နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု မြင့်တက်လာစေရေး ကြိုးပမ်းနေ

မြို့ပြ၌ နေထိုင်သူများကြားတွင် ကိတ်မုန့်နှင့် ပေါင်မုန့်များ စားသုံးမှု များပြားလာသောကြောင့် ပြည်တွင်းရှိ နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများလည်း တိုးတက်လာနေသည်။ ကလေးသုံးယောက်လျှင် တစ်ယောက်မှာ အာဟာရချို့တဲ့နေသည့် မြန်မာနိုင်ငံတွင် နွားနို့မှာ အဓိကထားရမည့် အာဟာရတစ်ခုဖြစ်သည်။

Thomas Manch ရေးသားသည်။

ရန်ကုန်မြို့တွင် အလျိုလျို ဖွင့်လှစ်လာကြသည့် မုန့်တိုက်များတွင် ကိတ်မုန့်နှင့် ပေါင်မုန့်များကို တန်းစီဝယ်ယူနေကြသည့် မြင်ကွင်းမှာ အဆန်းတကြယ် မဟုတ်တော့ပေ။

ကိုစိုင်းဝန်းစီနှင့် သူငယ်ချင်းလေးယောက်သည် ဆိုင်တစ်ဆိုင်၏ ကန့်လန့်ကာဘေးတွင် Swiss roll နှင့် Chicken floss များကို စားသုံးနေသည်။ သူက သူနှစ်သစ်သည့် black forest dream cake အကြောင်း ပြောပြနေသည်။ “ဒီကိတ်မုန့်ကို အလှဆင်ထားပုံက အမိုက်စားပဲ။ ကိတ်မုန့်ပေါ်မှာ စတော်ဘယ်ရီသီးတွေ တင်ထားတယ်” ဟု မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အသက် ၂၃ နှစ်အရွယ်ကို စိုင်းစိုးမင်းကို သူကပြောနေသည်။ “ဒီဆိုင်က ပေါင်မုန့်က တခြားဆိုင်တွေထက် ကောင်းတယ်” ဟုလည်း သူက ပြောလေသည်။

မြန်မာများက ထောပတ်ကြိုက်သဖြင့် မုန့်ဖုတ်လုပ်ငန်းများ အောင်မြင်နေခြင်းလည်း ဖြစ်သည်။

အာဆီယံဒေသတွင်း ကိန်းဂဏန်းများအရ ပြည်တွင်းသို့ ထောပတ်တင်သွင်းမှုသည် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တစ်သန်းဖိုးခန့်သာ ရှိခဲ့ရာမှ ဒေါ်လာ နှစ်သန်းခွဲဖိုးအထိ မြင့်တက်သွားခဲ့သည်။ ချိစ်တင်သွင်းမှုကလည်း ၂၀၁၅ ခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၁ သန်းဖိုးရှိခဲ့ရာမှ ပြီးခဲ့သောနှစ်တွင် ၃ ဒသမ ၆ သန်းဖို့အထိ မြင့်တက်လာခဲ့သည်။ နွားနို့ တင်သွင်းမှုကလည်း ပြီးခဲ့သော သုံးနှစ်အတွင်း ဒေါ်လာ တစ်သန်းဖိုးခန့် ပုံမှန်ရှိနေခဲ့သည်။

ပြီးခဲ့သည့်နှစ် ဧပြီလက ရန်ကုန်မြို့လယ်ရှိ Junction City တွင် BreadTalk ဆိုင်ခွဲတစ်ခု စတင်လာရောက် ဖွင့်လှစ်ချိန်က စတင်ကာ ကိုစိုင်းဝန်းစီနှင့် ကိုစိုင်းစိုးမင်းသူတို့က တစ်လလျှင် နှစ်ကြိမ်ခန့် လာရောက် စားသောက်တတ်ကြသည်။ တစ်လလျှင် နို့ထွက်ပစ္စည်း မက်ထရစ်တန် သုံးတန်ခန့် ရောင်းချနေရသောဆိုင်တွင် လာရောက် စားသောက်ကြသော မြန်မာနိုင်ငံသား ထောင်ပေါင်းများစွာထဲတွင် သူတို့နှစ်ဦးလည်း ပါဝင်သည်။

ရန်ကုန်မြို့ Junction City ရှိ Bread Talk ဆိုင်ခွဲတွင် မုန့်များ ပြင်ဆင်ထုတ်လုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

ရန်ကုန်မြို့ Junction City ရှိ Bread Talk ဆိုင်ခွဲတွင် မုန့်များ ပြင်ဆင်ထုတ်လုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး (J)

Bread Talk ဆိုင်က ထောပတ်များကို နယူးဇီလန်အခြေစိုက် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီကြီးဖြစ်သော Fonterra ထံမှ မှာယူတင်သွင်းနေသည်။ ကုမ္ပဏီ၏ အရှေ့တောင်အာရှဆိုင်ရာ စီမံခန့်ခွဲရေး ဒါရိုက်တာ Mr. Paul Richards ၏ အဆိုအရ ပြီးခဲ့သော အောက်တိုဘာလတွင် ဂျပန်မုန့်နှစ်များကို အရောင်းမြှင့်တင်ခဲ့သဖြင့် ရောင်းအား ၁၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့သည်ဟု ဆိုသည်။

“ရန်ကုန်မြို့က သိပ်မကြီးတော့ ဒီထုတ်ကုန်ကို ရောင်းလိုက်တာနဲ့ လူတွေကြား ပျံ့နှံ့သွားတာပဲ” ဟု ဘန်ကောက်အခြေစိုက် Richards က ပြီးခဲ့သောလအတွင်းက ရန်ကုန်သို့ လာရောက်စဉ် Frontier ကို ပြောကြားသည်။

ကမ္ဘာပေါ်တွင် နွားနို့အများဆုံး တင်ပို့ရောင်းချနေသော ကုမ္ပဏီဖြစ်သည့် Fonterra သည် နိုင်ငံပေါင်း ၁၄၀ တွင် ဝန်ထမ်းပေါင်း ၂၂,၀၀၀ ခန့်ရှိသည့်အနက် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲတွင် ဝန်ထမ်း ခုနစ်ဦး ရှိနေသည်။

“ဒီနိုင်ငံရဲ့ ဈေးကွက်အလားအလာက ရေရှည်ကောင်းမွန်မယ့် အခြေအနေရှိတယ်လို့ သုံးသပ်ပါတယ်” ဟု Richards က ပြောသည်။

ကုမ္ပဏီက ပြုလုပ်ခဲ့သည့် ဈေးကွက်သုတေသနအရ မြန်မာနိုင်ငံတွင် တိုးတက်မှုအလားအလာ ကောင်းမွန်နေသည်ကို ဖော်ပြနေသည်။ မြန်မာနိုင်ငံ၌ တစ်နှစ်လျှင် လူတစ်ဦးသည် ပျမ်းမျှ နို့ ၁၀ လီတာခန့်သာ သောက်သုံးနေသည်။ ကမ္ဘာပေါ်တွင် နွားနို့ထုတ်လုပ်မှု ဆဋ္ဌမမြောက်အများဆုံးဖြစ်သည့် မလေးရှားနိုင်ငံတွင် လူတစ်ဦး တစ်နှစ်လျှင် ပျမ်းမျှနွားနို့ ၆၀ လီတာခန့် သောက်သုံးသည်။ နယူးဇီလန်နိုင်ငံတွင်မူ လူတစ်ဦးသည် တစ်နှစ်လျှင် နွားနို့ ၂၇၀ လီတာ သောက်သုံးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလစာမှာ တစ်နေ့လျှင် ၃,၆၀၀ ကျပ် ဖြစ်သဖြင့် နွားနို့သည် မြန်မာနိုင်ငံတွင် ဇိမ်ခံ အစားအသောက်တစ်ခု ဖြစ်နေသည်။ Fonterra ကုမ္ပဏီက Anlene အမှတ်တံဆိပ် နို့မုန့် ၄၀၀ ဂရမ်လျှင် ကျပ် ၅,၅၀၀ ဖြင့် ရောင်းချနေသည်။ ထို့ပြင် Anchor တံဆိပ် ထောပတ် ၂၂၇ ဂရမ်လျှင် ကျပ် ၄,၄၀၀ ဖြင့် ရောင်းချနေသည်။

လတ်ဆတ်သောနွားနို့သည် အရှေ့တောင်အာရှတွင် တန်ဖိုးထားခံရသည့် အစားအစာတစ်ခုဖြစ်နေဆဲဖြစ်ပြီး လူအများက ကြိုက်နှစ်သက်ကြသဖြင့် ငွေပေးဝယ်ယူရန် အသင့်ရှိနေကြသည်ဟု Richards ကဆိုသည်။

သို့သော် မြန်မာနိုင်ငံရှိ နာမည်ရ မုန့်တိုက်များကမူ နယူးဇီလန်မှ နို့ထွက်ကုန်များဖြင့် ၎င်းတို့၏ မုန့်များကို ထုတ်လုပ်နေကြသည်။ City Mart ရှိ Seasons Bakery တွင် ရောင်းချသော Croissants မုန့်များကို နယူးဇီလန်မှ ထောပတ်ဖြင့် ပြုလုပ်ခြင်းဖြစ်သလို J’Donuts တွင် ရောင်းချသော ထောပတ်ကိတ်မုန့်ကိုလည်း နယူးဇီလန်မှ ထောပတ်ဖြင့်သာ ပြုလုပ်ထားသည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Fonterra အတွက် မြန်မာဈေးကွက်က မည်မျှအရေးပါကြောင်းကိုမူ Richards က ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ သို့သော် မြန်မာနိုင်ငံတွင် အစားအစာထုတ်လုပ်မှု ကဏ္ဍသည် ၂၅ ရာနှုန်း တိုးတက်လာသည်ဟု ဆိုသည်။ အမှတ်တံဆိပ်ရရှိပြီးသား ထုတ်ကုန်များ ရောင်းချရမှုသည် ခုနစ်မှ ရှစ်ရာနှုန်းခန့်အထိ တိုးတက်လာသည်။ အာဆီယံဒေသတွင်းမှ ရရှိသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံသို့ နယူးဇီလန် ထောပတ်တင်ပို့မှုသည် ၂၀၁၆ ခုနှစ်တွင် နှစ်ဆတိုးလာပြီး ဒေါ်လာ ၁ ဒသမ ၄ သန်းဖိုးခန့်အထိ ရှိလာသည်။

မုန့်တိုက်များ ပိုမိုဖွင့်လှစ်လာမှု၊ ကြယ်ငါးပွင့်အဆင့် ဟိုတယ်များ ဖွင့်လှစ်လာမှု၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် နို့ထွက်ပစ္စည်းထုတ်ကုန်ဈေးကွက် ပိုမိုတိုးတက်ဖွယ်ရာသာရှိသည်ဟု Richards က ဆိုသည်။

နို့ထွက်ပစ္စည်း ထုတ်ကုန်ဈေးကွက်တွင် Fonterra တစ်ဦးတည်းတော့ မဟုတ်ပေ။ အမေရိကန်မှ Kraft Cheese၊ ဒိန်းမတ်နိုင်ငံမှ Lurapak ထောပတ်နှင့် ထိုင်းနိုင်ငံမှ Dutch Mill စသည်တို့ကလည်း မြန်မာ့ဈေးကွက်အတွင်း ယှဉ်ပြိုင်နေကြသည်။

ပြည်တွင်းမှ နို့ထွက်ပစ္စည်းထုတ်လုပ်သော ကုမ္ပဏီများမှာ တိုးတက်ဖွံ့ဖြိုးလာမှုမရှိသလို နိုင်ငံတကာကုမ္ပဏီများကို ယှဉ်ြ့ပိုင်နိုင်ခြင်းလည်း မရှိသေးပေ။ ဈေးကွက်အတွင်း ရှယ်ယာကြီးကြီးမားမားကို မရရှိကြပေ။ ထိုသို့ နို့ထွက်ပစ္စည်း လုပ်ငန်း မဖွံ့ဖြိုးမှု၏ အကျိုးဆက်အနေဖြင့် ပြည်သူများ အာဟာရမပြည့်ဝမှုနှင့် ဆက်စပ်နေသည့် ကျန်းမာရေးပြဿနာကိုပါ တစ်နိုင်ငံလုံး ရင်ဆိုင်နေရသည်။ နွားနို့နှင့် တခြားနို့ထွက်ကုန်ပစ္စည်းများသည် အလွန်အာဟာရ ပြည့်ဝသော အစားအစာများဖြစ်ပြီး ကယ်ဆီယံ၊ ပိုတက်ဆီယံ၊ ဗိုက်တာမင် ဒီနှင့် ပရိုတင်းတို့ ပါဝင်သည်။

Fonterra ကုမ္ပဏီ၏ အရှေ့တောင်အာရှဆိုင်ရာ စီမံခန့်ခွဲရေး ဒါရိုက်တာ Mr. Paul Richards။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

Fonterra ကုမ္ပဏီ၏ အရှေ့တောင်အာရှဆိုင်ရာ စီမံခန့်ခွဲရေး ဒါရိုက်တာ Mr. Paul Richards။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံးကျန်းမာရေး အစီအစဉ် ၂၀၁၇-၂၁ တွင် ပါဝင်သည့် အချက်အလက်များအရ မြန်မာနိုင်ငံရှိ ကလေး သုံးပုံတစ်ပုံသည် အာဟာရချို့တဲ့မှုကြောင့် ပိန်လှီနေကြသည်ဟု ဖော်ပြထားသည်။

ဆေးသိပ္ဗံဦးစီးဌာနအတွက် အာဟာရပညာရှင် ဒေါက်တာမို့မို့လှိုင်ပြုလုပ်သော လေ့လာချက်အရ မူလတန်းကျောင်းသူ ကျောင်းသား ၈၃၅ ဦးတွင် ၃၀၀ ခန့်မှာ တစ်ပတ်လျှင် တစ်ကြိမ်ပင် နွားနို့မသောက်ကြရကြောင်း သိရှိရသည်။

ထိုသုတေသန တွေ့ရှိချက်များကို ဇန်နဝါရီလတွင် ပြုလုပ်သော တစ်နိုင်ငံလုံး အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်ဆွးနွေးပွဲတွင် တင်ပြခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အာဟာရချို့တဲ့မှုပြဿနာအား ကြိုးစား တိုက်ဖျက်ပေးရေးအတွက် အစိုးရဝန်ကြီးဌာနများ၊ အလှူရှင်နိုင်ငံများနှင့် NGOs များအား တိုက်တွန်းခဲ့သည်။

ကလေးများ၏ အာဟာရချို့တဲ့မှုကို ဖြေရှင်းရန်အတွက် ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ ဇွန်လက နိုင်ငံတကာ ထုတ်ပိုးမှုကုမ္ပဏီကြီးဖြစ်သော Tetra Pak နှင့် ပူးပေါင်းပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့မှ ကလေးများကို တစ်ပတ်လျှင် သုံးကြိမ် UHT နွားနို့ ဖြန့်ဝေတိုက်ကျွေးနိုင်ရန် စီစဉ်ခဲ့သေးသည်။

နယူးဇီလန်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ နွားနို့ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးစေရန်အတွက် ပူးတွဲအစီအစဉ်အနေဖြင့် ရန်ပုံငွေ ဒေါ်လာ ၄ ဒသမ ၂ သန်း ထောက်ပံ့ထားသည်။

မြန်မာနိုင်ငံ၏ နွားနို့ထုတ်လုပ်ရေးလုပ်ငန်းသည် အလားအလာကောင်းများရှိနေသော်လည်း လိုအပ်ချက်များစွာ ရှိနေသေးသည်ဟု Myanmar Dairy Excellence Project ၏ နည်းပညာဆိုင်ရာ အကြံပေး Mr. Kent Weston-Arnold က ပြောကြားသည်။ ၎င်းသည် ပါကစ္စတန်နိုင်ငံတွင်လည်း ထိုသို့သော စီမံကိန်းမျိုးကို နှစ်နှစ်ခန့် လုပ်ကိုင်ခဲ့ဖူးသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ဆေးပညာရှင် ဒေါက်တာဆုလှိုင်ဖြိုး၊ နည်းပညာအကြံပေး Kent Weston-Arnold နှင့် မွေးမြူရေးသမားတစ်ဦးအား Mombasa မြက်စိုက်ခင်းအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ- Thomas Manch

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ဆေးပညာရှင် ဒေါက်တာဆုလှိုင်ဖြိုး၊ နည်းပညာအကြံပေး Kent Weston-Arnold နှင့် မွေးမြူရေးသမားတစ်ဦးအား Mombasa မြက်စိုက်ခင်းအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ- Thomas Manch

နယူးဇီလန်နိုင်ငံသား လေးဦးနှင့် မွေးမြူရေးနှင့် တိရိစ္ဆာန် ဆေးကုသရေးဦးစီးဋ္ဌာနမှ ဝန်ထမ်း ခြောက်ဦးတို့သည် ထိုစီမံကိန်းတွင် လုပ်ကိုင်နေကြပြီး ၂၀၁၄ ခုနှစ်တွင် မွေးမြူရေးခြံ ခုနစ်ခြံကို အကြံညဏ်များပေးခြင်းဖြင့် စတင်ခဲ့သည်။

သို့သော် မျှဝေလိုက်သော ဗဟုသုတများသည် ၎င်းတို့၏ အိမ်နီးချင်း မွေးမြူရေးခြံများထိ ရောက်ရှိအောင် မလုပ်နိုင်ကြပေ။ ထို့ကြောင့် နည်းလမ်းကို ပြောင်းလဲပြီး မွေးမြူရေးခြံပေါင်း ၁၁၀ နှင့် ပူးတွဲလုပ်ကိုင်ပြီး မွေးမြူရေးခြံပိုင်ရှင် ၁၂၀ ခန့်ကို ဆွေးနွေးပွဲ အုပ်စုများတွင် ထည့်သွင်းထားသည်။

Weston-Arnold က မွေးမြူရေးလုပ်သားများနှင့် စကားပြောဆိုသောအခါ လက်ဟန်ခြေဟန်ကိုသာ အသုံးပြုလေ့ရှိသည်။ မန္တလေးတိုင်းသို့ သွားရောက်လည်ပတ်သောအခါကလည်း နွားတစ်ကောင်က ပိန်လွန်းသလား၊ ရေများများတိုက်ရန် လိုအပ်နေသလားနှင့် သားပေါက်ပြီးနောက် ပြန်လည်နလံထလာပြီလားဆိုသည်တို့ကို ပြောပြရန် လက်ဟန်ခြေဟန်ကိုသာ အသုံးပြုခဲ့သည်။

ထုံးတမ်းစဉ်လာအရ မြန်မာနွားမွေးမြူသူများသည် နွားများကို သစ်ပင်တစ်ပင်တွင် ကြိုးဖြင့် ချည်နှောင်ထားပြီး တစ်နေ့လျှင် ရေနှင့်အစာ နှစ်ကြိမ်ကျွေးမွေးလေ့ရှိသည်။ ထိုသို့ဖြင့် တစ်နေ့လျှင် နွားနို့ ခြောက်လီတာမှ ရှစ်လီတာခန့် အထိသာ ရရှိသည်။ တခြားနိုင်ငံများတွင်မူ ၎င်းထက် သုံးဆခန့်ရရှိနေသည်။

နွားများကိုလည်း အစားအစာအဖြစ် အာဟာရမရှိသော ကောက်ရိုးများကိုသာ လယ်သမားများက ကျွေးမွေးလေ့ရှိသည်။ ကောက်ရိုးက ဈေးလည်းကြီးသည်။ ဖြည့်စွက်အစာအဖြစ်မူ ဝါစေ့ဖတ်၊ ပဲမှုန့်နှင့် ဖွဲကြမ်းတို့ကိုသာ ကျွေးမွေးကြသည်။ လမ်းဘေးမှ မြက်များကို ရိတ်၍လည်း အစာအဖြစ် ကျွေးမွေးကြသည်။

ကောက်ရိုးများအစား အခြားသော အရည်အသွေးမြင့် တိရိစ္ဆာန်အစာကို အစားထိုး ကျွေးမွေးနိုင်ပါက နွားနို့ ထုတ်လုပ်ရေးတွင် များစွာအကျိုးသက်ရောက်မှုရှိမည်ဟု Weston- Arnold က ဆိုသည်။

အာဟာရပြည့်ဝသော အစားအစာအဖြစ် Mombasa မြက်များကို စိုက်ပျိုးပြီး ကျွေးမွေးကြရန် စီမံကိန်းက အကြံပြုထားသည်။ Mombasa မြက်သည် ကျွဲ၊ နွားများအတွက် အကောင်းဆုံးအစာ ဖြစ်သည်။

ထိုအပူပိုင်းမြက်မျိုးသည် ပင်စည်ရှည်လျားပြီး အပြားထူသည်။ နွေရာသီတွင် ၁၉ ရက်တစ်ကြိမ် အစာအဖြစ် ရိတ်သိမ်းနိုင်သည်။ ပို၍အရေးကြီးသည်မှာ ၎င်းသည် ကောက်ရိုးဈေး၏ ထက်ဝက်ခန့်သာရှိပြီး စွမ်းအင် ၆၀ ရာခိုင်နှုန်းပိုများသလို ပရိုတင်းလည်း ၁၀၀ ရာခိုင်နှုန်း ပိုများသည်။

စိန်ခေါ်မှုများရှိနေသော်လည်း ထိုစီမံကိန်းသည် အောင်မြင်မှုတစ်ချို့ ရှိခဲ့သည်။ စစ်ကိုင်းတိုင်း ကုန်းရွာမှ နွားမွေးမြူရေး လုက်ကိုင်သူ ဦးမွှေးသိန်းသည် ထိုစီမံကိန်းမှ ကျွမ်းကျင်ပညာရှင်များနှင့် Mombasa မြက်၏ အစွမ်းကို သံသယရှိခဲ့သည်။ ထို့ကြောင့် သူက Mombasa မြက်ကို မြေသြဇာမကောင်းသော မြေကွက် နှစ်ဧကခန့်တွင် စမ်းသပ်စိုက်ပျိုးခဲ့သည်။ ယခုအခါ ကောက်ရိုးအတွက် ကုန်ကျစရိတ် တစ်လလျှင် ကျပ်သိန်းခန့် သက်သာသဖြင့် သူ ပျော်ရွှင်နေရပြီဖြစ်သည်။

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မန္တလေးမြို့ မြောက်ဘက်အစွန်ရှိ ရွှေအိုးမွေးမြူရေးခြံတွင် လုပ်ကိုင်နေသော ဦးတင်ဝင်းနှင့် သူ၏သား ကိုကျင်တို့တွင် ကျွဲနွား ၁၇၀ ခန့်ကို မွေးမြူထားသည်။ သူတို့၏ နွားအကောင် ၆၀ ခန့်ကို ကျီအသစ်တစ်ခုထဲသို့ ပြောင်းရွှေ့ပြီး တစ်ကြိမ်လျှင် ၁၀ ကောင် နို့ညစ်နိုင်သော နွားနို့ညှစ်တဲကို ဆောက်လုပ်ရန် ပြင်ဆင်နေသည်။ ထို့ပြင် နို့စုပ်ကိရိယာများကိုလည်း အသုံးပြုရန် ပြင်ဆင်နေသည်။

အဖေနှင့်သား ပါဝင်သည့် အဖွဲ့သည် အခြားမွေးမြူရေးသမားများထံမှ နွားနို့များကိုပါ ဝယ်ယူပြီး ဒိန်ချဉ်နှင့် ဒိန်ခဲများကို နွားနို့နှင့်တွဲ၍ မန္တလေးမြို့ရှိ ၎င်းတို့၏ ဆိုင် သုံးဆိုင်တွင် ရောင်းချနေသည်။ ထို့ပြင် ကချင်ပြည်နယ်သို့လည်း ဈေးကွက် ချဲ့ထွင်နေသည်။

“မြန်မာတွေအတွက်ကတော့ အတုယူစရာ မွေးမြူရေးလုပ်ငန်းတစ်ခုပါပဲ” ဟု ရွှေအိုးမွေးမြူရေးခြံကို ရည်ညွှန်းပြီး Weston-Arnold က ပြောကြားသည်။ သူတို့၏ ကြိုးပမ်းမှုများကြောင့် လုပ်အားနှင့် တိရိစ္ဆာန်အစာ ကုန်ကျစရိတ်နှုတ်ပြီး အမြတ်ငွေသည် တစ်လလျှင် ကျပ် ၂၁ သိန်းရှိခဲ့ရာမှ ၆၁ သိန်းအထိ တိုးပွားလာခဲ့သည်။

သို့သော် ရွှေအိုးမွေးမြူရေးခြံသည် နိုင်ငံတကာမှ တင်သွင်းသော ထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်ရန်အတွက် ထိုမျှ ဝင်ငွေဖြင့် မလုံလောက်သေးပေ။ နွားနို့၏ အရည်အသွေးကို ပုံမှန်စစ်ဆေးခြင်း၊ အအေးပေးစံနစ်ဖြင့် သယ်ယူပို့ဆောင်ရေးများလည်း လိုအပ်မည်ဖြစ်သည်။

နွားမွေးမြူရေးခြံအများစုတွင် နွားနို့ကို လက်ဖြင့်သာ ညှစ်ကြလေ့ရှိသည်။ Asia Diary Network ၏ ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားချက်အရ ၎င်းနည်းစနစ်သည် ရောဂါများကို အလွယ်တကူ ပျံ့

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.