပြသသည့် ကုန်သည် ၃၅၀ အတွက် ဝင်ရောက်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ ပြသမည့် အမှတ်တံဆိပ်များတွင် နိုင်ငံတကာမှ ကျော်ကြားသည့် Tajima၊ Juki၊ Cixing၊ Viet၊ Mimaki စသည့် အမှတ်တံဆိပ်များမှ စက်ပစ္စည်းများ ပါဝင်မည်ဖြစ်သည်။

“မြန်မာ့အထည်ချုပ်လုပ်ငန်း တိုးတက်မှု၏ နောက်ကွယ်မှ အဓိက ပဲ့ကိုင်သူဖြစ်သည့် MTG သည် ကျော်ကြားသော အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ်များ၏ အသိအမှတ်ပြု ခံရပြီးဖြစ်သောကြောင့် ထွန်းထောက်အောင်မြင်နေသော မြန်မာ့ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် အလွန်အသုံးဝင်သော လမ်းကြောင်းတစ်ခုဖြစ်လာသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် ပြောင်းလဲလာမှုနှင့်အတူ CMP အထည်ချုပ်လုပ်ငန်းများ ထွန်းတောက်လာပြီး နိုင်ငံတကာ အဝတ်အထည် အမှတ်တံဆိပ်များဖြစ်သည့် H&M နှင့် Primark အပါအင် လက်လီရောင်းချသူများသည် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။

မြန်မာအစိုးရ၏ ထုတ်ပြန်ချက်အရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၏ ပထမ ၁၁ လအတွင်း Cut-Make-Pack (CMP) ပို့ကုန်အထည်ချုပ်လုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော် ရရှိခဲ့ပြီး ပြီးခဲ့သောနှစ်များ၏ အလားတူကာလထက် ၁ ဘီလျံ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.